မန္တလေး – ၂၀၂၁ မေ ၁၇
မန္တလေးမြို့တွင်းမှာ ဒီကနေ့ မေလ ၁၇ရက်နေ့မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့အင်အားတိုးမြှင့်ချထားထားပေမယ့် အင်ဂျင်နီယာများအဖွဲ့ သပိတ်စစ်ကြောင်းဟာ စစ်အာဏာရှင်ကျဆုံးရေး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ဒီကနေ့မှာတော့ စစ်ကောင်စီလက်အောက်ခံတပ်တွေ ပြင်းပြင်းထန်ထန်ဖိအားပေး တိုက်ခိုက်နေတဲ့ ချင်းပြည်နယ်ကို အားတင်းထားဖို့ ဆိုင်းဘုတ်တွေ ကိုင်ဆောင် ဆန္ဒပြကြတာပါ။
အခြေအနေအရ မြန်မြန်လူစုခွဲခဲ့ရတယ်လို့ အင်ဂျင်နီယာအဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။ မန္တလေး အင်ဂျင်နီယာများအဖွဲ့ဟာ စစ်တပ် အာဏာစသိမ်းကတည်းက လူအင်အား အမြောက်အများနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ဖြိုခွင်းခံရမှုအကြိမ်ကြိမ်ခံခဲ့ရပါတယ်။
မန္တလေးမြို့မှာ ၇၈လမ်း ၃၈လမ်းအနီးက စစ်တပ်ထဲ ရတနာပုံခန်းမ ဖွင့်ပွဲရှိလို့ မြို့တွင်းစစ်တပ်နဲ့ရဲ ပိုချထားပြီး လမ်းပိုင်းအချို့လည်း ပိတ်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဓာတ်ပုံ-CJ
#Dailynews

