Home သတင်းဆောင်းပါး ရွေးကောက်ပွဲကော်မရှင်ကို ကျွန်ုပ်တို့ စောင့်ကြည့်နေကြသည်

ရွေးကောက်ပွဲကော်မရှင်ကို ကျွန်ုပ်တို့ စောင့်ကြည့်နေကြသည်

139
0
Advertise Here

ဓာတ်ပုံ(ကျော်ဇေယျ)

Advertise Here

ယမန်နေ့ညက NLD ရုံး ချုပ်ရှေ့တွင် ရွေးကောက်ပွဲ ရလဒ်ကို စောင့်ကြည့် နားထောင် နေကြသူများ

မော်ကွန်း(နိုဝင်ဘာ ၉၊ ၂၀၁၅)

ယမန်နေ့က ကျင်းပပြီးစီးခဲ့သော အထွေထွေရွေးကောက်ပွဲမှ မည်သို့သောရလဒ်မျိုး ထွက်ပေါ်လာမည်ကို သိလိုစိတ်အပြည့်ဖြင့် ယနေ့ ကျွန်ုပ်တို့ပြည်သူတွေ အိပ်ယာမှ နိုးထလာခဲ့ကြပါသည်။ အချို့ပြည်သူများကတော့ ရွေးကောက်ပွဲရလဒ်ကို သိလိုစိတ်ပြင်းပြလွန်းသဖြင့် ညလုံးပေါက်မအိပ်စက်ဘဲနားစွင့်ခဲ့ကြသည်။

မျှော်လင့်ချက်တစ်ပွေ့တစ်ပိုက်ဖြင့်စောင့်မျှော်နေကြသည့်တိုင် ပြည်သူတို့၏စိတ်ထဲတွင် သောကများကဖိစီးလျက်ရှိပါသည်။ ပြည်သူများအဓိကစိုးရိမ်နေကြသည့်အထဲတွင်မဲရုံပိတ်ချိန်နောက်ပိုင်း ၀င်ရောက်လာသည့် ကြိုတင်မဲများဖြင့် ရွေးကောက်ပွဲရလဒ် ပြောင်းပြန်ဖြစ်သွားမည့်ကိစ္စပါဝင်သည်။

ထိုသို့စိုးရိမ်ရလောက်အောင်လည်း၂၀၁၀ ရွေးကောက်ပွဲဖြစ်စဉ်များကသာဓကများစွာပေးသွားခဲ့သည်။ ပြည်သူများစိုးရိမ်နေသည့်အတိုင်း ကြိုတင်မဲပြဿ       နာသည် ယခုအကြိမ်ကျင်းပသည့် ရွေးကောက်ပွဲတွင်လည်းပေါ်ပေါက်လာပြန်သည်။

မီဒီယာများနှင့် ပြည်သူအချို့၏ထုတ်ဖော်ပြောဆိုနေမှုများအရအချို့ဒေသများတွင် ကြိုတင်မဲများမှာသတ်မှတ်ထားသည့် အချိန်ထက်များစွာနောက်ကျပြီးမှရောက်လာကြသည်များရှိသလိုညဥ့်နက်သန်းခေါင်အချိန်ကျမှ ရောက်လာကြသည်များလည်းရှိသည်ဟုဆိုပါသည်။

ဤအချက်နှင့်ပတ်သက်ပြီး ပြည်သူများစိုးရိမ်နေကြသည်ကထိုကိစ္စကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကဥပဒေအတိုင်းသမာသမတ်ကျကျ ကိုင်တွယ်ဖြေရှင်းပေးပါ့မလားဆိုသောအချက်ဖြစ်သည်။

ပြည်သူများစိုးရိမ်နေကြသည့်နောက်ထပ်အချက်တစ်ချက်မှာအကြောင်းအမျိုးမျိုးကြောင့် ရွေးကောက်ပွဲရလဒ် ကိုလက်မခံနိုင်သည့် တစ်ဘက်ဘက်ကပဋိပက္ခအသွင်ဖန်တီးလာမည့်ကိစ္စဖြစ်သည်။ ထိုသို့ဖြစ်ခဲ့လျှင်တော့ တိုင်းပြည်အနာဂတ်အတွက် စိုးရိမ်စရာဖြစ်ရပေလိမ့်မည်။

သို့ဖြစ်ရာရွေးကောက်ပွဲရလဒ်များအမှန်အကန်ဖြစ်ရေးနှင့် အခြားသောမလိုလားအပ်သည့် ပြဿ       နာများမပေါ်ပေါက်ရေးအတွက်သမာသမတ်ကျကျဖြေရှင်းပေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် လုံးဝတာဝန်ရှိပါသည်။

နိုင်ငံတကာကလည်းရွေးကောက်ပွဲရလဒ်ကိုစောင့်ကြည့်နေပြီးရွေးကောက်ပွဲကော်မရှင်၏ရပ်တည်မှုသည် မြန်မာနိုင်ငံ၏ဒီမိုကရေစီအပြောင်းအလဲကိုသက်သေပြရန်များစွာအရေးပါသည့်ခြေလှမ်းတစ်ခုဖြစ်ပါသည်။

တစ်ဘက်တွင်လည်းစိတ်လှုပ်ရှားနေသောလူထုအကြားမလိုလားအပ်သည့် ပြဿ       နာများမပေါ်ပေါက်အောင်သက်ဆိုင်ရာနိုင်ငံရေးပါတီခေါင်းဆောင်များတွင်လည်းတာဝန်ရှိပါသည်။

ယခုရွေးကောက်ပွဲတွင် မဲပေးခွင့် မရသူအမြောက်အမြားကျန်နေခဲ့သည့်တိုင် ပြည်သူအများအပြားကမိမိတို့ကြိုက်နှစ်သက်သူများကိုမဲပေးခွင့်ရခဲ့သောကြောင့် ပြည်သူများဘက်မှ တာဝန်ကျေခဲ့ပါပြီ။သို့ဖြစ်ရာတာဝန်ရှိသူများဘက်က မိမိတို့ဆောင်ရွက်ရမည့်ကိစ္စအ၀၀ကို အတိမ်းအစောင်းအမှားအယွင်းမရှိ၊ အချိန်မီဆောင်ရွက်ကြခြင်းဖြင့် ပြည်သူများအတွက် ကောင်းမွန်သောမနက်ဖြန်များသယ်ဆောင်လာစေလိုပါကြောင်း ကျွန်ုပ်တို့မော်ကွန်းကတိုက်တွန်းအပ်ပါသည်။

အယ်ဒီတာအဖွဲ့

Advertise Here

LEAVE A REPLY

Please enter your comment!
Please enter your name here