Home အက်ဆေး စစ်ပွဲတွေရပ်

စစ်ပွဲတွေရပ်

89
0
ဈေးနှုန်းသက်သာစွာ ကြော်ငြာထည့်သွင်းနိုင်ပါပြီ

၂၀၁၃ မတ်လထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၄)မှ အက်ဆေး ဖြစ်ပါသည်။

ဝင်းဇော်လတ် ရေးသည်။

(က) ‘စစ်ပွဲတွေမှာ ပထမဆုံး ကျဆုံးသွားရတာကတော့ အမှန် တရားပဲ”ဟူသည့် ဆိုစကားတစ်ခုရှိသည်။ အမေရိကန်လူမျိုး လွှတ်တော်အမတ် အိတ်ခ်ျဂျွန်ဆင်က ၁၉၁၇ တွင် ပြောခဲ့ခြင်းဖြစ် သည်။ တိုက်ခိုက်နေကြသော အုပ်စုနှစ်ခုအကြား ”သူမှား ငါ မှန်” အငြင်းသန်နေကြသဖြင့် အမှန်တရားနှင့် တဖြည်းဖြည်း ဝေးသွားသောအဖြစ်ကို ဆိုလိုခြင်း ဖြစ်ဟန်တူပါသည်။ အမှန် တရားက ပထမဆုံးတိုက်ပွဲကျဆုံးသူဖြစ်သတဲ့။

ဈေးနှုန်းသက်သာစွာ ကြော်ငြာထည့်သွင်းနိုင်ပါပြီ

စစ်ပွဲတိုင်းတွင် ဘက်နှစ်ဖက်စလုံးက လက်နက်များဖြင့် လည်း အပြန်အလှန်ပစ်ခတ်သည်။ စကားလုံးများဖြင့်လည်း တိုက်ခိုက်ကြသည်မှာ ဓမ္မတာဖြစ်ပါသည်။ ထို့ကြောင့် အမှန် တရားသည် စစ်ပွဲတွင် ဦးစွာကျဆုံးသွားသူ ဖြစ်ရလေသည်။ စစ် ကာလအတွင်း အပြန်အလှန် ငြင်းခုံခြင်းများ၊ ဝေဖန်ရှုတ်ချမှုများ၊ စွပ်စွဲအပြစ်တင်ခြင်းများ၊ ဝါဒမှိုင်းလုံးများအကြား၌ ကျဆုံးခဲ့ရ သည့် အမှန်တရားအတွက် ရေစက်ချအမျှဝေရန်သာ ကျန်     တော့သည်။

(ခ) ငိုနေသော ကလေးငယ်တစ်ဦး။ သောကနှင့် စိုးနှောင့်ဗျာ ပွေဖြစ်နေသည့် အမျိုးသမီးငယ်။ မှုန်သီသော အကြည့်များဖြင့် ငေးနေသော အဘွားအို၊ ခက်တရော်သော လောကဓံကို အန်တု သည့်တိုင် အလားအလာဟန်ပုံမရသေးသဖြင့် ငိုင်နေသည့် အမျိုးသားကြီး။ တဲကလေးတစ်လုံး၏ ကပြင်ပေါ်မှ အထိတ် တလန့် မျက်နှာများဖြင့် ထိုင်နေသော လုံမငယ်တချို့…။

စစ်ကြောင့် နေရပ်စွန့်ခွာခဲ့ကြရသည့် စစ်ဘေးသင့် ကချင် ပြည်သူတချို့၏ ပုံရိပ်များဖြစ်ပါသည်။ ၂ဝ၁၁ ခုနှစ်က စခဲ့သော စစ်မီးတောက်သည် ထိုအရပ်တွင် ယခုတိုင် မငြိမ်းသေးချေ။မငြိမ်းရုံမက ပို၍ပင် ဆိုးရွားခဲ့သည်။ စစ်ကိုမုန်းသော အသံများကို ပြည်သူတို့က ပုံစံအမျိုးမျိုးဖြင့် ထုတ်ဖော်ခဲ့ကြသည့်တိုင် အဆုံး အဖြတ်ပေးနိုင်သော နေရာတွင်ရှိသည့် လူကြီးမင်းတို့၏ ထက်သန်သော ငြိမ်းချမ်းရေး စကားလုံးများကိုမူ မကြားရတစ်ချက်၊ ကြားရတစ်ချက်သာ ရှိခဲ့ပါသည်။

ထိုအစား တိုက်ခိုက်နေသည့် တစ်ဖက်နှင့် တစ်ဖက်အကြား အပြန်အလှန် စွပ်စွဲခြင်း၊ ဝေဖန်ခြင်းတို့ကိုသာ ပြုလုပ်နေကြသည်။ တိုက်ပွဲများကတော့ မရပ်ပေ။ တိုးလို့သာ ဆိုးလာနေသည်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲများက တိုက်ပွဲဖြစ်နေချိန်များမှာပင် ပြုလုပ်ခဲ့သည်။ အကြိမ်ကြိမ်လုပ်သည်။ ငြိမ်းချမ်းရေးဆွေးနွေး ပွဲ တစ်ကြိမ်လုပ်ပြီးတိုင်း တိုက်ပွဲများက အရင်ထက် ပို၍ပြင်းထန် လာသည်သာဖြစ်ကြောင်း တွေ့ရပြန်သည်။ သူတို့ပြောသည့် ငြိမ်း ချမ်းရေးဟူသည် သုသာန်တစ်စပြင်အလား လူသေအလောင်းတို့ ဖြင့် အတိပြီးသည့် ငြိမ်းချမ်းရေးများလားဟု ထင်မှတ်မှားစရာဖြစ် ရ၏။ ထိုငြိမ်းချမ်းရေးမှာတော့ တိုက်ခိုက်ခြင်းများလည်း ရှိတော့ မည်မဟုတ်၊ အပြန်အလှန် စွပ်စွဲသံများလည်း နားထောင်ရမည် မဟုတ်။ ပြီးတော့ လူတို့၏ အသက်ရှူသံကိုပင် ကြားရမည်မဟုတ်။

စစ်သည် သံသယနှင့် မုသားစကားကို ပေါက်ဖွားစေပြီး အမှန်ဖြစ်မှုနှင့် သစ္စာတရားကို သတ်ပစ်လိုက်ပါသည်။ ဝေဖန်ပိုင်း ခြားနိုင်မှုနှင့် တရားမျှတမှုကို လိုလားသော စိတ်ဓာတ်တို့အား  မိုက်မဲတွေဝေမှု မောဟတရားက ဖုံးလွှမ်းလိုက်ပါသည်။ ကိုယ် ချင်းစာတရား၊ မေတ္တာစိတ်နှင့် ညီရင်းအစ်ကိုသဘောထားကို သေးသိမ်သွားစေပြီး ရန်လိုခြင်းနှင့်ဒေါသတရားတို့ကို ခေါင်း ထောင်လာစေပါသည်။

စစ်ကြောင့် လူထု၏ မျက်ရည်တို့သည် နှစ်ဖက် စစ်သည် တော်တို့၏ သွေးများနှင့်အတူ ရောထွေးသွားပါသည်။ မိသားစု များကို ရှင်ကွဲ၊ သေကွဲ ကွဲစေပါသည်။ စီးပွားစည်ပင်မှုနှင့် ဖွံ့ဖြိုးမှု တို့ကို အမှုန့်ချေပစ်လိုက်ပါသည်။ ”ငြိမ်းချမ်းရေး”သည် ဆီသည်မ၏ လက်သုတ်လို အဖန် တစ်ရာတေနေပြီး တန်ဖိုးချ ခြင်းခံရသော စကားလုံးတစ်လုံး ဖြစ်လာပါသည်။

(ဂ) ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော စစ်ပွဲများ အရှိန် မြင့်နေသည့် တစ်ရက်တွင် မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က စစ်တပ်သည် ငြိမ်းချမ်းရေးကို အလိုလားဆုံး အဖွဲ့ အစည်းဖြစ်ကြောင်း ပြောဆိုခဲ့ပါသည်။ ဒီမတိုင်ခင်ကပင် အစိုးရ သတင်းစာများတွင်လည်း ကေအိုင်အေမှ လုပ်ကိုင်ခဲ့သော အဖျက်လုပ်ငန်းများကို ဖော်ပြမှုများ ပြုလုပ်လာခဲ့ပါသည်။ ပြီးခဲ့ သည့် ဇန်နဝါရီမှ စတင်၍ မြန်မာ့တပ်မတော်မှ လေကြောင်းအကူ အညီယူတိုက်ခိုက်မှုများ စတင်ပြုလုပ်လာသည်ဟူသော သတင်း များ ထွက်လာချိန်နှင့်လည်း တိုက်ဆိုင်နေပါသည်။

ကေအိုင်အေဘက်မှလည်း အစိုးရ၏ ထိုးစစ်ဆင်မှုများ ရပ် တန့်လျှင် တိုက်ပွဲအရှိန်များလျော့သွားမည်ဟု ပြောဆိုမှုများ ရှိ လာပါသည်။ ငြိမ်းချမ်းရေးသည် အစိုးရတပ်မတော်များ၏ ထိုးစစ် ဆင်မှုအပေါ်တွင် တိုက်ရိုက်မူတည်ကြောင်း ဆိုလိုခြင်း ဖြစ်ပုံရသည်။

ထိုအချက်ကို မကြာသေးမီက သတင်းစာစောင်တစ်ခုတွင် ယှဉ်လျက်ဖော်ပြထားသော သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူနှင့် ကေအိုင်အေ၏ ပြောရေးဆိုခွင့်ရှိသူတို့၏ အင်တာဗျူးကို ကြည့် လျှင် သိနိုင်သည်။

သမ္မတပြောရေးဆိုခွင့်ရှိသူ။  ။ လိုင်ဇာကို ထိုးစစ်ဆင်ခြင်း၊ ကေ အိုင်အေကို အပြီးတိုင်ချေမှုန်းခြင်းမဟုတ်ပါဘူး။ တပ်မတော် အနေနဲ့ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေး၊နယ်မြေ ဒေသ အေးချမ်းတည်ငြိမ်ရေးနဲ့ မိမိကိုယ်မိမိ ခုခံကာကွယ်နိုင်ရေး အတွက် လိုအပ်သလောက် အင်အားသာ အသုံးပြုပြီး စစ်ရေး အရ ပြန်လည်တုံ့ပြန်မှုများ ပြုလုပ်ခဲ့ရတာဖြစ်ပါတယ်။

ကေအိုင်အေပြောရေးဆိုခွင့်ရှိသူ။  ။ ကချင်ပြည်နယ်ကို ရောက် နေတဲ့ တပ်မတွေအားလုံးကို မူလတပ်တွေနေရာကို ပြန်ပြီး ဆုတ် သွားလိုက်ပါ။ နောက်ပြီး လေယာဉ်သုံးပစ်ခတ်မှုတွေကို ရပ်ဆိုင်း လိုက်ပါ။ ဒါဆိုရင် စစ်အရှိန်လျော့သွားမှာပဲ။ ၂ဝ၁၂ ပတ်ဝန်းကျင် မှာ တိုက်ပွဲတွေ ကြီးကြီးမားမားမရှိခဲ့ဘူးဆိုတာ သူတို့ စစ်ရေးလှုပ် ရှားမှုမရှိခဲ့လို့ပါ။ စစ်ဆင်ရေးလုပ်လာတာနဲ့အမျှ တိုက်ပွဲတွေ ပြင်း ထန်လာတယ်။ စစ်အရှိန်ဟာ အစိုးရတပ်ရဲ့ ထိုးစစ်အပေါ်မှာ မူ တည်တယ်။

တစ်ဖက်နှင့် တစ်ဖက် သူငြင်း၊ ငါငြင်းနှင့်ပင် စစ်သည် ၂ဝ၁၂ ကို ဖြတ်ကျော်ခဲ့ပြီး ဇန်နဝါရီလဆန်းအထိ တိုင်ခဲ့သည်။ စစ်နယ်ဝန်းလည်း တဖြည်းဖြည်းကျယ်လာပြီး အရပ်သားများ အား ထိမှန်သေဆုံးမှုများ ရှိလာခဲ့သည်။

ဇန်နဝါရီလ ၁၄ ရက်နံနက်ခင်းတွင် မြန်မာ့တပ်မတော်မှ ပစ်ခတ်လိုက်သော ၁ဝ၅ မမ အမြောက်ဆန်သည် လိုင်ဇာမြို့ထဲသို့ ကျရောက်ပေါက်ကွဲသည်။ လေးကြိမ်တိတိကျရောက်သော အဆိုပါ အမြောက်ဆန်ကြောင့် အသက် ၇ဝ ကျော် အမျိုးသား တစ်ဦး အပါအဝင် စုစုပေါင်း သုံးဦး သေဆုံးခဲ့သည်ဟု ဆိုပါသည်။  အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ထိုကိစ္စနှင့် ပတ်သက်ပြီး ထို နေ့နံနက်ခင်းက တပ်မတော်ဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုမရှိကြောင်း ကာကွယ်ရေးဝန်ကြီးဘက်မှ သိရသည်ဟု ဖြေ ကြားသည်ကို သတင်းတစ်ပုဒ်က ရေးသားသည်။

၂ဝ၁၂၊ ဒီဇင်ဘာအထိ စစ်ကြောင့် နေရပ်စွန့်ခွာခဲ့ရသူ အရေအတွက်မှာ ခုနှစ်သောင်းကျော်ရှိကြောင်း ကုလသမဂ္ဂ လူ သားချင်းစာနာထောက်ထားရေးဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးက ထုတ်ပြန်ကြေညာမှုကို ကိုးကားပြီး သတင်းများက ဆိုသည်။ သူ တို့သည် အိုးအိမ်ကို ပစ်ခဲ့ရသည်။ နေရပ်ကို ခွာခဲ့ရသည်။ အလုပ် အကိုင်တို့ကို ထားခဲ့ရသည်။

ရုပ်သံသတင်းများတွင်လည်း ကချင်စစ်ဘေးဒုက္ခသည်တို့ ၏ ပုံရိပ်များကို မြင်နေရသည်။ ဖန်သားပြင်တွင် အမယ်အိုက စို့ နေသော မျက်ရည်စကို တွန့်လိပ်နေသည့် လက်ဖမိုးဖြင့် သုတ်နေ သည်။ စစ်ဘေးရှောင်စခန်းထဲမှာတော့ ကလေးတချို့ ပြေးလွှား နေပြီး အမျိုးသားတချို့က ကင်မရာဘက်သို့ လှမ်းကြည့်နေသည်။ ထို့နောက်မြင်ကွင်းက ပြောင်းသွားသည်။ မီးခိုများအူနေသော ကွင်းပြင်၊ တောအုပ်တို့ဆီ ရောက်သွားသည်။ ဖန်သားပြင်မှ တစ်ဆင့် မီးခိုးညှော်သည် ကြည့်နေသူ ပရိသတ်ဆီ ရောက်လာ၏။ ယမ်းနံ့သည် အူလာသည်။ သွေးညှီနံ့များ ရလာသည်။ အမယ်အို ၏ မျက်ရည်သည် ဖန်သားပြင်ကိုကျော်ပြီး စာနာတတ်သော လူထု၏ နှလုံးသားအတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားသည်။

ရာစုနှစ် ထက်ဝက်သက်တမ်းကျော် ဖြစ်ပွားလာခဲ့သည့် ပြည်တွင်းစစ်တစ္ဆေကြီးနှင့်အတူ ကပ်လျက် ပါလာခဲ့သော သံ သယ၊ အာဃာတ၊ အမုန်းမီးတောက်တို့သည်လည်း မြန်မာနိုင်ငံ၏ များမြောင်လှသော လူမျိုးစုများအကြား သံမဏိရှည်ကြာခဲ့ပါပြီ။ ယခုဖြစ်ပွားနေသော ကချင်ပြည်နယ်အတွင်း စစ်ပွဲများတွင် အဖြေကို အားသွန်ခွန်စိုက် ရှာကြရမည့်အစား တစ်ဖက်နှင့် တစ် ဖက် အပြန်အလှန် အပြစ်တင်ရင်း၊ ငြင်းခုံရင်း၊ စွပ်စွဲရင်း အဖြေနှင့် ဝေးကွာနေဆဲရှိသည်ကို မြင်နေရသည်မှာ ဝမ်းနည်းဖွယ် ဖြစ်ပါ သည်။

နေပြည်တော်၏ ခမ်းနားသော လွှတ်တော်အဆောက်အအုံ ထဲရှိ မိမိတို့ကိုယ်ကိုယ် ပြည်သူ့ကိုယ်စားလှယ်များဟု ခံယူထား ကြသော အမတ်မင်းတို့၏ နှုတ်ထွက်စကားများတွင်လည်း ကချင်စစ်ပွဲများနှင့် ပတ်သက်သည့် မှတ်ချက်များသည် တိုးတိမ် လွန်းနေပါသည်။ တိုင်းပြည်၏ အရေးတကြီးပြဿနာကြီးတစ် ရပ်အား ပြေလည်မှုရစေရန် ဝိုင်းဝန်းကြိုးပမ်းရမည့်ကိစ္စထက်  ကြီးမားသည့် တိုင်းပြည်ပြဿနာမရှိတော့ပါ။ သို့သော် ထိုအချက်ကို လျစ်လျူရှုလျက်ရှိနေသည်မှာ အများပြည်သူတို့အတွက် မချင့်မရဲဖြစ်စေပါသည်။

လူထု၏ အသည်းစွဲ ဒေါ်အောင်ဆန်းစုကြည်သည်ပင်လျှင် ကချင်အရေးတွင် ထိရောက်သော ဝေဖန်ပြောဆိုမှု မရှိသဖြင့် ဝေဖန်မှုများ ခံခဲ့ရသည်။ အစိုးရ၏ တာဝန်သာဖြစ်သည်ဟု သူက ပြောဆိုပါသည်။ ကချင်ကိစ္စတွင် ပါဝင်ရန် အဆင်သင့်ရှိပါသည် ဆိုသော ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုချက်တစ်ခုကိုလည်း တွေ့ရသည်။ မည်သို့ဆိုစေ ထင်ရှားသော အတိုက်အခံခေါင်း ဆောင်နှင့် ဒီမိုကရေစီရေး ဦးဆောင်သူတစ်ဦးအနေဖြင့် တိကျသော သဘောထားမှတ်ချက်ပေးခြင်းကို တိုင်းပြည်က ကြား ချင်သည်သာဖြစ်ပါသည်။ နှုတ်ဆိတ်နေခြင်းက တိုင်းရင်းသား များအကြား ဒေါ်အောင်ဆန်းစုကြည်အပေါ်ထားသော သဘော ထားကို ထိခိုက်နိုင်ပါသည်။

(ဃ) များမြောင်သော လူမျိုးစုများဖြင့် စုဖွဲ့ထားသည့် မြန်မာ နိုင်ငံကဲ့သို့သော တိုင်းပြည်တွင် တိုင်းရင်းသားစည်လုံးညီညွတ် ရေးဆိုသော စကားလုံးကို လွန်ခဲ့သည့် အုပ်စိုးသူအဆက်ဆက်က ပြောခဲ့ကြပါသည်။ သို့တိုင်အောင် တိုင်းရင်းသားစည်းလုံးညီညွတ် ရေးမှာ တည်ဆောက်မရနိုင်ဘဲ ဖြစ်နေရသည်မှာ ဘာကြောင့်လဲ ဟု မေးစရာဖြစ်ပါသည်။

မကြာသေးမီကပင် ကချင်တွင် တိုက်ပွဲများ အရှိန်မြင့်နေ ချိန်တွင် အစိုးရနှင့် တပ်မတော်အကြီးအကဲများသည် တခြား အပစ်အခတ်ရပ် လက်နက်ကိုင်များနှင့် လုံးလားထွေးလား ရှိနေ ပါသည်။  ယင်းမှာ လတ်တလောတွင် စစ်ဒဏ်ကို ခံစားနေကြရ သောဒေသမှ တိုင်းရင်းသားများအား စိတ်အနာတရဖြစ်စေနိုင် ပါသည်။ ထိုအတူ စိတ်ဓာတ်စစ်ဆင်ရေးတစ်ခု သို့မဟုတ် နိုင်ငံ ရေးကျားကွက်ရွှေ့ခြင်းလည်း ဖြစ်နေနိုင်သည်။ ထိုအချက်က    တိုင်းရင်းသားစည်လုံးညီညွတ်ရေးဆိုသော စကားလုံးနှင့် ဝေး ကွာသွားစေပြီး အရေးတကြီးလိုအပ်နေသော ငြိမ်းချမ်းရေးဖော် ဆောင်မှုနှင့်လည်း အလှမ်းဝေးစေနိုင်ပါသည်။ ခါးသီးပြီး မဆုံးနိုင် သော ငြိုးမာန်ဖွဲ့မှုများကို ပို၍ ကြီးထွားစေနိုင်ပါသည်။

”သူမနာ ကိုယ်မနာ ငြိမ်းချမ်းရေး”ဟု ဆရာကြီးသခင် ကိုယ်တော်မှိုင်းက သုံးနှုန်းခဲ့သည်။ ယခုကာလ ခေတ်စားနေသော ဘောဂဗေဒသီအိုရီတစ်ခုဖြစ်သောနိုင်-နိုင်(win-win solution) သဘောတရားထက် နှစ်များစွာ စော၍ပြောခဲ့သော မြန်မာစာဆိုကြီး၏ ငြိမ်းချမ်းရေး ထက်သန်သော နှလုံးသားမှ ပေါ်ပေါက်လာသည့် ရိုးစင်းပြီး အဓိပ္ပာယ်ရှိသော စကားလုံးဖြစ်ပါသည်။

”ပါးရိုက်သဖြင့် နားကိုပြန်ကိုက်မည်”ဟူသော သဘော မျိုးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်လို့ ရမည်မဟုတ်ပါ။ ကေအိုင်အေ နှင့် မြန်မာအစိုးရအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများနှင့် ပတ် သက်၍ တိကျပြီး ရှင်းလင်းသော သတင်းထုတ်ပြန်မှုမျိုးကို တိုင်း ပြည်က မတွေ့ကြရသေးသဖြင့်  ဘာတွေ ဘယ်လို ဆွေးနွေးကြ သည်၊ ပြေလည်သည်၊ မပြေလည်သည်ကို အတိအကျပြောရန် ခက်ပါသည်။

တစ်ဖက်က လက်နက်ကိုင်တပ်ကို မိမိလက်အောက်ခံ အဖြစ်ထားရန်ဟူသော မူကို ကိုင်၍ငြိမ်းချမ်းရေးလုပ်ကြလျှင် တော့ အစဉ်သဖြင့် ပြေလည်မှုကို မြင်ကြရဦးမည်မဟုတ်ပါ။ အပစ်အခတ်ရပ်စဲရေး(တစ်နည်း) ငြိမ်းချမ်းရေးဖော်ဆောင်မှု များသည် တစ်ဖက်က အခြားတစ်ဖက်ကို ခေါင်းလျှိုရေး၊ ဒူး ထောက်ရေးဟု သဘောရည်ရွယ်ချက်ရှိပါက အလုပ်ဖြစ်မည် မဟုတ်ပါ။

ဘယ်သူမှားသည်၊ မှန်သည်ကို အသာထား၍ တိုင်းရင်း သားများအကြား ညီရင်းအစ်ကို စိတ်ဓာတ်ဖြင့် သဘောထားကြီး ကြောင်း အင်အားကြီးသည့် အစိုးရနှင့် မြန်မာ့တပ်မတော်က ပထမဦးစွာ ပြဖို့လိုမည်သာဖြစ်ပါသည်။ လုံလောက်သည့် ယုံ ကြည်မှုကို တစ်ဖက်ဖက်က ပထမဦးစွာ တည်ဆောက်မပြနိုင်ဘဲ နှင့်တော့ ငြိမ်းချမ်းရေးသည် နွေဦး၏ မြူများကဲ့သို့ လက်ဆုပ် လက်ကိုင်ပြရန် ခက်ခဲပါသည်။ စေတနာသည် နေရာတကာတွင် စကားပြောပါသည်။

”သူမနာ ကိုယ်မနာ” ဆိုသည်မှာလည်း ရိုးဖြောင့်သော သဘောထားနှင့် စေတနာတို့မှ ဖော်ပြသော ကောင်းမွန်သည့် စိတ်အခြေအနေတစ်ရပ်ဖြစ်ပါသည်။ ထိုစိတ်အခြေအနေမှ တစ် ဆင့်တက်၍ ငြိမ်းချမ်းရေးကို ရှေးရှုဖော်ဆောင်ကြရန်ဖြစ်ပါသည်။ နှစ်ယောက်စလုံး လက်သီးချည်းဆုပ်ထားပါက မည်သို့မျှ လက် ဆွဲနှုတ်ဆက်ကြဖို့ မဖြစ်နိုင်သည်မှာ ရှင်းလင်းသော ဥပမာဖြစ်ပါ သည်။  သံသယနှင့် အမုန်းကို ချေဖျက်ရန်မှာ အပြန်အလှန် ယုံ ကြည်မှု လိုအပ်ပြီး ရိုးသားမှုရှိဖို့လည်း အရေးကြီးပါသည်။

”သူ့လက်က ဓားကို လွှတ်ချမှ ငါ့လက်ထဲက ဓားကို လွှတ် မယ်”ဟု တစ်ဖက်က တွေးနေလျှင် အခြားတစ်ဖက်ကလည်း ထို အတိုင်းတွေးနေမည်သာ ဖြစ်ပါသည်။ ဒီလိုနှင့် အတောမသတ်နိုင် ဘဲရှိကြလျှင် ကြာသည်နှင့်အမျှ အပျက်အဆီးများဖို့သာ  ရှိပါ သည်။ စစ်ကြာရှည်နေရခြင်းမှတစ်ဆင့် ပေါက်ဖွားလာသော ရုပ် ပိုင်း၊ စိတ်ပိုင်းဆိုင်ရာဝေဒနာများကို ကုစားရန်မှာ စစ်ဖြစ်နေ သည့် အချိန်ထက် နှစ်ဆမက ကြာနိုင်ပါသည်။

ဦးခေါင်း၊ လက်၊ ခြေ စသည့်အင်္ဂါအစိတ်အပိုင်းတို့ကို စု ပေါင်းပြီး လူ့ခန္ဓာကိုယ်ဟု ခေါ်ကြပါသည်။ ပြည်ထောင်စုသည် လည်း ထို့အတူဖြစ်ပါသည်။ တိုင်းရင်းသားအစုအဝေးများအား စုပေါင်းပြီး ခေါ်ခြင်းသာဖြစ်ပါသည်။ တိုင်းရင်းသားအချင်းချင်း စစ်မက်ဖြစ်ရခြင်း၊ မညီမညွတ်ဖြစ်ကြရခြင်းမှာ ကိုယ့်ခန္ဓာကိုယ် အစိတ်အပိုင်းတခုခုကို ကိုယ်တိုင် ရိုက်နှက်ခုတ်ဖြတ်ရသည်နှင့် တူပါသည်။ မည်သည့်အစိတ်အပိုင်း ထိခိုက်သည်ဖြစ်စေ နာကျင် မှုကို ခံစားရသည်မှာ အတူတူဖြစ်ပါသည်။

(င) ပြည်တွင်းစစ်အကြောင်းစဉ်းစားတိုင်း ငယ်ငယ်တုန်းက စာသင်ကျောင်းတွင် သူငယ်ချင်းအချင်းချင်း ခိုက်ရန်ဖြစ်ပွားကြ သည့်အခါ ခေါ်ယူဆုံးမတတ်သော ငယ်ဆရာမတစ်ဦးကို ကျွန် တော်သတိရလာတတ်ပါသည်။ ကျောင်းသားများအချင်းချင်း ရန်ဖြစ်ကြသည့်အခါတိုင်း ဆရာမက အခုလို အမြဲတမ်းဆုံးမ တတ်သည်။

”ရန်ဖြစ်တာ မကောင်းဘူး။ အထူးသဖြင့် သူငယ်ချင်း အချင်းချင်း၊ မိတ်ဆွေအချင်းချင်း ရန်ဖြစ်ရတာ မတန်ဘူး။ တွက် ခြေမကိုက်ဘူးကွ”

မြန်မာပြည်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် ကေအိုင်အေ နှင့် မြန်မာ့တပ်မတော်အကြား တိုက်ပွဲများ၏ သတင်းများကို ဖတ်နေရင်း ကျွန်တော်သည် ငယ်ဆရာမ၏ ဖော်ပြပါစကားကို အမှတ်ရလာပါသည်။

စစ်ပွဲတွေဟာ ဘယ်စစ်ပွဲမှ ကောင်းသည်မရှိပါ။ (တရားစစ်၊ မတရားစစ်၊ ကျူးကျော်စစ်၊ ခုခံစစ်ဆိုတာတွေလည်း ရှိသေး သည်။ ထားတော့) သို့တိုင်အောင် ကိုယ့်လူမျိုးအချင်းချင်း၊ တိုင်း ရင်းသားအချင်းချင်း အပြန်အလှန်တိုက်ခိုက်နေရသည်က အဆ ပေါင်းများစွာ ပို၍ မကောင်းပါ။ ပြီးတော့ တွက်ခြေလည်း မကိုက် ပါ။ ကိုယ့်လက်ကိုယ် ရိုက်ချိုးသည်နှင့်သာ တူနေပါသည်။   ။

ဈေးနှုန်းသက်သာစွာ ကြော်ငြာထည့်သွင်းနိုင်ပါပြီ

LEAVE A REPLY

Please enter your comment!
Please enter your name here