မြေလတ်အသံသတင်းဌာန
နတ်တလင်း – ၂၀၂၀ ဇွန် ၁၁
ခြံနှစ်ခြံကြား ကုက္ကိုပင်စိုက်လို့ အိမ်နီးချင်းအမျိုးသမီးနဲ့စကားများခဲ့တဲ့အမျိုးဟာ ငယ်ပါပြတ်အောင် အကိုက်ခံလိုက်ရပါတယ်။
ခြံနယ်နိမိတ်နဲ့ပတ်သက်ပြီးအချင်းများကြရင်း အသက် ၃၉ နှစ်အရွယ် အိမ်နီးချင်းအမျိုးသမီးဟာ အဖော်အမျိုးသမီးတစ်ယောက်နဲ့အတူ အသက် ၅၇ နှစ်အရွယ်အမျိုးသားရဲ့ခြံဝိုင်းထဲကိုဝင်ရောက်လာပြီး ဝါးလုံးနဲ့စတင်ရိုက်နှက်လိုက်ပါတော့တယ်။ အမျိုးသားလဲကျသွားချိန်မှာ ပေါင်နဲ့ငယ်ပါကို ကိုက်ဆွဲပါတော့တယ်။
ခေါင်းကိုအရိုက်ခံရပြီး ငယ်ပါကိုပါအကိုက်ခံရတဲ့အမျိုးသားရဲ့ဇနီးဟာလည်း ဘေးပတ်ဝန်းကျင်ကိုအော်ဟစ်အကူညီတောင်းနေစဉ်မှာပဲ အိမ်နီးချင်းအမျိုးသမီးနဲ့ပါလာတဲ့ အဖော်အမျိုးသမီးက ဝါးလုံးနဲ့ရိုက်နှက်ခဲ့လို့ ဒဏ်ရာတွေရရှိခဲ့ပါတယ်။
“အိမ်နီးချင်းရန်ဖြစ်ပြီး ကိုက်ဆွဲလို့ဝှေးစေ့(ငယ်ပါ) ပြုတ်ပါသွားတာပါ” လို့ တာပွန်နယ်မြေရဲစခန်းမှူး၊ ရဲအုပ်အောင်သပြေက ပြောပါတယ်။
ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် ထိပ်ပိတ်အုပ်စုမှာ ဒီနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ဒီအမှုကို (ပ)၇၇ /၂၀၂၀ ပုဒ်မ ၄၄၇/ ၃၂၃/ ၃၂၆ /၁၁၄ ပုဒ်မတွေနဲ့ အမူဖွင့်ထားတယ်လို့ ရဲကဆိုပါတယ်။
သတင်နှင့်ဓါတ်ပုံ – အောင်ကြီး (မြေလတ်အသံ)
#Dailynews