မန္တလေး – ၂၀၂၁ မေ ၇ (မော်ကွန်း)
မန္တလေးမြို့က ရတနာပုံ တက္ကသိုလ် သပိတ်စစ်ကြောင်းဟာ ဒီကနေ့ မေလ ၇ ရက်နေ့ နံနက်ပိုင်းက ဆန္ဒထုတ်ဖော်ဖို့ ပြင်ဆင်နေချိန် ပထမစုရပ်မှာ စစ်ကောင်စီတပ်တွေ လာရောက်ဖြိုခွဲမယ့်သတင်းကြားလို့ တခြားနေရာတစ်ခုမှာ လူပြန်စုပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
“ပထမစုရပ်မှာ အကြောင်းကြောင်းကြောင့်လူစုခွဲခဲ့ရပေမဲ့ လူပြန်စုပြီးရအောင်သပိတ်ထွက်ခဲ့ပါတယ်” လို့ ပါဝင်သူတစ်ဦးက ပြောပါတယ်။
ရတနာပုံ တက္ကသိုလ် သပိတ်စစ်ကြောင်းအပြင် အရှေ့မြို့သစ်မှာလည်း စစ်အာဏာရှင်ဆန့်ကျင်ရေးစစ်ကြောင်းတစ်ခု ထွက်ခဲ့ကြပါတယ်။
ဓါတ်ပုံများ -MBCJ
#Dailynews

