ညောင်ရွှေ-၂၀၂၅ ဇွန် ၂၈ (မော်ကွန်း)
ရာစုနှစ်အတွင်း နိုင်ငံမှာ ဖျက်အားအပြင်းဆုံး ဖြစ်ခဲ့ရတဲ့ စစ်ကိုင်းငလျင်လှုပ်ခဲ့တာ ဒီနေ့သုံးလပြည့်ပါပြီ။
ဒီငလျင်ကြောင့် နိုင်ငံတဝန်း လူလေးထောင်နီးပါးသေပြီး ငါးထောင်ကျော်ဒဏ်ရာရခဲ့ပါတယ်။
ပျက်ဆီးဆုံးရှုံးမှုတန်ဖိုးက အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော်ဖိုးအထိ ရှိတယ်လို့ ခန့်မှန်းထားပါတယ်။
မြေပြင်မှာ ပြန်လည်ထူထောင်ရေး အခြေအနေဟာလည်း စိန်ခေါ်မှုတွေနဲ့ ကြုံပြီး မနိုင်မနင်း ဖြစ်နေဆဲလို့ ကူညီနေသူတွေက ပြောပါတယ်။
လူရာချီသေဆုံးပြီး နေအိမ်အများအပြား ပျက်ဆီးခဲ့ရသလို သမိုင်းဝင် ယဉ်ကျေးမှု အဆောက်အအုံတွေပါ ပျက်ဆီးခဲ့ရတဲ့ အင်းလေးဒေသရဲ့ ငလျင်ဘေးသင့် သုံးလပြည့် ပုံရိပ်တချို့ကို ဖော်ပြလိုက်ပါတယ်။

ဓါတ်ပုံ- မော်ကွန်း

