အယ်ဒီတာ့အာဘော်များ

Stay at Home မြို့နယ်များမှ ရေးမြို့သို့လာရောက်သည့် ရွှေ့ပြောင်းလုပ်သားများ Quarantine ဝင်ရမည်၊ကုန်ကျစရိတ်အထိုက်အလျောက်ကို လုပ်ငန်းရှင်မှ ကျခံရမည်

September 19, 2020

ဂေထော ရန်ကုန်၊၂၀၂၀ စက်တင်ဘာ ၁၉ (မော်ကွန်း) COVID -19 ရောဂါဖြစ်ပွားမှုများပြား၍ Stay at Home အဖြစ်သတ်မှတ်ထားသည့် မြို့နယ်များမှ ရေးမြို့သို့ လာရောက်အလုပ်လုပ်ကိုင်သည့် ရွှေ့ပြောင်းလုပ်သားများသည် Quarantine ဝင်ရမည်ဖြစ်ကာ ကုန်ကျစရိတ်အထိုက်အလျောက်ကို လုပ်ငန်းရှင်ဘက်က ကျခံရမည်ဖြစ်သည်ဟု ရေးမြို့နယ်၊အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်းက မော်ကွန်းသို့ပြောသည်။ စက်တင်ဘာဒုတိယအပတ်မှစပြီး ဧရာဝတီတိုင်းနှင့်ရန်ကုန်တိုင်းမှအထောက်အထားမဲ့ဝင်ရောက်လာသူ ရွှေ့ပြောင်းလုပ်သား ၆၀ ဝန်းကျင်ရှိခဲ့သည်။ “Stay at Home မြို့နယ်ကနေပြီးတော့ အမှန်မှာ သူကနယ်ကျော်ထွက်ခွာခွင့်မရှိဘူး။သို့သော် အဲလိုမျိုးလာရင်တော့ ကျွန်တော်တို့က Q ဝင်ရမယ်။ Q မဝင်ချင်ဘူးဆိုရင် ကိုယ့်မြို့နယ်ကိုယ်ပြန်ပဲ”ဟု ဦးမျိုးဝင်းက ပြောသည်။ Stay at Home သတ်မှတ်မထားသည့်မြို့နယ်များမှဝင်‌ရောက်လာကာ အလုပ်ရှင်နှင့်ချိတ်ဆက်ထားသည့် ရွေ့ပြောင်းလုပ်သားများကိုမူ အသေချာစစ်ဆေးမေးမြန်းပြီး လုပ်ငန်းခွင်သို့ ဝင်ရောက်ခွင့်ပြုမည်ဖြစ်သည်ဟု သူကရှင်းပြသည်။ ရေးမြို့နယ်၊ရပ်ကွက်လူမှုအဖွဲ့အစည်းမှဦးအောင်နိုင်ဝင်းကလည်း […]

အပြည့်အစုံဖတ်ရန်

ICJ ဆုံးဖြတ်ချက်အလွန် အခင်းအကျင်းအတွက် အသင့်ပြင်

January 20, 2020

ရခိုင်ပဋိပက္ခကို လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် သတ်မှတ်အရေးယူပေးရန် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး တွင် တိုင်ကြားထားသည့်အမှုနှင့်ပတ်သက်ပြီး နှစ်ဖက်စလုံးမှ အပြန်အလှန်လျှောက်ထားမှုများ ပြုလုပ်ထားကြပြီးဖြစ်ရာ လူမျိုးတုံးသတ်ဖြတ်မှုဟုတ်၊ မဟုတ် မဆုံးဖြတ်ခင် ကြားဖြတ်ယာယီအစီအမံများ ပြဋ္ဌာန်းသင့်၊ မသင့်ကို တရားရုံးက မကြာခင် အမိန့်ချမှတ် ပေးတော့မည်ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာတရားရုံးက မည်သို့သော ဆုံးဖြတ်ချက်မျိုးချမှတ်သည်ဖြစ်စေ ဖြစ်ပေါ်လာမည့် အကျိုးဆက်များမှာ ကောင်းမွန်စရာသိပ်မရှိပါ။ လုံခြုံရေးတပ်ဖွဲ့များက ဘင်္ဂါလီ(နိုင်ငံတကာအခေါ်  ရိုဟင်ဂျာ)များအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ထပ်မံပြုလုပ်လာမည်စိုးသောကြောင့် ကြားဖြတ်အစီအမံများချမှတ်ရန် လိုအပ်သည်ဟု အပြည်ပြည်ဆိုင်ရာတရားရုံးက ဆုံးဖြတ်ခဲ့ပါက လွတ်လပ်သော နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်သည်ဟုဆိုကာ အစိုးရနှင့် တပ်မတော်က အဆိုပါ ဆုံးဖြတ်ချက်ကို လက်ခံချင်မှ လက်ခံပါလိ့မ်မည်။ လက်မခံပါက နိုင်ငံတကာမှ ဖိအားပေးအရေးယူမှုများ ဆက်တိုက်ဖြစ်လာနိုင်စရာရှိသကဲ့သို့ လက်ခံပါကလည်း အစ္စလာမ္မစ် ကမ္ဘာနှင့် အနောက်နိုင်ငံများဘက်က […]

အပြည့်အစုံဖတ်ရန်

ရခိုင်အရေး အစိုးရနှင့် တပ်မတော်အတွက် ထွက်ပေါက်

October 17, 2019

မော်ကွန်းမဂ္ဂဇင်း အမှတ်စဉ် (၆၉)မှ အယ်ဒီတာ့အာဘော် ဖြစ်ပါသည်။ အခြေခံဥပဒေပြင်ရေး၊ ကာလုံခေါ်ရေးကိစ္စများ အပါအဝင် အခြားသော နိုင်ငံရေးလွန်ဆွဲမှုများဖြင့် နေပြည်တော် နိုင်ငံရေးရပ်ဝန်းတွင် မုန်တိုင်းထန်နေစဉ် အနောက်ကမ္ဘာခြမ်းရှိ ကုလသမဂ္ဂဌာနချုပ်၌ ရခိုင်အရေးကိစ္စနှင့် ပတ်သက်ပြီး မြန်မာအပေါ် ဖိအားပေးအရေးယူမည့် ဆူနာမီလှိုင်းလုံးတို့မှာ တရိပ်ရိပ်တက်လာလျက်ရှိပါသည်။ ရခိုင်အရေးကိစ္စအပါအဝင် နိုင်ငံတွင်းလူ့အခွင့်အရေးချိုးဖောက်မှုများကိုစုံစမ်းရန် ယမန်နှစ်က ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံ ဆိုင်ရာ လွတ်လပ်သောစုံစမ်းရေးအဖွဲ့ (Independent Investigation Mechanism for Myanmar) အတွက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးက မကြာသေးခင်ကပင် ရန်ပုံငွေလျာထားပေးလိုက်ပြီဖြစ်ရာ ယင်းအဖွဲ့က လုပ်ငန်းစဉ်များကို အနှေးနှင့် အမြန် အကောင်အထည်ဖော်တော့မည်ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်ဘက်သို့ မူဆလင်ဒုက္ခသည် ခုနစ်သိန်းကျော် ထွက်ပြေးကြသည့်ဖြစ်စဉ်နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် မူဆလင်အချို့ အစုလိုက်အပြုံလိုက် အသတ်ခံရသည့် ဖြစ်စဉ်များက ‘လူမျိုးတုံးသတ်ဖြတ်မှု’၊ ‘လူမျိုးစုသုတ်သင်ရှင်းလင်းမှု’အဖြစ် အနောက်နိုင်ငံများနှင့် […]

အပြည့်အစုံဖတ်ရန်

နေရပ်စွန့်ခွာတိမ်းရှောင်သူများခိုလှုံရာစခန်းများ ပိတ်သိမ်းရေး အလျင်စလိုမလုပ်မိရန်လိုအပ်

August 9, 2019

အယ်ဒီတာ့အာဘော် ပဋိပက္ခများဖြစ်ပွားခဲ့သော ပြည်နယ်လေးခုတွင် ဖွင့်လှစ်ထားသည့် နေရပ်စွန့်ခွာတိမ်းရှောင်သူများခိုလှုံရာစခန်းများအား ပိတ်သိမ်းရေးနှင့် ၎င်းတို့အား နေရပ်ပြန်ပို့ရေးအတွက် အစိုးရက စတင်ဆောင်ရွက်နေပြီဖြစ်ရာ ယင်းလုပ်ဆောင်မှုနှင့် ပတ်သက်ပြီး ကြိုဆိုရမည်ဖြစ်သကဲ့သို့ တစ်ချိန်တည်းတွင် ထောက်ပြစရာများလည်းရှိနေပြန်သည်။ ကချင်၊ ရှမ်း၊ ကရင်နှင့် ရခိုင်ပြည်နယ်လေးခုရှိ စခန်းပေါင်း ၁၄၀ ကျော်တွင် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်သူဦးရေ ၁၆၀,၀၀၀ ကျော်ရှိနေပြီး ၎င်းတို့ကို နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီ နေရပ်ပြန်ပို့နိုင်ရေး ဇွန် ၂ ရက်က နေပြည်တော်တွင် အလုပ်ရုံဆွေးနွေးပွဲကျင်းပခဲ့သည်ဟု လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ၎င်း၏ ဖေ့ဘွတ်စာမျက်နှာတွင်ဖော်ပြထားသည်။ အကြောင်းအမျိုးမျိုးကြောင့် စခန်းသို့ရောက်ရှိနေသူများအား စခန်းထဲတွင် ပိတ်လှောင်ထားမည့်အစား  နေရပ်ပြန်ပို့နိုင်ရေး ဆောင်ရွက်မှုသည် ကြိုဆိုစရာဖြစ်သော်လည်း ထိုစီမံကိန်းအား အကောင်အထည်မဖော်ခင် ကြုံတွေ့ရမည့် စိန်ခေါ်မှုများ ကို ဦးစွာကြိုတင်ရှင်းလင်းပေးရန် လိုအပ်ပါလိမ့်မည်။ ထိုသို့လုပ်ဆောင်ရာတွင် နေရာဒေသနှင့် […]

အပြည့်အစုံဖတ်ရန်

ငြိမ်းချမ်းရေးနိုဗယ်လ်ဆုရှင် ရခိုင်စစ်မီးကို အမြန်ငြှိမ်းပါ

August 8, 2019

ရခိုင်ပြည်နယ်တွင် ယမန်နှစ်နှောင်းပိုင်းမှ စတင်တောက်လောင်လာသော စစ်မီးသည် အရှိန်အဟုန်ကောင်းကောင်းဖြင့် လောင်မြိုက် လာနေရာ အရပ်သားထိခိုက်သေဆုံးမှုများမှာ တဖြည်းဖြည်း မြင့်တက်လာလျက်ရှိနေပါသည်။ မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) နှစ်ဖက်စလုံးက ကျေးရွာမြို့ပြများအနီး ပစ်ခတ်တိုက်ခိုက်ခြင်းမရှိဟု ပြောဆို နေကြသော်လည်း မြေပြင်ဖြစ်ရပ်များက ယင်းအချက်ကို ငြင်းဆိုနေကြသည်။ မည်သည့်ဘက်က ပစ်လိုက်မှန်းမသိသည့် ကျည်ဆန် များနှင့် လက်နက်ကြီးကျည်များ ကျေးရွာများအတွင်း ကျရောက်၊ ပေါက်ကွဲခဲ့သောကြောင့် ရွာသားအချို့ ဒဏ်ရာရ၊ သေဆုံးနေကြရသည်။ မော်ကွန်းမဂ္ဂဇင်းက သွားရောက်လေ့လာခဲ့သည့် ဒေသအခိုျ့တွင် ကျည်ဆန်ထိမှန်ပြီး သေဆုံးသူများ၏ မိသားစုဝင်များနှင့် ဒဏ်ရာရသူများကို တွေ့ဆုံခဲ့ရသကဲ့သို့မပေါက်ကွဲသေးသော လက်နက်ကြီးကျည်များကို တပ်မတော်ဘက်မှ လာရောက် မဖယ်ရှား ပေးသောကြောင့် ကျေးရွာများအား စွန့်ခွာသွားကြသည့် စစ်ဘေးရှောင်များကို ရခိုင်ပြည်နယ်တွင်သာမက ချင်းပြည်နယ်၊ ပလက်၀ မြို့နယ်တွင်လည်း တွေ့ခဲ့ရသည်။ ယခုလို စစ်ရှိန်မြင့်နေချိန် […]

အပြည့်အစုံဖတ်ရန်

ဘာသာမတူ ရန်လိုသူများအား ဆန့်ကျင်ကြ

May 17, 2019

ကျွန်ုပ်တို့လူ့အဖွဲ့အစည်းတွင် ဘာသာမတူရုံမျှဖြင့် ရန်မူလိုသောလူအုပ်စုများကိုညီညွတ်စွာ  ဝိုင်းဝန်းဆန့်ကျင်ကြရန် ကျွန်ုပ်တို့ မော်ကွန်းကတောင်းဆိုလိုပါသည်။ မြန်မာနိုင်ငံသမိုင်းကိုကြည့်မည်ဆိုလျှင် ဘာသာမတူသည့် အသိုင်းအဝိုင်းများကြားဖြစ်ပွားခဲ့သော သွေးမြေကျပဋိပက္ခ ဖြစ်ရပ်များစွာ ကြုံခဲ့ကြရသည်ကို ဝမ်းနည်းဖွယ်မြင်တွေ့ကြရမည်ဖြစ်သည်။၂၀၁၀ နောက်ပိုင်းဖြစ်ပွားခဲ့သောရခိုင်ပဋိပက္ခ၊ မိတ္ထီလာပဋိပက္ခနှင့် မန္တလေးပဋိပက္ခတို့မှာကမ္ဘာ့နိုင်ငံအသီးသီးက ဝိုင်းဝန်းကဲ့ရဲ့စရာဖြစ်ရအောင်ပင် ဆိုးရွားခဲ့ပြီး လူပေါင်းများစွာ ထိခိုက်သေဆုံးခဲ့ကြရသည်။ မကြာသေးခင်ရက်ပိုင်းကရန်ကုန်မြို့၊ ဒဂုံမြို့သစ်တောင်ပိုင်းတွင် အစ္စလာမ်ဘာသာဝင်များ၏ ဝတ်ပြုဆုတောင်းပွဲကို လူတစ်စုကတားဆီးပိတ်ပင်မှုဖြစ်ပွားခဲ့ရာ အကယ်၍အချိန်မီမထိန်းချုပ်၊ အရေးမယူနိုင်လျှင် နောက်ဆက်တွဲဖြစ်လာမည့် ကိစ္စများမှာ တွေးဝံ့စရာမရှိပါ။ ပြဿနာပေါင်းစုံဖြင့် ရင်ဆိုင်နေရသောယနေ့လိုအချိန်မျိုးတွင် အစုအဖွဲ့တစ်ခုက ရည်ရွယ်ချက်ရှိရှိ မီးမွှေးလိုက်လေသလားဟု သံသယပွားရမလိုပင်ဖြစ်နေပါသည်။ လူနည်းစုဘာသာဝင်များ၏ လွတ်လပ်စွာကိုးကွယ်ခွင့်ကို ကာကွယ်မပေးနိုင်သောကြောင့် ကမ္ဘာပေါ်တွင် ဘာသာရေးလွတ်လပ်ခွင့်ကို အချိုးဖောက်ဆုံး ၁၀ နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံ ဆက်လက်ပါဝင်နေရခြင်းဖြစ်သည်။ နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့်ကိုစောင့်ကြည့်နေသည့် အမေရိကန်အဖွဲ့အစည်း (United States Commission on International Religious Freedom […]

အပြည့်အစုံဖတ်ရန်

ရခိုင်ပြည်နယ်တွင် သေနတ်သံများ တိတ်ရေး အမြန်ဆုံး ဆောင်ရွက်ပါ

April 22, 2019

၂ဝ၁၉၊ ဧပြီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၄)မှ Editorial ဖြစ်ပါသည်။ ဇန်နဝါရီလဆန်းပိုင်းကတည်းက ရခိုင်ပြည်နယ်တွင် မြန်မာ့တပ်မတော်နှင့် ရက်္ခိုင့်တပ်မတော် (AA) တို့ကြား တိုက်ပွဲများ ခပ်စိပ်စိပ် ဖြစ်ပွားလာလျက်ရှိရာ ယခုအချိန်ထိ စစ်ရပ်စဲမည့် အရိပ်အခြေအနေကို မတွေ့ရသေးသဖြင့် စိုးရိမ်စရာ ကောင်းလာပါသည်။ စစ်ပွဲကာလကြာလာသည်နှင့်အမျှ နှစ်ဘက်တပ်ဖွဲ့ဝင်များသာမက အရပ်သားများပါ ထိခိုက်သေဆုံးမှုများ မြင့်တက်လာသည်။ တိုက်ပွဲဖြစ်ရာဒေသများရှိ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် ကျန်းမာရေး၊ ပညာရေးတို့မှာလည်း ဆိုးရွားစွာ ထိခိုက်လာနိုင်စရာ ရှိပါသည်။ မကြာသေးခင်က မြောက်ဦးမြို့ပေါ်တွင် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သကဲ့သို့ အခြားသော မြို့ ရွာများကို အခြေပြု၍ နှစ်ဖက်တပ်များ ထပ်မံတိုက်ခိုက်ကြဦးမည်ဆိုပါက ပြည်သူများ၏ ထိခိုက်နစ်နာနိုင်ခြေမှာ မှန်းမရအောင် ဆိုးရွားသွားစေနိုင်ပါသည်။ စင်စစ်တွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ဆောင်ရွက်ရမည့်အချိန်မျိုးတွင် တိုက်ပွဲအသစ်များ၊ စစ်မျက်နှာအသစ်များ ထပ်မံ မပေါ်ပေါက်စေရန် အထူးပင် […]

အပြည့်အစုံဖတ်ရန်

ဖွဲ့စည်းပုံပြင်ဆင်ရေး ပြည်သူများကို အလေးထားရန်လို

March 18, 2019

၂ဝ၁၉၊ မတ်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၃)မှ Editorial ဖြစ်ပါသည်။   ပြီးခဲ့သည့် ဇန်နဝါရီအကုန်တွင် NLD ပါတီစတင်အဆိုပြုလိုက်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးခြေလှမ်းသည် တန့်အီ နေသည့် မြန်မာ့နိုင်ငံရေးအရွေ့ကို လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားစေခဲ့သည်။ ဦးသိန်းစိန်အစိုးရစတင်ခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို NLD ပါတီအာဏာရပြီးချိန်မှစတင်ကာ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံအဖြစ် အရှိန်မြှင့်တင်ခဲ့သည်။ အဆိုပါငြိမ်းချမ်းရေးဆွေးနွေးပွဲမှတစ်ဆင့် အခြေခံဥပဒေ ပြင်ဆင် ရေးဆီသို့ ဦးတည်မည်ဟု ရည်ရွယ်ထားခဲ့ဟန်ရှိသောNLD ၏ခြေလှမ်းများသည် လိပ်ခဲတည်းလည်း ဖြစ်နေသော ငြိမ်းချမ်းရေးဆွေး နွေးပွဲများကြားတွင် သောင်မတင်ရေမကျ ဖြစ်ခဲ့ရသည်။ အပစ်ရပ်တိုင်းရင်းသားဒေသများတွင် သေနတ်သံများ ပြန်လည်ထွက်ပေါ်လာသလို AA ကဲ့သို့ စစ်မျက်နှာအသစ်များလည်း ထပ်မံပေါ်ထွက်လာခဲ့ရာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ငြိမ်းချမ်းရေးတို့မှာ ပို၍အလှမ်းကွာဝေးခဲ့ရသည်။ မကြာသေးမီကနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ် ခရီးစဉ်များတွင်လည်း အာဏာရတာဝန်ရှိသူများ၏ အဂတိများ၊ စီမံခန့်ခွဲမှု […]

အပြည့်အစုံဖတ်ရန်

လွှတ်တော်မှာ တပ်မတော်သား ကိုယ်စားလှယ်တွေ လှုပ်လှုပ်ရှားရှား ဖြစ်သွားတဲ့ ခြေဥ ပြင်ဆင်ရေး

February 11, 2019

၂ဝ၁၉၊ ဖေဖော်ဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၂)မှ Editorial ဖြစ်ပါသည်။ NLD အစိုးရ သက်တမ်းသုံးနှစ်ရောက်လာချိန်တွင် ရွေးကောက်ပွဲ ကတိကဝတ်များထဲမှတစ်ခုဖြစ်သော  ဖွဲ့စည်းပုံ အခြေခံဥပဒေပြင် ဆင်ရေးပထမဆုံးလှုပ်ရှားမှုအဖြစ် ဇန်နဝါရီ ၂၉ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဒီချုပ်ပါတီမှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက အခြေခံဥပဒေပြင်ဆင်ရေးကော်မတီဖွဲ့စည်းရန် အရေးကြီးအဆိုတစ်ခုကို တင်သွင်းခဲ့သည်။ ထိုအဆိုကို တပ်မတော်သားကိုယ်စားလှယ်များက လွှတ်တော်နည်းဥပဒေများနှင့် မညီညွတ်ဟုဆိုကာ ဆွေးနွေးခဲ့သည်။ ဆွေးနွေးချက်ကို ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က ပယ်ချလိုက်ချိန်တွင်တော့ တပ်မတော်သား ကိုယ်စားလှယ်များ မတ်တတ်ရပ်၍ကန့်ကွက်ခဲ့ကြပြီး ယင်းအဆိုကို လွှတ်တော်တွင် ဆက်ဆွေးနွေးသင့်၊ မသင့် မဲခွဲဆုံးဖြတ်ရာတွင်လည်း မဲမပေးခဲ့ကြပေ။ သို့သော်လည်း အဆိုမှာ ထောက်ခံမဲ ၃၉၄ မဲနှင့် အနိုင်ရရှိခဲ့သည်။ တပ်မတော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်က ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို လုပ်ထုံးလုပ်နည်းအတိုင်းသာ လုပ်စေချင်ပြီး […]

အပြည့်အစုံဖတ်ရန်

တိုင်းပြည်ကို ကယ်ခွင့်ရမည့် အခွင့်အရေးတပ်မတော် လက်လွှတ်မခံသင့်

February 6, 2019

၂ဝ၁၉၊ ဖေဖော်ဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၂)မှ Editorial ဖြစ်ပါသည်။ ယခုတလော နိုင်ငံရေးစင်မြင့်ထက်၌ လူအများ စိတ်ဝင်တစားစောင့်ကြည့်နေကြသည့် အရေးကိစ္စများထဲတွင် လွှတ်တော်အတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ကြိုးစားနေကြသည့် ကိစ္စသည်လည်း တစ်ခု အပါအဝင် ဖြစ်သည်။ ဇန်နဝါရီ ၂၉ ရက်က ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက အခြေခံဥပဒေပြင်ဆင်ရေးကော်မတီဖွဲ့စည်းရန် အရေးကြီးအဆိုတင်သွင်းခြင်းကို တပ်မတော်သား ကိုယ် စားလှယ်များက မတ်တတ်ရပ်၍ ဆန့်ကျင်ကြသည့် အခိုက်အတန့်သည် ယင်းအစည်းအဝေးကို ရုပ်မြင်သံကြားမှ တစ်ဆင့် စောင့်ကြည့် နေကြသည့် ပြည်သူများအတွက် သည်းတထိတ်ထိတ် ရင်တဖိုဖိုဖြစ်ကြရသည်။ လွှတ်တော်အစည်းအဝေးအပြီး မီဒီယာများနှင့်တွေ့ဆုံစဉ် တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်က ၎င်းတို့ဘက်က ကန့်ကွက်ရခြင်းမှာ ကော်မတီဖွဲ့စည်းရေး အဆိုသည် လုပ်ထုံးလုပ်နည်းနှင့် မညီသောကြောင့် ကန့်ကွက်ရခြင်းဖြစ်ပြီး ၎င်းတို့အနေနှင့်မူအခြေခံဥပဒေပြင်ဆင်ရေးကို […]

အပြည့်အစုံဖတ်ရန်

စိန်ခေါ်မှုအဟောင်းအသစ်များနှင့် ကြိုဆိုနေမည့် နှစ်သစ်

January 22, 2019

၂ဝ၁၉၊ ဇန်နဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၁)မှ Editorial ဖြစ်ပါသည်။ နိုင်ငံတကာဖိအားများ၊ ပြည်တွင်းအကျပ်အတည်းများ၊ ကမောက်ကမဖြစ်စဉ်များ၊ သည်းထိတ်ရင်ဖိုဖြစ်ရပ်များဖြင့် တင်းကြမ်းပြည့်နှက်နေခဲ့သော ၂၀၁၈ သည် ပြည်ဖုံးကားချသွားခဲ့ပြီဖြစ်ပြီး ၎င်းနေရာတွင် ၂၀၁၉ နှစ်သစ်က အစားထိုးဝင်ရောက်လာပြီဖြစ်သည်။ အခြားနှစ်များနှင့် မတူသည်က ၂၀၁၈ ကုန်ခါနီး တပ်မတော်ဘက်မှ အပြုသဘောဆောင်သော ခြေလှမ်းနှစ်ရပ် လှမ်းလိုက်သည်ကို မြင်တွေ့ခဲ့ရရာ ယင်းမှာ နှစ်သစ်အတွက် လက်ဆောင်များသဖွယ် အချို့ကမှတ်ယူကြသည်။ ပထမခြေလှမ်းကတော့ နိုင်ငံမြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် စစ်ရေးလှုပ်ရှားမှုများကို လေးလကြာရပ်နားပြီး တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးစာချုပ် မချုပ်ရသေးသည့် လက်နက်ကိုင်များနှင့် တစ်ဖွဲ့ချင်းစီ ဆွေးနွေးမည့်ကိစ္စဖြစ်သည်။ ဒုတိယခြေလှမ်းကတော့ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန အောက်လွှဲပေးမည့်ကိစ္စဖြစ်သည်။ အထက်ပါခြေလှမ်းနှစ်ရပ်သည် တိုင်းပြည်ငြိမ်းချမ်းမှုရရှိရေးနှင့် ပြပြင်ပြောင်းလဲရေးဖော်ဆောင်ရေးတို့အတွက် ကြီးမားစွာ အထောက်အပံ့ဖြစ်စေမည့် ခြေလှမ်းများဖြစ်သည်ဟုလည်း ဆိုနိုင်ကောင်းပါသည်။ တိုင်းပြည်ပြုပြင်ပြောင်းလဲရေး […]

အပြည့်အစုံဖတ်ရန်

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."