သတင်းများ

ICJ ၌ မြန်မာကိုတရားစွဲဆိုရန် ကိုးကားသည့်အချက်အလက်များ ခိုင်လုံမှုအားနည်းဟု ICOE ဆို

January 22, 2020

အောင်ပိုင် ရန်ကုန် – ၂၀၂၀ ဇန်နဝါရီ ၂၁ (မော်ကွန်း)   အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ ၌ မြန်မာနိုင်ငံအား တရားစွဲဆိုရာတွင် အခြေခံသည့် ကုလသမဂ္ဂနိုင်ငံတကာအချက်အလက်ရှာဖွေရေးအဖွဲ့ UNIIFFMM ၏ အစီရင်ခံစာများသည် ခိုင်လုံမှုအားနည်းသည်ဟု လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် ICOE က ဆို သည်။   “UNIIFFMM ၏ အစီရင်ခံစာများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘ်ဇားမှ ဒုက္ခသည်များ၏ ဖြေကြားချက်များကိုသာ တိုက်ရိုက်ကိုးကား၍ သက်သေသက္ကာယ အားနည်းသည့် အချက်အလက်များပေါ်တွင် အလွန်အမင်းမှီခိုကာ ရေးသားခဲ့ခြင်းဖြစ်သည်” ဟု လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် ICOE ၏ အပြီးသတ်အစီရင်ခံစာ အနှစ်ချုပ်တွင် ရေးသားထားသည်။   ICOE ၏ အဓိက တွေ့ရှိချက်များမှာ နိုင်ငံတကာအဖွဲ့အစည်းများမှ ပြောဆိုရေးသားချက်များတွင် ကြီးမားသည့် ကွဲလွဲကွာဟချက်များတွေ့ရပြီး […]

အပြည့်အစုံဖတ်ရန်

ရခိုင်ပဋိပက္ခတွင်လုံခြုံရေးတပ်ဖွဲ့ဝင်များလူ့အခွင့်အရေးချိုးဖောက်မှုများရှိခဲ့သည်ဟုသမ္မတရုံးထုတ်ပြန်

January 21, 2020

အောင်ပိုင်၊ ရန်ကုန်။ ဇန်နဝါရီ-၂၁၊ ၂၀၂၀ ရခိုင်ပြည်နယ်မြောက်ပိုင်း ပဋိပက္ခကို ကိုင်တွယ်ရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အင်အားအလွန်အကျွံသုံးပြီး အပြစ်မဲ့ အရပ်သားများကိုသတ်ဖြတ်ခြင်း၊ နေအိမ်များကိုမီးရှို့ဖျတ်ဆီးခြင်းနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများရှိခဲ့သည်ဟု နိုင်ငံ တော် သမ္မတရုံးက လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE) အစီရင်ခံစာကို ကိုးကား သတင်းထုတ်ပြန်သည်။ ဒါအပြင် ARSA အကြမ်းဖက်အဖွဲ့ဝင်များနှင့် အလိုတူပူးပေါင်းပါဝင်သူများ ကျူးလွန်ခဲ့သည့် ကြီးလေးသော ရာဇဝတ်မှု များကို ဥပဒေအရ တရားစွဲဆိုနိုင်ရေး ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် စစ်ဥပဒေချုပ်ရုံးတို့ ပူးပေါင်းဆောင်ရွက်ရန် ညွှန်ကြား ထားသည်ဟု ထုတ်ပြန်သည်။ “ တိုက်ခိုက်မှုဖြစ်စဉ်များအတွင်း ARSA အဖွဲ့ဝင်များနှင့် ၎င်းတို့၏ အလိုတူပူးပေါင်းပါဝင်ခဲ့သူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့် အရပ်သားများက စစ်ရာဇဝတ်မှုများ ကျူးလွန်မှုများရှိခဲ့သည်ဟု ကော်မရှင်မှတွေ့ရှိခဲ့သည်” ဟု သမ္မတရုံး ထုတ်ပြန် ချက်တွင် ဖော်ပြသည်။ အရပ်သားများအားသတ်ဖြတ်ခြင်း၊ […]

အပြည့်အစုံဖတ်ရန်

ကုန်ဈေးနှုန်းကြီးမြင့်လာတဲ့အခြေအနေနဲ့ ကိုက်ညီတဲ့ လုပ်ခလစာနှုန်းထားအား ပြင်ဆင်ပေးရန် လှိုင်သာယာအလုပ်သမားများတောင်းဆို

January 20, 2020

ဂေထော၊ ရန်ကုန်၊ ဇန်နဝါရီ ၁၉ ကုန်ဈေးနှုန်းတွေ၊ စားဝတ်နေရေးစရိတ်တွေ မြင့်တာလာမှုတွေနဲ့ အဆင်ပြေစေမယ့် နှုန်းထားတစ်ခုကို အစိုးရဘက်က သတ်မှတ်ပေးရမယ့် လုပ်ခလစာမှာ ပြင်ဆင်ပေးဖို့ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်က အလုပ်သမားတွေက ဒီနေ့မှာ ဆန္ဒပြတောင်းဆိုလိုက်ကြပါတယ်။ “၂၀၂၀ မေလတွင် လုပ်ခနှုန်းထားအသစ် သတ်မှတ်ပေးရေး ဒို့အရေး၊ ခေတ်ကာလနှင့်အညီ ဖူလုံသော လုပ်ခလစာရရှိရေး ဒို့အရေး၊ စားဝတ်နေရေးစရိတ်ကြီးမြင့်မှု အစိုးရမှထိန်းချုပ်ပေးရေး ဒို့အရေး” စတဲ့ကြွေးကြော်သံတို့ဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ၂၀၁၈ ခုနှစ် မေလမှာ အစိုးရဘက်က အနည်းဆုံးအခကြေးငွေ တစ်ရက်အတွက် ၄၈၀၀ ကျပ်ပေးဖို့ အနည်းဆုံးအခကြေးငွေဥပဒေအရ သတ်မှတ်ခဲ့ပါတယ်။ အဲ့ဒီဥပဒေမှာလည်း လုပ်ခနှုန်းထားကို နှစ်နှစ်လျှင် အနည်းဆုံးတစ်ကြိမ် ပြင်ဆင်သတ်မှတ်ရမယ်လို့ ဥပဒေမှာပါရှိပါတယ်။ ဒါကြောင့် ဥပဒေအရ ၂၀၂၀ မေလမှာ အစိုးရကနေ အနည်းဆုံးအခကြေးငွေနှုန်းထားအသစ်ထုတ်ပြန်ရမှာဖြစ်တယ်လို့ “ဖူလုံသောလုပ်ခလစာရရှိရေး […]

အပြည့်အစုံဖတ်ရန်

ပလက်ဝမှာထုတ်ပြန်ထားတဲ့ညမထွက်ရအမိန့်သက်တမ်းထပ်တိုး

January 17, 2020

ဗညားကျော်၊ရန်ကုန်။ ဇန်နဝါရီ ၁၀ လုံခြုံရေးအခြေအနေအရ တည်ငြိမ်မှုမရှိသေးတဲ့အတွက် ပလက်ဝမြို့နယ်မှာ ထုတ်ပြန်ထားတဲ့ “ညမထွက်ရအမိန့်” ပုဒ်မ ၁၄၄ ကို ထပ်မံသက်တမ်းတိုးလိုက်တယ်လို့ အဲဒီမြို့နယ်ရဲ့ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနရုံးက ထုတ်ပြန်တယ်။ မနေ့က(ဇန်နဝါရီ၉) ထုတ်ပြန်တဲ့ ဒီထုတ်ပြန်ချက်မှာ ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်ရဲ့ တည်ရှိဆဲ ညမထွက်ရအမိန့်ကို နှစ်လ သက်တမ်းထပ်တိုးတယ်လို့ ဖော်ပြထားတယ်။ တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲ အရှိန်များ မြင့်တက်လာပြီးနောက် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာကတည်းက ဒီမြို့နယ်မှာ ပုဒ်မ ၁၄၄ ကို ထုတ်ပြန်ထားတာပါ။ “ မြို့ပေါ်မှာတော့ မထုတ်ပြန်သင့်ဘူးထင်တယ်။ မြို့ကကျဉ်းကျဉ်းလေးလေ၊ မကျန်းမမာတဲ့သူတွေ၊ မြို့ပေါ်လာတဲ့သူတွေ အခက်အခဲဖြစ်တယ်၊ ညမှာ ကလေးမွေးတဲ့လူနာတွေ အတွက် တော်တော်လေးကို အခက်အခဲဖြစ်တယ်” လို့ အမိန့်စာအပေါ် ပလက်ဝမြို့က တင့်ထွန်းအောင်လူငယ်ပရဟိတအဖွဲ့ဥက္ကဌ ဦးတင့်ထွန်းအောင်က […]

အပြည့်အစုံဖတ်ရန်

တော်လှန်ရေးပန်းတိုင်မရောက်မချင်းခုခံတော်လှန်မယ်လို့TNLA ထုတ်ပြန်

January 17, 2020

ဂေထော၊ ရန်ကုန် ဇန်နဝါရီ ၁၃ တော်လှန်ရေး ပန်းတိုင်မရောက်မချင်း ဘဝတူမဟာမိတ်တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ခုခံတော်လှန်သွားမယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က သူတို့တပ်ဖွဲ့ရဲ့ ၅၇ နှစ်ပြည့် အခမ်းအနားမှာ ထုတ်ပြန် ပါတယ်။ ဇန်နဝါရီ ၁၂ က ထုတ်တဲ့ ဒီကြေညာချက်မှာ တအာင်းအမျိုးသားတို့ရဲ့ ကံကြမ္မာကို တအာင်းတို့ဖန်တီးခွင့်ရရှိရေး၊ မဟာလူမျိုးကြီးနဲ့ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအတွက် မြန်မာစစ်အာဏာရှင်အဆက်ဆက်ကို ရရာလက်နက်နဲ့ ခုခံတော်လှန်တိုက်ခိုက်လာတာ အခုဆိုရင် ၅၇ နှစ်ပြည့်ပြီလို့ ဖော်ပြတယ်။ “ ငြိမ်းချမ်းရေးအကောင်ထည်ဖော်နိုင်ဖို့ ငြိမ်းချမ်းရေးရအောင်ဆောင်ရွက်ဖို့ ကျွန်တော်တို့မှာတော့ အဆင်သင့်ဖြစ်တယ်။ အစိုးရနဲ့တပ်ဘက်ကလည်း အားလုံးလက်ခံနိုင်တဲ့ နည်းလမ်းကို စဉ်းစားပေးဖို့လိုနေပြီ။ အဲလိုမျိုး ကျွန်တော်တို့ မြင်တယ်” လို့ TNLA ရဲ့ ပြောခွင့်ရသူ ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောတယ်။ ဒါအပြင် သူတို့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ […]

အပြည့်အစုံဖတ်ရန်

ဘုရားသုံးဆူမြို့ကဟင်္သာတိုင်းဂိတ်စခန်းကိုမည်သူမျှထိန်းချုပ်မထားဟုဆို

January 17, 2020

ဂေထော၊ ရန်ကုန် ဇန်နဝါရီ ၁၇၊၂၀၂၀ မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့ရှိ ဟင်္သာတိုင်ဂိတ်စခန်းနေရာကို တပ်မတော်နှင့်ကရင်နယ်ခြားစောင့်တပ် (BGF) ထိန်းချုပ်ထားရာမှ ပြန်လည်ဖယ်ရှားပေးခဲ့ပြီဖြစ်ကြောင်း အရှေ့တောင်တိုင်း စစ်ဌာနချုပ်က ဗိုလ်မှူးကြီး မောင်မောင်လတ် က ယနေ့တွင် ပြောသည်။ “ နှစ်ဖက်ဘယ်သူမှ မနေတော့ဘူးဗျ။ သူတို့တပ်စခန်းနေရာလည်းမဟုတ်ပါဘူး။ လမ်းဆုံပါခင်ဗျ” ဟု ဗိုလ်မှူးကြီး မောင်မောင်လတ်က ပြောသည်။ မွန်ပြည်သစ်ပါတီ(MNSP)၏ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ထိန်းချုပ်သော ယင်းဂိတ်စခန်းနေရာကို နိုဝင်ဘာလနှောင်းပိုင်းတုန်းက ဖြစ်ပွားခဲ့သည့် နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုများအတွင်း တပ်မတော်နှင့် BGF တို့က ထိန်းချုပ် တပ်စွဲခဲ့ခြင်းသည်။ “ ဆုတ်ခွာတာမဟုတ်ဘူးလေ။ အဲဒီနေရာမှာဘယ်သူမှမနေကြတော့ဘူး။ ကျွန်တော်တို့ဆီကလည်း မနေတော့ဘူး။ သူတို့ (မွန်ပြည်သစ်) ဆီကလည်း မရှိတော့ဘူးဗျ” ဟု ဗိုလ်မှူးကြီးမောင်မောင်လတ်က ပြောသည်။ မွန်ပြည်သစ်ပါတီ ဘုရားသုံးဆူဒေသမှ ပြောရေးဆိုခွင့်ရှိသူ နိုင်အာကာက […]

အပြည့်အစုံဖတ်ရန်

တပ်မတော်ပိုင်စီးပွားရေးလုပ်ငန်များကို သပိတ်မှောက်ရန် Burma Campaign UK တိုက်တွန်းထား

January 15, 2020

ရန်ကုန်၊ ၂၀၂၀ ဇန်နဝါရီ ၁၅ တပ်မတော်မှလုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်းများနှင့်ကုမ္ပဏီအဖွဲ့အစည်းများကို နိုင်ငံတကာလုပ်ငန်းရှင်များ သပိတ်မှောက်ရန် Burma Campaign UK က စာရင်းပြုစုကာ ယမန်နေ့က အသစ်ထပ်မံဖြည့်စွက်ခဲ့သည်။ ဘဏ်နှင့်ငွေကြေးလုပ်ငန်းများ၊ စီးကရက်နှင့်အဖျော်ယမကာလုပ်ငန်းများ၊ ဆက်သွယ်ရေး၊ ဆောက်လုပ်ရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ ဖျော်ဖြေရေးနှင့် မီဒီယာလုပ်ငန်း၊ အစားအသောက်၊ ကျန်မာရေးဝန်ဆောင်မှု၊ စက်မှုလုပ်ငန်းနှင့် နိုင်ငံတကာဆိပ်ကမ်းများ စသည့်ကဏ္ဍများအပါအဝင် လုပ်ငန်းအမျိုးစားပေါင်း ၁၅ ခုပါဝင်ပြီး ၎င်းကုမ္ပဏီများနှင့် လုပ်ငန်းများသည် တပ်မတော်ကိုယ်ပိုင်၊ သို့မဟုတ် ဖက်စပ်လုပ်ကိုင်လျက်ရှိသည့် လုပ်ငန်းများဖြစ်သည်ဟု ဆိုသည်။ ၎င်းတို့ထဲတွင် မြန်မာပြည်တွင်းရောင်းအားအကောင်းဆုံး မြန်မာဘီယာနှင့် Red Ruby စီးကရက်၊ ပြည်တွင်းမိုဘိုင်းဖုန်းကွန်ရက်တွင် နောက်ဆုံးမှဈေးကွက်မိတ်ဆက်ခဲ့သော်လည်း အဆင့်သုံးသို့ ရောက်ရှိလာသည့် MyTel တို့လည်း ပါဝင်သည်။ #dailynews

အပြည့်အစုံဖတ်ရန်

ဟိုတယ်စီမံကိန်းတွေဖော်ဆောင်ရင် ဆလုံနေတဲ့ကျွန်းတွေကို ချန်လှပ်ပေးမယ်လို့ပြော

January 9, 2020

ဇေယျာမြင့်၊ရန်ကုန်။ ဇန်နဝါရီ-၈ တနင်္သာရီတိုင်းဒေသကြီး၊ ပင်လယ်ပြင်အတွင်းက ကျွန်းတွေမှာ ဟိုတယ်တည်ဆောက်ခွင့်တွေပြုပြီး ခရီးသွားလုပ်ငန်းတွေ ဖော်ဆောင်တဲ့အခါ ဒေသခံလူနည်းစု တိုင်းရင်းသားတွေဖြစ်တဲ့ ဆလုံတွေနေတဲ့ ကျွန်းတွေကို ချန်လှပ်အကောင်အထည် ဖော်မယ်လို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ စီမံကိန်းဦးစီးဌာနက ညွန်ကြားရေးမှူးက ပြောတယ်။ ” ဆလုံယဉ်ကျေးမှု‌တွေထိန်းသိမ်းဖို့၊ ဆလုံတွေရဲ့ ရိုးရာလုပ်ငန်း‌တွေ မထိခိုက်အောင်နဲ့ ထိန်းသိမ်းဖော်ထုတ်ဖို့ အစီအစဉ် ရှိပါတယ်” လို့ ညွန်ကြားရေးမှူး ဦးမျိုးမြင့်ကပြောပါတယ်။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနဟာ တနင်္သာရီတိုင်းဒေသကြီး၊ ကပ္ပလီပင်လယ်ပြင်အတွင်းက ကျွန်းတစ်ကျွန်း မှာ ဟိုတယ်တစ်လုံးတည်ဆောက်ပြီး ခရီးသွားလာရေးကဏ္ဍမြှင့်တင်မယ့် အစည်းအဝေးကို မနေ့တုန်းက နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။ ဒီအစည်းအဝေးမှာ သဘာဝအတိုင်းတည်ရှိနေသေးပြီး သာယာလှပတဲ့ ဒီဒေသကကျွန်းတွေမှာ ခရီးသွားစီမံကိန်းတွေ ဖော်ဆောင်ဖို့ မဟာဗျူဟာတွေ ရေးဆွဲကြဖို့လည်း ဆွေးနွေးခဲ့ ကြပါတယ်။ ဝန်ကြီးဌာနအနေနဲ့ တနင်္သာရီတိုင်းဒေသကြီး ပင်လယ်ပြင်အတွင်းက ကျွန်း ၁၄ […]

အပြည့်အစုံဖတ်ရန်

JICM အစည်းအဝေးတွင် အချက်ရှစ်ချက် သဘောတူညီမှုရရှိ

January 9, 2020

ဂေထော၊ ရန်ကုန် ဇန်နဝါရီ ၉   နေပြည်တော်၌ ယမန်နေ့ကပြုလုပ်သည့် အစိုးရ၊ တပ်မတော်နှင့် အပစ်ရပ်လက်မှတ်ရေထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့ပါဝင်သော ၈ ကြိမ်မြောက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်ထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (Joint Implementation Coordination Meeting – JICM) တွင် သဘောတူညီချက် ရှစ်ချက်ရရှိခဲ့သည်။   ယင်းရှစ်ချက်မှာ NCA စာချုပ် တပ်ပိုင်းဆိုင်ရာနှင့် အပစ်ရပ်ခိုင်မာရေး ဆွေးနွေးညှိနှိုင်းရန်၊ NCA အကောင်ထည်ဖော်မည့်ပုံစံကို နှစ်ဦးနှစ်ဖက် သဘောတူညီမှုရရန်၊ ၂၀၂၀အလွန် အဆင့်လိုက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာများ၊ ပြည်ထောင်စုသသောတူစာချုပ် အစိတ်အပိုင်း (၃)တွင် ချုပ်ဆိုမည့် ပုံစံတို့ကို သဘောတူခဲ့ကြသည်။   ထို့နောက် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ […]

အပြည့်အစုံဖတ်ရန်

NCA နဲ့ပတ်သက်ရင် နှစ်ဖက်စလုံးမှာတာဝန်ရှိတယ်လို့ ဗိုလ်ချုပ်ကြီးယွက်စစ်ပြော

January 8, 2020

ကျော်ဇေယျ၊ ရန်ကုန်။ ဇန်နဝါရီ-၈ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) နဲ့ပတ်သက်ရင် နှစ်ဖက်စလုံးမှာ တာဝန်ရှိပြီး အောင်မြင် မှုအတွက် ဂုဏ်ပြုခြင်းခံရသလို တစ်ဆို့နှောင့်နှေးမှုအတွက်လည်း အပြောအဆိုခံရမှာဖြစ်တယ်လို့ ဗိုလ်ချုပ်ကြီး ယွက်စစ် က ပြောပါတယ်။ ဒီနေ့ နေပြည်တော်မှာ ကျင်းပနေတဲ့ ၈ကြိမ်မြောက်၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် အကောင် အထည်ဖော်ရေးညှိနှိုင်းအစည်းအဝေး(JICM) အဖွင့်မိန့်ခွန်းမှာ သူကပြောခဲ့တာပါ။ “ မိမိတို့ဟာ တိုင်ပင်ဖော်တိုင်ပင်ဖက်၊ ဆွေးနွေးဖော်ဆွေးနွေးဖက်၊ လုပ်ဖော်ကိုင်ဖက်တွေဖြစ်ကြရုံမျှမက NCA ကို ပူးတွဲ ပိုင်ဆိုင်တဲ့သူတွေဖြစ်ကြတဲ့အတွက် NCA နဲ့ ပတ်သက်ရင် နှစ်ဖက်စလုံးမှာ တာဝန်ကိုယ်စီရှိကြပါတယ်” လို့ တိုင်းရင်းသား လက်ကိုင်တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)ရဲ့ယာယီဥက္ကဌဖြစ်သူ ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောပါ တယ်။ “ NCA အကောင်အထည်ဖော်မှုများ ပြီးစီးအောင်မြင်အောင် လက်တွဲဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်” လို့ သူက ပြောတယ်။ […]

အပြည့်အစုံဖတ်ရန်

လက်နက်ကိုင်ပြီးအားသာချက်ယူတာ၊ စိတ်ကူးယဉ်တာမျိုးတွေဟာ နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ပြော

January 8, 2020

ကျော်ဇေယျ၊ ရန်ကုန်။ ဇန်နဝါရီ-၈ လက်နက်ကိုင်ပြီး အားသာချက်ယူတာမျိုး၊ ဖြေရှင်းချက်အသစ်တွေကို စိတ်ကူးယဉ်တာမျိုးတွေနဲ့ နိုင်ငံပြဿနာတွေကို ဖြေရှင်းလို့ မရနိုင်ဘူးလို့ လက်နက်ကိုင်တိုက်ခိုက်မှုတွေများလာတဲ့အပေါ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါ်အောင်ဆန်း စုကြည်က သတိပေးတယ်။ ဒီနေ့ နေပြည်တော်မှာ ၈ကြိမ်မြောက် ကျင်းပနေတဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် အကောင် အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး (JICM) အဖွင့်မိန့်ခွန်းမှာ သူကပြောခဲ့တာပါ။ “ လက်နက်ကိုင်တိုက်ပွဲတွေကြောင့် အပြစ်မဲပြည်သူတွေ ထိခိုက်ရတယ်။ ကျေးရွာတွေထိခိုက်ရတယ်။ ပြည်သူတွေ ဒုက္ခသည်စခန်းတွေမှာ ဆင်းဆင်းရဲရဲနေကြရတယ်။ ဒါတွေကမြင်သာတဲ့ ဆိုးကျိုးတွေပါ” လို့ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ဥက္ကဌဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်။ “ မမြင်သာတဲ့ဆိုးကျိုးတွေက တိုက်ပွဲဖြစ်ပွားရာဒေသ၊ ဒေသခံတိုင်းရင်းသားတွေရဲ့ အနာဂတ်တွေ မှေးမှိန် ပျောက်ကွယ် သွားရတာပဲ ဖြစ်ပါတယ်” လို့ […]

အပြည့်အစုံဖတ်ရန်

NCA စာချုပ်ကို ကိုယ်နှစ်သက်ရာအကောင်အထည်ဖော်ပြီး မနှစ်သက်တာတွေကိုဖယ်ထားတာမျိုးမလုပ်ဖို့ ဒေါ်အောင်ဆန်းစုကြည်သတိပေး

January 8, 2020

ဂေထော၊ ရန်ကုန်။ ဇန်နဝါရီ-၈ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) မှာ ကိုယ်နှစ်သက်တဲ့အချက်တွေပဲ အကောင်အထည် ဖော်ကာ မနှစ်သက်တာတွေကိုဖယ်ထားတာမျိုးမလုပ်ကြဖို့ လက်မှတ်ရေးထိုးထားသူတွေကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါ်အောင်ဆန်းစုကြည်က သတိပေးပါတယ်။ တရားဝင်အစည်းအဝေးတွေ ၁၅ လလောက် ရပ်တန့်နေရာကနေ နေပြည်တော်မှာ အစိုးရ၊လွှတ်တော်၊တပ်မတော်နဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်(၁၀) ဒီနေ့ တရားဝင် ပြန်လည်ကျင်းပနေတဲ့ ၈ကြိမ်မြောက်၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်ရေးညှိနှိုင်းအစည်းအဝေး(JICM) အဖွင့် မိန့်ခွန်းမှာ သူကပြောခဲ့တာပါ။ “ အစုအဖွဲ့တစ်ဖွဲ့က ဒီလိုပုံစံမျိုး လိုချင်တာကိုပဲ ကွက်ပြီးယူမယ်၊ မကြိုက်တာဆိုရင် ရှောင်လွှဲနေမယ်ဆိုရင် ကျန်တဲ့ အစုအဖွဲ့တွေအားလုံးမှာလည်း အခက်အခဲတွေဖြစ်လာစေပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အကျပ်အတည်းတွေ ဆက်တိုက်ဖြစ်ပေါ်လာစေနိုင်ပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်။ “ စာချုပ်ပေါ်မှာ ရေထိုးထားတဲ့ လက်မှတ်တွေဟာ ကတိသစ္စာ တည်ကြည်မှုနဲ့ မှန်ကန်ဖြောင့်မတ်မှုကို […]

အပြည့်အစုံဖတ်ရန်
1 … 275 276 277 278 279 280 281 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."