Home အင်တာဗျူး ရေအရင်းအမြစ်ဆိုင်ရာ ပညာရှင်များနှင့် တွေ့ဆုံခြင်း

ရေအရင်းအမြစ်ဆိုင်ရာ ပညာရှင်များနှင့် တွေ့ဆုံခြင်း

316
0
ဓာတ်ပုံ - လင်းမြတ်/မော်ကွန်းမဂ္ဂဇင်း
Advertise Here

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် ရေ အရင်းအမြစ် ချမ်းသာသော ထိပ်တန်းနိုင်ငံ တစ် နိုင်ငံ ဖြစ်ပါသည်။ သို့သော် ပွင့်လင်းရာသီတွင် မြန်မာနိုင်ငံနေရာတချို့ ၌ ရေရှားခြင်း၊ ရေမလုံ လောက်ခြင်းများ ဖြစ်ပေါ်လျက်ရှိပါသည်။ ထို ပြဿ      နာများသည် ‘ဘာကြောင့် ဖြစ်ပေါ်လာရပါ သလဲ၊ ပြဿ  နာများကို မည်သို့ဖြေရှင်းသင့်ပါသလဲ ‘ စသဖြင့် ရေအရင်းအမြစ်ဆိုင်ရာ ပညာရှင်တချို့ အား မော်ကွန်းက တွေ့ဆုံမေးမြန်းထားပါသည်။

မြန်မာနိုင်ငံ ဆည်မြောင်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ သည့် ရေအရင်းအမြစ်ပညာရှင် ဦးတင်မောင်၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဦးစီးဌာန အငြိမ်းစားညွှန်ကြားရေးမှူး ဦးခင်လတ်၊ ရေ အရင်းအမြစ်ဆိုင်ရာ အင်ဂျင်နီယာ ဦးချိုချိုတို့နှင့် မေးမြန်းချက်များကို ယခုလ မော်ကွန်းမဂ္ဂဇင်း အင်တာဗျူးကဏ္ဍအတွက် ကောက်နုတ်ဖော်ပြ လိုက်ပါသည်။

Advertise Here

မော်ကွန်း။  ။ မြန်မာနိုင်ငံမှာ ရေအရင်းအမြစ်တွေ ဘယ်လောက် ရှိနေပါသလဲ။ ရေရှားပါးမှုတွေ ဘာကြောင့် ဖြစ်နေတာပါလဲ။

ဦးတင်မောင်။  ။ ရေအရင်းအမြစ် (Water Resource) ချမ်းသာတာ မြန်မာပြည်က တော်တော်ကို ချမ်းသာပါတယ်။ ယှဉ်ပြရမယ် ဆိုရင် အာရှတိုက်တစ်ခုလုံးမှာ ရှိသမျှ ရေချိုအရင်းအမြစ်ရဲ့ ၁၂ ပုံတစ်ပုံက မြန်မာပြည်မှာ ရှိတယ်။ အာရှတိုက်ကြီးတစ်ခုလုံးနော်။ အရှေ့တောင်အာရှမှာဆိုရင် ၁၆ ရာခိုင်နှုန်း။ ခြောက်ပုံတစ်ပုံ လောက်ပေါ့။ အဲဒါ ရေချိုအရင်းအမြစ်တွေ ရှိနေတာ။

နောက်တစ်ခုက လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနက စစ်တမ်းထုတ်ထားတာအရဆိုရင် မြစ်ချောင်းများ စီးလာတဲ့ ရေအရင်းအမြစ်က ၁,ဝ၈၁ ကုဗကီလိုမီတာ ရှိတယ်။ ဒါက မြစ်တွေချောင်းတွေကနေ စီးလာတဲ့ဟာ။ မြေအောက်ရေ ကိုလည်း သူတို့တွက်ချက်ထားတယ်။ အဲဒါက ၄၉၅ ကုဗကီလို မီတာ ရှိတယ်။ ဒါလည်း ရေချိုတွေပဲ။

ဒါတွေကို ယှဉ်ပြီးတွက်ကြည့်လိုက်တဲ့အခါမှာတော့ လူ တစ်ဦးကို တစ်နေ့ ရေဂါလန်တစ်သောင်းလောက် သုံးနိုင်တယ်။ ဘာမှ ရေရှားစရာ မရှိဘူးပေါ့။ ဂါလန်တစ်သောင်းကျော် နေ့တိုင်း နေ့တိုင်း သုံးနေလို့ရတယ်။ လူတစ်ဦး တကယ်လိုတာက ရေ ဂါလန် ၇ဝ လောက်ပဲ ရှိတယ်။ ဒါပေမဲ့ သိတဲ့အတိုင်းပဲ၊ ရှားတဲ့ နေရာတွေက ဘယ်လောက်ရှားနေလဲ။ နွေဆိုလို့ရှိရင် သောက် စရာတောင် မရှိဘူး။ မြန်မာပြည်အလယ်ပိုင်း(မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး)တို့၊ တကယ့်ကို ရေသောက်ဖို့တောင် မနည်းရှာရတဲ့နေရာတွေ။

မြေအောက်ရေကို ပေ ၆ဝဝ၊ ပေ ၁,ဝဝဝ အထိ တူးရတယ်။ ရန်ကုန်နဲ့ မဝေးတဲ့ ခရမ်း၊ သုံးခွ၊ ကော့မှူးတို့မှာဆိုရင်လည်း ဧပြီဆိုရင် ရေမရှိတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က မြေ အောက်ရေလည်း မရဘူး။ ရေငန်တွေလည်း ပတ်ပတ်လည် ဝိုင်း နေတယ်။ ရေငန်ဝိုင်းနေတော့ မြေအောက်ရေကို သူတို့ မရနိုင် ဘူး။ ရေလှောင်ကန်နဲ့ သူတို့ သုံးရတယ်။ အခြားက လာမပို့ရင် သောက်စရာတောင် မရှိဘူး။ နိုင်ငံရဲ့အခြေအနေက ရေတွေ ပေါ တယ်။ ဒါပေမဲ့ Distribution System (ဖြန့်ချိတဲ့စနစ်)က မကောင်းတဲ့အတွက် Water Management (ရေကို စီမံခန့်ခွဲ)ဖို့ လိုအပ်နေတဲ့အတွက်ကြောင့် လူတွေက ဖောဖောသီသီ မသုံး နိုင်တာ။ အဲဒါလေးက လက်ရှိအခြေအနေ အမှန်ပဲပေါ့။

ဦးချိုချို။  ။ ကြားဖြတ်ပြီးတော့ ဆွေးနွေးပေးရမယ်ဆိုရင် မြန်မာ ပြည်က မုတ်သုံနဲ့ မိုးအဓိက ရွာတယ်။ မိုးတွင်းကာလ ရေပေါ တယ်။ မိုးလွန်တော့ ရေက မရတော့ဘူး။ ဒါက သဘာဝပထဝီ အနေအထားအရဆိုတော့ ပြောလို့မရဘူး။ ခုနက ပြောတဲ့ တစ် ယောက်ကို ဂါလန်တစ်သောင်းကျော် သုံးလို့ရတယ်ဆိုတာ တစ် နှစ်လုံးရတဲ့ မိုးကိုပါ တွက်ထားတာပေါ့။ ဒါပေမဲ့ အချိန်အခါ အလိုက် ပြောင်းလဲနေတာဆိုတော့ တကယ် မိုးမရွာတော့တဲ့အခါ ရေရှားသွားတယ်။ အဲဒီမိုးရေတွေကို သိုလှောင်ပြီး သုံးဖို့ကို Water Resource Management က အရေးကြီးတာ။

မော်ကွန်း။  ။ ရေကိုစီမံခန့်ခွဲတဲ့နေရာမှာ ဘယ်လိုအားနည်းချက် တွေ ရှိနေလို့လဲ။

ဦးတင်မောင်။  ။ အများကြီးပေါ့ဗျာ။ ဆိပ်ကမ်း၊ သုံးခွ၊ ကော့မှူး၊ ဒလတို့က ရေရှားနေစရာ အကြောင်းမရှိဘူး။ ဆောက်ပြီးသား ဆည်တွေ အများကြီးပဲ။ ရေတွေ လှောင်ထားတာ အများကြီးရှိ တယ်။ အဲဒါတွေက မိုင် ၅ဝ လောက်ပဲ ဝေးတယ်။ မိုင်တစ်ရာ တောင် မပြည့်ဘူး။ ပိုက်လိုင်းသွယ်လိုက်မယ်၊ ရေပေးမယ်ဆိုရင် ရတယ်။ ဒါပေမဲ့ မလုပ်နိုင်ဘူး။ လှောင်ပြီးသား ဆည်တွေကနေ Water Treatment (ရေသန့်စင်ပြီး) ပိုက်ပဲသွယ်ပြီး ယူရုံပဲ။ အဲဒီလို မလုပ်နိုင်တာတွေ အများကြီးပဲ။ ဥပမာ-ဧရာဝတီမြစ်ကြီး ဘေး မှာ ရှိနေတယ်။

ဧရာဝတီဆိုတာ ဘယ်တော့မှ မခန်းဘူး။ ရေတွေလည်း အများကြီး စီးနေတယ်။ ဒါပေမဲ့ အဲဒီမြစ်ကမ်းပေါ်မှာ ရေတွေ ငတ် နေတယ်။ ဟိုးတုန်းကဆို ပုဂံ၊ ညောင်ဦး ရေအရမ်းရှားတဲ့နေရာ တွေပဲ။ နောက်ပိုင်းကျမှ ဖွံ့ဖြိုးလာတာ။ ကျောက်ပန်းတောင်းတို့ ဆိုလည်း ရေနဲ့ ဘယ်လောက်မှ မဝေးဘူး။ ဒါတွေဟာ ဦးစားပေး လုပ်ရမယ့်အလုပ်တွေ ဖြစ်တယ်။ အမှန်ပြောရင် ရေမရှိရင် လူမရှိ ဘူး။ No Water, No People ။ ရေက ကျန်းမာရေးအတွက်လည်း အရေးကြီးတယ်။ အဲဒီရေကို ဦးစားပေးပြီးတော့ သောက်သုံးရေသန့်သန့်ပြန့်ပြန့်ရဖို့ ဦးစားပေးသင့်တာပဲ။ သုံးစွဲတာတွေ မှားနေ တာပေါ့။

ဦးခင်လတ်။  ။ ကျွန်တော် နည်းနည်း ဆက်ပြောချင်တယ်။ ရေ ပေါလျက်နဲ့ ရေငတ်နေတာပေါ့။ ဒီစီမံခန့်ခွဲမှုမတတ်တဲ့ လူတွေကို ပြောရမယ်ဆိုရင် မှားမှားယွင်းယွင်းလုပ်ထားတာတွေ အများ ကြီးပဲ။ အဲဒါမျိုးတွေကိုလည်း သတိထားရမယ်။ စီမံခန့်ခွဲတယ် ဆိုတာ ပညာရှင်တွေနဲ့ ခန့်ခွဲတာ။ ဒီလိုအဖြစ်မျိုးတွေ မဖြစ်အောင် အုပ်ချုပ်တဲ့လူတွေသည် ပညာရှင်နဲ့ ပူးပေါင်းလုပ်ရမယ်။ ရေမြင် တိုင်းလည်း လုပ်လို့မရဘူး။ ရေဆိုတာ စီးနေတယ်။ သွားနေလာ နေတယ်။ ကုဋေနဲ့ချီ စီမံကိန်းလုပ်ပြီးတော့ ကြိုပြီးစီမံချက်တွေ ချပြီး မလုပ်ရင် မရဘူး။ တော်တော်များများက လုပ်ထားတာရှိ တယ်။ လုပ်ထားပြီးတော့ အရေးပါတာ ရှိတယ်၊ လုပ်ပြီးတော့ အသုံးမကျတာလည်း ရှိတယ်။

မော်ကွန်း။  ။ ခုနက ပြောတဲ့အတိုင်းဆိုရင် အစိုးရဘက်က ပညာ ရှင်တွေနဲ့ ပူးပေါင်းဖို့ အားနည်းနေတာလား။

ဦးတင်မောင်။  ။ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင်တော့ ပညာ ရှင်တွေနဲ့ပူးပေါင်းတာ အားနည်းတယ်။ ဒီနေ့ ဒီအချိန်အထိ ပညာရှင်တွေ ပြောတာကို နားမထောင်ကြဘူး။ မလိုက်နာဘူး၊ မလုပ်ဘူး။ Coorporation မကောင်းဘူးပေါ့။ လက်တွဲမလုပ်ဘူး။ ပညာရှင်တွေကို တစ်ခါတလေကျရင် ခေါ်မေးတယ်၊ မေးပြီးတော့ လုပ်ချင်တာ လုပ်တယ်။

သူတို့အကျိုးအမြတ်မရှိရင် မလုပ်ချင်တာလည်း ပါတယ်။ ရေမရတဲ့လူတွေ ရေရအောင် လုပ်ပေးဖို့ ဒေါ်လာသန်း ဘယ် လောက်ကုန်မှာလဲ။ ဘီလီယံပေါင်း ငါးရာ၊ ခြောက်ရာမက ဘာမှ အသုံးမကျဘဲ ဆောက်လိုက်တဲ့ အဆောက်အအုံတွေ အများကြီး ရှိတယ်။ အဲဒီငွေကိုသာ ဒီဘက်(ရေရဖို့)လုပ်ပေးလိုက်ရင် သန်း ပေါင်း၊ သိန်းပေါင်းများစွာသော လူတွေ ရေသောက်ရမယ်။

ဘာမှအကျိုးမရှိဘဲနဲ့ ပကာသနကြောင့် လုပ်တာလည်း ဖြစ်မယ်။ နိုင်ငံရေးအရလုပ်တာလည်း ဖြစ်မယ်။ အဲဒီလိုလုပ်လိုက် တာဟာ ပိုက်ဆံကို လွဲမှားစွာ အသုံးချလိုက်တာပဲ။ ပြီးတော့ ပညာရှင်တွေကို ပြောပေမယ့် ”ဒါတွေဟာ အရေးမကြီးပါဘူး ကွာ”ဆိုတာတွေပေါ့။ နောက်တစ်ခု သတိပေးပြီး ပြောချင်တာက ”ရွှေကို မလိုချင်၊ ရေကိုသာ လိုချင်တယ်”ဆိုတဲ့ လူတွေ အများ ကြီးပဲ။ ရေက လူရဲ့ အသက်အတွက် တကယ်အရေးကြီးတယ်။

အဲဒီတော့ လုပ်နည်းတွေ ရှိသေးတယ်။ တခြားနည်းတွေ ရှိ သေးတယ်။ နည်းလမ်းတစ်ခုပြောကြည့်မယ်။ BOT(Build-Operate-Transfer)။ Private ကုမ္ပဏီတစ်ခု လာလုပ်ခိုင်း။ ပိုက်လိုင်းသွယ်၊ ရေကို Treatment လုပ်။ လူ သောက်သုံးနိုင် မယ့်အထိ လုပ်ပါ။ ဒလပေးမယ်၊ သုံးခွပေးမယ်၊ တွံတေးပေးမယ်။ အဲဒီမှာ Water Meter (ရေမီတာ)နဲ့ ကောက်လို့ရတဲ့နည်းရှိတယ်။ ရေပြန်ရောင်းတာပေါ့။

အစိုးရက တစ်ပြားမှ ထုတ်ပေးစရာမလိုဘူး။ မီတာနဲ့ ကောက်ပြီး အမြတ်ကို ယူသွား။ အဲဒီနည်းလည်း ရှိသေးတယ်။ ဒီ ဟာလည်း သူတို့(အစိုးရက)မလုပ်ဘူး။ အဲဒီနည်းလည်း သူတို့ မသုံးဘူး။ ကြံဆရမယ့် နည်းတွေ အများကြီး ရှိတယ်။ ရှိလည်း မတွေးကြဘူး။ ဘာလို့လည်း မသိဘူး။ ပြောလည်း မရပါဘူး။ ရေး လည်းရေးတယ်။ အန်ကယ်တို့ ဆောင်းပါးတွေလည်း ရေးပါ တယ်။ ဒါပေမဲ့ မဖြစ်လာပါဘူး။ ဂရုမစိုက်ကြပါဘူး။ ဒါကို သိပ် အရေးကြီးတယ်လို့ မထင်ကြပါဘူး။

သူတို့တော်တော်များများက ရေပိုက်ဖွင့်ရင် အိမ်တိုင်းမှာ ရေရနေတယ်။ အဲဒါက ပြဿ      နာ။ လူထုအပေါ်မှာ စေတနာရှိရ မယ်၊ သွားကြည့်ရမယ်။ သူတို့ လူထုစကားကို တကယ်နား မထောင်ဘူးနော်။ လူထုက ရေတစ်ပေါက်အတွက် ဘယ်လောက် ဒုက္ခဖြစ်နေလဲ သူတို့ သွားမကြည့်ဘူးနော်။ တကယ်တော့ ကိုယ် ချင်းစာတရားလေးပေါ့။ သူတို့ဘယ်လောက် ခက်ခဲနေလဲ။ ကိုယ် ကတော့ ကောင်းနေတယ်၊ တိုက်ခန်းမှာ ပိုက်ဖွင့်ပြီး သုံးနေလို့ ရတယ်။

မော်ကွန်း။  ။ လူထုစကားကို နားမထောင်ဘူးလို့ ဘယ်သူ့ကို ရည်ညွှန်းချင်တာလဲ ခင်ဗျား။

ဦးတင်မောင်။  ။ အဓိက ဒီရေရဖို့ လုပ်နိုင်ကိုင်နိုင်မယ့် လူတွေကို ပေါ့။ လုပ်ပိုင်ခွင့်ရှိနေတဲ့ လူတွေကို ပြောတာ။

Photo: Lynn Myat                                                ဦးချို ချို

ဦးချိုချို။  ။ လုပ်ပိုင်ခွင့်ရှိတဲ့လူတွေက ပညာရှင်တွေ ပြောတိုင်း လုပ်ရမှာမဟုတ်ဘူး။ စိစစ်နိုင်တယ်၊ သုံးသပ်နိုင်တယ်။ Decision ခေါ်တာပေါ့။ ပညာရှင်တွေက ဆန္ဒရှိရင် ပြောနိုင်တာပဲ ရှိတယ်။ လုပ်ပါလို့ မပြောနိုင်ဘူး။ ပြောတဲ့လူတွေကလည်း ပြော တယ်၊ ဒါပေမဲ့ နားလည်းမထောင်တော့ ပြောတဲ့လူတွေကလည်း စိတ်မောလူမောဖြစ်ရတာပေါ့။ ဆက်မပြောချင်တော့ဘူး။

မော်ကွန်း။  ။ ပြီးခဲ့တဲ့ ဆယ်နှစ်အတွင်းမှာ ရေရှားတဲ့ပြဿ      နာ တွေက ကြီးထွားလာသလား၊ နည်းသွားသလား။

ဦးတင်မောင်။  ။ ပိုများလာတယ်လို့ ပြောနိုင်တယ်။ ဘာကြောင့်လဲ ဆိုတော့ သူ့ရဲ့Reason (ရေရှားရတဲ့ အကြောင်းအရင်းတွေ)လည်း ပြောင်းလာတယ်။ လူဦးရေများလာတယ်။ နောက်ပြီး မြို့ပြလူဦးရေလည်း တိုးလာတယ်။ သိသိသာသာတိုးလာတယ်။ တောတွေမှာ လုပ်ကိုင်စရာနည်းလာတော့ မြို့ကို တက်လာကြ တယ်။ ဟိုနားဝင်လုပ်လိုက် ဒီနားဝင်လုပ်လိုက်။

ကျူးကျော်တဲတွေဆိုလည်း အများကြီးပဲ။ အဲဒါတွေက လည်း မြို့ပြလူဦးရေတိုးလာတာ။ အဲဒီမှာ ရေက ပိုရှားလာတာ။ ရေကိုယ်၌ကလည်း တဖြည်းဖြည်း လျော့နည်းလာတယ်။ ရေဆို တာ ဗမာပြည်အနေနဲ့ ပေါတယ်လို့ ပြောပေမယ့် တကယ်သန့်တဲ့ ရေက ဒီလောက်ထိ ပေါတာမဟုတ်ဘူး။ ရေဆိုတာ Manage လုပ်တတ်မှ၊ အသုံးချတတ်မှ။ အဓိကတော့ လူတွေများလာ တယ်။ ရေကလည်း လျော့လာတယ်။ ဆုံးရှုံးမှုတွေ များလာတယ်။ Global Warming ဖြစ်လာတော့ နေပိုပူလာပြီး ရေအငွေ့ပျံတာ ပိုဖြစ်လာတယ်။

ဦးချိုချို။  ။ နောက်တစ်ခု သတိထားရမှာက Climate Change (ရာသီဥတုပြောင်းလဲမှု) ဖြစ်လာတယ်။ အကျိုးဆက်အဖြစ် မုန် တိုင်းတွေ ဖြစ်တယ်။ ရေ တွေကြီးတယ်၊ ရေတွေရှားတယ်ဆိုတာ အများကြီး ဖြစ်လာနိုင်တယ်။ ရာသီဥတုကလည်း ပုံမှန်အတိုင်း မဟုတ်တော့ဘူး။ အဲဒါလည်း အချက်တစ်ချက်ပဲ။ ပြီးတော့ ခါတိုင်းထက်ပိုပြီး မိုးခေါင်ရင် လည်း ခေါင်သွားမယ်။ အခုဆိုရင် မိုးလေဝသပညာရှင်တွေက ပြောနေကြပြီ။ မုတ်သုံရာသီက ရက် လေးဆယ်လောက် တိုသွားတယ်။ ဒါက သဘာဝ။ သဘာဝဆိုတာ လူတွေကြောင့် ဖြစ်လာတာ။

လူတွေက ရေကို မထိန်းသိမ်းတတ်ဘူး။ မထိန်းသိမ်းတတ် ဘဲ လူတွေက ရေထဲကို စွန့်ပစ်ပစ္စည်းတွေ ချမယ်။ စက်ရုံတွေက လည်း သူတို့ရဲ့ စွန့်ပစ်ရေတွေကို မသန့်စင်ဘဲ ရေထဲကိုချမယ်။ သုံးလို့ရတဲ့ ရေတွေတောင် သုံးလို့မရဘူး ဖြစ်သွားတယ်။ တစ်ဖက်က လူတွေတိုးလာလို့ ရေလိုအပ်ချက်တွေ တိုးလာတဲ့အချိန် မှာ နဂိုရှိပြီးသား အရင်းအမြစ်တွေက လျော့ပြီးတော့ ပျောက် ကုန်တယ်။ နောက်တစ်ခု ဒီမှာ ဆက်ပြောရမှာ မြေအောက်ရေ။ လူတွေက မြေအောက်ရေကို အလိုအလျောက် မြေကြီးထဲက အမြဲတမ်းထွက်နေတယ်လို့ လူတွေရော၊ အာဏာပိုင်တွေရော မသိနားမလည်တဲ့ လူတွေရှိတယ်။

တကယ့်တကယ် မြေအောက်ရေဆိုတာ မြေကြီးထဲက အလိုအလျောက်ထွက်လာတာ မဟုတ်ဘူး။ မိုးရေတွေက မြေ ကြီးထဲဝင်ပြီး မြေအောက်က ရေအောင်းလွှာထဲမှာ စုနေပြီးမှ ထုတ်သုံးရတာ။ မြေအောက်ရေက ဘယ်နေရာမှာ သုံးရလဲဆို တော့ မိုးခေါင်တဲ့အခါ မြေအောက်ရေကို ထုတ်သုံးရတယ်။ သို့ သော် မိုးရွာတဲ့အခါ မြေအောက်ရေကို တင်းတင်းမပြည့်နိုင်တဲ့ အခြေအနေမျိုးမှာ မြေအောက်ရေပါ ရှားသွားရော။

အခုပေတစ်ရာတူးရရင် နောက် ပေနှစ်ရာ တူးလာရတယ်။ မြေအောက်ရေရခြင်းဟာ မိုးပေါ်ကနေ ရေပြန်ဖြည့်ပေးလို့ မြေ အောက်ရေရတာ။ မိုးရေကနေ Recharge ခေါ်တာပေါ့၊ မိုးရေက နေပြန်ဖြည့်ပေးတာကို မြေထဲကို ရေစိမ့်ဝင်မှ မြေအောက်ရေက နဂိုအတိုင်းပြန်ပြည့်တာပါ။ မြို့တွေမှာဆိုလို့ရှိရင် တိုက်တွေ ဆောက်ကြတယ်။ ကတ္တရာလမ်းတွေ ခင်းကြတယ်၊ ကွန်ကရစ် လမ်းတွေ ခင်းကြတယ်။ မိုးလည်းရွာရော မိုးရေက မြေအောက်ကို ပြန်ဝင်ဖို့ နေရာမရှိတော့ဘူး။ မရှိတော့ ရေအကုန်လုံးက ချောင်း တွေ၊ မြစ်တွေကနေတစ်ဆင့် ပင်လယ်ထဲအထိ ရောက်သွားတယ်။ မြေအောက်ရေက မရလိုက်တော့ဘူး။

နောက်တစ်ခုက ကွန်ကရစ်လမ်းတွေတော့ မရှိဘူး၊ ဒါပေမဲ့ အခု သစ်ပင်၊ သစ်တောတွေ ပြုန်းတယ်။ သစ်ပင်၊ သစ်တောက လုံးဝ အဓိကကျတယ်။ သစ်ပင်တွေရှိရင် အပေါ်က မိုးရွာလာတဲ့ အခါ သစ်ပင်တွေက ကြားထဲကနေ ကာဆီးထားပြီး မြေထဲကို စိမ့် ဝင်လေ့ရှိတယ်။ သစ်ပင်တွေပြုန်းရော၊ မိုးလည်းရွာရော ချောင်း ထဲ၊ မြောင်းထဲ တန်းရောက်သွားတယ်။ မြေကြီးထဲစိမ့်ဖို့ အချိန် မရှိတော့ဘူး။ မြေကြီးထဲကို ပြန်ရောက်ရမယ့် မြေအောက်ရေက မရလိုက်ဘူး။

မြေအောက်ရေက ခန်းသထက် ခန်းသထက်ခန်းနဲ့ နိမ့်လာ တယ်။ အဲဒါကြောင့် သစ်ပင်၊ သစ်တောတွေ မရှိတာကလည်း လုံးဝ အခရာကျပါတယ်။ သစ်ပင်၊ သစ်တောမရှိခြင်းဟာ ခါတိုင်း မိုး ၁ဝဝ ရွာရင် ချောင်းတွေ၊ မြောင်းတွေထဲကို အချိန်ပိုင်းအတွင်း ရောက်လာတဲ့ရေက ငါးဆယ်ရာခိုင်နှုန်းပဲ ရှိတယ်ဆိုပါတော့။ အဲဒီအခါကျတော့ မြေအောက်ရေလည်း ပြည့်တယ်။

အခုကျ အဲဒီလို မဟုတ်တော့ဘူး။ မြေအောက်ရေလည်း ပြန်မဖြည့်နိုင်တော့ မြေအောက်ရေလည်း ရှားတဲ့အနေအထား ရောက်သွားတယ်။ သစ်ပင်၊ သစ်တောတွေမရှိတော့ ရေတိုက်စား ခံရပြီး ချောင်းတွေ၊ မြောင်းတွေကို ပို့သွားတယ်။

ရှမ်းပြည်မှာဆိုလို့ရှိရင် တချို့ ရေထွက်တွေကနေ ရေထွက် နေတယ်။ ကျောက်ကြိုကျောက်ကြားတွေကနေ စိမ့်ထွက်လာတဲ့ ရေတွေက ချောင်းတွေဆီကို ပြန်စီးတယ်။ အခု ရှမ်းပြည်နယ်နဲ့ တနင်္သာရီတိုင်းတွေက တချို့နေရာတွေမှာ နှစ်ပေါက်စီးတဲ့ ချောင်းတွေက နှစ်ပေါက်မစီးတော့တဲ့ ဘဝကို ရောက်သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့  မြေအောက်လည်း မရှိလို့ မြေအောက်ရေ ကနေ ပြန်ဖြည့်ဖို့ ဖြည့်စရာရေ မိုးတွင်းမှာ မရလိုက်တော့ သစ်ပင် တွေမရှိလို့ မစုပ်ထားနိုင်တော့ဘူး။

တကယ့်တကယ် ချင်းတွင်းမြစ်မှာဆိုရင်လည်း မြေအောက် မှာ ရေအောင်းလွှာရှိတယ်။ အခု ရေအောင်းလွှာတွေမှာ ရေ မဖြည့်ပေးနိုင်တော့ ချင်းတွင်းမြစ်က နွေအခါမှာ ရေခန်းရော။ အဲဒါမျိုးတွေက တစ်ပြည်လုံးမှာ သာဓကတွေ ရှိပါတယ်။

မော်ကွန်း။ ။ နောက်တစ်ခုက ရေကောင်းရေသန့်ရရှိရေးပေါ့။ မြို့ပြမှာဆိုရင် လူဦးရေ ၁ဝ ရာခိုင်နှုန်းလောက်က ရေသန့်ဘူး တွေကို ဝယ်သောက်နေကြတယ်။ အစိုးရဖြန့်တဲ့ရေက မသန့်လို့လား။

ဦးချိုချို။  ။ အခုက စိတ်ချရတယ်ဆိုပြီး ရေသန့်ဘူးကို လူတွေ ကျန်းမာရေးအတွက် ပိုအားကိုးလာကြတယ်။ တကယ်လို့သာ ဘုံ ပိုင်ခေါင်းကရတဲ့ ရေက သန့်တယ်ဆိုရင် ဘယ်သူက ပိုက်ဆံကုန် ခံပြီး ရေသန့်ဘူးတွေကို သုံးမှာတုံး။ သို့သော် ဘုံပိုင်ခေါင်းက လာတဲ့ ရေကို သန့်တယ်လို့ အာမခံမယ့်လူ ဗမာပြည်မှာ မရှိသေးဘူး။ အနောက်နိုင်ငံတွေမှာ ရေဘုံပိုင်ခေါင်းတွေက ကျလာ တဲ့ရေတွေကို ခွက်နဲ့ခံပြီး သောက်လို့ရတယ်။

အဲဒါကို သက်ဆိုင်ရာက တာဝန်ယူပြီး လုပ်ပေးထားတယ်။ ဒီမှာက ရေပိုက်တွေက ပေါက်တဲ့နေရာ ပေါက်တယ်။ အပြင်ကနေ မိလ္လာတွေရော၊ အပြင်ကရေတွေရော ဝင်နေတော့ ဘုံပိုင်ခေါင်း ကလာတဲ့ ရေက သန့်တယ်လို့ ဘယ်သူမှ တာဝန်မခံဘူး။ လူတွေ က ကိုယ့်ကျန်းမာရေးအတွက် ရေသန့်ဘူးကို အားကိုးရတဲ့ အနေ အထားပေါ့။ တကယ်လို့ ရေပိုက်က ရေက သန့်တယ်ဆိုရင် ဘယ် သူက ပိုက်ဆံကုန်ခံပြီး သောက်မလဲ။ ရေသန့်ဘူး(တစ်လီတာဘူး)က အခုဆိုရင် တစ်ရာကနေ နှစ်ရာ၊ နှစ်ရာကနေ သုံးရာဖြစ်လာပြီ။

ဦးတင်မောင်။  ။ အမေရိကမှာဆိုရင် ဒါတွေအတွက်FDA က တာဝန်ခံတယ်။ သန့်စင်တဲ့ရေ ရရှိဖို့အတွက်ပေါ့။ ရေသောက် လည်း ဒီပိုက်ကပဲ၊ မျက်နှာသစ်လည်း ဒါပဲ၊ လက်ဆေးလည်း ဒီရေ ကပဲ။ အရှေ့တောင်အာရှမှာဆိုရင်လည်း တချို့လေဆိပ်တွေမှာ Tap (ရေပိုက်ခေါင်း)တွေပေးထားတယ်။ အကုန်လုံးအာမခံထား တယ်။ သူတို့မှာ ရေသန့်ဘူးမလိုဘူး။

Photo: Than Htike                                              မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်အတွင်း သောက်သုံးရေခပ်ယူနေသည့် ရွာသူတစ်ဦး

မော်ကွန်း။  ။ အခုအနေအထားနဲ့ ပိုက်ကနေ တန်းဖွင့်သောက်ဖို့ မဖြစ်နိုင်ဘူးပေါ့။

ဦးချိုချို။  ။ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အခုဆိုရင် ဂျိုးဖြူတို့ကနေ ပေးနေတယ်။ ကျောင်းသားဘဝတုန်းက သွားလေ့လာဖူးတယ်။ မိုးပေါ်က ကျလာတဲ့ရေက သန့်တယ်။ Water Treatment လို့ ခေါ်တဲ့ ရေသန့်စင်တာတွေ လုပ်ပြီး ရေလွှတ်တယ်။ ဒါပေမဲ့ လမ်း ကြောင်းတစ်လျှောက်လာတဲ့အခါမှာ ပိုက်တွေက ပေါက်နေ တယ်။ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိတာ၊ မရှိတာ မပြောနဲ့တော့။ ရေသယ်လာတဲ့လမ်းတစ်လျှောက်လည်း ပိုက်တွေက ဟောင်းပြီး ကျိုးနေတယ်ဆိုပါတော့၊ အိမ်သာသုံးတဲ့နေရာနားက ဖြတ်သွား ရင် အဲဒီက ရေတွေ ဝင်မှာပေါ့။ ဘယ်သူက သောက်ရဲမှာလဲ။အဲဒီ ရေကို အာမခံမယ့်လူရှိရင် ရေသန့်ဘူးယဉ်ကျေးမှုထွန်းကားလာစရာအကြောင်း မရှိဘူး။ သူများနိုင်ငံတွေမှာ ဒီလိုရေသန့်ဘူးတွေ အများကြီးသောက်နေတာ သတိတောင် မထားမိဘူး။

ဦးတင်မောင်။  ။ အဲဒါနဲ့ ဆက်စပ်ပြီးတော့ ၁၈၉ဝ လောက်က ရေ က ဒီဂျိုးဖြူက ပေးတယ်။ လူဦးရေလည်း တစ်သန်းတောင် မပြည့် သေးဘူး။ ဒါပေမဲ့ အဲဒီတုန်းက ဘယ်လောက် Plan ကောင်းလဲ ဆိုတော့ လူဦးရေသုံးသန်းလောက် ဖြစ်လာတဲ့အချိန်အထိ ဂျိုး ဖြူတစ်ခုတည်း ပေးနေတုန်း။ ဂျိုးဖြူက ရန်ကုန်နဲ့ မိုင်လေးဆယ် လောက် ဝေးတယ်။ အဲဒါတောင် ပေးနိုင်တယ်၊ အင်္ဂလိပ်က လုပ် ပေးခဲ့တာ။ ဒီနှစ်ပေါင်းလေး၊ ငါးဆယ်အတွင်းမှာ ဘာမှ မစဉ်း မစားနဲ့ ပစ်ထားလိုက်တာ။

ဦးခင်လတ်။  ။ ရေနဲ့ပတ်သက်လာရင် စည်ပင်သာယာမှာလည်း ဥပဒေရှိပြီးသား။ ဘယ်ရေက ဘယ်ထဲမလာရဘူးဆိုတာ နည်း စနစ်တွေ ရှိပြီးသား။ ဒါပေမဲ့ အဲဒီဥပဒေနဲ့ နည်းစနစ်တွေကို လျစ် လျူရှုထားတဲ့ အခြေအနေတွေကြောင့် အကုန်လုံးက ရှားပါးသွား တာ။ ရန်ကုန်စည်ပင်သာယာသွားမေးကြည့်ရင် သူတို့ Source (ရင်းမြစ်)ကနေ လွှတ်ပေးလိုက်တဲ့ရေက ပိုက်ဆံပြန်ရတဲ့ ငွေ (Revenue)က ၃၅ နဲ့ ၄ဝ ရာခိုင်နှုန်းလောက်ပဲ ရတယ်။ ဆုံးသွားတဲ့ရေက ၆ဝ၊ ၇ဝ ရာခိုင်နှုန်းလောက် ရှိတယ်။ အဲဒီတော့ ပိုက်ဆံမရတော့ Development ထပ်မလုပ်နိုင်တော့ဘူးပေါ့။

မော်ကွန်း။  ။ သုံးတဲ့လူတွေကရော ဘယ်လိုသုံးသင့်လဲ။

ဦးချိုချို။  ။ သုံးတဲ့လူကလည်း ထိထိရောက်ရောက်သုံးဖို့ အရေး ကြီးတယ်။ သုံးစွဲသူဘက်က စနစ်ကျဖို့လည်း လိုတယ်။ ပိုက် ခေါင်းကြီးကို ရေဒလဟောဖွင့်ပြီး ဒီအတိုင်းထားတာတို့၊ ကား ရေဆေးတာတို့၊  တစ်ယောက်ကို ရေတစ်စည်ပိုင်းလောက် ချိုး တာတို့၊ ရေကို လိုအပ်တာထက်ပိုပြီး သုံးတာတွေ ရှိတယ်။ ဒါ တွေကို ပြန်ထိန်းသိမ်းရ မှာ။ အဲဒါတွေကလည်း ပြောနေလို့ မရ ပြန်ဘူး။ အဲဒါတွေက Pricing လုပ်ရမှာ။ အရင်တုန်းက ရေဖိုး တစ်ဆယ်ဆိုရင် ဘယ် လောက်သုံးသုံး တစ်ဆယ်ပဲ။ Water Meter နဲ့ ကောက်လိုက်ရင် ပိုက်ဆံထိလိုက်ရင် လူတွေက ချွေ တာပြီပေါ့။ အဲဒါတွေလည်း တစ်ဖက်က လုပ်ရမယ်။

ဦးတင်မောင်။  ။ အခြားနိုင်ငံတွေမှာ ဒီအလုပ်တွေက ပုဂ္ဂလိကကို ပေးတယ်။ ဒီမှာက (အစိုးရက)အကုန်လုံး လျှောက်လုပ်တယ်။ ပြီးတော့လည်း ဘာတစ်ခုမှ မနိုင်ဘူး။ အဂတိတွေလိုက်သေး တယ်။ စနစ်ပေါ့။ ရှင်းရှင်းပြောရရင် အစိုးရသည် အဲဒီလို မှားယွင်း တဲ့စနစ်တွေ ကျင့်သုံးနေတယ်။ လျှပ်စစ်လည်း အတူတူပဲ၊ ရေ လည်း အတူတူပဲ။ အဖြေသည် Privatization ပဲ။ တိုးတက်တဲ့ နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ ဒီအတိုင်းပဲ လုပ်တယ်။ ဗမာပြည်တစ်ခုပဲ ဘာလို့ ဒီလိုလုပ်နေရလဲ အန်ကယ်လည်း မသိဘူး။ ဘာလုပ်လုပ် ကိုယ့်ဟာကိုယ်လုပ်ချင်တယ်၊ အဲဒီထဲကနေ နှိုက်စားချင်တယ်။ လုပ်ငန်းတွေ၊ လုပ်ငန်းတွေတိုင်းမှာ ဒီလိုပဲ လိုက်စွက်ဖက်နေတာ။ အခုက မီတာခကောက်လည်း ကိုယ်ပဲ။

မော်ကွန်း။  ။ အရင်အစိုးရအဆက်ဆက်ကရော ဒီ ရေပြဿ      နာကို ဘယ်လို သဘောထားခဲ့ကြလဲ။

ဦးချိုချို။  ။ အခုကျတော့ လူဦးရေက သန်းငါးဆယ်ကျော်ရှိလာပြီ။ ဒါပေမဲ့ ဟိုတုန်းကတည်းက အုပ်ချုပ်တဲ့လူတွေ အကုန်လုံးက အဲဒါကို ထည့်တွက်ခဲ့ရဲ့လား။ လူဦးရေများလာရင် ရေဘယ်လို တူးမယ်၊ ရေဘယ်လိုဖြန့်မယ်ဆိုတာ စဉ်းစားခဲ့ကြရဲ့လား။ အာဏာ ပိုင်တွေက ရှေ့ကျရင် ဒါတွေဖြစ်လာမှာကို တွက်ထားတာ အား နည်းခဲ့တယ်။ အခု ကိုယ်နဲ့ လက်သင့်ရာအလုပ်တွေ လုပ်တော့ လူထုအတွက် ရှည်ရှည်ဝေးဝေး ထည့်တွက်ခဲ့တာ လုံးဝအားနည်း ခဲ့တယ်။

ဦးတင်မောင်။  ။ (ရန်ကုန်မှာ) လူဦးရေက အခုခြောက်သန်း ရှိတယ်။ တစ်ချိန် ဆယ်သန်းဖြစ်လာမယ်၊ မယုံရင် ကြည့်နေ။ မနီလာတို့၊ ဘန်ကောက်တို့ဆိုရင် အခု ဆယ်သန်းကျော်နေပြီ။ လူဦးရေတိုးလာတဲ့ အချိန်လည်း ဒီရေ ဒီရေပဲဆိုလို့ ဘယ်ရတော့ မလဲ။ အဲဒီ Plan တွေကို အစိုးရ လုပ်။ ဆိုလိုတာက ကန်စွန်းရွက် လိုက်မရောင်းနဲ့ကွာ။ ငါးသလဲထိုး လိုက်မရောင်းနဲ့ကွာ။ ဒိုင်ကနေ ဖြန့်ပေးလိုက်။

မော်ကွန်း။  ။ အစိုးရက ပုဂ္ဂလိကချပေးမယ်ဆိုရင်ရော လုပ်ငန်း ရှင်တွေ ရှိနေလား။

ဦးတင်မောင်။  ။ တင်ဒါခေါ်လိုက်ရုံပဲ။ လုပ်မယ့်လူတွေ ပြည့်လို့။

Photo: Lynn Myat                                                             ဦးခင်လတ်

ဦးခင်လတ်။  ။ အဲဒီလိုလည်း ရတယ်။ ဘယ်လောက်ကျယ်မှ ဘယ် လောက်အုပ်စုရှိနေမှ မဟုတ်ဘူး။ ရပ်ကွက်လိုက်၊ နယ်ပယ်လိုက် ရပ်ကွက်ထဲမှာ တစ်ယောက်ယောက်က ဦးဆောင်လုပ်မယ်ဆို လို့ရှိရင် ရပ်ကွက်ကို ရေမပြုန်းရအောင်လည်း သူထိန်းမယ်။ အဲဒီ လို တစ်ဦးတစ်ယောက်က စံပြပြထားပြီဆိုရင် ကူးစက်သွားတာပဲ။ ဆွီဒင်တို့၊ ဒိန်းမတ်တို့ဆို ဒီစနစ်နဲ့ လုပ်တာပဲ။ ပုဂ္ဂလိက ချပေး တယ်ဆိုတဲ့နေရာမှာ ပိုက်ဆံရှာတဲ့ကုမ္ပဏီတွေတင်မဟုတ်ဘဲနဲ့ ရပ်ကွက်အလိုက်၊ Community အလိုက်လည်း ယူလို့ရတယ်။ ကုမ္ပဏီဆီက တစ်ဆင့်ယူရင်လည်း ရတယ်။

မော်ကွန်း။  ။ နိုင်ငံတစ်နိုင်ငံမှာ ရေရှားတယ်၊ မရှားဘူးဆိုတာ ဘယ်လိုတွက်ချက်ပါသလဲ။

ဦးချိုချို။  ။ တစ်နိုင်ငံလုံးမှာ ရှိတဲ့ရေတွေကို တစ်နိုင်ငံလုံးမှာ ရှိတဲ့ လူဦးရေနဲ့ စားလိုက်။ တစ်ရက်ကို လူတစ်ယောက်က ဂါလန်တစ် ထောင် သုံးလို့ရရင် အဲဒီနေရာဟာ ရေအတွက် စိုးရိမ်ရတဲ့အနေ အထားရှိတယ်။ တစ်နေ့ကို ဂါလန်ခြောက်ရာပဲ ရရင် ရေရှားနေပြီ။

ဗမာပြည်က တစ်သောင်းကျော်သေးတယ်။ တကယ့်ရေ ရှားတယ်လို့ကို ပြောလို့မရတဲ့ နိုင်ငံ။ မြန်မာနိုင်ငံက ကမ္ဘာ့ ရေပေါ တဲ့ နိုင်ငံတွေထဲမှာ ထိပ်တန်းနိုင်ငံထဲက ပါတယ်။ ဒါပေမဲ့ စီမံ ကွပ်ကဲမှု အချိုးမကျရင်၊ မစီမံ၊ မခန့်ခွဲတတ်ရင် ဘယ်လောက် ရေ ပေါတဲ့နေရာမှာ ဖောင်စီးရင်း ရေငတ်နေမှာပဲ။ အခုဆိုရင် တချို့ အဝီစိတွင်းတွေ သုံးလို့မရတော့ဘူးလို့ ကြားနေရတယ်။

အဲဒါတွေအတွက် ရန်ကုန်နည်းပညာတက္ကသိုလ်လို တက္ကသိုလ်တွေက စစ်တမ်းတွေ၊ သုတေသန လုပ်သင့်တယ်။ ဒါ ပေမဲ့ အဲဒီအတွက် အထောက်အပံ့ပေးမယ့်လူ မရှိဘူး။ ဒါပေမဲ့ အခု ဆေးကုလို့ မရတော့ဘူးဆိုတဲ့အချိန်မှ ရေဝေးကို တန်းပို့ရ မယ့် အနေအထားဖြစ်သွားလိမ့်မယ်။ အဲဒါတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက အရေးယူဆောင်ရွက်ရကောင်းမှန်း မသိဘူး။

အင်ဂျင်နီယာတိုင်းကလည်း ဒါတွေကို သိချင်မှ သိမယ်။ အဝီစီ တွင်းတူးတဲ့လူကလည်း သိချင်မှ သိမယ်။ ဒီနေရာ အတွေ့အကြုံ ရှိတဲ့ သင်ကြားဖူးတဲ့လူတွေဆီက ဘယ်လိုဘယ်လိုဆိုတာ အကြံ ဥာဏ်ယူရမယ်။ အကုန်လုံးကို တတ်တယ်ဆိုပြီး လုပ်နေတဲ့ လူတန်းစားကြီး ရှိနေသရွေ့တော့ အစစအရာရာ ဒီလိုပဲ ဖြစ်နေမှာပဲ။ အခုတော့ ပြောင်းလဲချိန်တန်ပြီလို့ ပြောနေတာ ဘယ်လိုဖြစ်လာ မလဲ မသိဘူးပေါ့။

မော်ကွန်း။  ။ အစိုးရသစ်လက်ထက်မှာရော ဒီရေပြဿ      နာက ဦးစားပေးဖြေရှင်းရမယ့် ပြဿ      နာလို့ ပြောလို့ရမလား။ ဘယ်လို ဖြေရှင်းသင့်ပါသလဲ။

ဦးချိုချို။  ။ နံပါတ်တစ်လုပ်ရမှာ။ ရေမရှိရင် လူဘယ်လိုလုပ်ရှိမလဲ။ ‘ရေအသက် တစ်မနက်၊ ထမင်းအသက် ခုနစ်ရက်’ဆိုစကားရှိ သလို ရေက အရေးကြီးတယ်။ ‘ရွှေကို မလို ရေကိုလိုတယ်’လို့ အော်တဲ့နေရာတွေကလည်း အော်တယ်။ ဘာလို့လဲဆိုတော့ အသက်ပဲလေ။ ရေမရှိရင် စိုက်လို့မရဘူး။ ချက်လို့ ပြုတ်လို့မရဘူး။ အဲဒါကြောင့် ရေကို ဦးစားပေး စဉ်းကို စဉ်းစားရမယ်။ အမှားတွေ လုပ်နေတာကို မှားခဲ့တုန်းက မှားခဲ့ပြီ။ ဒါတွေကို အမှန်အတိုင်း သိတဲ့အချိန်မှာ ရပ်တော့။

ဆက်မမှားဖို့ လိုတယ်။ သက်ဆိုင်ရာ ဆုံးဖြတ်မယ့် အာဏာရ တဲ့လူတွေက ပညာရှင်တွေဆီက စကားကို နားထောင်ရမယ်။ ပြီးတော့မှ သူတို့ ဆုံးဖြတ်လိမ့်မယ်။ အလားတူပဲ ‘ငွေကိုသာ ရေ လိုသုံးရင် လုပ်သမျှဖြစ်တယ်’ဆိုတဲ့ သီချင်းရှိတယ်မလား။ အဲဒါ ရေက ပေါလို့။ အခုခေတ်မှာ မဟုတ်တော့ပါဘူးဆိုတဲ့ ဟာမျိုး ဖြစ်အောင် သုံးတဲ့လူတွေကို Awareness လုပ်ရမယ်။ လူဦးရေ လည်း တိုးလာပြီဆိုလို့ရှိရင် အရင်ကလို မစဉ်းစားပါနဲ့။ နောက် ဆယ်နှစ်၊ နှစ်နှစ်ဆယ်၊ သုံးဆယ် ဘယ်လိုသုံးမလဲ Long Term Plan တွေချပြီး စီမံခန့်ခွဲဖို့အတွက် လုပ်ပါ။ စီမံခန့်ခွဲရာမှာ လည်း အလဟဿ      မဖြစ်ဖို့တွေ ပါသလို ရှိပြီးသား အရင်းအမြစ် တွေကို မပျက်မစီးအောင် လုပ်ရမယ်။ အထူးသဖြင့် အခုလို စီး ပွားရေးစီမံကိန်းကြီးတွေ အလုပ်ရုံ၊ စက်ရုံတွေ များလာရင် ရေ ကောင်းတွေက သုံးလို့မရတဲ့ရေတွေ ဖြစ်သွားတတ်တယ်။ အဲဒီ အချိန်မှာ နဂိုရှိတဲ့အရင်းအမြစ်တွေကို မပျက်စီးအောင် ကြပ် ကြပ်မတ်မတ်လုပ်ဖို့ သတိထားရမယ်။        ။

 

၂၀၁၆-ဖေဖေါ်ဝါရီလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၂) မှ အင်တာဗျူး ဆောင်းပါးဖြစ်ပါသည်။

 

လင်းမြတ် တွေ့မေးသည်။

Advertise Here

LEAVE A REPLY

Please enter your comment!
Please enter your name here