ကန့်ဘလူ – ၂၀၂၃ ဖေဖော်ဝါရီ ၁၈ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကိုင်းရိုးရွာအနီးက စစ်ရှောင်တဲမှာ မနေ့ မနက် ၁၁:၀၀ ဝန်းကျင်မှာ အမျိုးသားနှစ်ဦးကို အာဏာသိမ်းစစ်တပ်ကမီးရှို့သတ်သွားတယ်လို့ စစ်ရှောင်တွေကိုကူညီပေးနေသူတစ်ဦးကပြောပါတယ်။
“သတ်ခံရတာက အမျိုးသားနှစ်ယောက်ပါ၊ စောင်တွေကျန်ခဲ့လို့ပြန်ယူချိန်သတ်ခံလိုက်ရတာ၊စစ်ကြောင်းကထိုးနေတုန်းပဲ’လို့ စစ်ရှောင်တွေကိုကူညီပေးနေသူ ကိုတက်တိုးကပြောပါတယ်။
သတ်ခံရသူတွေက အသက် ၂၂ နဲ့ အသက် ၃၂နှစ်အရွယ် အမျိုးသားနှစ်ဦးဖြစ်ပြီး သူတို့စီးလာတဲ့ဆိုင်ကယ်နှစ်စီးနဲ့အတူ ထွန်စက်ပေါ်မှာမီးတင်ရှို့သတ်ခံလိုက်ရတာဖြစ်တယ်လို့ ကိုတက်တိုးကပြောပါတယ်။
အာဏာသိမ်းစစ်တပ်စစ်ကြောင်းဟာ ဖေဖော်ဝါရီ ၁၇ရက်၊ မနက်ပိုင်းမှာ အင်းလယ်ကြီးရွာကနေ လက်နက်ကြီး၊ လက်နက်ငယ်နဲ့ပစ်ခတ်ပြီးစစ်ကြောင်းထိုးလာတာဖြစ်ပါတယ်။
ပုံစာ – ကိုင်းရိုးရွာအနီးမှာ မီးရှို့သတ်ခံထားရတဲ့ အမျိုးသားနှစ်ဦး
ဓါတ်ပုံ – Supplied
#Dailynews

