ကော်သူးလေ – ၂၀၂၂ အောက်တိုဘာ ၁၇ (မော်ကွန်း)
ကော်သူးလေ၊ နို့တကောမြို့နယ်(ကြာအင်းဆိပ်ကြီး)၊ တဂေးရွာနားမှာ ကျူးကျော်လာတဲ့ အာဏာသိမ်းစစ်တပ်ကို KNLA၊ နဂါးနီစစ်ကြောင်းပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ ခြောက်ဦးသေဆုံးပြီး ၁၆ ဦးဖမ်းဆီးရမိကြောင်း နဂါးနီစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။
နို့တကောမြို့နယ်၊ တဂေးကျေးရွာအနီးမှာ အာဏာသိမ်းစစ်တပ် စကခ ၁၃ လက်အောက်ခံ ခမရ ၃၅၈ က ကျူးကျော်ဖို့ကြိုးစားလာတာကြောင့် အောက်တိုဘာ ၁၅ ရက်ကတစ်ကြိမ်၊ ၁၆ ရက်က တစ်ကြိမ် တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွါးခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။
သေဆုံး၊ ဖမ်းမိခဲ့သူတွေအပြင် ထွက်ပြေးသူ ၂၃ ဦးရှိတယ်လို့ဆိုပါတယ်။
ဒီတိုက်ပွဲတွေကနေ အာဏာသိမ်းစစ်တပ်ဘက်က MA1 ၇လက်၊ MA2 ၁လက်၊ MA3 ၇လက်၊ MA4 ၂လက်၊၆၀မမ ကွန်မန်ဒိုပြောင်း ၁လက်၊5.56ကျည် ၁၃၀၀၊လက်ပစ်ဗုံး ၅လုံး၊ ကပစထုတ် ၉မမ ပစ္စတို၁လက်၊၆၀မမ ကျည်၁လုံး၊ RPG 7အသီး၂လုံး၊ ကျည်ဘောက်အပို ၂၈ခု၊ စကားပြောစက် ၃လုံး၊ ဆက်သွယ်ရေးအထိုင်စက် ၁လုံးနဲ့ တခြားစစ်ဘက်သုံးဆိုင်ရာ ဆက်စပ်ပစ္စည်းတွေရရှိကြောင်း နဂါးနီစစ်ကြောင်းကထုတ်ပြန်ထားပါတယ်။
ပုံစာ – သိမ်းဆည်းရမိတဲ့ အာဏာသိမ်းစစ်တပ်ရဲ့လက်နက်များ။
ဓာတ်ပုံ – နဂါးနီစစ်ကြောင်း
#Dailynews

