ရန်ကုန်- ၂၀၂၂၊ ဖေဖော်ဝါရီ ၁၅ (မော်ကွန်း)
အာဆီယံ ယူ -၂၃ ချန်ပီယံရှစ်ပြိုင်ပွဲအတွက် ကမ္ဘောဒီးယားရောက်နေတဲ့ မြန်မာတစ်သင်းလုံးနီးပါးကိုဗစ်ကူးစက်ခံထားရတာကြောင့် ပြိုင်ပွဲကနေ နှုတ်ထွက်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် က မကြာသေးမီက ထုတ်ပြန်ပါတယ်။
“ကျွန်တော်တို့အသင်း ကစားသမား ၂၆ ယောက်မှာ ၅ ယောက် လောက်ပဲ ကျန်တယ်။ ကျန်တဲ့ကစားသမားတွေ အားလုံးကိုဗစ်လက္ခဏာတွေပြနေတယ်။” လို့ မြန်မာ ယူ-၂၃ အသင်း နည်းပြ ပိုပေါ့က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာတင်ထားပါတယ်။
ဒီပြိုင်ပွဲကို အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF) က ကြီးမှူးကျင်းပတာဖြစ်ပြီး အာဆီယံ (၁၁) နိုင်ငံက အုပ်စု သုံးခု ခွဲပြီးယှဉ်ပြိုင်ကြတာပါ။
မြန်မာအသင်းကတော့ အုပ်စု (ခ) မှာ မလေးရှား၊ လာအို၊ အင်ဒိုနီးရှားနဲ့ တစ်အုပ်စုတည်းကျတာပါ။
ဒါပေမယ့်လည်း မြန်မာအသင်း ဟာ ဒီနေ့ ပွဲဦးထွက် ယှဉ်ပြိုင်ကစားရမယ့် မလေးရှားအသင်းနဲ့ ပွဲမတိုင်မီ မှာ ကိုဗစ်ကူးစက်မှုတွေ့ရှိခဲ့ပြီးအခုလိုနှုတ်ထွက်ခဲ့တာပါ။
ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပနေတဲ့ ဒီပြိုင်ပွဲကို ဖေဖော်ဝါရီ (၁၄) ရက်ကနေ (၂၆) ရက်ထိကျင်းပသွားမှာပါ။
Photo: MFF
#Dailynews

