ကလေး – ၂၀၂၁ နိုဝင်ဘာ ၂၇ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ကလေးမြို့က စစ်ကောင်စီမြို့နယ်ပညာရေးမှူးရုံး ဒီကနေ့မနက်ပိုင်းမှာ မီးလောင်ကျွမ်းပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ နံနက် ၇း၀၀ အချိန်လောက်က ကလေးမြို့၊ တောင်ဇလပ်ရပ်ကွက်၊ မြို့နယ်ပညာရေးမှူးရုံးမှာ မီးလောင်မှုဖြစ်ပွါးခဲ့တာပါ။
“အထဲကနေ စလောင်နေတာ။ အတွင်းထဲလောင်တာတော်တော်များတယ်။ ဘယ်သူမှတော့ ဝင်မငြှိမ်းရဲကြဘူး။ ဗုံးတွေဘာတွေမိမှာကြောက်လို့”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ကလေးမြို့နယ်ပညာရေးမှုးရုံးမှာ စစ်ကောင်စီလက်အောက်ခံ Non-CDM ဝန်ထမ်းတွေ ရုံးတက်အလုပ်လုပ်နေတာရှိကြောင်း ဒေသခံတွေကပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံ မီးသတ်ဦးစီးဌာနက လာရောက်ငြှိမ်းသတ်ခဲ့ကြပြီး တစ်ထပ်အဆောက်အအုံဖြစ်တဲ့ပညာရေးမှုးရုံးကတော့ ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဘာကြောင့် မီးလောင်ကျွမ်းရတယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဓါတ်ပုံ-MFSD
#Dailynews

