ရန်ကုန်-၂၀၂၀ ဧပြီ ၇ (မော်ကွန်း)
ဒီနေ့ကစပြီး အမြန်လမ်းအသုံးပြုတဲ့ ယာဉ်တွေဟာ ရပ်နားတဲ့အခါ နီးစပ်ရာ အမြန်လမ်းရဲကင်းနဲ့ ရဲစခန်းတွေနားမှာသာ ရပ်နားကြဖို့ အမြန်လမ်းရဲတပ်ဖွဲ့က သူရဲ့လူမှုကွန်ရက်စာမျက်နှာကနေ အသိပေးထားပါတယ်။
ဧပြီ ၇ ရက်က စပြီး အမြန်လမ်းတစ်လျောက်ပြေးဆွဲတဲ့ ခရီးသည်တင်ယာဉ်တွေ ရပ်နားမှာ ဖြစ်တဲ့အတွက် ဒီရက်တွေအတွင်း ခရီးသွားလာကြမယ့် ကိုယ်ပိုင်အိမ်စီးယာဉ်ငယ်တွေဟာ အကြောင်းကြောင်းကြောင့် ခေတ္တ ရပ်နားမယ်ဆိုရင် အမြန်လမ်း တစ်လျှောက်က ရဲကင်းနဲ့ ရဲစခန်းတွေမှာသာ ရပ်နားကြပါလို့ အမြန်လမ်းရဲတပ်ဖွဲ့က ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ထားတယ်။
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက်မှာ ရဲကင်းစခန်းတွေဟာ ပျမ်းမျှ (၅) မိုင်မှာ စခန်း တစ်ခုရှိပြီး ရဲစခန်းတွေကတော့ (၂၀) မိုင်မှာ စခန်းတစ်ခုရှိတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားတယ်။
ဓါတ်ပုံ- အမြန်လမ်းရဲတပ်ဖွဲ့ဖေ့ဘွတ်ခ်
#Dailynews