မြိုင်မြို့အဝင်က အာဏာသိမ်းစစ်တပ်ဂိတ်ကို ဒေသတော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်

မြိုင် – ၂၀၂၃ ‌ဇွန် ၂၁ (မော်ကွန်း)

မကွေးတိုင်း၊ မြိုင်မြို့အဝင် စစ်ဆေးရေးဂိတ်ကို ဒီနေ့မနက် ၁၁:၀၀ အချိန်ခန့်က RPG R7၊ လက်နက်ငယ်တွေနဲ့အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဒရုန်းနဲ့လည်း ဗုံးချတိုက်ခိုက်ခဲ့တယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီကသိရပါတယ်။

အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်တပ်ဘက်ကလည်းပြန်ပစ်တာကြောင့် တိုက်ပွဲ ၄၅ မိနစ်ခန့် ကြာမြင့်ခဲ့တယ်လို့ Earthquakes Peoples Defense Force ၊ သတင်းပြန်ကြားရေးတာဝန်ခံကိုပိန်ကပြောပါတယ်။

“ကျွန်တော်တို့ဘက်ကပစ်လိုက်တဲ့ RPG R7 က သူတို့ဘန်ကာတည့်တည့်ကိုကျတာ၊ လက်နက်ငယ်တွေနဲ့အနီးကပ်ပစ်တဲ့အချိိိန် ပြန်ခုခံမှာစိုးလို့ ဒရုန်းနဲ့ အီနာဂါချတာ”လို့ ကိုပိန်ကပြောပါတယ်။

မြိုင်မြို့အဝင်စစ်ဆေးရေးဂိတ်ထဲက ကတုတ်ကျင်းထဲကို ဒရုန်းနဲ့အီနာဂါဗုံးသီးလေးလုံးချတိုက်ခိုက်ခဲ့တယ်လို့ သူကပြောပါတယ်။

မြိုင်မြို့အဝင်စစ်ဆေးရေးဂိတ်မှာ အာဏာသိမ်းစစ်တပ်က ဘန်ကာတွေကို သုံးထပ်ခံထားတယ်လို့ပြောပါတယ်။

ဒီတိုက်ပွဲမှာ အာဏာသိမ်းစစ်တပ်ဘက်က နှစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရခဲ့ကာ တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကတော့ ထိခိုက်ကျဆုံးတာမရှိဘူးလို့ ကိုပိန်ကပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို မြိုင် ပ.က.ဖ တပ်ရင်း၂ – တပ်ခွဲ(၁)၊ တပ်ခွဲ(၃)၊ ရေစကြိုမြို့နယ် ပ.က.ဖ ၊Salingyi Special Task Force-SSTF နဲ့ Earthquake People’s Defence Forceတို့ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ မြိုင်ပ.က.ဖက သတင်းထုတ်ပြန်ထားပါတယ်။

ရုပ်သံဖိုင် – Earthquake People’s Defence Force
YouTube –
https://youtu.be/lototUBg4Ow


#Dailynews


"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."