မုံရွာမြို့ပေါ်တွင် ကွမ်းထွက်ဝယ်သည့်ရဲ ခုနစ်ဦးတိုက်ခိုက်ခံရ၊ စခန်းမှူးအပါအဝင်သုံးဦးသေဆုံး

မုံရွာ-၂၀၂၂ ဒီဇင်ဘာ ၂၆ (မော်ကွန်း)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ နန္ဒဝင်ရပ်ကွက်၊ သမစိတ္တလမ်းမှာ ဒီကနေ့မနက် ၇ နာရီဝန်းကျင်က ရဲခုနစ်ဦး တိုက်ခိုက်ခံရပြီး စခန်းမှူးအပါအဝင် သုံးဦး ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ Monywa Lightning PDF အဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ အမှတ် ၂ ရဲစခန်းက စခန်းမှူးအပါအဝင်ခွေးတွေက အဲဒီတိုင်းပဲ။ အဲဒီ့ဆိုင်မှာနေ့တိုင်းဝယ်နေကျ။ အဲဒါကိုသတင်းရထားလို့ကျွန်တော်တို့စောင့်နေတာအတော်ကြာပြီ။ ဒီနေ့မှအခွင့်သင့်လို့ ဝင်ပစ်ရတာပါခင်ဗျ။ စခန်းမှူးအပါအဝင် သုံးယောက်ကတော့ နေရာမှာတင် သေတယ်ခင်ဗျ။ ကျန်တဲ့နှစ်ယောက်ကတော့ သွေးအိုင်ထဲမှာလဲနေတယ်” လို့ Monywa Lightning PDF အဖွဲ့က တာဝန်ရှိသူကပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း(၇)- Monywa Lightning People Defence Force၊ Black Falcon မြို့ပြပျောက်ကြားအဖွဲ့နဲ့ မုံရွာမြို့နယ် ပ.လ.ဖအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံရဲတွေဘက်က တပ်ကူတွေရောက်ရှိလာတာကြောင့် လက်နက်မကောက်နိုင်ဘဲ အမြန်ဆုတ်ခွာခဲ့ရတယ်လို့ Monywa Lightning PDF ကသတင်းထုတ်ပြန်ထားပါတယ်။ အဲဒီတိုက်ခိုက်မှုမှာ မြို့ပြပြောက်ကျားအဖွဲ့က ရဲဘော်တစ်ဦး လည်ပင်းမှာကျည်ရှပ်ထိ(မစိုးရိမ်ရ) ဒဏ်ရာရခဲ့ပြီး လက်ရှိအချိန်မှာ ဆေးကုသမှုပေးထားတယ်လို့ သိရပါတယ်။
Video: monywa lightning pdf


#Dailynews


"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."