ခင်ဦး – ၂၀၂၂ ဇွန် ၂၂ (မော်ကွန်း)
ဒီကနေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် ဒေသတော်လှန်ရေးတပ်ဖွဲ့များစုပေါင်းကာ အာဏာသိမ်းစစ်တပ်လက်အောက်ခံရဲနှင့်ပျူစောထီးများလိုက်ပါလာတဲ့ အရပ်ဘက်ကားတစ်စီးအားတိုက်ခိုက်ရာ အဆိုပါကားပေါ် ပါလာသူအားလုံးသေဆုံးခဲ့ကြောင်း ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ခင်ဦးမြို့နယ် ရေဦးစခန်းမှ ထွက်လာတဲ့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ ရဲနဲ့ပျူစောထီးတွေဟာ Skat ကားဖြင့် လိုက်ပါလာပြီး ခင်ဦး-ရေဦး မူးဘောင်တံတားပေါ်မှာ ဒေသတော်လှန်ရေးတပ်ဖွဲ့တွေရဲ့တိုက်ခိုက်တာကို ခံလိုက်ရတာဖြစ်ပါတယ်။
ကားပေါ်ပါလာတဲ့ ရဲအရာရှိနှစ်ဦးအပါအဝင် သေဆုံးသူ ၁၁ ဦးရှိကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ဒဏ်ရာရသူ နှစ်ဦးရှိတယ်လို့ ထုတ်ပြန်ပါတယ်။
သေဆုံးသွားတဲ့ အာဏာသိမ်းစစ်တပ်ဘက်က လက်နက်ခဲယမ်းတွေ သိမ်းဆည်းလိုက်နိုင်တယ်လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကို ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ညီနောင်မဟာမိတ်အင်အားစုတွေ၊ နယ်မြေခံကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီးတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။
ဒီကနေ့ နံနက်အစောပိုင်းမှာ မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ဆည်တော်ကျေးရွာနား ပုသိမ်-မုံရွာကားလမ်းပေါ်မှာ ဒေသခံတော်လှန်ရေးတပ်ဖွဲ့နဲ့ အာဏာသိမ်းစစ်တပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ၁၂ ဦးကျဆုံးပြီး သုံးဦးဖမ်းဆီးခံခဲ့ရကာ လက်နက်တွေပါ ဆုံးရှုံ့းခဲ့ရပါတယ်။
#Dailynews

