ရေး – ၂၀၂၁ နိုဝင်ဘာ ၄ (မော်ကွန်း)
မွန်ပြည်နယ်၊ ရေးမြို့၊ အောင်သုခရပ်ကွက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့နဲ့ ဆွေမျိုးတော်စပ်သူတစ်ဦးဟာ ဒီကနေ့ မနက် ၉နာရီဝန်းကျင်က သေနတ်နဲ့ပစ်ခတ်ခံလိုက်ရတယ်လို့ ဒေသခံတွေကပြောပါတယ်။
“သူ့အိမ်နဲ့မျက်စောင်းထိုးနားက လက်ဖက်ရည်ဆိုင်မှာသောက်ပြီးအပြန် သူ့အိမ်နားရောက်ခါနီးမှာ အနောက်ကနေလိုက်လာပြီးပစ်သွားတာ ။ ၅ချက်လောက်ပစ်သွားတယ်။ ပေါင်ကိုပဲအဓိက ထိသွားတာ “လို့ ဒေသခံတစ်ဦးကဆိုပါတယ်။
သေနတ်နဲ့ပစ်ခံရသူ က ဦးဇော်ဝင်းဖြစ်ပြီး စစ်ကောင်စီတပ်က ဗျူဟာမှူး၊ ရဲ တွေနဲ့ဆွေမျိုးတော်စပ်ပြီး အရင်ကတည်းက စစ်ကောင်စီတပ်တွေနဲ့ခင်မင်မှုရှိတယ်လို့ ဒေသခံက ဆိုပါတယ်။
သေနတ်နဲ့ပစ်ခတ်ခံရမှုကြောင့် ပေါင်နဲ့ ရင်ဘတ်ကို ထိသွားတာကြောင့် စစ်ဆေးရုံကိုပို့ဆောင်ကုသနေတယ်လို့သိရပြီး ပစ်ခတ်မှုဖြစ်တဲ့နေရာမှာ ကျည် အခွံ ၄ တောင့်တွေ့ရထားတယ်လို့ ဒေသခံက ဆိုပါတယ်။
ဒီပစ်ခတ်မှုကို ရေးPDF အဖွဲ့က ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ YPDF က ထုတ်ပြန်ထားပြီး ဥဦးဇော်ဝင်းဆိုသူဟာ ရေးမြို့ မှာ စစ်ကောင်စီရဲ့ ထောက်တိုင်သဖွယ်ရပ်တည်နေတာကြောင့် ပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။
#Dailynews

