မျက်နှာဖုံးဆောင်းပါးများ

ပြည်သူတွေစိုက်ထုတ်ကျခံနေရတဲ့ လျှပ်စစ်စီမံခန့်ခွဲမှုအလွဲ

April 13, 2020

ကျော်ဇေယျရေးသည်။ ရန်ကုန် – ဖောဖော်ဝါရီ ၂၀၂၀ (မော်ကွန်း) တစ်နိုင်ငံလုံးမှာရှိတဲ့ အစိုးရဆေးရုံအားလုံးရဲ့ တစ်နှစ်စာဆေးဝါးဝယ်ယူစားရိတ် (ကျပ် ဘီလီယံ ၁၂၀) ထက် သုံးဆလောက်ပိုများတဲ့ ဘဏ္ဍာငွေတွေ ဝန်ကြီးဌာနတစ်ခုကနေလေလွင့်နေတယ်ဆိုရင်ယုံကြပ့ါမလား။ အဲဒီဌာနကတော့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနပဲဖြစ်ပါတယ်။ထုတ်လုပ်ဖြန့်ချိလိုက်ပေမယ့် ဘဏ္ဍာငွေပြန်မရဘဲ လျှပ်စစ်ဓါတ်အားပျောက်ဆုံးမှုဆိုတဲ့ ခေါင်းစဉ်အောက်မှာ လေလွင့်သွားတဲ့ပမာဏဟာ အခုဆိုရင် တစ်နှစ်ကို ကျပ် ဘီလီယံ ၃၅၀ လောက်အထိ ကြီးမားလာပြီလို့ ပြည်ထောင်စုလွှတ်တော် မှတ်တမ်းတွေမှာဖော်ပြပါတယ်။ဒီပျောက်ဆုံးပမာဏဟာ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှာ အိမ်သုံးမီတာတွေကနေ ပြန်လည်ကောက်ခံရရှိခဲ့တဲ့ ဓါတ်အားခရငွေထက် နှစ်ဆပိုများပါတယ်။ ဗဟိုစာရင်းအင်းအဖွဲ့ရဲ့အစီရင်ခံစာအရ အဲဒီနှစ်မှာ အိမ်သုံးမီတာ အမျိုးအစားတွေထံက ဓါတ်အားသုံးစွဲခအဖြစ် ပြန်ရတဲ့ဝင်ငွေက တစ်နှစ်လုံးမှ ကျပ်ဘီလီယံ ၁၆၀ ကျော်သာ ရှိတယ်လို့ ဖော်ပြတယ်။ ဒါကြောင့် ပြည်သူကိုအရှုံးခံရောင်းချနေရလို့ လျှပ်စစ်ကဏ္ဍဟာအရှုံးကြီးနေတာလား၊ စီမံခန့်ခွဲမှု ညံ့ဖျင်းတာတွေကြောင့် အလေအလွင့်များပြီး […]

အပြည့်အစုံဖတ်ရန်

IS အကြမ်းဖက်ရန် ကာကွယ်ဖို့မြန်မာအသင့်ဖြစ်ပြီလား

January 15, 2020

ဗညားကျော် ရေးသည်။ ရန်ကုန် (ဇွန်၊ ၂၀၁၉) သီရိလင်္ကာနိုင်ငံမှာ ပြီးခဲ့တဲ့ ဧပြီတတိယပတ်က လူပေါင်း ၂၅၀ ကျော် သေဆုံးပြီး ၅၀ဝ ဝန်းကျင် ဒဏ်ရာရရှိခဲ့တဲ့ အကြမ်းဖက်ဗုံးဖောက်ခွဲမှုတွေ အပြီးမှာ ဆီးရီးယားနဲ့အီရတ်မှာ ခြေကုပ်ယူထားတဲ့ အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့ (Islamic State of Iraq and Syria – ISIS) ဟာ ဗုဒ္ဓပုံတော်၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ ပုပ်ရဟန်း မင်းကြီး ဖရန်စစ်နဲ့ ဦးဝီရသူတို့ပုံတွေ ပါဝင်တဲ့ ပိုစတာနဲ့ အောင်ပွဲခံခဲ့ပါတယ်။ အဲဒီအကြမ်းဖက်မှုအပြီး လေးရက်အကြာမှာ မလေးရှား ရဲချုပ်တန်ဆရီ မိုဟာမက်ဖူဇီဟာရမ်က အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့ (ISIS သို့မဟုတ် IS) အဖွဲ့ဟာ အရှေ့တောင်အာရှမှာ အခြေစိုက်စခန်း တစ်ခုမရခင် မလေးရှားနိုင်ငံ၊ ဆာဘားပြည်နယ်က တာဒါအူနဲ့ […]

အပြည့်အစုံဖတ်ရန်

လူမျိုလို့လူမျိုးပြုတ်မှာလား လဝကမျိုလို့လူမျိုးပြုတ်မှာလား

November 25, 2019

မော်ကွန်းမဂ္ဂဇင်း အမှတ် ၆၉ မှ သတင်းဆောင်းပါးဖြစ်ပါသည်။ အောင်ပိုင် ရေးသည်။ မှတ်ပုံတင်မရှိသေးတဲ့ သားဖြစ်သူ ဘွဲ့ယူခါနီးပြီဖြစ်တာကြောင့် ဦးညီကျော်ဟာ ပြီးခဲ့တဲ့ဧပြီလက မှတ်ပုံတင်လုပ်ဖို့ စတင်ကြိုးစားခဲ့ပါတယ်။ မှတ်ပုံတင်မရှိဘဲ ကျောင်းတက်လို့ရခဲ့ပေမယ့် ဘွဲ့လက်မှတ်ကတော့ မှတ်ပုံတင်ရှိမှ ထုတ်ယူနိုင်တာကြောင့်ပါ။ ဒါကြောင့် ဥပဒေနဲ့အညီ၊ အထောက်အထားအပြည့်အစုံနဲ့ သူတို့နေထိုင်ရာ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်က လဝကရုံးကိုသွားရောက် လျှောက်ထားခဲ့ပါတယ်။ ကိုးကွယ်ရာဘာသာမှာ အစ္စလာမ်ဖြစ်နေတာကြောင့် လူမျိုးနေရာမှာ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ် တစ်ခုမဟုတ် တစ်ခုထည့်သွင်းရမယ်လို့ မြို့နယ်ဦးစီးအရာရှိက ပြောတယ်လို့ သူကဆိုပါတယ်။  မြို့နယ်အဆင့်မှာတင် မပြီးပြတ်နိုင်ဘဲ ခရိုင်အဆင့်၊ တိုင်းအဆင့်ထိ အမှုတွဲကို တင်ဖို့လိုလိမ့်မယ်လို့လည်း ဆိုလာပါတယ်။ ဒီအခါမှာ ဦးညီကျော်က အစ္စလာမ်ဘာသာဝင်ဖြစ်ရင် ဗမာလူမျိုးမဟုတ်တော့ဘဲ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလား ဒေ့ရှ် စတဲ့တခြားနိုင်ငံက လူမျိုးတွေလို့ […]

အပြည့်အစုံဖတ်ရန်

မြန်မာလူမျိုးကြီးဝါဒအစ စာသင်ကျောင်းက

August 27, 2019

မော်ကွန်းမဂ္ဂဇင်း အမှတ် (၆၈) မှ မျက်နှာဖုံးဆောင်းပါးဖြစ်ပါသည်   မြန်မာလူမျိုးကြီးဝါဒအစ စာသင်ကျောင်းက အောင်ပိုင်ရေးသည်။ တတိယတန်းတက်နေတဲ့ ဦးပီတာရဲ့ သားလေးဟာ ကျောင်းဆင်းချိန် ဖယ်ရီကားပေါ်က ဆင်းလာတဲ့အခါမှာ ရှေ့တည့်တည့်က စောင့်ကြိုနေတဲ့ဖခင်ကို မမြင်ချင်ယောင်ဆောင်ပြီး ဖြတ်လျှောက်သွားပါတယ်။ ခြေလှမ်း ၁ဝ လှမ်းလောက်လှမ်းပြီး ဖယ်ရီကားထွက်သွားပြီးခါမှ ဦးပီတာကို ပြန်လှည့်ကြည့်ပါတော့တယ်။ ”သား၊ ဘာကြောင့် ပါပါးကို ကျော်သွားတာလဲ”လို့ ဦးပီတာက မေးလိုက်တဲ့အခါ ”ပါပါးက သူငယ်ချင်းတွေရှေ့မှာ ချင်းလို ပြောမှာစိုးလို့”လို့ သားဖြစ်သူက ပြန်ဖြေပါတယ်။ ဦးပီတာဟာ ချင်းအမျိုးသားတစ်ယောက်ဖြစ်ပြီး သူ့ဇနီးကတော့ ကယားလူမျိုးဖြစ်ပါတယ်။ သူတို့မိသားစုဝင်သုံး ဦးစလုံးကတော့ ခရစ်ယာန်ဘာသာဝင်တွေဖြစ်ပါတယ်။ သူတို့က ရန်ကုန်မှာ အခြေချနေထိုင်ရင်း သားဖြစ်သူကို အစိုးရကျောင်းမှာ ထားတာပါ။ ကျောင်းထားတဲ့ သုံးနှစ်လောက်အတွင်းမှာ ကလေးဟာ ချင်းလူမျိုး၊ ခရစ်ယာန်ဘာသာဝင် […]

အပြည့်အစုံဖတ်ရန်

စစ်မီးလံျှထဲက ရခိုင်ပြည်

August 7, 2019

မော်ကွန်းမဂ္ဂဇင်း အမှတ်စဉ် ၆၇ မှ CoverStory ဖြစ်ပါသည်။ သက်ဦးမွန် ရေးသည်။ မျောက်တောင် (ရခိုင်ပြည်နယ်) ဇူလိုင်-သြဂုတ်၊ ၂၀၁၉ ဝီစီသံအကျယ်ကြီးတစ်ချက် ကြားလိုက်ရပြီးနောက် ‘ရန်သူ … ရန်သူ’ ဆိုတဲ့အော်သံတွေကို မောင်စိုးစိုးမောင်ကြားလိုက်ရတယ်။ မကြာခင်မှာပဲကျည်ဆန်တွေဟာ သူတို့မောင်နှမနှစ်ယောက်ရှိတဲ့ တောင်ကုန်းပေါ်ကို မိုးသီးမိုးပေါက်တွေပမာ ကျလာပါတော့တယ်။ သူလည်းအချိန်မဆိုင်းတော့ဘဲ တောင်တက်လမ်းဘေးကခံျုတွေထဲ ညီမလေးရဲ့လက်ကိုဆွဲကာ ဝင်ပြေးတယ်။ ကျည်ဆန်တွေဟာ သူတို့မောင်နှမနှစ်ယောက်နံဘေးကနေ ပွတ်ကာသီကာ ဝီခနဲဝီခနဲဖြတ်သွားတယ်။ ပြေးနေရင်း ခြေလှမ်းသုံးဆယ်စာလောက်အရောက်မှာတော့ သူလက်ဆွဲထားတဲ့ညီမလေးဟာ ပျော့ခွေပြီးလဲကျသွားတယ်။ လဲကျသွားတဲ့ညီမလေးကို ခေါင်းကနေကိုင်ပြီးပွေ့ထူလိုက်တယ်။ ဒါပေမဲ့သူ့ညီမလေးဟာ  မတ်တတ်မရပ်နိုင်တော့ဘူး။ ”ညီမလေး …ညီမလေး”လို့ ခေါ်ကြည့်တယ်။ ပြန်ထူးသံထွက်မလာတော့ဘူး။ မျက်လုံးတွေက ပိတ်လုပိတ်ခင်မှေးပြီးစင်းကျနေပြီ။ ညီမကိုပွေ့ထားတဲ့လက်ကိုကြည့်လိုက်တဲ့အခါ သွေးတွေပေနေတာကို တွေ့လိုက်ရတယ်။ ကျည်ဆန်မှန်သွားပြီ။ လှုပ်ရှားမှုမရှိတော့တဲ့ညီမဖြစ်သူကို အိမ်ကိုပြန်သယ်ဖို့မဖြစ်နိုင်တာကြောင့် နောက်မှာချန်ထားခဲ့ပြီး ထွက်ပြေးဖို့ မောင်စိုးစိုးမောင် […]

အပြည့်အစုံဖတ်ရန်

IS အကြမ်းဖက်ရန် ကာကွယ်ဖို့ မြန်မာအသင့်ဖြစ်ပြီလား

July 3, 2019

၂ဝ၁၉၊ ဇွန်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၆)မှ  Cover Story  ဖြစ်ပါသည်။ ဗညားကျော်  ရေးသည်။   IS အကြမ်းဖက်ရန် ကာကွယ်ဖို့ မြန်မာအသင့်ဖြစ်ပြီလား ရန်ကုန် (ဇွန်၊ ၂ဝ၁၉) သီရိလင်္ကာနိုင်ငံမှာ ပြီးခဲ့တဲ့ ဧပြီတတိယပတ်က လူပေါင်း ၂၅ဝ ကျော် သေဆုံးပြီး ၅ဝဝ ဝန်းကျင် ဒဏ်ရာရရှိခဲ့တဲ့ အကြမ်းဖက်ဗုံးဖောက်ခွဲမှုတွေ အပြီးမှာ ဆီးရီးယားနဲ့အီရတ်မှာ ခြေကုပ်ယူထား တဲ့ အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့ ( Islamic State of Iraq and Syria- ISIS ) ဟာ ဗုဒ္ဓပုံတော်၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ ပုပ်ရဟန်း မင်းကြီး ဖရန်စစ်နဲ့ ဦးဝီရသူတို့ပုံတွေ ပါဝင်တဲ့ ပိုစတာနဲ့ အောင်ပွဲခံခဲ့ပါတယ်။ အဲဒီအကြမ်းဖက်မှုအပြီး လေးရက်အကြာမှာ […]

အပြည့်အစုံဖတ်ရန်

မူးယစ်ဥပဒေသစ် အလုပ်မဖြစ်သေး

June 6, 2019

၂ဝ၁၉၊ မေလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၅)မှ  Cover Story ဖြစ်ပါသည်။ မူးယစ်ဥပဒေသစ် အလုပ်မဖြစ်သေး ကျော်ဇေယျ ရေးသည်။ ရန်ကုန် (မေ၊ ၂ဝ၁၉) အပြာရင့်ရောင် အချုပ်ကားတစ်စီး ဗဟန်း မြို့နယ် တရားရုံးထဲ ထိုးဆိုက်လာတယ်။ အဲဒီ ကားပေါ်ကနေ အင်းစိန်ထောင်အချုပ်က ရုံးထုတ် လာတဲ့ လူတချို့ လက်ထိပ်တန်းလန်းနဲ့ အတွဲလိုက် ဆင်းလာကြတယ်။ သူတို့ကိုသံတိုင်တွေ၊ သစ်သားတိုင်တွေ၊ သံဆူးကြိုးတွေနဲ့ အထပ်ထပ် ကာရံထားပြီး လေးဖက်ထောက်ဝင်ရတဲ့ အပေါက်ပု လေးတွေသာ ရှိတဲ့ အချုပ်ခန်းတွေထဲ အမျိုးသား၊ အမျိုးသမီး သပ်သပ်စီ ခွဲထည့်ကာ ချုပ်ထားလိုက်ကြတယ်။ ဒီမြင်ကွင်းဟာ ဧပြီ ၁ဝ ရက်က မြင်ခဲ့ရတာဖြစ်ပြီး အဲဒီနေ့ အတွက် ရုံးထုတ်လာတာ စုစုပေါင်း ၃၃ ယောက်ဖြစ်ပါတယ်။ အမျိုးသား […]

အပြည့်အစုံဖတ်ရန်

အလွမ်းရုပ်ရှင်

September 12, 2018

၂ဝ၁၈၊ မေ-ဇူလိုင်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၆)မှ အက်ဆေး ဖြစ်ပါသည်။ မြတ်စုမွန်ရေးသည် ကျွန်မတို့မြို့လေးမှာ ရုပ်ရှင်ရုံ အဟောင်းကြီး နှစ်ရုံရှိတယ်။ ငယ်ငယ်တုန်းကတော့ ရုပ်ရှင်ပြတယ်။ ရန်ကုန်က ရုံကြီးတွေမှာ ပြပြီးလို့ လနဲ့ချီ ကြာတော့မှ အဲဒီဇာတ်ကားကို ကျွန်မတို့မြို့မှာ ကြည့်ကြရတယ်။ အဲဒီတုန်းကဆိုရင် ရန်ကုန်ရောက်ဖူးလို့၊ ရန်ကုန်မှာ ရုပ်ရှင် ကြည့်ဖူးသူတွေက ”အမယ်လေး၊ ဒီကားကို အရင်လတုန်းက ရန်ကုန်မှာ ငါကြည့်ပြီးသား”လို့ ပြောတဲ့လူကိုဆိုရင် အထင်တကြီး ငေးကြည့်ရဖူးတာ မှတ်မိသေးတယ်။ တယ်လီဗေးရှင်း(ရုပ်မြင်သံကြား) ရှားပါးတဲ့ခေတ် ဖြစ်တဲ့အပြင် ရပ်ကွက် ဗီဒီယိုရုံဆိုတာလည်း မပေါ်သေးတဲ့အချိန်ဆိုတော့ မြို့ကလူတွေ အတွက် ဖျော်ဖြေရေးက ဒီရုပ်ရှင်ရုံကြီး နှစ်ရုံပဲ ရှိတယ်။ မြို့သူမြို့သားတွေက ဟိုးတုန်းက ရုံပိုင်ရှင်တွေကို အစွဲပြု ပြီး ‘အထုံရုံ’လို့ခေါ်တဲ့ ‘ရတနာရုံ’နဲ့ ‘မဇော်ရုံ’လို့ခေါ်တဲ့ ‘သိန်း’ […]

အပြည့်အစုံဖတ်ရန်

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."