ရုပ်သံသတင်း
သဇင်လတ်၊စည်သူ
ရန်ကုန် ၂၀၂၁၊ ဇန်နဝါရီ ၂၇ (မော်ကွန်း)
ကျန်းမာရေးဝန်ထမ်းတွေနဲ့စေတနာ့ဝန်ထမ်းတွေကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးနဲ့ သင်္ဃန်းကျွန်းကဧရာဝတီစင်တာမှာ COVID-19 ရောဂါကာကွယ်ဆေး ယနေ့စတင်ထိုးပေးနေပြီဖြစ်ပါတယ်။
ကာကွယ်ဆေးထိုးပြီး မူးဝေတာနဲကိုယ်လက္မအီမသာဖြစ်တဲ့လက္ခဏာတွေနဲ့ အခြားမမျှော်လင့်ထားတာတွေခံစားရနိုင်တာကြောင့် ဒီလိုလက္ခဏာတွေပြလာရင် ကုသပေးနိုင်ဖို့ ဆရာဝန်နဲ့ သူနာပြုတွေကိုသင်တန်းပေးပြီးပြင်ဆင်ထားတယ်လို့ တိုင်းကျန်းမာရေးဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါက်တာထွန်းမြင့်ဆိုပါတယ်။
“ကာကွယ်ဆေးထိုးမယ့်လူတွေမိနစ်သုံးဆယ်ကြာစောင့်ဆိုင်းနိုင်ရေး၊ လက္ခဏာတစ်ခုခုဖြစ်လာရင်လည်း ဂရုစိုက်နိုင်ဖို့ဆောင်ရွက်ထားပါတယ်။ ဘယ် symptom ပဲဖြစ်ဖြစ်ပါ။ ဒါတွေကတော့ဖြစ်လေ့ဖြစ်ထ တခြားကာကွယ်ဆေးတွေမှာလည်း ဖြစ်တတ်တာပဲ။ဒီ COVISHIELDကာကွယ်ဆေးကထူးခြားပြီးဖြစ် မယ့်ဥစ္စာမျိုးကကျွန်တော်တို့မှာမတွေ့ရသေးဘူး။ မမျှော်လင့်တာဖြစ်လာရင်လည်း မမျှော်လင့်တဲ့အခြေအနေကိုအကောင်းဆုံး care ပေးဖို့ပြင်ထားပါတယ်။”ဒေါက်တာထွန်းမြင့်
ရန်ကုန်ဆေးရုံကြီးမှာ ပထမဆုံးဆေးထိုးနှံသူဖြစ်တဲ့ဆေးရုံကြီးရဲ့သူနာပြုအုပ် ဒေါ်သက်သက်သိန်းကတော့ ဓာတ်မတည့်တဲ့ဘယ်လိုလက္ခဏာမျိုးမှမခံစားရသေးဘူးလို့ပြောပါတယ်။
“မူးလား၊ အလက်ဂျစ်ပေါ့ အလက်ဂျစ်ရှိလား မူးလာလား တစ်ခုခုပေါ့ ဘယ်လိုခံစားရလဲ တစ်ခုခုဖြစ်မှာစိုးလို့နာရီဝက်ကိုထိုင်ပြီးစောင့်ခိုင်းပါတယ်။ဘာမှမဖြစ်ပါဘူး။”ဒေါ်သက်သက်သိန်း
ဆေးထိုးနှံမှုအခြေအနေကို ရန်ကုန်တိုင်းဝန်ကြီးချုပ်ကလာရောက်ကြည့်ရှုခဲ့ပြီး သူေတွ့ရသလောက်တော့ ဆေးနဲ့မတည့်တဲ့ရောဂါလက္ခဏာခံစားရသူမရှိသေးဘူးလို့ဆိုပါတယ်။
“ဒီဆေးထိုးနှံပေးနေတာဟာ အခုကျွန်တော်မြင်ခဲ့သလောက်တော့ အားလုံးဟာဘာမှခံစားချက္မရှိဘူး။ကောင်းမွန်တဲ့အခြေအနေရှိပါတယ်။”ဦးဖြိုးမင်းသိန်း
ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ အယောက် ၂၀၀ နဲ့ ဧရာဝတီစင်တာမှာ ၁၀၀ ကို ဒီနေ့စထိုးပေးမှာဖြစ်ပြီး စုစုပေါင်း ကျန်းမာရေးဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်း နှစ်ေသာင်းခွဲေကျာ်ထိုးပေးဖို့စီစဉ်ထားတယ်လို့ ဒေါက်တာထွန်းမြင့် ကပြောပါတယ်။
ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ ကာကွယ်ဆေးထိုးပေးတာကို ဒီနေ့မှာ ကျန်းမာရေးဝန်ထမ်းတွေနဲ့စေတနာ့ဝန်ထမ်းေတွကစတင်တာဖြစ်ပြီး
ဇန်နဝါရီ ၂၉ ရက္မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ၃၀ ရက်နေ့မှာေတာ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေကိုထိုးပေးသွားမှာဖြစ်ပါတယ်။
ဇန်နဝါရီ ၂၂ ရက်ကအိန္ဒိယနိုင်ငံကလက်ဆောင်အဖြစ်ပို့ပေးခဲ့တဲ့ ကာကွယ်ဆေးတစ်သန်းခွဲကို စတင်ထိုးနှံပေးနေတာဖြစ်ပါတယ်။