၂ဝ၁၈၊ ဇန်နဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၃)မှ Satire ဖြစ်ပါသည်။
ရန်လိုကျွဲရေးသည်။
အင်္ဂါဂြိုဟ်သို့ ရန်လိုကျွဲ အလည်အပတ် ရောက်ခိုက် ဒုတိယမြောက် တွေ့ဆုံ စကားပြောရသူမှာ ဂြိုဟ်၏ ပုလိပ်အဖွဲ့ အကြီးအကဲ သက်ဦးမွန်ဖြစ်သည်။
အကြီးအကဲ၏ ရုံးခန်းနံရံတွင် အရုပ်အများအပြား ရှိနေပြီး ထိုအရုပ်များရှေ့တွင်လည်း ပန်း၊ ခွက်၊ သစ်သီးတို့ကို တွေ့ရ၏။ ဂြိုဟ်သားပုလိပ်ကြီးက ရန်လိုကျွဲကို နွေးထွေးစွာ ကြိုဆိုဧည့်ခံသည်။
အပြန်အလှန် မိတ်ဆက်စကားဆိုပြီး ခဏအကြာတွင် ပုလိပ်မင်းကြီး သက်ဦးမွန်ကို နံရံရှိ အရုပ်များအကြောင်း စပ်စု လိုက်သည်။
““ဒီအရုပ်လေးတွေက ဘာတွေလဲ””
““ဒါတွေက အတွင်း ၃၇၀၊ အပြင် ၃၇၀ နတ်တွေပါ။ အတွင်း အပြင်စာရင်းထဲ မဝင်တဲ့ နတ်တချို့လည်း ရှိသေးတယ်။ နတ် ပေါင်းစုံထဲကမှ ကျုပ်ကိုးကွယ်တဲ့ နတ်တချို့ကို အခန်းထဲ ပူဇော် ထားတာပါ””
““အရာရှိတွေပဲ နတ်ကိုးကွယ်ကြတာလား။ တခြား ဂြိုဟ် သားတွေက မကိုးကွယ်ဘူးလား””
““ဂြိုဟ်သူဂြိုဟ်သားတွေ အားလုံးလိုလို နတ်ကိုးကွယ်ကြပါ တယ်ဗျ။ ဝင်ငွေကောင်းလိုသူတွေ၊ ဖောက်သည်မျှော်တဲ့ ပြည့် တန်ဆာတွေ၊ ရာထူးတိုးချင်တဲ့ အရာရှိတွေ၊ စာမေးပွဲ အမှတ်များ များနဲ့ အောင်ချင်တဲ့ ကျောင်းသူ၊ ကျောင်းသား…ပြောရရင် မကုန်နိုင်တော့ဘူး””
ဂြိုဟ်သူဂြိုဟ်သားတစ်ယောက် ကိုးကွယ်သည့် နတ်အရေ အတွက်မှာ ပျမ်းမျှအားဖြင့် ၂၀ ခန့် ရှိသည်ဟူ၏။
““ဟိုတုန်းကတော့ နတ်တွေကို အမွှေးတိုင်ထွန်းပြီး ပူဇော် ကြတယ်။ ပူဇော်ဆုတောင်းကြလွန်းလို့ အမွှေးတိုင် မီးခိုးတလူလူ ထွက်ပြီး ကျုပ်တို့ဂြိုဟ်တစ်ခုလုံး လေထုညစ်ညမ်းသွားတော့ တာပဲ။ ကျုပ်တို့တွေ မြေအောက်မှာ မြို့တည်ထောင်ပြီး နေထိုင် ကြရတဲ့ အကြောင်းရင်းတွေထဲမှာ အဲဒီအမွှေးတိုင်မီးခိုးကိစ်္စလည်း ပါသပေါ့ကွာ””
မြေအောက်မြို့တော်တွင်မူ အမွှေးတိုင်ထွန်းညှိပူဇော်ခြင်းမရှိတော့ဟူ၏။
အရက်ပုလင်း နတ်မင်း
ဆိုခဲ့သလိုပင် အကြီးအကဲရုံးခန်းအတွင်း နတ်ရုပ်များရှေ့ တွင် ပန်း၊ ခွက်၊ သစ်သီးတို့ကို တွေ့ရ၏။ နတ်ရုပ်တစ်ရုပ်ရှေ့တွင် ပုလင်းတစ်ပုလင်း ရှိနေ၏။
တခြားနတ်များနှင့်မတူဘဲ ပုလင်းတစ်လုံးဖြင့် ပူဇော်ခံရ သည့်နတ်ရုပ်အကြောင်း ပုလိပ်မင်းကြီးသက်ဦးမွန်ကို မေးခွန်း ထုတ်လိုက်မိသည်။
““ဟိုနတ်ရုပ်က ခံ့ညားလှချေလား။ အဲဒါ ဘာနတ်လဲ””
““အဲဒီနတ်ကို ဇေယျာလှိုင်လို့ ခေါ်တယ်။ အဲဒါက ငါတို့ဆီ မှာတော့ နာမည်ကြီးပဲ။ မြေက်္ဘာကို ထောက်လှမ်းရေးသွားလုပ် တဲ့ ဂြိုဟ်သူဂြိုဟ်သားတွေကတော့ သူက အင်မတန် စွယ်စုံရ တယ်၊ အစွမ်းထက်တယ်လို့ ဆိုကြတယ်။ ဒါကြောင့် သူ့လို စွယ်စုံ ရအောင်လို့ ငါတို့ဆီမှာ ကိုးကွယ်တဲ့သူ သိပ်များတယ်။ သူက အရက်ကြိုက်တတ်သူဆိုတော့ သူ့ကို အရက်ပုလင်း ပူဇော်ကြ တာ များတယ်””
ဇေယျာလှိုင်ဆိုသည်မှာ က်္ဘာမြေ နိုင်ငံတစ်ခုမှ စာနယ် ဇင်းသမား ဖြစ်ကြောင်း၊ ထို့ပြင်တစ်၀ အထင်ကရ အဆိုတော်၊ လွှတ်တော်အမတ်လည်း ဖြစ်ကြောင်း ပုလိပ်မင်းကြီးက ရှင်းပြ သည်။ သေပြီးမှ နတ်ဖြစ်ကြသည် ဆိုသော်လည်း ဇေယျာလှိုင်ဆို သူမှာ စွယ်စုံရသူဖြစ်သောကြောင့် ခြွင်းချက်ထားပြီး မသေမီက ပင် အင်္ဂါဂြိုဟ်အနှံ့ ကိုးကွယ်သူ များပြားနေခြင်းဖြစ်သည် ဟူ၏။
ရန်လိုကျွဲလည်း ပုလိပ်မင်းကြီးတို့ကို သနားသွားသည်။ မြန်မာနိုင်ငံမှ စာနယ်ဇင်းသမားဇေယျာလှိုင်၊ လွှတ်တော်အမတ် ဖြစ်သွားသော အဆိုကျော်ဇေယျာသော်တို့နှစ်ဦးကို သူတို့က အတူတူ ထင်နေကြသောကြောင့် သနားသွားခြင်းဖြစ်သည်။ နာမည် အတော်လေး ဆင်တူသောကြောင့် မှားနိုင်ခြေရှိသည် မဟုတ်လော။
လူသားထောက်လှမ်းရေးတို့သာ ရမ်းတုတ်ကြသည် မဟုတ်၊ အင်္ဂါဂြိုဟ်မှ ထောက်လှမ်းရေးတို့လည်း ရမ်းတုတ်၊ မှန်း တုတ်ကြသည့် သဘောကို ဆင်ခြင်မိပြီး သူတို့ဆီမှ နာမည်ကြီး နတ်၏ အဖြစ်မှန်ကို ထုတ်ဖော်ခြင်း မပြုသည်က ဉဏ်ရှိရာ ရောက်မည်ဟု ရန်လိုကျွဲ တွေးမိ၏။ သူတို့ သိနားလည်သော၊ အရက်ပုလင်း ပူဇော်ထားသော ဇေယျာလှိုင်နတ်အကြောင်း ကလည်း အချက်အလက် ထက်ဝက် မှန်ကန်နေသောကြောင့် လုံးဝမှားယွင်းသည်ဟု ဆို၍ မရနိုင်ပေ။
အရေခွံပါးခြင်း
ပုလိပ်မင်းကြီးက ဂြိုဟ်သားအကြိုက်နည်းသော ဟယ်ရီ ပေါ်တာနတ်အကြောင်းလည်း အနည်းငယ် ပြောပြသည်။ နတ် များစွာအနက် ဟယ်ရီပေါ်တာနတ်မှာ ကိုးကွယ်ခံရမှုအနည်းဆုံး ဖြစ်သည် ဟူ၏။
““ဟယ်ရီပေါ်တာနတ်က အမှန်တကယ် အစွမ်းထက်ပါ့ မလားလို့ ကျုပ်တို့ ဂြိုဟ်သူဂြိုဟ်သားတွေထဲ သံသယရှိကြတာ အများကြီးပဲ။ အမြင်အာရုံ နည်းပါးလို့ မျက်မှန်တပ်ထားရတဲ့ နတ်ဟာ တကယ် စွမ်းနိုင်ပါ့မလားပေါ့လေ။ သို့ပေမဲ့လည်း နတ် ကိုင်မှာလည်းကြောက်ရတာကြောင့် ပွင့်ပွင့်လင်းလင်း မဝေဖန်ရဲ ကြဘူး””
ပွင့်ပွင့်လင်းလင်း ဝေဖန်မှုများ ရှိမှသာ ပွင့်လင်းမြင်သာပြီး နိုင်ငံဖွံ့ဖြိုးမည်ဟု ပုလိပ်မင်းကြီးကို ရှင်းပြရသည်။
““ရန်လိုကျွဲရေ၊ ပွင့်ပွင့်လင်းလင်း ဝေဖန် ရေးသားတာတွေ ကို မင်းတို့က်္ဘာပေါ်က အစိုးရတွေ ဘယ်လို ရင်ဆိုင်သလဲ””
““အစိုးရအဖွဲ့ဝင်တွေက ဝေဖန်တာကို ခံနိုင်ရည် ရှိရတယ် ဗျ။ မခံနိုင်ရင်တော့ နိုင်ငံရေးမလုပ်သင့်ဘူး””
““ဟုတ်ပါပြီ ဆရာကျွဲရယ်၊ ဘယ်လို ရင်ဆိုင်သလဲ မေးတာ ပါ။ ခံနိုင်ရည်ကိစ်္စ မေးတာ မဟုတ်ပါဘူး””
““ပုလိပ်မင်းကြီးရေ၊ အစိုးရ တာဝန်ယူရင်တော့ ဝေဖန်ရေး ကို မဖြစ်မနေ ရင်ဆိုင်ရမှာပဲ။ ဘယ်လိုရင်ဆိုင်လဲ ဆိုတော့ တချို့ အစိုးရတွေက အဝေဖန်မခံရအောင် စီမံခန့်ခွဲ ကြိုးစားကြတယ်။ တချို့ကတော့ ဝေဖန်ရေးသားတာကို ဆင်ဆာဖြတ် တားမြစ် ပိတ်ပင်တယ်။ ရေးသားတင်ဆက်ရင် ဖမ်းတယ်။ တချို့ကတော့ ရေးဖို့ အချက်အလက်စုဆောင်းချိန်မှာ ထောင်ချောက်ဆင် ဖမ်း ပစ်တယ်။ လုံ့လဝီရိယရှိတဲ့ အစိုးရ ဆိုပါစို့။ ဖမ်းပြီးရင်လည်း အများအကျိုးအတွက် လုပ်ရတယ်လို့ ထင်အောင် ဝါဒဖြန့်ကြတယ်””
ရောက်တတ်ရာရာ ပြောပြီးနောက်တွင် ပုလိပ်မင်းကြီးက တွေ့ဆုံဆွေးနွေးလိုရင်းကို ပြောဆိုလေသည်။
ရန်လိုကျွဲက ဒုက်္ခသီရိနိုင်ငံတော်တွင် အတိုင်ပင်ခံလုပ်ငန်း၊ အကြံပေးအကျိုးဆောင်သည့်လုပ်ငန်း လုပ်ကိုင်သည် ဆိုသော ကြောင့် အင်္ဂါဂြိုဟ်ရောက်လာခိုက် မေးမြန်းဆွေးနွေးလိုသည် ဟူ၏။
““ရန်လိုကျွဲရေ၊ ပွင့်ပွင့်လင်းလင်း ပြောရရင် ပုလိပ်အဖွဲ့ အနေနဲ့ နိုင်ငံရေးမှာ ပါချင်လို့ အကြံတောင်းတာပါ။ ကျုပ်တို့ နိုင်ငံရေးမှာ ပါဝင်မယ်ဆိုရင် ဝေဖန်ကြမှာ””
““ဟုတ်တာပေါ့။ ပုလိပ်က ပုလိပ်အလုပ် သီးသန့်လုပ်ရမှာ။ စိုက်ပျိုးမွေးမြူရေးတို့ ဘာတို့ ဝင်လုပ်နေရင် ဝေဖန်ကဲ့ရဲ့ခံရမှာ သဘာဝကျပါတယ်””
ပုလိပ်အလုပ် ပုလိပ်လုပ်ဟူသော မှတ်ချက်ကြောင့် ပုလိပ် မင်းကြီးသက်ဦးမွန် အောင့်သက်သက် ဖြစ်သွားသည်။ ထို့နောက် လေသံမာမာဖြင့် သူ့မူဝါဒကို ဆက်ပြောလေသည်။
““ကျုပ်တို့က စိုက်ပျိုးရေးလည်း လုပ်မှာပဲ ဆရာကျွဲရေ၊ နိုင်ငံရေး၊ စီးပွားရေးလည်း လုပ်မှာပဲ။ ဒါကြောင့် အဆင်ပြေမယ့် နည်းလမ်းကို ရှာနေတာပါ””
အလုပ်လောဘ အလွန်အကျွံ ကြီးမားလှချေတကားဟု ရန်လိုကျွဲ ဆင်ခြင်မိပြီး ကိုယ်က သူ့နယ်မြေထဲ ရောက်နေသဖြင့် အလိုက်အထိုက် ပြောဆိုရမည်ဟုလည်း သတိထားလိုက်မိသည်။
အလွှာတစ်ခုက အစဉ်အမြဲ လူတတ်ကြီး လုပ်ချင်သောကြောင့် နိုင်ငံတော်အဆင့် တရားဝင် လုပ်ခွင့်ရရေးအတွက် အကြံကောင်း များ ပေးစေလိုသည်ဟု ပုလိပ်မင်းကြီးက ဆို၏။ က်္ဘာပေါ်မှ နိုင်ငံ တချို့ စီမံခန့်ခွဲပုံကို ရှင်းပြပေးစေလိုသည်၊ နှစ်သက်ပါက အင်္ဂါ ဂြိုဟ်အကျိုးအတွက် အတုခိုးရမည် ဟူ၏။
အကြံပေးရာတွင် လက်မနှေးသော ရန်လိုကျွဲလည်း နိုင်ငံ တချို့ စီမံခန့်ခွဲ လည်ပတ်ပုံများအကြောင်းကို အောက်ပါအတိုင်း ရှင်းပြပေးလိုက်လေသတည်း။
ချိနတိုင်းပြည်
ချိနတိုင်းပြည်သည် ကုန်ပစ်္စည်းမျိုးစုံကို ဗုံးပေါလအော ထုတ်လုပ်သည့်နိုင်ငံဖြစ်သည်။ မိတ်အင်ချိန တံဆိပ်ပါ ကုန်မျိုး စုံကို နေရာတကာတွင် တွေ့နေရသောကြောင့် ဓနအင်အား ကောင်းမည်ဖြစ်ကြောင်း အလွယ်တကူ ခန့်မှန်းနိုင်သည်။ ပတ် ဝန်းကျင် ထိန်းသိမ်းရေးကို ဂရုစိုက်သောကြောင့် နိုင်ငံတွင်း သစ် ပင်၊ သစ်တောတို့ကို ထိန်းသိမ်းသည်။ သစ်လိုအပ်ချက်အတွက် အိမ်နီးချင်းနိုင်ငံငယ်တို့ထံမှသာ သွားရောက် ခုတ်ယူသည်။ နယ် စားပယ်စား အရာရှိများကို သစ်ခိုးထုတ်မှုအတွက် လာဘ်ထိုး သည်။ ထိုသို့ သစ်ခိုးထုတ်ခံရသည့် နိုင်ငံများထဲတွင် ဒုက်္ခသီရိ လည်း ပါဝင်၏။ ဒုက်္ခသီရိရှိ အင်တာနက် စာဖတ်ပရိသတ် အတွက်လည်း ဘဝကို မြင့်မား၊ ထိပ်ဖျားရောက်စေမည့်အတွေးအခေါ်များ အမည်ရှိ FACEBOOK PAGE တစ်ခု တည်ဆောက်ကာ ဝါဒဖြန့်၏။ ဤနည်းဖြင့် သူ၏ အင်ပါယာ ကြီးမားစေရန် ဆောင် ရွက်၏။ နိုင်ငံကို ပါတီကြီးတစ်ခုကသာ အုပ်ချုပ်၏။ တစ်ပါတီ အာဏာရှင်စနစ်ဟု မမြင်ကြစေရန် လက်အောက်ခံ ပါတီငယ် တချို့ ထူထောင်ခွင့်ပြုထားသည်။
မြောက်ကင်မ်ချီ တိုင်းပြည်
သက်တမ်းရှည်အာဏာရှင်နိုင်ငံများထဲတွင် မြောက်ကင်မ် ချီလည်း ပါဝင်သည်။ လက်နက်ရောင်းခြင်း၊ ရိုးရာအစားအစာကို ပြည်ပနိုင်ငံများတွင် ဆိုင်ဖွင့်ရောင်းခြင်းဖြင့် စီးပွားရှာသော် လည်း စစ်အားကောင်းစေရန်သာ အာရုံစိုက်သောကြောင့် ပြည် သူတို့ စားဝတ်နေရေး အဆင်မပြေလှချေ။ ပုန်ကန်သူမရှိစေရန် အစွမ်းကုန် နှိပ်ကွပ်သဖြင့် တော်လှန်ဝံ့သူ မရှိဘဲ အစိုးရအဖွဲ့က နှစ်ပေါင်းများစွာ အာဏာ ချုပ်ကိုင်ထားနိုင်သည်။ ခေတ်သစ် သက်ဦးဆံပိုင်ဘုရင်စနစ်ကျင့်သုံးသော နိုင်ငံ ဖြစ်သည်။ နိုင်ငံ အုပ်ချုပ်သူ သေလျှင် သူ၏ သားဖြစ်သူက အာဏာ အမွေရ၊ ဘုရင်ဖြစ်ပြီး အစိုးရကို ခေါင်းဆောင်၏။ ဘုရင်သစ်က ပြိုင် ဘက်ဖြစ်နိုင်ခြေ ညီအစ်ကို အရင်း၊ အဖျားတို့ကို သုတ်သင်ရှင်း လင်း၏။
ဒုက္ခသီရိတိုင်းပြည်
အခြေခံဥပဒေအရ ရွှေရည်စိမ်ဒီမိုကရေစီစနစ် ကျင့်သုံး သော ဒုက်္ခသီရိမှာ ရန်လိုကျွဲ နေထိုင်သော တိုင်းပြည် ဖြစ်၏။ ပြန် ကြားရေးနှင့် ဝါဒဖြန့်ချိရေးဌာန အပါအဝင် ဝန်ကြီးဌာန ၄ ခုကို ချုပ်ကိုင်ထားခြင်းဖြင့် ပုလိပ်အဖွဲ့က အာဏာ ၄၉ ရာခိုင်နှုန်း ယူထား၏။ အစိုးရနှစ်ရပ် ရှိသော နိုင်ငံအဖြစ် က်္ဘာ့အလယ် ထင် ရှား၏။ အာဏာရှင်နိုင်ငံလည်း မဟုတ်၊ ဒီမိုကရေစီနိုင်ငံလည်း မဟုတ်သော ဟိုမရောက် ဒီမရောက် နိုင်ငံအဖြစ် အများက အသိ အမှတ်ပြုထားကြ၏။ အင်အားကောင်းသော ပုလိပ်အဖွဲ့က နိုင်ငံ ရေးပါတီကြီးတစ်ခုလည်း ထူထောင်ပြီး ပါတီငယ် အများအပြား ကိုလည်း သိမ်းသွင်းထားနိုင်၏။
အင်္ဂါဂြိုဟ်တွင် ကျင့်သုံးမည့်စနစ်
နိုင်ငံသုံးခုအကြောင်း ရှင်းပြပြီးသောအခါ အင်္ဂါဂြိုဟ် ပုလိပ်မင်းကြီးက ရန်လိုကျွဲကို လွန်စွာ ကျေးဇူးတင်လေသည်။
““ကျေးဇူးတင်တာက ဟုတ်ပါပြီ။ ပုလိပ်မင်းကြီးက ဘယ် နိုင်ငံရဲ့ အုပ်ချုပ်ရေးစတိုင်လ်ကို သဘောကျသလဲ””
““အားလုံးက အကောင်းတွေချည်းပါပဲလို့ ဆိုရမယ်။ ချိန နိုင်ငံဆိုရင်လည်း အများအမြင်မှာ တင့်တင့်တယ်တယ်ရှိတယ်၊ ပါတီတွေအများကြီးရှိတယ်၊ တစ်ပါတီအာဏာရှင်နိုင်ငံမဟုတ်ဘူးဆိုတော့ လူအထင်ကြီးစရာပေါ့။ မိတ်အင်ချိနပစ်္စည်းတွေ နေရာတကာရောက်တာလည်း ဂုဏ်ယူစရာပဲ။ ဒါပေမဲ့ ကျုပ်တို့ လိုမျိုး ပုလိပ်ခေါင်းဆောင်တွေရဲ့ အခန်းကဏ္ဍ ပျောက်နေတယ်””
အတော် မြင်တတ်တဲ့ ပုလိပ်မင်းကြီးဟု ရန်လိုကျွဲက စိတ် ထဲမှ ကြိတ်ပြီး ချီးကျူးလိုက်သည်။
““ဆရာကျွဲရေ၊ မြောက်ကင်မ်ချီ ဘုရင်စနစ်ကတော့ ကောင်းသဗျာ။ ကျုပ်မှာလည်း သားနှစ်ကောင် ရှိတယ်””
““သားနှစ်ကောင် ရှိတယ်ဆိုတော့ ဟန်ကျလိုက်လေဗျာ။ ပုလိပ်မင်းကြီးက ဘုရင်လုပ်လိုက်ပေါ့။ မင်းကြီးသေတော့ သား တွေ ဘုရင်ဖြစ်ကရော””
““အဲဒီစနစ် ကောင်းပေမယ့် ကျုပ်တို့ဆီမှာ ကျင့်သုံးလို့ မဖြစ်ပါဘူး။ ကျုပ်သေသွားရင် ကျုပ်သားနှစ်ကောင် အချင်းချင်း သတ်ကြတော့မှာပေါ့ ဆရာကျွဲရေ။ မသတ်ရင်တောင်မှ သူတို့ ကလေးမရဘူးဆိုရင် ဘုရင်မျိုးဆက် ပြတ်ပြီပေါ့။ မိသားစုဝင် အချင်းချင်း သတ်နေရတဲ့စနစ်ကို မကြိုက်ချင်ပါဘူးဗျာ””
““ဒါဆိုရင် ပုလိပ်မင်းကြီးက ဘာကြိုက်သလဲ””
မေးမည့်သာ မေးရသည်၊ အဖြေက ဒုက်္ခသီရိ၏ ရွှေရည်စိမ် ဒီမိုကရေစီ ဖြစ်မည်ကို မုချသိနေ၏။ အစွမ်းကုန်ပြုံးနေသော အင်္ဂါဂြိုဟ်ပုလိပ်မင်းကြီးက အဖြေကို တစ်လုံးချင်း ပေးလေသည်။
““ကျုပ် အ ကြိုက် ဆုံး က ဒု က်္ခ သီ ရိ စ တိုင်လ် ပေါ့ ဗျာ။ဟဲ…ဟဲ…ဟဲ””
ပုလိပ်အဖွဲ့ နိုင်ငံရေးတွင် နေရာ ခိုင်ခိုင်မာမာ ယူနိုင်ရန် အတွက် အင်္ဂါဂြိုဟ်၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ရေးဆွဲ သည့် အစီအစဉ်တွင် အကူအညီပေး၊ အကြံကောင်းများ ပေးရန် ဆက်လက် အကူအညီ တောင်းလိုသည်ဟု ပုလိပ်မင်းကြီးက ကမ်းလှမ်းသည်။ ထို့ကြောင့် ရန်လိုကျွဲ အင်္ဂါဂြိုဟ်ကို အချိန်မရွေး စိတ်ကြိုက် ဝင်ထွက် သွားလာနိုင်ရန်အတွက် ဂုဏ်ထူးဆောင် ဂြိုဟ်သားအဖြစ် သတ်မှတ်ပေးမည်ဟု ပုလိပ်မင်းကြီးက ပြော လိုက်လေသတည်း။