မော်ကွန်းမဂ္ဂဇင်း အမှတ်စဉ် ၇၀ မှ ဒိုင်ယာရီ ဖြစ်ပါသည် ကျော်သက်ဟန် ရေးသည်။ ၁၀ (က) အကျဉ်းသားများ ကျွန်တော်တို့ ၁ တိုက်သို့ ရောက်သွားချိန်တွင် စစ်ခုံရုံးမှ ပြစ်ဒဏ်စီရင်ချက်ချထားသော အကျဉ်းသားနှစ်ဦးရှိနေသည်။ တစ်ဦးမှာ မကသ ဥက္ကဋ္ဌ ကိုမင်းဇေယျဖြစ်ပြီး နောက်တစ်ဦးမှာ အင်န်အယ်လ်ဒီ (အင်းစိန်)မှ လက္ခဏာပညာရှင် ဆရာစံဇာဏီဘို ဖြစ်သည်။ ၁ တိုက်သို့ ရောက်လာသော အခြားအကျဉ်းသား များကိုမူကား ပုဒ်မ ၁၀(က) ဖြင့် ထိန်းသိမ်းချုပ်နှောင်ထားသည်။ ပုဒ်မ ၁၀ (က) ဆိုသည်မှာ နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီး မည့်သူများ၏ အန္တရာယ်မှ ကာကွယ်တားဆီးသည့် ဥပဒေပုဒ်မ ၁၀ (က) ဖြစ်သည်။ ထိုအခါက လူတစ်ဦးကို ၎င်းဥပဒေပုဒ်မဖြင့် သုံးနှစ်အထိ ချုပ်ထားနိုင်သည်။ […]
မော်ကွန်းမဂ္ဂဇင်း အမှတ် ၆၉ မှ ဒိုင်ယာရီ ဖြစ်ပါသည်။ ကျော်သက်ဟန် ရေးသည်။ တော်ဘုရားကလေး(အောင်ဇေ)မှာ မြန်မာ့နောက်ဆုံးဘုရင် သီပေါမင်းတရားနှင့် မိဖုရားကြီး စုဖုရားလတ်တို့၏ သမီးတော်လေးပါးအနက် အငယ်ဆုံးဖြစ်သော စတုတ္ထသမီးတော် ထိပ်စုမြတ်ဘုရားကလေးနှင့် ကြင်ရာတော် ကိုကိုနိုင်တို့မှ မွေးဖွားသည့် စတုတ္ထသားတော်ဖြစ်သည်။ သူသည် မင်းတုန်းမင်းတရားကြီး၏ တတိယမျိုးဆက် မင်းသားတစ်ပါးဖြစ်သော်လည်း လွတ်လပ်ရေမရမီ နယ်ချဲ့တော်လှန်ရေးခေတ်ကပင် တိုးတက်သော လူငယ်နိုင်ငံရေးသမားတစ်ဦးဖြစ်လာပြီး အာရှလူငယ်များ အစည်းအရုံးဗဟိုတွင် ပါဝင်ခဲ့သည်။ ဂျပန်ခေတ်တွင် ဖက်ဆစ်တော်လှန်ရေး ဆောင်ရွက်ရန် မြေအောက်သဘောတရားသင်တန်း တက်ရောက်ခဲ့သည်။ လွတ်လပ်ရေးရပြီးနောက် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ခေါင်းဆောင်သော ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်း များတွင် ပါဝင်ခဲ့သည်။ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ ဗဟိုအလုပ်အမှုဆောင်နှင့် ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက်(မြန်မာနိုင်ငံ) ဗဟိုကော်မတီဝင် ဖြစ်သည်။ မြေအောက် ပြည်သူ့ဒီမိုကရေစီတော်လှန်ရေးပါတီ ဥက္ကဋ္ဌအဖြစ်တစ်ကြိမ်နှင့် အမျိုးသားနိုင်ငံရေးတပ်ပေါင်းစု၏ နာယကအဖြစ် တစ်ကြိမ်၊ နှစ်ကြိမ် […]
မော်ကွန်းမဂ္ဂဇင်း အမှတ် ၆၈ မှဒိုင်ယာရီ ဖြစ်ပါသည်။ (စာအုပ်ဝေဖန်ချက်) ကျော်သက်ဟန် ရေးသည်။ အောင်ပွဲခံ ကိုကိုးကျွန်းပြန်များ ၁၉၇၀ ကျော် အစောပိုင်းနှစ်များက မဆလတစ်ပါတီ စစ်အာဏာရှင်အစိုးရ၏ လူမဆန်သောဖိနှိပ်မှုအား အစာငတ်ခံဆန္ဒပြခြင်းဖြင့် ပြင်းပြင်းထန်ထန် တုံ့ပြန်ဆန့်ကျင်တိုက်ပွဲဝင်မှုကြောင့် ဗိုလ်နေဝင်း၏ ကိုကိုးကျွန်း ကိုယ်ထူကိုယ်ထ အကျဉ်းထောင်စနစ် နှစ်ရှည်စီမံကိန်းကို ဖျက်သိမ်းပေးခဲ့ရ၍ အောင်ပွဲခံပြန်လာကြသော ကိုကိုးကျွန်းပြန် နိုင်ငံရေးသမားများကို ပြည်သူလူထုက တလေးတစားစိတ်ဝင်စားခဲ့ကြသည်။ ထိုအထဲတွင် လွတ်လပ်ရေးတိုက်ပွဲဝင် လေထီးဗိုလ်အုန်းမောင်၊ ဆရာရာဂျန်၊ သခင်ခင်အောင်၊ ဆရာဗန်းမော်တင်အောင်၊ ဆရာမြသန်းတင့်စသော ထင်ရှားသည့်နိုင်ငံရေးသမားများနှင့် စာရေးဆရာကြီးများအပြင် ကဗျာဆရာများ၊ ရန်ကုန်တက္ကသိုလ် နှင့် မန္တလေးတက္ကသိုလ်တို့မှ ကျောင်းသားခေါင်းဆောင်များလည်း ပါဝင်ကြသဖြင့် မဆလအတုအယောင် ဆိုရှယ်လစ်အတွေး အခေါ်အောက်တွင် မျိုရခက် ထွေးရခက်နှင့် နှစ်ရှည်လများ မွန်းကျပ်နေကြပြီဖြစ်တဲ့ ကျောင်းသားလူငယ်များ၊ တိုးတက်သောစာပေနှင့် နိုင်ငံရေးအင်အားစုများ၊ […]
Kyaw Myat #MawKunMagazine #Kyaw Myat ၂ဝ၁၈၊ မတ်-ဧပြီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၅)မှ Diary ဖြစ်ပါသည်။ (ယခင်လမှအဆက်) ထိုမျှသာမက အစာအိမ်ရောဂါကြောင့် ဆေးရုံတက်ကုသခံနေရသော လူနာရဲဘော်ကို ”မင်းတို့ ကွန်မြူနစ်တွေ ရှုပ်ကိုရှုပ်တယ်”ဟု ပြောလျက် ြီူ အဖွဲ့ဝင်ဆိုသူ အောင်နိုင်ကြီးက ပါးရိုက်ခဲ့သော အခါ၊ လူငယ်တချို့ကို မြှောက်ပေးလျက် ကျွန်တော့်ကိုပင် အုံကျင်းဖွဲ့ အသားလွတ် လိုက်လံရန်ပြုကြ သောအခါ၊ မသိနားမလည်သူကို မြှောက်ပင့်ပေးပြီး ထိုးကြိတ် ရန်ပြုစေသောအခါတို့မှာလည်း ကျွန်တော်တို့၏ ခံပြင်းဒေါသများကို အနိုင်နိုင်ချုပ်တည်းလျက် အကျဉ်းသားအားလုံး၏ အကျိုး၊ တိုင်းပြည်၏ ရေရှည်အကျိုးကိုရှေးရှုကာ အတတ်နိုင်ဆုံး စိတ်ရှည်စွာနှင့် အမြော်အမြင်ရှိရှိ သည်းခံခဲ့ကြ ပေသည်။ နောင်တစ်ချိန်တွင် သူတို့ဘာသာ သူတို့ ပြုပြင်ဟန် ဖော်ပြ လျက် ပြန်လည် ကမ်းလှမ်းဆက်ဆံလာသောအခါတွင်လည်း ဖြစ်ခဲ့သမျှကို […]
၂ဝ၁၉၊ ဇွန်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၆)မှ Diary ဖြစ်ပါသည်။ ထွန်းဝင်းငြိမ်း ရေးသည်။ မယ်ခိုတောင်၊ နိုင်ငံရေးယဉ်ကျေးမှု၊ ရန်သူမရှိနှင့် ဒဂုန်တာရာ ရာပြည့် လွန်ခဲ့သည့် မတ်လ ၁ဝ ရက်နေ့သည် ဆရာဒဂုန် တာရာ နှစ်တစ်ရာပြည့်သောနေ့ ဖြစ်သည်။ ထိုနေ့ တွင် ဒဂုန်တာရာ ရာပြည့်အထိမ်းအမှတ် အခမ်းအနားကို ကျင်းပခဲ့သည်။ ကမ္ဘောဇတိုင်း၏ ခေမာ ရဋ္ဌ သာမိုင်းခမ်းဟုခေါ်သည့် အောင်ပန်းမြို့တွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။ ကလောမြို့မှလာလျှင် အောင်ပန်းမြို့အဝင်လမ်း ဘယ်ဘက်ခြမ်း၌ မယ်ခိုတောင် ရှိသည်။ မယ်ခိုတောင် တောင်ခါးပန်း၏ ထင်းရှူးပင်များကြားတွင် ဒဂုန်တာရာ အမှတ်တရ ငြိမ်းချမ်းရေးဗိမာန်ကို တွေ့နိုင်ပေသည်။ ထိုဗိမာန်၏ ဒဂုန်တာရာ ကဗျာရင်ပြင်တွင် ရာပြည့်အထိမ်းအမှတ် အခမ်းအနားကို ကျင်းပခဲ့ခြင်းလည်း ဖြစ်သည်။ ဆရာ့ ရာပြည့်တွင် […]
၂ဝ၁၉၊ မတ်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၃)မှ Diary ဖြစ်ပါသည်။ မန်းဖိုးအေး ရေးသည်။ “စာတစ်ပုဒ်၊ ဆောင်းပါးတစ်ပုဒ်ဟာ အင်မတန် တာဝန်ကြီးပါတယ်။ အကြောင်း အရာတစ်ခု၊ ဖြစ်စဉ်ကြီးတစ်ခုဟာ ယထာဘူတကျကျ မှန်မှန်ကန်ကန် ရှုမြင်သုံး သပ်ဖို့ဆိုတာ အင်မတန် ခက်ခဲပါတယ်။ စကားလေးတစ်ခွန်း၊ ဆောင်းပါးလေး တစ်ပုဒ်ဟာ ကြီးမားတဲ့ ခွန်အားတွေ ပေါ်ပေါက်ဖြစ်ထွန်းပြီး လမ်းကြောင်းအမှန် ပေါ် ရောက်သွားပြီး အောင်မြင်ခြင်း၊ တိုးတက်ခြင်းတွေ ဖြစ်ထွန်းသွားနိုင်သလို စကားလေးတစ်ခွန်း၊ ဆောင်းပါးလေးတစ်ပုဒ်ကြောင့် စိတ်ပျက်လက်ပျက် ဖြစ်သွားတာတွေ၊ နောက်ဆုတ်ကျောခိုင်းသွားကြတာတွေ အများကြီးပါ” အထက်ပါ စာပိုဒ်လေးက ၂၂.၁၂.၂၀၁၈ က News Watch ဂျာနယ်မှာ ဦးခင်ဝင်း (ဘိုးတော်ခင်ဝင်း) ရေးသားတဲ့ “ဖြိုးမင်းသိန်းသို့ အိတ်ဖွင့်ပေးစာ” ဆောင်းပါးတွင်းက စာပိုဒ် ဖြစ် […]
၂ဝ၁၈၊ မတ်-ဧပြီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၆)မှ Diary ဖြစ်ပါသည်။ ကျော်မြတ်ရေးသည် (ယခင်လမှအဆက်) ထိုမျှသာမက အစာအိမ်ရောဂါကြောင့် ဆေးရုံတက်ကုသခံနေရသော လူနာရဲဘော်ကို မင်းတို့ ကွန်မြူနစ်တွေ ရှုပ်ကိုရှုပ်တယ် ဟု ပြောလျက် NLD အဖွဲ့ဝင်ဆိုသူ အောင်နိုင်ကြီးက ပါးရိုက်ခဲ့သော အခါ၊ လူငယ်တချို့ကို မြှောက်ပေးလျက် ကျွန်တော့်ကိုပင် အုံကျင်းဖွဲ့ အသားလွတ် လိုက်လံရန်ပြုကြ သောအခါ၊ မသိနားမလည်သူကို မြှောက်ပင့်ပေးပြီး ထိုးကြိတ် ရန်ပြုစေသောအခါတို့မှာလည်း ကျွန်တော်တို့၏ ခံပြင်းဒေါသများကို အနိုင်နိုင်ချုပ်တည်းလျက် အကျဉ်းသားအားလုံး၏ အကျိုး၊ တိုင်းပြည်၏ ရေရှည်အကျိုးကိုရှေးရှုကာ အတတ်နိုင်ဆုံး စိတ်ရှည်စွာနှင့် […]
၂ဝ၁၈၊ ဇန်နဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၃)မှ ဒိုင်ယာရီဖြစ်ပါသည်။ ခင်မောင်မြင့် ရေးသည်။ က်္ဘာ့နိုင်ငံတော်တော်များများမှာ ပုံနှိပ် မီဒီယာတွေ ကျဆုံးနေချိန် မြန်မာနဲ့ နယ်နိမိတ် ချင်း ထိစပ်နေတဲ့ က်္ဘာ့လူဦးရေ အများဆုံး ဒီမိုကရေစီနိုင်ငံကြီးဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာတော့ ပုံနှိပ်မီဒီယာဟာ မျက်နှာပန်း လှနေတုန်းပါပဲ။ နေ့စဉ်သတင်းစာတွေဟာလည်း စောင်ရေ သိန်း၊ သန်းနဲ့ချီပြီး ပုံနှိပ် ထုတ်ဝေနေရတုန်းပါပဲ။ Photo-Khin Maung Myint O.K.D သုတေသနဌာနတွင်ရခိုင်အရေးနှင့် ပတ်သက်ပြီးဆွေးနွေးနေကြစဉ် အဲဒီလို ပုံနှိပ်မီဒီယာသတင်းစာတွေ ရှင်သန်နေတဲ့ အိန္ဒိယ နိုင်ငံ အရှေ့မြောက်ဘက်က ပြည်နယ်တချို့ကို သွားရောက်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ ခရီးစဉ်ကတော့ ရန်ကုန်သတင်းစာ ပညာကျောင်း Yangon Journalism School – YJS က စီစဉ်တဲ့ […]
၂ဝ၁၈၊ မတ်-ဧပြီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၅)မှ Diary ဖြစ်ပါသည်။ ကျော်မြတ်ရေးသည် (တစ်) နာကြည်းဖို့လည်း ကောင်းသည်။ ကြေကွဲဖို့လည်း ကောင်းပေသည်။ တိုင်းပြည် ငြိမ်းချမ်းညီညွတ်ဖို့၊ လွတ်လပ်ပွင့်လင်းဖို့နှင့် ဝပြောသာယာ တန်းတူညီမျှမှု ရှိစေဖို့အတွက် ၂၇ နှစ်ကျော်မျှ လုံးပန်းတိုက်ခိုက်ခဲ့ပြီးနောက် ကိုယ့်ကိုယ်ကိုယ် ငုံ့ကြည့်လိုက်သောအခါ လက်ထိပ်တန်းလန်းနှင့် ထောင်ဘူးဝ တရားခွင်ပေါ်မှာ ရောက်နေသည်ကို တွေ့ရလေ၏။ (နှစ်) သူ့ပုံကြည့်ရတာ အူကြောင်ကြောင်၊ ခပ်အအ။ စကားတွေက ဟိုရောက်သည်ရောက် ကြွားလုံးတွေလည်း ပါသည်။ မျက်လုံးကတော့ ညှိုးလျစွာ။ တောင်းပန်ခယနေသလို။ ယခင်အခေါက် ထောင်ထဲရောက်လာခဲ့စဉ်ကထက် သူ့မျက်လုံးများ ပိုမို ညှိုးမှိန်နေကြသည်။ ပို၍လည်း ချောက်ချားတုန်လှုပ်နေပုံရသည်။ ပေါ်တာမပါဖို့၊ ရဲဘက်မလိုက်ရဖို့ ၊ ထောင်ထဲရှိစဉ် အနေအစား ချောင်လည်ဖို့ ဆိုသည်မှာ ငွေရှိလျှင်ရှိ၊ မရှိလျှင်လည်း စိတ်ချအားထားလောက်သည့် […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."