ချောင်းသာ – ၂၀၂၁ နိုဝင်ဘာ ၁၅ (မော်ကွန်း)
ဧရာဝတီတိုင်း၊ ချောင်းသာကမ်းခြေကနေပြန် လာတဲ့ စစ်ကောင်စီခန့် ဧရာဝတီတိုင်းဝန်ကြီးချုပ်ယာဉ်တန်းဟာ ဒီကနေ့ နေ့လယ်ပိုင်းက လမ်းမှာ ပစ်ခတ်တိုက် ခိုက်ခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပုသိမ်-ချောင်းသာလမ်းပိုင်း ခြောက်ကောင်ကျေး ရွာနဲ့ တောင်သာယာကြားမှာ နေလယ် ၃:၃၀ ဝန်းကျင်က ကား ရှစ်စီးပါ စစ်ကောင်စီခန့် ဝန်ကြီးချုပ်ယာဥ်တန်းကို သေနတ်နဲ့ ဝိုင်းပစ်ခတ်ခဲ့ကြတာလို့ ဒေသခံတွေက ပြောပါတယ်။
ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတဲ့ယာဥ်တန်းမှာ စစ်ကောင်စီခန့် ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း အ ပြင် ဟိိုတယ်ခရီးပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်လည်းပါဝင်တယ်လို့ နီးစပ်တဲ့ သတင်းရင်းမြစ်ကဆိုပါတယ်။
” ချောင်းသာကဟိုတယ်တစ်ခုမှာ ဖွင့်ပွဲလုပ်ပြီးပြန်လာတာ။ ဧရာဝတီတိုင်းဝန်ကြီးချုပ်နဲ့ ဟိုတယ်ခရီးဝန်ကြီးပါတယ်လို့သိရတယ်။ ခြောက်ကောင်ရွာနားရောက်တော့ ပစ်ခတ်ခံရတာလို့သိရတယ်။ ၁၀ မိနစ် လောက်ပစ်ခတ်မှုခဲ့တာ”လို့ ချောင်းသာဒေသခံတဦးက ပြောပါတယ်။
ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တာကြောင့် သေဆုံးထိခိုက်ဒဏ်ရာရရှိမှုအခြေအနေတွေကိုတော့ မသိရသေးဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်ခတ်မှုဖြစ်ပွားတဲ့နေရာအနီးတဝိုက်က ရွာ တွေကို အင်အားအလုံးအရင်းနဲ့ရှာဖွေဖမ်းဆီးတာ တွေလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
#Dailynews

