ကော့ကရိတ် – ၂၀၂၄ ဩဂုတ် ၁၁ (မော်ကွန်း)
အာဏာသိမ်းစစ်တပ် ပြန်လည်ရယူထားတဲ့ ကော်သူးလေ၊ ကော့ကရိတ်မြို့မှာ လူနေအိမ်တွေက ပစ္စည်းတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပေါ်တင်ခိုးယူနေကြတယ်လို့ မြို့နေထိုင်သူတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ ကော့ကရိတ်မြို့ကို ကေအဲန်ယူဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေတိုက်ခိုက်ခဲ့ပြီး ခေတ္တသိမ်းပိုက်နိုင်ခဲ့ကာ ၂၀၂၄ နွေရာသီမှာတော့ အာဏာသိမ်းစစ်တပ်ဘက်ကစစ်အင်အား ၁,၅၀၀ လောက်အသုံးပြုပြီး လေကြောင်းထိုးစစ်နဲ့မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေ မြို့ရဲ့တစိတ်တပိုင်းကို ထိန်းချုပ်ထားစဉ်အချိန်တုန်းကလည်း အာဏာသိမ်းစစ်တပ်ဟာ မြို့ပေါ်ရပ်ကွက်တွေကို နေ့စဉ်မီးရှို့တာတွေပြုလုပ်ခဲ့ပါတယ်။
အခုတော့ မြို့မှာ ပြန်လည်နေထိုင်ကြသူတွေကို လုံခြုံရေးအပါအဝင် မြို့အင်္ဂါရပ်နဲ့အညီ ဝန်ဆောင်မှုမပေးနိုင်တဲ့အပြင်လျှပ်စစ်မီးလည်း မရရှိသေးပါဘူး။
“မီးရလည်း ဘာမှလုပ်မရပါဘူး၊ ကိုယ့်မီးရှိလည်း ထွန်းမရဘူး၊မှောင်တာနဲ့ မီးထွန်းရင်တောင် ပစ်မယ်လို့ ပြောထားတယ်”လို့မြို့ခံတစ်ဦးကပြောပါတယ်။
မြို့ခံ အများစုပြန်လည်နေထိုင်ခြင်းမပြုကြတာကြောင့် လူမနေတဲ့ အိမ်ကြီးအိမ်ကောင်းတွေက တန်ဖိုးကြီးပစ္စည်းတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ကာ သယ်ယူကြတယ်လို့ မြို့ခံတွေကကပြောပါတယ်။
“ဒီနေ့လည်း နှစ်ဦးပါသွားတယ်၊ သူတို့အိမ်တွေကို ဝင်ပြီး ကားနဲ့လာတိုက်သယ်တာ၊ ဆွေမျိုးက ဝင်ပြောတာတောင် ကိုယ့်အိမ်ကိုယ်ပြန်နေ၊ ကိုယ့်အိမ်မဟုတ်ရင် မပြောနဲ့လို့ပြောသွားတယ်” လို့ မြို့ခံတစ်ဦးက ပြောပြပါတယ်။
မြို့ပေါ်က ဆိုင်တွေထဲမှာ ကားပစ္စည်းအရောင်းဆိုင်တွေ၊ စတိုးဆိုင်တွေ၊ အိုင်တီ၊ လျှပ်စစ်ပစ္စည်းဆိုင်တွေ၊ ဂိုဒေါင်တွေကအစ ကားတွေနဲ့ လာရောက်တင်ယူတာကြောင့်အိမ်တွေ၊ ဆိုင်တွေလည်း အခွံပဲကျန်တော့တယ်လို့ ၎င်းမြို့ခံကပြောပါတယ်။
“ခိုးကြောင်ခိုးဝှက် ခိုးတာမဟုတ်တော့ဘူး၊ ပေါ်တင်ခိုးတာ”လို့၎င်းမြို့ခံကပြောပါတယ်။
နေအိမ်တွေထဲကပစ္စည်းတွေတင်မကဘဲ ကျွဲ၊ နွားတွေကိုပါ ပေါ်တင်လာဆွဲကြတယ်လို့ မြို့ခံတွေကပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက နွားပိုင်ရှင်တစ်ဦးဟာ သူပိုင်တဲ့နွားတွေထဲကလေးကောင်ကို စစ်သားတွေဖမ်းယူသွားခံရပြီး ကျန်တဲ့နွားတွေကို ကျောင်းနေတုန်းမှာပဲ သူ့ရှေ့တင်လာဆွဲတာကို လက်ပိုက်ကြည့်နေခဲ့ရတယ်လို့ဆိုပါတယ်။
မြို့မှာ ပြန်လည်နေထိုင်ကြသူတွေဟာ စစ်ဖြစ်ထားချိန်က သူတို့နေအိမ်တွေကို စိတ်မချတာနဲ့ တခြားဒေသမှာ စစ်ရှောင်ရချိန်နေထိုင်ရေးအဆင်မပြေတာကြောင့် ပြန်လည်နေထိုင်ကြတာလို့ပြောပါတယ်။
အခုတော့ ပြန်လည်နေထိုင်သူတွေကို ညမှောင်ချိန်မှာ မီးမထွန်းခိုင်းသလို နေ့ပိုင်းမှာလည်း တစ်အိမ်နဲ့တစ်အိမ် ကူးလူးဆက်ဆံတာမျိုးတွေ မလုပ်ရဘူးလို့ အမိန့်ထုတ်ထားတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။
“သူတို့နေတဲ့နေရာတွေကို တော်လှန်ရေးဘက်က ဒရုန်းနဲ့ချတာမျိုးဆိုရင် အဲဒီနားက အိမ်တွေ မလွယ်ဘူးလို့ ပြောထားတယ်” လို့ မြို့ခံတစ်ဦးကပြောပါတယ်။
ကော့ကရိတ်မြို့ကို အာဏာသိမ်းစစ်တပ်ဘက်က ပြန်လည်ရယူပြီးချိန်မှာတော့ စစ်လော်ဘီစာမျက်နှာတွေကနေ မြို့ကိုငြိမ်းချမ်းစွာပြန်နေလို့ရပြီဖြစ်ကြောင်းနဲ့ ပြည်သူတွေကို ကာကွယ်ပေးသွားမယ်လို့ ဝါဒဖြန့်ချိခဲ့ကြပါတယ်။
အခုအချိန်မှာတော့ ကော့ကရိတ်မှာ စာသင်ကျောင်းတချို့ပြန်ဖွင့်ထားတာကလွဲလို့ ဆေးရုံလည်း မဖွင့်နိုင်သလို လျှပ်စစ်မီး၊စည်ပင်သာယာရေးကိစ္စတွေကအစ မလည်ပတ်နိုင်သေးပါဘူး။
ပုံစာ – ကော့ကရိတ်မြို့တိုက်ပွဲဖြစ်ပြီးနောက် ပျက်စီးသွားတဲ့နေအိမ်များ
ဓါတ်ပုံ – Mawkun Magazine
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

