မြန်မာပြည်တွင်း ယနေ့ အင်အားအသင့်အတင့်ရှိငလျင် ငါးကြိမ်ထက်မနည်းလှုပ်ခတ်ခဲ့


ရန်ကုန်- ၂၀၂၅ မတ် ၅ (မော်ကွန်း)

ဒီနေ့မှာ နိုင်ငံတစ်ဝန်း မြေငလျင်လှုပ်ခတ်မှု ငါးကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ စစ်ကောင်စီရဲ့ မိုးဇလဌာနကထုတ်ပြန်သလို အလွတ်တန်းလေ့လာသူတချို့ကလည်း ပြောကြပါတယ်။

ဒီငလျင်တွေကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့မှာ သက်ရောက်ပျက်စီးမှု တချို့ ရှိခဲ့ပါတယ်။ မြို့ခံတချို့က ဒီငလျင်ကြောင့် သာသနာအဆောက်အအုံတချို့ ပျက်စီးခဲ့တယ်လို့ လူမှုကွန်ယက်တွေမှာ ဖော်ပြကြပါတယ်။

” တော်လဲသံကြီးလိုမျိုး ကြောက်စရာအသံကြီးမြည်ပြီး လှုပ်ခတ်ခဲ့တာ” လို့ လူမှုကွန်ယက်မှာ မအူပင်မြို့ခံတစ်ဦးက ရေးပါတယ်။

စစ်ကောင်စီ မိုးဇလဌာနကတော့ ဧရာဝတီတိုင်း၊ ညောင်တုန်းမြေငလျင်စခန်းပတ်လည်မှာ မြေငလျင်တွေ လှုပ်ခဲ့တယ်လို့ ဖော်ပြပါတယ်။

ညောင်တုန်းမြို့ရဲ့ အ‌ရှေ့တောင်ဘက် ခြောက်မိုင်ခန့်အကွာ၊ မြေအောက်အနက်ခြောက်မိုင်ကျော်ကို ဗဟိုပြုပြီး ရစ်(ခ်)တာ စကေး ၅ ဒသမ ၁ ရှိတဲ့ အင်အားအသင့်အတင့်ရှိတဲ့ ငလျင်တစ်ခု ဒီနေ့မနက်ပိုင်း ၄ နာရီ ၃၆ မိနစ်မှာ လှုပ်ခဲ့တယ်လို့ ဖော်ပြ ပါတယ်။

အဲဒီငလျင်ရဲ့ နောက်ဆက်တွဲငလျင်တွေအဖြစ် ညောင်တုန်းမြို့ရဲ့ အရှေ့တောင်ဘက် ၁၀ မိုင်ခန့်အကွာ၊ မြေအောက်အနက် ၁၁ မိုင်ကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး ၄ ဒသမ ၅ ရှိတဲ့ ငလျင် ဒီမနက် ငါးနာရီဝန်းကျင်မှာ လှုပ်ခဲ့သလို ၅ နာရီ ၂၀ မိနစ်မှာတော့ မြို့ရဲ့ အနောက်တောင်ဘက် ၂၃ မိုင်ခန့်အကွာ၊ မြေအောက်အနက် ခြောက်မိုင်ကျော်ကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး ၃ ဒသမ ၅ ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့ပြီး ၅ နာရီ ၂၃ မိနစ်မှာတော့ မြို့ရဲ့ ၂၅ မိုင်ခန့်အကွာမှာ မြေအောက်အနက် ခြောက်မိုင်ကျော်ကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၃ ဒသမ ၁ ရှိတဲ့ ငလျင်တွေ လှုပ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဒါအပြင် ဒီနေ့လယ် ၁၂ နာရီ ဝန်းကျင်မှာတော့ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့ရဲ့ အနောက်တောင်ဘက် ၂၃ မိုင်ခန့်အကွာ၊ မြေအောက် အနက် ၃၉ မိုင်ကျော်ကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၅ ဒသမ ၅ ရှိတဲ့ ငလျင်တစ်ခု လှုပ်ခဲ့သေးတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။

ပုံစာ- ဒီနေ့မနက်ပိုင်းက လှုပ်ခတ်တဲ့ ငလျင်ကြောင့် မအူပင်မြို့က နေအိမ်တချို့လှုပ်ခါနေသည့် မှတ်တမ်း။

ဗီဒီယို- Shew Taw Tar

မြန်မာပြည်တွင်း ယနေ့ အင်အားအသင့်အတင့်ရှိငလျင် ငါးကြိမ်ထက်မနည်းလှုပ်ခတ်ခဲ့ March 5, 2025
မြန်မာပြည်တွင်း ယနေ့ အင်အားအသင့်အတင့်ရှိငလျင် ငါးကြိမ်ထက်မနည်းလှုပ်ခတ်ခဲ့ ရန်ကုန်- ၂၀၂၅ မတ် ၅ (မော်ကွန်း)ဒီနေ့မှာ နိုင်ငံတစ်ဝန်း မြေငလျင်လှုပ်ခတ်မှု ငါးကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ စစ်ကောင်စီရဲ့ မိုးဇလဌာနကထုတ်ပြန်သလို အလွတ်တန်းလေ့လာသူတချို့ကလည်း ပြောကြပါတယ်။ဒီငလျင်တွေကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့မှာ သက်ရောက်ပျက်စီးမှု တချို့ ရှိခဲ့ပါတယ်။ မြို့ခံတချို့က ဒီငလျင်ကြောင့် သာသနာအဆောက်အအုံတချို့ ပျက်စီးခဲ့တယ်လို့ လူမှုကွန်ယက်တွေမှာ ဖော်ပြကြပါတယ်။" တော်လဲသံကြီးလိုမျိုး ကြောက်စရာအသံကြီးမြည်ပြီး လှုပ်ခတ်ခဲ့တာ" လို့ လူမှုကွန်ယက်မှာ မအူပင်မြို့ခံတစ်ဦးက ရေးပါတယ်။စစ်ကောင်စီ မိုးဇလဌာနကတော့ ဧရာဝတီတိုင်း၊ ညောင်တုန်းမြေငလျင်စခန်းပတ်လည်မှာ မြေငလျင်တွေ လှုပ်ခဲ့တယ်လို့ ဖော်ပြပါတယ်။ညောင်တုန်းမြို့ရဲ့ အ‌ရှေ့တောင်ဘက် ခြောက်မိုင်ခန့်အကွာ၊ မြေအောက်အနက်ခြောက်မိုင်ကျော်ကို ဗဟိုပြုပြီး ရစ်(ခ်)တာ စကေး ၅ ဒသမ ၁ ရှိတဲ့ အင်အားအသင့်အတင့်ရှိတဲ့ ငလျင်တစ်ခု ဒီနေ့မနက်ပိုင်း ၄ နာရီ ၃၆ မိနစ်မှာ လှုပ်ခဲ့တယ်လို့ ဖော်ပြ ပါတယ်။အဲဒီငလျင်ရဲ့ နောက်ဆက်တွဲငလျင်တွေအဖြစ် ညောင်တုန်းမြို့ရဲ့ အရှေ့တောင်ဘက် ၁၀ မိုင်ခန့်အကွာ၊ မြေအောက်အနက် ၁၁ မိုင်ကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး ၄ ဒသမ ၅ ရှိတဲ့ ငလျင် ဒီမနက် ငါးနာရီဝန်းကျင်မှာ လှုပ်ခဲ့သလို ၅ နာရီ ၂၀ မိနစ်မှာတော့ မြို့ရဲ့ အနောက်တောင်ဘက် ၂၃ မိုင်ခန့်အကွာ၊ မြေအောက်အနက် ခြောက်မိုင်ကျော်ကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး ၃ ဒသမ ၅ ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့ပြီး ၅ နာရီ ၂၃ မိနစ်မှာတော့ မြို့ရဲ့ ၂၅ မိုင်ခန့်အကွာမှာ မြေအောက်အနက် ခြောက်မိုင်ကျော်ကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၃ ဒသမ ၁ ရှိတဲ့ ငလျင်တွေ လှုပ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ဒါအပြင် ဒီနေ့လယ် ၁၂ နာရီ ဝန်းကျင်မှာတော့ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့ရဲ့ အနောက်တောင်ဘက် ၂၃ မိုင်ခန့်အကွာ၊ မြေအောက် အနက် ၃၉ မိုင်ကျော်ကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၅ ဒသမ ၅ ရှိတဲ့ ငလျင်တစ်ခု လှုပ်ခဲ့သေးတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။ပုံစာ- ဒီနေ့မနက်ပိုင်းက လှုပ်ခတ်တဲ့ ငလျင်ကြောင့် မအူပင်မြို့က နေအိမ်တချို့လှုပ်ခါနေသည့် မှတ်တမ်း။ဗီဒီယို- Shew Taw Tar

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."