မန္တလေး-၂၀၂၅ ဒီဇင်ဘာ ၃၁ (မော်ကွန်း) ပတ်ဝန်းကျင်မှာ သေနတ်သံ၊ ဗုံးသံတွေနဲ့ လေယာဉ်ဝဲပျံသံတွေဆူညံနေပေမယ့် အသက် ၃၅ နှစ်အရွယ် မမြကြေး(အမည်လွှဲ)တစ်ယောက် အိမ်ထဲမှာ ပုန်းမနေနိုင်ပါ။ ဒီလိုစွန့်စားထွက်ခွာလာရတာက သူ့ခန္ဓာကိုယ်အတွင်းမှာခိုအောင်းပြီး ခုခံအားတွေကိုတိုက်ဖျက်နေတဲ့ ဗိုင်းရပ်စ်ပိုးတွေကို ထိန်းဖို့ မဖြစ်မနေသောက်ရမယ့် Antiretroviral Therapy (ART) ဆေး အချိန်မီရဖို့ဖြစ်ပါတယ်။ သဘာဝငလျင်ဘေးအကြီးအကျယ်သင့်ထားပြီး ပြင်းထန်တဲ့စစ်ရေးပဋိပက္ခတွေကြုံနေရတာကြောင့် နိုင်ငံအလယ်ပိုင်း မန္တလေးတိုင်း၊ သပိတ်ကျဉ်းမြို့နယ်က ကျေးရွာတစ်ရွာမှာနေထိုင်တဲ့သူ့အဖို့ ပုံမှန်ဆိုနေ့ဝက်ခရီးသာလှမ်းတဲ့ဆေးပေးခန်းကို ဘေးကင်း ကင်းရောက်ဖို့ ဧရာဝတီမြစ်ကိုလွန်းထိုး ကူးသန်းပြီး နှစ်ညအိပ်၊ သုံးရက်လောက် ကွေ့ဝိုက်ကာလာနေရပါတယ်။ “ဆေးလာထုတ်တယ်ဆိုရင် အနည်းဆုံး တစ်ပတ်လောက်ကြိုပြီး အခုက လာနေရတယ်” လို့ သူက ပြောပြတယ်။ ဒီလိုသက်စွန့်ဆံဖျားဆေးထုတ်နေရတဲ့ မမြကြေးတို့လို HIV ရှိနေသူတွေအဖို့ အာဏာသိမ်း စစ်ကော်မရှင်ရဲ့ ၂၀၂၅ ဩဂုတ်မှာ […]
ကော်သူးလေ – ၂၀၂၅ ဧပြီ (မော်ကွန်း) ၁၉၉၇၊ ထိုင်း-မြန်မာနယ်စပ် ကော်သူးလေဒေသတွေမှာ တိုက်ပွဲတွေပြင်းထန်နေချိန်။ မိုင်ရာချီခရီးကို ခြေလျင်ဖြတ်လျှောက်လာခဲ့ရလို့ ပင်ပန်းနွမ်းနယ်နေတဲ့လူအုပ်စုတစ်စုဟာ ထိုင်းနိုင်ငံထဲက ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၂,၅၀၀ လောက်မြင့်တဲ့ တောအုပ်တစ်နေရာမှာ ဟိုတစ်စုဒီတစ်စု တဲငယ်တွေထိုးနေကြတယ်။ ဒီနေရာကို နို့ဖိုးရွာလို့ခေါ်ကြပြီး ချုံနွယ်မြက်ရိုင်းတွေနဲ့ပြည့်နေတဲ့ တောအုပ်တစ်ခုသာဖြစ်ပါတယ်။ ခပ်နွမ်းနွမ်းအဝတ်အစားတွေဝတ်ဆင်ထားကြတဲ့ ဒီလူအုပ်စုမှာ အားလုံးနီးပါးဟာ ကရင်လူမျိုးတွေပါ။ သစ်၊ ဝါးတွေ ခုတ်သူခုတ်၊ အနီးအနားကအသီးအရွက်တွေ ခူးသူခူး၊ ပါလာတဲ့ ရိက္ခာတွေကို ချက်သူချက်နဲ့ မီးခိုးတွေက တလူလူထွက်နေတယ်။ သိပ်မကြာခင်မှာပဲ သူတို့လို နောက်ထပ်မိသားစုတစ်စုရောက်ချလာပြီး လောလောဆယ်နေရမယ့် ကွက်လပ် တစ်ခုကို လိုက်ရှာနေသူတွေကတော့ စောဒေးဖိုး(လုံခြုံရေးအရအမည်လွှဲ)တို့ မိသားစု။ ထိုင်းအာဏာပိုင်တွေကတော့ ဒီတောချုံတွေမှာပဲ တခြားသူတွေလို ကိုယ့်နည်းကိုယ့်ဟန်နဲ့ အဆင်ပြေသလို သူတို့ကိုလည်း နေခိုင်းတယ်။ စောဒေးဖိုးတို့ဟာ […]
MNCOLD ရဲ့ စာရင်းအရ မြန်မာနိုင်ငံမှာရေလှောင် တမံကြီးပေါင်း တစ်ရာ့ကိုးဆယ်ဝန်းကျင်ရှိပြီး ဒီဆည်တွေအထဲ က အများစုဟာ ငလျင်ပြတ်ရွေ့ကြောတွေအနီး၊ သို့မဟုတ် ငလျင်ဇုန်တွေထဲမှာ ရှိနေတာကို မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းရဲ့ သုတေသနပြုစုထားတဲ့ မြေပုံတွေမှာ တွေ့ရတယ်။ (MNCOLD က အမြင့်ပေ ၅ဝအထက် ရှိတဲ့ ရေလှောင်တမံတွေကို တမံကြီး အဖြစ် သတ်မှတ်ပါတယ်။) (၂၀၁၅ ဒီဇင်ဘာလက မော်ကွန်းရဲ့ဆောင်းပါးကို ပြတ်လည်မျှဝေခြင်းဖြစ်ပါသည်။ ) ငလ ျင်က ခြိမ်းခြောက်၊ ရာသီဥတုက ဖောက်ပြန်၊ ဆည်တွေရဲ့ မနက်ဖြန် အပိုင်း(၁)
ရန်ကုန် – ၂၀၂၄ အောက်တိုဘာ (မော်ကွန်း) နောက်နှစ်လဆိုရင် အခုနေတဲ့တိုက်ခန်းကနေပြောင်းရမှာဖြစ်လို့ မဝတ်ရည်တစ်ယောက် တိုက်ခန်းအသစ်ရှာဖို့ ပွဲစားတွေဆီ ဖုန်းတွေ တစ်ယောက်ပြီးတစ်ယောက်လိုက်ဆက်နေပါတယ်။ အခုနေထိုင်တဲ့ တာမွေမြို့နယ်ကငါးလွှာတိုက်ခန်းဟာ တစ်လ ကျပ်နှစ်သိန်းနဲ့ ခြောက်လစာချုပ်အလီလီချုပ်ပြီး နေလာတာ နှစ်နှစ်နီးပါးရှိတော့မှာပါ။ လာမယ့်နိုဝင်ဘာလကုန် စာချုပ်ပြည့်သွားရင် တစ်လကို ကျပ်သုံးသိန်းထိ အိမ်ငှားခတိုးမြှင့်တော့မှာမို့ နေအိမ်အသစ်ရှာဖို့ မဖြစ်မနေလိုအပ်နေတာပါ။ မဝတ်ရည်တို့ဟာ ဒီတိုက်ခန်းမှာ သူ့အမျိုးသား၊ မိခင်ဖြစ်သူ၊ အလယ်တန်းကျောင်းသားဖြစ်တဲ့ သားဖြစ်သူတို့နဲ့ အတူနေထိုင်ကြတာဖြစ်ပြီး အမျိုးသားရဲ့ အငှားယာဉ် (Taxi) မောင်းတဲ့ ဝင်ငွေလေးဟာ သားဖြစ်သူရဲ့ ကျောင်းစရိတ်၊ အိမ်စရိတ်တွေနဲ့ လောက်ငှရုံလောက်ပဲရှိတာမို့ ထပ်ပြီးမြင့်တက်လာမယ့်အိမ်ငှားခကို မတတ်နိုင်တော့ဘူးလို့ မဝတ်ရည်က ပြောပါတယ်။ “အခုက ဝင်ငွေရဲ့တစ်ဝက်လောက်က အိမ်ငှားခသုံးရတော့မလိုဖြစ်နေတယ်။ အရင်တုန်းကတောင် စာချုပ်တစ်ခါတစ်ခါ ချုပ်ဖို့တောင် အနိုင်နိုင်ပေးနေရတာ” လို့ သူက […]
ရန်ကုန်-၂၀၂၄ စက်တင်ဘာ (မော်ကွန်း) ဩဂုတ်လရဲ့ မိုးဖွဲဖွဲကျနေတဲ့နံနက်ခင်းတစ်ခုမှာ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ထဲက အဓိကလမ်းမကြီးဖြစ်တဲ့ လှော်ကားလမ်းပေါ်မှာ လူတွေတိုးဝှေ့တန်းစီနေကြတယ်။ အများစုက အမျိုးသမီးတွေပါ။ လှော်ကားလမ်းမကြီးပေါ်က စားအုန်းဆီရောင်းပေးတဲ့ဆိုင်ရှေ့ကို အိမ်ရှင်မတွေစုပြုံရောက်နေကြတာပါ။ တချို့က ကော်ထိုင်ခုံအပုလေးတွေကို လမ်းမှာချထိုင်သူထိုင်၊ တချို့က ဖျာတွေ၊ ဂုံနီအိတ်တွေကို လမ်းပေါ်ခင်းကာ ထိုင်တဲ့ သူကထိုင်၊ မတ်တပ်ရပ်တဲ့သူကရပ်လို့ စီတန်းနေကြတာ။ တချို့ဆိုရင် တန်းစီနေရင်း ကလေးကိုတောင်နို့တိုက်လို့။ လက်ထဲက ဈေးခြင်းထဲမှာ စားအုန်းဆီငါးဆယ်သားဝင်တဲ့ ရေတစ်လီတာဘူးကိုကိုင်ပြီးတန်းစီနေတဲ့ ကလေးနှစ်ဦးမိခင် ဒေါ်ကေခိုင်ကတော့ မနက် ၆ နာရီကတည်းက ဒီနေရာကိုရောက်နေတာလို့ ပြောပါတယ်။ ဆိုင်က မနက် ၉း၀၀ နာရီမှရောင်းပေးမှာဖြစ်ပေမယ့် ဒီလိုပဲ ကြိုတင်တန်းစီကြရတယ်လို့ လူတန်းရှည်ရဲ့အလယ်လောက်မှာ နေရာရထားတဲ့ သူကပြောပါတယ်။ သူဟာ တန်းစီရတဲ့ဒုက္ခမခံချင်တာကြောင့် အရင်ကတော့ အပြင်ဈေးနဲ့ပဲ စားအုန်းဆီကိုဝယ်ယူလေ့ရှိပေမယ့် အခုတော့ […]
မုံရွာ – ၂၀၂၄ ဩဂုတ် (မော်ကွန်း) အာဏာသိမ်းတဲ့နှစ်က သင်္ကြန်မှာတစ်ခါပြန်ပြီးကတည်းက ဇာတိချက်ကြွေဇေယျာရွှေမြေကို မပြန်ဖြစ်ခဲ့တာကြာပြီ။ အာဏာသိမ်းမှုကို တွန်းလှန်ခုခံမှုအားကောင်းလွန်းရာ စစ်ကိုင်းတိုင်းဟာ စစ်အုပ်စုရဲ့ဖြိုဖျက်မှုအောက်မှာ မွစာကျဲအောင်မြေလှန်ခံနေရပေမယ့် အခုအချိန် အထိလည်း အားကောင်းဆဲ။ သောင်းနဲ့ချီတဲ့နေအိမ်တွေ၊ ထောင်နဲ့ချီတဲ့လူ့အသက်တွေကို စစ်အုပ်စုက ပြာချနှုတ်ယူထားပေမယ့် ဦးခေါင်းတွေမညွှတ်ကြ။ ဒီအတွက် ဇေယျာရွှေမြေသားဖြစ်ရတာကိုက ကိုယ့်အတွက်ဂုဏ်ယူစရာတစ်ခုလို အားဖြစ်နေရတာပေါ့။ ဒီလိုနဲ့ သုံးနှစ်ကျော် အိမ်နဲ့ကင်းကွာနေတဲ့ကျွန်တော်ဟာ ကိုယ်ရေးကိုယ်တာကိစ္စတစ်ခုနဲ့ မုံရွာကို မပြန်လို့မဖြစ်အောင်ဖန်လာတဲ့အခါ စိုးထိတ်စွာနဲ့ အိမ်ပြန်ခရီးကိုစတင်ခဲ့ရတယ်။ ဇူလိုင်ပထမအပတ်သောကြာနေ့မှာ ရန်ကုန်-မုံရွာပြေးဆွဲတဲ့ မိုးကောင်းကင်ယာဉ်လိုင်းနဲ့ အိမ်ပြန်ခရီးကိုစတင်ခဲ့ပါတယ်။ ဒီနှစ်တွေအတွင်း အွန်လိုင်းနဲ့ လေလှိုင်းပေါ်ကဆက်သွယ်မှုကလွဲရင် မိသားစုနဲ့လက်ဆုံထမင်းမစားရတာက ကြာခဲ့ပြီလေ။ အန္တရာယ်များတဲ့ အိမ်ပြန်ခရီးဖြစ်ပေမယ့် မွေးချင်းညီဘွားမိသားစုတွေနဲ့ ပြန်ဆုံရတော့မယ်ဆိုတဲ့စိတ်ကြောင့် မိုင်လေးရာကျော်ခရီးလမ်းကို တစ်ညလုံးကားစီးလာရပေမယ့် အိပ်တစ်ဝက်၊ နိုးတစ်ဝက်။ အိမ်ကိုပြန်လာနေကြောင်း ကားပေါ်ကနေလှမ်းအသိပေးတော့ စစ်ကိုင်းတံတားကနေစလို့ မုံရွာအထိ […]
မတ္တရာ- ဇူလိုင် ၂၀၂၄ (မော်ကွန်း) ဇွန်လကုန်ပိုင်းမှာ မတ္တရာ-မိုးကုတ်လမ်းပိုင်းတစ်လျှောက်ကရွာတွေမှာ တိုက်ပွဲသံတွေဆူညံလာတော့ မမီးငယ်တို့ ရွာသား တွေလည်း သူတို့ရွာဆီတိုက်ပွဲတွေ ဘယ်တော့ရောက်လာမလဲဆိုပြီး ထိတ်လန့်စိုးရိမ်ကာ အထုပ်ပြင်ပြီး စောင့်နေကြရတယ်။ ဒီလိုနဲ့ ဇူလိုင် ၃ ရက်ည ၉ နာရီလောက်မှာ သူ့ရဲ့ကလေးတွေကို အိပ်ရာပြင်ပေးနေချိန် သူတို့ရွာထိပ်၊ မတ္တရာ-မိုးကုတ်ကားလမ်းပေါ်မှာ ဂိတ်ဖွင့်ထားတဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ်ဘက်ကနေ သေနတ်သံတွေ ဆူညံစွာ ထွက်လာပါတော့တယ်။ “အသံတွေကြားတော့ ကလေးတွေခေါ်ပြီး အိမ်ပေါ်က ဆင်းကြည့်တာ။ အပြင်ကိုထွက်ကြည့်တော့ တစ်ရွာလုံး ရွာလယ်လမ်း မှာ အကုန်ပြေးလွှားနေပြီ။ အဲဒီမှာ အိမ်နီးနားက အစ်ကိုကြီးကပြောတယ် ‘ရွာကို ဝင်တိုက်နေပြီ၊ တိုက်ပွဲဖြစ်နေပြီ’ဆိုတော့ ကလေးတွေခေါ်၊ ဆိုင်ကယ်ထုတ်ပြီး အရင်ထဲကထုပ်ထားတဲ့ အရေးကြီးပစ္စည်းလောက်ပဲယူပြီး ထွက်ပြေးကြတာ။ အဝတ်အစားတွေ၊ တခြားဘာမှကို မယူနိုင်ဘူး” လို့ ကလေးသုံးဦးမိခင် […]
ရန်ကုန်- ဇွန် ၂၀၂၄ (မော်ကွန်း) တစ်ရက်ကို တစ်ဒေါ်လာအောက်အခြေခံလုပ်အားခနဲ့ ရှင်သန်လည်ပတ်နေကြရတဲ့ သိန်းနဲ့ချီတဲ့စက်ရုံအလုပ်သမားတွေထဲမှာ ရန်ကုန်၊တောင်ဒဂုံစက်မှုဇုန်က အထည်ချုပ်စက်ရုံတစ်ခုမှာ အလုပ်ဝင်နေတဲ့ မနှင်းဆီ*လည်း ပါတာပေါ့။ အမေရိကန်တစ်ဒေါ်လာကို မြန်မာကျပ်ငွေနဲ့လဲရင် ငါးထောင်နီးပါးဖြစ်နေတဲ့ ဒီဇူလိုင်လထဲမှာ မနှင်းဆီတို့လို စက်ရုံ အလုပ်သမတွေရဲ့ အခြေခံလစာက တစ်ရက် ၄,၈၀၀ ကျပ်သာ ဥပဒေအရ သတ်မှတ်ထားတာပါ။ အထည်ချုပ်ကဏ္ဏမှာ အလုပ်သမားလေးသိန်းခွဲကျော် ဝင်ရောက်လုပ်ကိုင်နေတယ်လို့ အထည်ချုပ်လုပ်ငန်းရှင်အသင်းရဲ့ အချက်အလက်တွေမှာ ဖော်ပြပါတယ်။ ဒီလုပ်သားအင်အားရဲ့ ၈၅ ရာခိုင်နှုန်းလောက်ဟာ မနှင်းဆီတို့လို အမျိုးသမီး အလုပ်သမတွေနဲ့ လည်ပတ်နေကြတာလည်း ဖြစ်ပါတယ်။ ၂၀၂၁ ဖေဖော်ဝါရီမှာ စစ်တပ်အာဏာသိမ်းပြီးကတည်းက မြန်မာငွေတန်ဖိုးဆက်တိုက်ထိုးကျနေတာကြောင့် သူတို့ဘဝတွေ ပိုမိုကျပ်တည်းလာရတယ်လို့ မနှင်းဆီက ဆိုတယ်။ “ တစ်ရက်ပျမ်းမျှ (ကျပ်)တစ်သောင်းလောက်သုံးရတယ်။ ဒါက ပုံမှန်ကုန်ကျနေတဲ့ အိမ်စရိတ်ပါပဲ။ တခြား […]
ရန်ကုန် – ၂၀၂၄ ဇွန် (မော်ကွန်း) ကိုလတ်ဟာ သူ့အမေစုဆောင်းထားတဲ့ ရွှေဆွဲကြိုးနဲ့ လက်စွပ်ကို အိမ်ကလူတွေမသိအောင် ယူဆောင်ပြီး ဈေးမှာရောင်းချကာ ရလာတဲ့ ငွေကျပ် ၂၄ သိန်းကို သူကိုယ်တိုင်မသိတဲ့လူတစ်ယောက်ဆီကို လွှဲပေးခဲ့မိပါတယ်။ ကျုံပျော်မြို့က သာမန်လက်လုပ်လက်စားတွေဖြစ်တဲ့ ကိုလတ်တို့မိသားစုဟာ ဒီလုပ်ရပ်ကိုလက်မခံနိုင်တာကြောင့် သူ့ကို အိမ်ကနေမောင်းချလိုက်ပါတယ်။ အခုတော့ ဒီလုပ်ရပ်ကြောင့် ကိုလတ်တစ်ယောက် နောင်တရနေပြီး “တော်တော်လည်း ရှက်ဖို့ကောင်းပါတယ်” လို့ သူက ပြောပါတယ်။ ကိုလတ်ဟာ အင်တာနက်သုံးစွဲသူတွေအကြား ကျယ်ကျယ်ပြန့်ပြန့်ခေတ်စားလာတဲ့ ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းလိမ်လည်မှုရဲ့ ထောင်ချောက်ထဲကိုရောက်ခဲ့တာပါ။ ကျားဖြန့်လို့ လူသိများလာတဲ့ စကားလုံးဟာ Zhàpiàn ဆိုတဲ့ တရုတ်ဘာသာစကားရဲ့ အသံထွက်ဖြစ်ပြီး အဓိပ္ပါယ်ကတော့ လိမ်လည်မှု၊ ငွေကြေးလိမ်လည်မှု၊ သွေးဆောင်ဖျားယောင်းမှုလို့ အဓိပ္ပါယ်ရပါတယ်။ ကျားဖြန့်လုပ်ငန်းတွေဟာ ကိုဗစ်ကပ်ရောဂါကာလနောက်ပိုင်းမှာ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှဒေသတွေကို […]
စစ်ကိုင်း – ၂၀၂၄ ဇွန် (မော်ကွန်း) စစ်ကိုင်းတိုင်းထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံတော်လှန်ရေးအဖွဲ့တွေကြားက တိုက်ပွဲတွေအတွင်း အသက်လုနေရတဲ့ ဒေသခံတွေကို ‘ငါတို့မှာ ငါတို့ပဲရှိတယ်’ဆိုတဲ့ ကြွေးကြော်သံနဲ့ကူနေကြသူတွေဟာ ကြာလာတာနဲ့အမျှ မနိုင်ဝန်ထမ်းရသလို ဖြစ်လာနေကြပြီလို့ ကူညီနေသူတချို့ကဆိုကြပါတယ်။ တော်လှန်ရေးသုံးနှစ်ကျော်ကြာလာတဲ့အခါ “အလှူရှင်နည်းလာတယ်၊ ကူရတဲ့ပစ္စည်းတွေက ဈေးနှုန်းတွေကြီးလာတယ်။ ဒုက္ခရောက်နေတဲ့ပြည်သူတွေက များတယ်၊ ကူနိုင်တဲ့ပမာဏက နည်းတယ်။ အဲဒီတော့ ဆင့်ပါးစပ်နှမ်းပက်သလို ဖြစ်နေတာ” လို့ စစ်ကိုင်းတိုင်းမှာ စစ်ရှောင်တွေကိုကူညီနေတဲ့ ကိုပြည့်အောင်နိုင်က ပြောပါတယ်။ စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ဘေးဒုက္ခသည်ပေါင်းဟာ ယခုနှစ် မေ ၂၀ ရက်အထိဆိုရင် သုံးသန်းကျော်အထိရှိနေပြီး အဲဒီအထဲက ၁ ဒသမ ၂ သန်းကျော် (ထက်ဝက်နီးပါး) က စစ်ကိုင်းတိုင်းမှာရှိနေတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR) က ဖော်ပြပါတယ်။ ပြည်တွင်းသုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ […]
ရန်ကုန် – ၂၀၂၄ မေ (မော်ကွန်း) ပြည့်ဖြိုးအောင်ဟာ သူရောက်နေတဲ့မြို့ငယ်လေးကစိုက်ခင်းထဲမှာ ပေါက်တူးတစ်လက်နဲ့ မြေကြီးတွေတူးဆွရင်း ဘာကြောင့်ဒါတွေလုပ်နေရတာလဲလို့ စိတ်နာနာနဲ့တွေးနေမိပါတယ်။ အသက် ၂၄ နှစ်အရွယ် လူငယ်ဘဝမှာ အိပ်မက်တွေအကောင်အထည်ဖော်ဖို့ ကိုရီးယားသွားမယ်၊ မိသားစုအိမ်လေးကို ပြန်ဆောက်မယ်၊ အဖေ့ရဲ့ အကြွေးတွေလည်းကူဆပ်မယ်ပေါ့။ အိပ်မက်တွေမက်လို့ကောင်းတုန်း ဒဂုံမြို့သစ်တောင်ပိုင်းက သူနေထိုင်တဲ့ရပ်ကွက်မှာ အသက် ၂၄ နှစ်ကနေ ၃၀ ကြားလူငယ်တွေကို စစ်မှုထမ်းဖို့ဆိုပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က စာရင်းကောက်ယူမှုတွေ မေလဆန်းပိုင်းမှာ စတင်ခဲ့ပါတယ်။ ဒီမှာတင်ပဲ သူ့အိပ်မက်တွေဟာ ခြိမ်းခြောက်ခံနေရပြီလို့ ပြည့်ဖြိုးအောင် ခံစားလိုက်ရပါတော့တယ်။ အဲဒီအချိန်မှာ သူဟာ ကိုရီးယားဘာသာအရည်အချင်းစစ်စာမေးပွဲ EPS-TOPIK ကို ဖြေဆိုဖို့ ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်နေတာပါ။ စစ်မှုထမ်းစာရင်းကောက်ယူသွားပြီးနောက်မှာတော့ သူ့မိသားစုဟာ တစ်ဦးတည်းသောသားဖြစ်သူကို နေရပ်ကနေ တိမ်းရှောင်စေခဲ့ပါတော့တယ်။ အခုတော့ သူ့မိဘဆွေမျိုးတွေရှိတဲ့ ရှမ်းပြည်နယ်ကမြို့လေးတစ်မြို့မှာ […]
ရန်ကုန်–၂၀၂၄ မေ (မော်ကွန်းရေးသည်) မနက် ၁၀ နာရီလောက်မှာတင် နေအပူချိန်က ရန်ကုန်မြို့ရဲ့လမ်းမတွေကို တံလျှပ်တဟီးဟီးထအောင် လောင်မြှိုက်နေတယ်။ လှည်းတန်း၊ စံရိပ်ငြိမ်မှတ်တိုင်အနီး HIGER အမျိုးအစား အနီရောင်လေအိတ်ကားတစ်စီး ထိုးဆိုက်လာတယ်။ ကားတံခါးပွင့် လာတော့ လူငယ်တချို့ ကားပေါ်က ဆင်းလာကြပြီး လမ်းကိုဖြတ်ကူးကာ တစ်ဖက်က ဘုန်းကြီးကျောင်းဝင်းထဲကို ခပ်သုတ်သုတ် ဝင်သွားကြတယ်။ အေးနေအောင်အဲကွန်းဖွင့်ထားတဲ့ကားပေါ်ကနှစ်ခုံတွဲခုံတွေမှာကလေးတချို့ကထိုင်နှင့်နေပြီ။အသက်အားဖြင့်ခုနစ်နှစ်လောက်ကနေ၁၄နှစ်လောက်အထိအရွယ်စုံပဲ။သူတို့ကိုထိန်းတဲ့လူငယ်တချို့နဲ့အတူလှုပ်လှုပ်ရွရွထိုင်နေကြတာ။ “ဆရာမ သားတို့ကား မသွားသေးဘူးလား” “ဆရာ ကားက ဘာလို့ရပ်တာကြာနေတာလဲ” ဆိုပြီး ကားပေါ်မှာ ကျန်ရစ်ခဲ့တဲ့လူငယ်တချို့ကို သူတို့က မေးခွန်းထုတ် နေကြတယ်။ ကလေးတွေရဲ့မျက်နှာမှာတော့ အပြုံးတွေပွင့်လို့။ ၁၅ မိနစ်လောက်ကြာတော့ ဘုန်းကြီးကျောင်းဝင်းထဲကနေ ခုနကလူငယ်အဖွဲ့ အရွယ်စုံကလေးတသိုက်ကို လက်ကဆွဲရင်း ကားလမ်းကို ဖြတ်ကူးလာကြတယ်။ အဲဒီကလေးတွေထဲက တချို့ကဖိနပ်မပါ၊ တချို့က ညစ်ပေနေတဲ့အဝတ်အစားတွေကို ဝတ်ထားကြတယ်။ ဒီကလေးတွေရော၊ […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."