အရာတော် – ၂၀၂၁ အောက်တိုဘာ ၃၁ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ဦးတည်ရာမရှိ ပစ်ခတ်မှုကြောင့် စစ်ကောင်စီလက်အောက်အလုပ်လုပ်နေတဲ့ ကျောင်းဆရာတစ်ဦး ကျည်ထိမှန်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာလ ၂၉ ရက်နေ့ညပိုင်းက အရာတော်မြို့နယ် အရှေ့ပိုင်း ဇရစ်ရွာနဲ့ ကူးတို့ကိုင်းရွာကြားမှာ စစ်ကား(၉)စီးပါယာဉ်တန်း အတိုက်ခိုက်ခံခဲ့ရပြီးနောက် လမ်းတလျှောက်ပစ်ခတ်မောင်းနှင်ခဲ့ရာ ကူးတို့ကိုင်းကျေးရွာအရောက်တွင် လူတစ်ဦး စစ်တပ်ကျည်ထိမှန်၍ ဒဏ်ရာရခဲ့ကြောင်း၊ ကျည်ထိမှန်သူမှာ ကူးတို့ကိုင်းကျေးရွာမှ Non-CDM ကျောင်းဆရာတစ်ဦးဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။
“သေတော့မသေဘူး။ သူက CDMလည်းမလုပ်ဘူး။ သူ့မိန်းမအမျိုးထဲမှာလည်း စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုးတွေရှိတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကိုင်းတိုင်းထဲက အရာတော်မြို့နယ်မှာလည်း စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကြား မကြာခဏတိုက်ပွဲတွေ ဖြစ်ပွားနေပြီး ကျေးရွာအချို့က ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
#Dailynews

