ဝင်းရေး – ၂၀၂၄ ဩဂုတ် ၂၀ (မော်ကွန်း)
ကေအဲန်ယူ- တပ်မဟာ ၆၊ ဝင်းရေးမြို့နယ်၊ အနန်းကွင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် အရပ်သားနေအိမ်တွေ အပျက်အစီးများတယ်လို့ အနန်းကွင်း၊ ရှေ့တန်းတော်လှန်ရေး ရဲဘော်တစ်ဦးက ပြောပါတယ်။
“တစ်နေကုန်ပစ်တယ်၊ ဒရုန်းနဲ့ရော လက်နက်ကြီး ၁၂၂ မမ နဲ့ ၁၅၅ မမတွေရော လှမ်းပစ်ကြတယ်”လို့ သူက ပြောပါတယ်။
အနန်းကွင်းရွာမှာ အခြေချတဲ့ ဗျူဟာစခန်းကုန်းထဲကနေ ပစ်ခတ်တာမဟုတ်ဘဲ သံဖြူဇရပ်အခြေစိုက် ခြေလျင်တပ်ရင်း ခလရ-၆၁ နဲ့ ဝဲကလီရွာက စစ်တပ်စခန်းတွေကနေ ဟောင်ဝစ်ဇာလက်နက်ကြီးတွေနဲ့ ပစ်ခတ်တာဖြစ်ပါတယ်။
အနန်းကွင်းရွာက အာဏာသိမ်းစစ်တပ်စခန်းကို ကေအဲန်ယူဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းယူနိုင်ဖို့ တိုက်ခိုက်နေတာ အချိန်တစ်ခုကြာမြင့်လာပြီး အခုလည်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ချဉ်းကပ်မှုတွေရှိလာပါတယ်။
အနန်းကွင်းစခန်းကစစ်သားတွေကို ကေအဲန်ယူဘက်က ရိက္ခာလမ်းကြောင်းတွေ ဖြတ်တောက်ထားပြီး အာဏာသိမ်းစစ်တပ်ဘက်က ရဟတ်ယာဉ်နဲ့သာ တစ်လတစ်ကြိမ်လောက် ရိက္ခာလာပို့ရပါတယ်။
အခုတော့ အနန်းကွင်းစခန်းမကျရေးအတွက် သံဖြူဇရပ်ဘက်က စစ်စခန်းတွေကပါ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးနေတဲ့သဘောလို့ ဒေသခံတွေကပြောပါတယ်။
လက်ရှိ အနန်းကွင်းကျေးရွာမှာ လက်နက်ကြီးနဲ့ပစ်ခတ်ခံရလို့ ဒေသခံလူနေအိမ်တွေ သုံးပုံတစ်ပုံလောက် ပျက်စီးနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
အခုနှစ် နွေရာသီ မတ်လတုန်းက အနန်းကွင်းတိုက်ပွဲကြောင့် လူနေအိမ်အလုံး ၃၀ကျော် ပျက်စီးခဲ့ပြီး စာသင်ကျောင်းတွေ ပိတ်ထားလိုက်ရကာ ဒေသခံတွေလည်း စစ်ရှောင်နေရပါတယ်။
လက်ရှိ တိုက်ခိုက်ခံနေရတဲ့ အနန်းကွင်းစစ်ကောင်စီဗျူဟာကုန်းတပ်စခန်းဟာ အခုနှစ် မေလ(၃)ရက်မှာ ကေအဲန်ယူတော်လှန်ရေးပူပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းယူထားခဲ့တဲ့ တောင်စွန်းစခန်းနဲ့ မိုင်အနည်းငယ်သာ ကွာဝေးပါတယ်။
ပုံစာ – လက်ရှိ အနန်းကွင်းကျေးရွာက လက်နက်ကြီးထိမှန်ထားတဲ့ လူနေအိမ်တစ်လုံးကို မြင်ရပုံ
ဓါတ်ပုံ – Mawkun Magazine
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

