မန္တလေး – ၂၀၂၁ ဒီဇင်ဘာ ၄ (မော်ကွန်း)
စစ်ကောင်စီတပ်တွေ မကြာခဏတိုက်ခိုက်ခံရတဲ့ မန္တလေး မဟာအောင်မြေမြို့နယ်မှာ “ငါတို့ တိုင်းပြည် အနာဂတ်အတွက် ငါတို့ကိုယ်တိုင် တိုက်ပွဲဝင်မယ်”လို့ ကြွေးကြော်ရင်း စုပေါင်းသပိတ်စစ်ကြောင်းဟာ ဒီကနေ့ လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။
မဟာအောင်မြေ စုပေါင်းသပိတ်စစ်ကြောင်းက လူငယ်တွေဟာ ကြောက်ခေတ်ကို မှောက်ပစ်ကြ၊ တိုက်ပွဲရှိရင် အောင်ပွဲရှိတယ်၊ စစ်အာဏာရှင်စနစ်မုချကျရှုံးရမည်၊ သွေးကြွေးမှာဆွေးနွေးစရာမရှိ၊ အလံမလိပ်အသံမတိတ် စတဲ့ ကြွေးကြော်သံတွေနဲ့အတူ လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။
မန္တလေးမြို့မှာ မဟာအောင်မြေမြို့နယ်အပါအဝင် မြို့နယ် ခြောက်ခုလုံးမှာ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့တွေက ဆိုင်ကယ်တွေကားတွေကို လှည့်လည်စစ်ဆေး တင်းကျပ်နေပါတယ်။
ဓါတ်ပုံ-Poison
#Dailynews

