Home အင်တာဗျူး “အစိုးရသစ်အနေနဲ့ ကိုယ့်ဟာကို စီမံခန့်ခွဲမှု လုပ်နိုင်မယ့် အရန်ဆန်ဝယ်ယူရေးဆိုတဲ့ မူဝါဒကို အသေအချာ ရေးဆွဲသင့်တယ်”

“အစိုးရသစ်အနေနဲ့ ကိုယ့်ဟာကို စီမံခန့်ခွဲမှု လုပ်နိုင်မယ့် အရန်ဆန်ဝယ်ယူရေးဆိုတဲ့ မူဝါဒကို အသေအချာ ရေးဆွဲသင့်တယ်”

251
0
ဓာတ်ပုံ - မင်းလွင်/မော်ကွန်းမဂ္ဂဇင်း
Advertise Here

မြန်မာနိုင်ငံဟာ အယ်လ်နီညို (ရေနွေးစီး ကြောင်း) ဖြစ်စဉ်ဒဏ်ကို အဆိုးရွားဆုံး ကြုံတွေ့ နိုင်တဲ့နိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။ မြန်မာနိုင်ငံ ဟာ စိုက်ပျိုးရေးကို အဓိကအားထားတဲ့နိုင်ငံ ဖြစ်တာကြောင့်လည်း ရာသီဥတုဒဏ်ကြောင့် ဆန်စပါးအထွက်နှုန်းလျော့ကျပြီး စားနပ်ရိက္ခာ မလုံလောက်မှာကို စိုးရိမ်မှုတွေလည်း ရှိနေကြပါ တယ်။ ဆန်စပါးကဏ္ဍနဲ့စပ်လျဉ်းပြီး ဘာတွေ လုပ်ဆောင်ဖို့ လိုအပ်မယ်ဆိုတာကို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်းကို မော်ကွန်းမဂ္ဂဇင်းက တွေ့ဆုံမေးမြန်း ထားပြီး အချို့ကို ကောက်နုတ်ဖော်ပြပေးလိုက် ပါတယ်။

ဓာတ်ပုံ - မင်းလွင်/မော်ကွန်းမဂ္ဂဇင်း
ဓာတ်ပုံ – မင်းလွင်/မော်ကွန်းမဂ္ဂဇင်း

မော်ကွန်း။  ။ အယ်လ်နီညို(ရေနွေးစီးကြောင်း)ဖြစ်စဉ်ကြောင့် ပြည်တွင်းဆန်စပါးအထွက်နှုန်းကို ဘယ်လိုရိုက်ခတ်နိုင်ပါသလဲ။

ဒေါက်တာစိုးထွန်း။  ။ ရာသီဥတုပြောင်းလဲဖောက်ပြန်တဲ့ အနေ အထားမှာတော့ ဆန်စပါးအထွက်နှုန်း လျော့ကျသွားနိုင်တယ်။ အယ်လ်နီညို Effect (အကျိုးဆက်)ကြောင့်လည်း လာမယ့် နွေ စပါးစိုက်ပျိုးတဲ့နေရာမှာ ထိခိုက်နိုင်ပါတယ်။ နောက်တစ်ခုက ဒီကြားထဲမှာ (အယ်လ်နီညို) ရာသီဥတုဖြစ်စဉ်က ရှေ့ကိုဆက် သွားနေရင်လည်း မိုးစပါးစိုက်ပျိုးတဲ့အခါမှာပါ အကျိုးဆက်က ထပ်ဖြစ်နိုင်တယ်။ အဲဒီတော့ တာဝန်ရှိတဲ့ အစိုးရရော၊ အရပ်ဘက် အဖွဲ့အစည်းတွေရော၊ တောင်သူဦးကြီးတွေရော အားလုံးက ဂရုတစိုက်လေ့လာစောင့်ကြည့်ရမယ့် အခြေအနေဖြစ်ပါတယ်။

Advertise Here

မော်ကွန်း။  ။ အရင်တုန်းကရော ကျွန်တော်တို့နိုင်ငံမှာ ဘယ်လို ရိုက်ခတ်မှုမျိုးတွေ ကြုံတွေ့ခဲ့ဖူးတာ ရှိပါသလဲ။

ဒေါက်တာစိုးထွန်း။  ။ နှစ်တိုင်းနှစ်တိုင်းကတော့ အောက်ပြည် အောက်ရွာမှာ ရေကြီးနစ်မြုပ်မှုတွေ ကြုံရလေ့ရှိတော့ အဲဒီထဲမှာ မှ ပြီးခဲ့တဲ့ ၂ဝ၁၂ မှာဆိုရင် ဧက သုံးသိန်းခွဲလောက်နစ်မြုပ်တယ်။ ပြီးတော့ ၂ဝ၁၅  ထဲမှာဆိုရင်လည်း ဧက တစ်သန်းခွဲကျော်လောက် နစ်မြုပ်တဲ့အခါမှာ ဧကရှစ်သိန်းလောက်ပျက်စီးပြီးတော့မှ ဧက လေးသိန်းခန့်ပဲ ပြန်လည်စိုက်ပျိုးနိုင်တာမျိုးရှိတော့ ဒါဟာ ကြီး မားတဲ့ ရိုက်ခတ်မှုလို့ ပြောနိုင်ပါတယ်။ နောက်တစ်ခါ ကျွန်တော် တို့က ပဲခူးတို့၊ ဘာတို့မှာ ရေမလုံလောက်တဲ့ ပြဿ      နာမျိုးတွေ လည်း ရှိခဲ့တာပေါ့။ ရေမလုံလောက်တဲ့အခါကျတော့ ဘာဖြစ်လဲ ဆိုတော့ တချို့ အောင်ရေ(စပါးပင်တွေ အသီးအပွင့်အလှိုင်ဆုံး အချိန်မှာ နောက်ဆုံးအဆင့်သွင်းရတဲ့ရေ)မရတဲ့ စပါးတွေ ပျက် စီးသွားတာမျိုးတွေလည်း ရှိပါတယ်။ ဒါက ကျွန်တော်တို့နိုင်ငံမှာ ရာသီဥတုနဲ့ ပတ်သက်လို့ အမြဲတမ်းကြုံတွေ့နေရတဲ့ ပြဿ      နာ ဖြစ်ပါတယ်။

မော်ကွန်း။  ။ အဲဒီတော့ ကျွန်တော်တို့နိုင်ငံမှာ ရာသီဥတုဒဏ် ကြောင့် နှစ်စဉ်စပါးအထွက်နှုန်းက ဘယ်ပမာဏအထိ လျော့ခဲ့ တာမျိုး တွေ့ရပါသလဲ။

ဒေါက်တာစိုးထွန်း။  ။ စိုက်ဧကကိုပြန်ကြည့်မယ်ဆိုရင် တစ်နှစ်လုံး မှာ မိုးစပါးက ၁၆ သန်း၊ နွေစပါးက သုံးသန်းဆိုတော့ အားလုံး စိုက်ဧက ၁၉ သန်းလောက်ရှိတာပေါ့။ မနှစ်ကဆိုရင်တော့ စိုက် ဧက လေးသန်းလောက် ပြန်ပြီး မစိုက်နိုင်လိုက်တော့ အထွက် နှုန်း(မက်ထရစ်တန်ချိန် ၁၄ သန်း) ရဲ့ နှစ်ရာခိုင်နှုန်းလောက် အထွက်နှုန်း ထိခိုက်သွားတယ်။ အဲဒီတော့ ဆန်အထွက်နှုန်းနဲ့ ပြောမယ်ဆိုရင် အဲဒီစပါးအထွက်လျော့တဲ့ နှစ်ရာခိုင်နှုန်းဟာ ဆန်တန်ချိန် သုံးသိန်းခန့် အထွက်လျော့တယ်လို့ ပြောနိုင်ပါတယ်။

မော်ကွန်း။  ။ ဒီလိုဖြစ်စဉ်တွေကြောင့် အထွက်နှုန်းကို ထိခိုက် နိုင်တယ်ဆိုရင် ဘယ်လိုပြင်ဆင်မှုတွေ ပြုလုပ်သင့်ပါသလဲ။

ဒေါက်တာစိုးထွန်း။  ။ ဒါကတော့ ရေတွေရှိတဲ့ ဒေသတွေမှာ ထိ ခိုက်တာမျိုးဆိုရင် ဆည်တွေကနေ ရေတွေယူပြီးတော့ လယ်တွေ ထဲကို ရေရောက်နိုင်ဖို့အတွက် ရေသွယ်မြောင်းတွေ ကောင်းမွန် အောင် လုပ်မယ်။ ပြီးတဲ့အခါ သစ်ပင်တွေ စိုက်သင့်ရင်လည်း ပြန် လည် စိုက်ပျိုးမယ်။ နောက်တစ်ခုကကျတော့ တူးမြောင်းလိုဟာ မျိုးတွေကနေ ရေကို ပေးမယ်ဆိုရင်လည်း အဲဒီမြောင်းတွေထဲမှာ ရေတွေ ဝပ်မနေအောင် စနစ်တကျနဲ့ လုပ်ပေးဖို့ လိုပါတယ်။ လို အပ်တယ်ဆိုရင် ကျွန်တော်တို့က အဝီစိတွင်းလိုဟာမျိုးတွေပါ တူးမယ်။

နောက်တစ်ခုက အောက်ပြည်အောက်ရွာလို ဟာတွေမှာ ကျတော့ ရေကြီးရေလျှံမှုတွေ ဖြစ်ခဲ့တယ်ဆိုရင် ရေတွေအလွယ် တကူ လျှံကျမလာနိုင်ဖို့အတွက် ရေကာတာတွေ ပြန်လုပ်ပေးရ မယ်။ အသစ်တည်ဆောက်တာပဲ ဖြစ်ဖြစ်၊ ထိန်းသိမ်းတာပဲ ဖြစ် ဖြစ် လုပ်သွားသင့်တယ်။ နောက်တစ်ချက်က တကယ်လို့များ ရာသီဥတုဒဏ်ကြောင့် စပါးအထွက်နှုန်းကို ထိခိုက်လာခဲ့မယ် ဆိုရင် လုပ်သင့်တာက အရန်ဆန်ဝယ်ယူရေးပါပဲ။ အရန်ဆန်ကို ဝယ်ယူစုဆောင်းထားတာကလည်း အဓိကလုပ်ရမယ့် အချက် တစ်ချက်အနေနဲ့ ရှိနေပါတယ်။

မော်ကွန်း။  ။ ပတ်ဝန်းကျင်နိုင်ငံတွေကရော ဘယ်လိုတွေ ပြင်ဆင် နေကြပါသလဲ။

ဒေါက်တာစိုးထွန်း။  ။ ထိုင်းမှာတော့ အရန်ဆန်တွေ ဝယ်ယူထား တာရှိတယ်။ ဒီဘက်ပိုင်းလေးမှာတော့ အဲဒီအရန်ဆန်ကိုပဲ ပြန် ပြီးတော့ ထုတ်ရောင်းတာမျိုးတွေ လုပ်နေတာပေါ့။ လက်ရှိအနေ အထားမှာ ကမ္ဘာမှာကိုက အရန်ဆန်အတွက် ထားရှိတဲ့ စပါးထား ရှိမှု ရာခိုင်နှုန်းလျော့ကျနေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ နိုင်ငံ အများစုမှာတော့ အရေးပေါ်လိုဟာမျိုးအတွက် အရန်ဆန်ထား ရှိတာမျိုးတွေ ရှိပါတယ်။

ကျွန်တော်တို့တိုင်းပြည်မှာတော့ ၂ဝ၁၂ ကနေ ၂ဝ၁၄ အထိ သုံးနှစ်ဆက်တိုက် အရန်ဆန်ထားခဲ့ပြီးတော့မှ ၂ဝ၁၅ မှာ ကျတော့ မရှိတော့ဘူး။ လက်ရှိမှာတော့ အဲဒီတုန်းက ဖွဲ့ထားတဲ့ အရန်ဆန်ဝယ်ယူရေးကော်မတီကိုတော့ မဖျက်သိမ်းရသေးပါ ဘူး။ သို့သော်လည်းပဲ အရန်ဆန်ဝယ်ယူထားရှိတဲ့ အစီအစဉ် လောလောဆယ်တော့ မရှိသေးဘူး။

မော်ကွန်း။  ။ အရန်ဆန် ဝယ်ယူထားမယ်ဆိုရင်ရော ဘယ်လိုလုပ် သင့်တယ်လို့ မြင်ပါသလဲ။ ဘယ်ပမာဏအထိ ဝယ်ယူထားရမှာ ပါလဲ။

ဒေါက်တာစိုးထွန်း။  ။ အရင်တုန်းက ကျွန်တော်တို့ လုပ်ခဲ့စဉ်အခါ တုန်းကတော့ (ကျပ်) ၁၅ ဘီလီယံဖိုးလောက် သုံးပြီး ဝယ်ခဲ့ပါ တယ်။ ဒါဟာ လုံလောက်တဲ့ပမာဏ မဟုတ်ပေမယ့် အထိုက် အလျောက် အကာအကွယ်အထောက်အပံ့ ဖြစ်စေနိုင်ပါတယ်။ ဘယ်လောက်များများ ထားနိုင်ဖို့လိုမလဲဆိုတော့ ကျွန်တော်တို့ မှန်းတာက ဆန်တန်ချိန် ငါးသိန်းလောက် ထားနိုင်မယ်ဆိုရင် တော့ ပိုကောင်းတာပေါ့နော်။ သို့သော်လည်းပဲ အရင်တုန်းက ကျွန်တော်တို့က တတ်နိုင်သလောက်ပဲ ဝယ်ထားရတာဆိုတော့ အသေးစိတ်ပြောမယ်ဆိုရင် အစိုးရက ဘတ်ဂျက်ဘယ်လောက် ပေးနိုင်မလဲဆိုတဲ့အပေါ်မှာလည်း မူတည်ပါတယ်။ ဘယ်လောက် သုံးနိုင်မလဲဆိုတဲ့ အပေါ်မှာမူတည်ပြီး အသေးစိတ်ထပ်ဆွေးနွေးဖို့ လိုမယ်လို့ ထင်ပါတယ်။

မော်ကွန်း။  ။ ငါးသိန်းဆိုတဲ့ ပမာဏကရော လုံလောက်ရဲ့လား။ ဘာလို့ အဲဒီအပေါ်မှာ အခြေတည်ပြီး စဉ်းစားတာပါလဲ။

ဒေါက်တာစိုးထွန်း။  ။ ထားနိုင်လောက်တဲ့ အခြေအနေပေါ်မူ တည်ပြီး ပြောပြတာပါ။ တိတိကျကျကျပြောမယ်ဆိုရင်တော့ ထပ်ပြီးတော့ အသေးစိတ်ဆွေးနွေးဖို့ လိုပါတယ်။

မော်ကွန်း။  ။ လတ်တလောမှာ ပြည်ပကို ဆန်တင်ပို့နေတာကို ဆက်ပြီးလုပ်နေတော့ ပြည်တွင်းဆန်ဖူလုံမှုအပေါ် ဘယ်လို သက် ရောက်မှုမျိုး ဖြစ်နိုင်ပါသလဲ။

ဒေါက်တာစိုးထွန်း။  ။ ပြည်ပကို ဆန်ပို့တာကတော့ မပို့ဘဲ နေလို့ မရဘူး။ ဘာလို့လဲဆိုတော့ ပြည်ပကို ဆန်မပို့ရင် စပါးဈေးကွက် ကျလာမယ်။ ကျလာရင် တောင်သူတွေအတွက် တွက်ခြေမကိုက် ဘူး ဖြစ်သွားမှာ။ ဒီနှစ်တောင်မှ စပြီးတော့ စပါးပေါ်တဲ့အချိန်က တင်းတစ်ရာကို ငါးသိန်းနဲ့ ငါးသိန်းခွဲကြားတောင် မဝယ်နိုင်ဘူး။ အဲဒီတော့ စပါးဈေးကောင်းလို့ အရင်နှစ်ကထက် (စပါးတင်း တစ်ရာကို) တစ်သိန်းခွဲလောက် ပိုရတော့ နွေစပါးမှာ ပိုပြီး စိုက် လာကြတာပေါ့။ ဒီလိုမျိုး Export ကိုသွားပြီး ပိတ်လိုက်ရင် စပါး ဈေး၊ ဆန်ဈေးပြုတ်ကျပြီး စိုက်တဲ့သူလျော့သွားတာမျိုးတွေ ဖြစ် လာနိုင်တယ်။ ပြီးတော့ လက်ရှိဈေးကွက်စီးပွားရေးစနစ်ကိုက ပိတ်တဲ့ဖွင့်တဲ့ကိစ္စတွေ လုပ်လို့မရတော့ဘူး။ ကိုယ့်ဆီမှာ ပိုရင် ရောင်းမယ်၊ လိုရင်ပြန်သွင်းမယ်ပေါ့။ အဲဒီလိုပဲထားရမယ့် ပုံစံရှိ တယ်လို့ ကျွန်တော်တို့ မြင်ပါတယ်။

မော်ကွန်း။  ။ ပြည်ပတင်ပို့မှုကို ဘယ်လိုပုံစံမျိုးနဲ့ ထိန်းချုပ်ထား သင့်ပါသလဲ။

ဒေါက်တာစိုးထွန်း။  ။ ကျွန်တော် ခုနကပြောသလိုပဲ။ ဒီဥစ္စာက ထိန်းသိမ်းလို့ မရတော့ဘူး။ လက်ရှိတောင်မှ ကျွန်တော်တို့က အာဆီယံအဝန်းအဝိုင်းမှာ ဝင်နေပြီ။ ထိန်းချုပ်လို့ မရတော့ဘူး။ ဈေးသိပ်ပြီး တက်လာရင် ကိုယ့်ဆီက ပို့လို့မရရင် ရပ်သွားမှာပေါ့။ အဲဒီတော့ ကိုယ့်ဆီမှာ ဈေးသိပ်မရရင် သူများဆီက ပြန်ဝယ်ပြီး တော့ ပြန်သွင်းပေါ့၊ ဒါပဲ ရှိတယ်။ ပြောချင်တာက လိုတဲ့နေရာနဲ့ မလိုတဲ့နေရာနဲ့ ဒီလိုပဲ အရောင်းအဝယ်လုပ်ကြရမှာပဲ။ ဘာလို့ဆို တော့ ကမ္ဘာဟာ ရွာကြီးတစ်ခုအလား ဖြစ်သွားပြီဆိုတော့။

မော်ကွန်း။  ။ အဲဒီတော့ ပြည်ပတင်ပို့မှုကို မထိန်းချုပ်ဘဲနဲ့ ပြည် တွင်းစားသုံးမှုအတွက် လုံလောက်ပါ့မလား။

ဒေါက်တာစိုးထွန်း။  ။ လက်ရှိကတော့ ဘာပဲဖြစ်ဖြစ် Export Country ဖြစ်တဲ့အတွက် မဖူလုံစရာတော့ မရှိဘူး။ ဘာလဲဆိုရင် ကျွန်တော်ခုနက ရှင်းပြသလိုပဲ ပြည်တွင်းမှာရှားပါးလို့ ဈေးပိုရ နေတယ်ဆိုရင် ပြည်ပကို ဘယ်သူမှ မရောင်းဘူး။ ဈေးမရလို့သာ ရောင်းနေတာ။ ဥပမာ-ပေါ်ဆန်းမွှေးဆိုပါတော့။ ပြည်တွင်းမှာ (တစ်အိတ်ကို) ငါးသောင်းလောက်နဲ့ ဈေးကောင်းရတဲ့အတွက် ပြည်ပကို ဘယ်သူမှ မရောင်းဘူး။ ဧည့်မထလိုဟာမျိုးပဲပို့တာ။ ဆိုတော့ ဒါဟာ စောစောက ကျွန်တော်ပြောသလိုပဲ ပြည်ပကိုပို့နိုင်တယ်ဆိုကတည်းကိုက ဘယ်လိုပဲဖြစ်ဖြစ် ပို့နိုင်တဲ့အတိုင်း အတာတစ်ခု ရှိနေလို့ပေါ့။

မော်ကွန်း။  ။ ပြည်ပကိုတင်ပို့နေတဲ့အတွက် ပြည်တွင်းက လိုအပ် ချက်အပေါ်မှာ လုံးဝရိုက်ခတ်မှုမရှိဘူးလို့ ပြောလိုတာပါလား။

ဒေါက်တာစိုးထွန်း။  ။ ပြောချင်တာက ရှင်းရှင်းလေးပဲ။ ကမ္ဘာမှာ ကိုယ်တစ်ယောက်တည်းက ထုတ်ပြီး ရောင်းနေတာမျိုးမှ မဟုတ် ဘဲ။ ကျန်တဲ့တိုင်းပြည်တွေလည်း ဒီလိုပဲရောင်းနေကြတော့ ဒါ ကြောင့်မို့လို့ သူဟာနဲ့သူ ရောင်းလိုအား၊ ဝယ်လိုအား ဖြစ်တည် သွားမယ်လို့ မြင်တယ်။ ကျွန်တော်တို့က တစ်ခုပဲရှိတယ်။ ရုတ်တရက် ရာသီဥတုဖြစ်လာနိုင်တာမျိုးအတွက် အရန်ဆန်တော့ ထားသင့်တယ်။ အဲဒီလိုပဲမြင်တယ်။ ခုနကပြောတဲ့ ပြည်ပကို ဆန် တင်ပို့တာ၊ ရောင်းတာကိုတော့ ထိန်းချုပ်တာတွေ မလုပ်သင့်ဘူး လို့ မြင်တယ်။

မော်ကွန်း။  ။ မလုပ်သင့်ဘူးဆိုတာက ဘာကြောင့်ပြောရပါသလဲ။

ဒေါက်တာစိုးထွန်း။  ။ မလုပ်သင့်ဘူးဆိုတဲ့ဟာက တောင်သူတွေ တွက်ခြေကိုက်မှုအပါအဝင် ကမ္ဘာမှာအခုလက်ရှိ ကျင့်သုံးနေတဲ့ WTO (ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ – World Trade Organization) တို့လို သဘောတူညီထားတာတွေ ရှိသလို အခြားသဘော တူညီမှုတွေလည်း ရှိတာပေါ့။ နောက် ကျန်တဲ့ဟာတွေလည်း အများကြီးရှိပါတယ်။ ပိတ်ဆို့တဲ့ဟာတွေ မလုပ်သင့်တော့ဘူး။ အခုက ဖွင့်တဲ့ခေတ်ကို ရောက်နေပြီ။ ပိတ်ဆို့တဲ့ခေတ်ဆိုတာက အရင် ကွန်မြူနစ်ခေတ်တို့၊ မဆလခေတ်တို့ တပ်မတော်အုပ်ချုပ် တဲ့ခေတ်တို့မှာပဲ ရှိတာလေ။

မော်ကွန်း။  ။ အကယ်၍ စားနပ်ရိက္ခာမဖူလုံတော့ဘူးဆိုရင် ဘာ တွေဆက်ဖြစ်လာနိုင်မလဲ။

ဒေါက်တာစိုးထွန်း။  ။ လက်ရှိကလည်း အာဆီယံနိုင်ငံတွေမှာတော့ အရန်ဆန်ထားတာ ရှိကြတယ်လေ။ အဲဒီလို ရှိတဲ့အခါကျတော့ တကယ်လို့ ရာသီဥတု တစ်ခုခုဖောက်ပြန်လို့ လိုအပ်လာရင်တော့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ  ဝယ်ယူလို့ရပါတယ်။ ပြီးတော့ ကိုယ့်တိုင်း ပြည်မှာလည်း ရှိတဲ့အရန်ဆန်ကို ထုတ်ပြီးတော့ သုံးနိုင်တယ်။ အရန်ဆန်ဆိုတာကတော့ လက်ရှိအစိုးရက သပ်သပ်မထားပေ မယ့် တပ်မတော်ရိက္ခာဆိုပြီးတော့ MEC (မြန်မာ့စီးပွားရေးကော် ပိုရေးရှင်း)နဲ့ ဦးပိုင်(မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်)မှာ ထား တယ်လို့ ပြောပါတယ်။ ပြီးတော့ လိုအပ်ရင် နီးစပ်ရာတိုင်းပြည် တွေကနေပြီးတော့ ဆွဲပြီးတော့ သုံးဖို့အတွက် သဘောတူလက် မှတ်ထိုးထားတာရှိတယ်။ အဲဒီဟာက ASEAN Plus 3 (အာဆီ ယံ + ဂျပန်၊ ကိုရီးယား၊ တရုတ်) ဆိုတဲ့ဟာပေါ့။

မော်ကွန်း။  ။ ဒီသဘောတူညီမှုက အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ အချင်းချင်းကြားမှာ အပြန်အလှန်ကူညီပေးနိုင်ဖို့ လုပ်ထားတဲ့ သဘောလား။

ဒေါက်တာစိုးထွန်း။  ။ ဟုတ်ပါတယ်။ အဲဒီလိုကူညီနိုင်ဖို့ အတွက်ပါပဲ။

မော်ကွန်း။  ။ ပြီးတော့ တပ်မတော်မှာ အရန်ဆန်တွေရှိတယ်ဆို တာက သူတို့က တရားဝင်ထုတ်ပြောတာလား။ ဘယ်လိုသိရပါ သလဲ။

ဒေါက်တာစိုးထွန်း။  ။ အဲဒီဟာကတော့ စီးပွားကူးသန်းနဲ့ သမ္မတ ကိုယ်တိုင်က အရန်ဆန်ရှိတယ်၊ အရန်ဆန်ရှိတယ် ဆိုပြီးတော့ ပြောနေတာပဲ။ နောက်တစ်ခု ကျွန်တော်တို့ သိရသလောက်လည်း တပ်မတော်မှာပဲ အရန်ဆန်က ထားနိုင်တာ။ အခြားကတော့ ဘယ်မှာမှရှိတယ်လို့ မကြားထားဘူး။

မော်ကွန်း။  ။ အစိုးရသစ်အနေနဲ့ ဘာတွေ ပြင်ဆင်ထားသင့်လဲ။

ဒေါက်တာစိုးထွန်း။  ။ အဲဒီအတွက်လည်း NLD ရဲ့ စီးပွားရေး ကော်မတီကို အကြံပြုထားပါတယ်။ အရင်တုန်းကတော့ သမ္မတ ကြီးကတော့ တပ်နဲ့ နီးစပ်တာပေါ့။ သူကိုယ်တိုင်လည်း တပ်ကနေ ထွက်လာတဲ့ ဗိုလ်ချုပ်ကြီးဆိုတော့။NLD အနေနဲ့ကျတော့ အရပ်သားအစိုးရဖြစ်လာတဲ့အခါမှာ တပ်က ရိက္ခာတွေကို ယူသုံး လို့ ရ၊ မရ ဆိုတာကလည်း ရှိသေးတယ်။ အစိုးရသစ်အနေနဲ့ ယူ သုံးလို့ရ၊ မရဆိုတဲ့ ပြဿ      နာက ရှိနိုင်တာပေါ့။ အဲဒီလိုရှိနိုင်တဲ့ အတွက် အရန်ဆန်ဝယ်ယူရေးဆိုတာကို အရင်ဆုံးလုပ်သင့်တယ် လို့ ထင်ပါတယ်။ အဲဒီတော့ အစိုးရသစ်အနေနဲ့ ကိုယ့်ဟာကိုယ် စီမံခန့်ခွဲမှုလုပ်နိုင်မယ့် အရန်ဆန်ဝယ်ယူရေးဆိုတဲ့ မူဝါဒကို အသေအချာရေးဆွဲသင့်တယ်။ မဟုတ်လို့ရှိရင် လာမယ့်  ဇူလိုင် လနဲ့ သြဂုတ်လမှာ ဒီပြဿ      နာက ကြုံလာနိုင်တယ်။ ဆန်ဈေးကြီး မြင့်မှု ပြဿ      နာပေါ့။

မော်ကွန်း။  ။ ဇူလိုင်နဲ့ သြဂုတ်လမှာက ဘာကြောင့် အဲဒီလို ကြုံ နိုင်တာလဲ။

ဒေါက်တာစိုးထွန်း။  ။ နှစ်တိုင်းနှစ်တိုင်းလည်း အဲဒီလတွေမှာ ဆန် ဈေးတက်တတ်တာပေါ့နော်။ ပြီးတော့ အယ်လ်နီညိုတို့၊ လာနီ ညာတို့ဆိုတဲ့ ရာသီဥတုရဲ့ သက်ရောက်မှုတွေ ရှိလာမယ်ဆိုရင် တော့ လာမယ့်နွေစပါးပေါ်ချိန်မှာ ပိုပြီးတော့ ဆန်ဈေးကြီးသွား နိုင်တယ်။

          ခုနကပြောတဲ့လတွေမှာက စပါးအသစ်ပေါ်လာတဲ့အခါမှာ ပေါ်စမှာ ဈေးများတတ်တာကိုး။ အရောင်းအဝယ်များလာတာနဲ့ အမျှ ဈေးက များသွားနိုင်တယ်။ ဒါကတော့ ရောင်းလိုအားနဲ့ ဝယ်လိုအားရဲ့ သဘာဝပေါ့။

မော်ကွန်း။  ။ အသင်းအနေနဲ့ရော ဒီလိုအခြေအနေမျိုးမှာ ဘယ် လိုအခန်းကဏ္ဍကနေ ပါဝင်ဖြေရှင်းသွားဖို့ရှိပါသလဲ။

ဒေါက်တာစိုးထွန်း။  ။ ကျွန်တော်တို့ အရင်တုန်းကတော့ အရန် ဆန်ဝယ်ယူရေးမှာ အဓိကလုပ်ခဲ့ပါတယ်။ အစိုးရကိုယ်စားလှယ် အနေနဲ့က တစ်ယောက်ပဲ အဲဒီအဖွဲ့မှာ ပါခဲ့တာပေါ့။ ကျွန်တော်တို့ ဆန်စပါးအသင်းချုပ်ကနေ ဆောင်ရွက်ပေးခဲ့တာပဲ။ အဲဒီတော့ အခု အစိုးရသစ်အနေနဲ့ ဝယ်ယူမယ်ဆိုရင်လည်း ကျွန်တော်တို့ ဘက်က ဆောင်ရွက်ပေးသွားဖို့ရှိပါတယ်။

မော်ကွန်း။  ။ ရှေ့မှာပြောခဲ့တုန်းက သုံးနှစ်ဆက်တိုက် အရန်ဆန် ဝယ်ယူရေး လုပ်ခဲ့ပြီးတော့မှ အခုဘာကြောင့် မလုပ်တော့တာလဲ။

ဒေါက်တာစိုးထွန်း။  ။ ဖွဲ့ထားတဲ့အဖွဲ့က ပျက်သွားတာတော့ မဟုတ်ဘူး။ ဒါပေမဲ့လို့ အစိုးရအပြောင်းအလဲလည်း ရှိတဲ့အခါကျ တော့ အားလုံးစာရင်းရှင်းထားတဲ့သဘောပါ။ အဲဒီအဖွဲ့က အစိုးရ ဆီကနေ ကျပ်ဆယ်ဘီလီယံ ထုတ်ချေးထားတယ်။ ကျွန်တော်တို့ ပုဂ္ဂလိကပိုင်းကတော့ လေးဒသမငါးရာခိုင်နှုန်းထည့်ပြီး လုပ်ခဲ့တာ။

မော်ကွန်း။  ။ ပြည်သူတွေအနေနဲ့ကရော ဘာတွေကြိုတင်ပြင်ဆင် ထားသင့်တယ်လို့ မြင်ပါသလဲ။

ဒေါက်တာစိုးထွန်း။  ။ ပြည်သူရယ်လို့တော့ မဟုတ်ပါဘူး။ လယ် သမားတွေကတော့ ရာသီဥတုဖောက်ပြန်လာတာတွေကို သတိ ထားဖို့ လိုမယ်။ ဘယ်လိုသတိထားရမလဲဆိုတော့ အချိန်မရွေး ရာသီဥတုဒဏ်ခံရနိုင်တဲ့အတွက် ရေလိုအပ်တဲ့သူတွေဆိုရင် ရေ ရနိုင်မယ့်နည်းလမ်းတွေ ကြိုတင်ရှာထားဖို့တို့၊ ရင်းနှီးမြှုပ်နှံပြီး လုပ်မယ့်သူတွေကျတော့လည်း ရေနက်ထဲမှာ ဒဏ်ခံနိုင်မယ့် မျိုး စပါးတွေ ရှာဖွေထားဖို့ လိုမှာဖြစ်ပါတယ်။

ပြီးတော့ တချို့ကာလတွေမှာဆိုလို့ရှိရင် ကာလတို စိုက်ပျိုး နိုင်မယ့် မျိုးစပါးတွေကိုလည်း ဝယ်ယူစုဆောင်းထားကြဖို့ ပြော ချင်ပါတယ်။ နောက်တစ်ခုက အစိုးရပိုင်းအနေနဲ့ကလည်း အဓိက အားနည်းချက်တွေကို ကြည့်ပြီးတော့ ပံ့ပိုးပေးဖို့လည်း လိုပါ တယ်။ ကျွန်တော်တို့ဆီမှာ အားနည်းချက်တစ်ခုက လယ်သမား တွေအတွက်က သီးနှံအာမခံစနစ်မရှိသေးဘူး။ သီးနှံအာမခံဆိုတဲ့ အခါမှာ ရာသီဥတုဒဏ်ကြောင့် ပျက်စီးသွားတာတွေအတွက် အာမခံထားနိုင်တဲ့ စနစ်တွေလည်း အကောင်အထည်ဖော်ပေးဖို့ လိုအပ်ပါတယ်။ တစ်ဦးချင်းအနေနဲ့ကတော့ ပြည်သူတွေမှာ ပြဿ      နာမရှိနိုင်ပါဘူး။

အဓိကက အစိုးရမှာပဲ တာဝန်ရှိတာဆိုတော့၊ အရန်ဆန် ဝယ်ယူစုဆောင်းတဲ့ကိစ္စမျိုးကို အစိုးရက လုပ်ပေးရင်ရပါတယ်။ ပြီးတော့ အစိုးရအနေနဲ့ စဉ်းစားထားသင့်တာက လိုအပ်လာရင် ပြည်ပကနေ ဆန်တင်သွင်းခွင့် ပြုသင့်၊ မပြုသင့် ဆိုတာကိုလည်း ဆွေးနွေးထားဖို့ လိုပါတယ်။ ဘာလို့လည်းဆိုတော့ ရင်နှီးမြှုပ်နှံတဲ့ စက်ပိုင်လုပ်ငန်းရှင်တွေက ဒီအချက်ကို တောင်းဆိုတာရှိသလို လယ်သမားတွေဘက်ကလည်း စပါးဈေး၊ ဆန်ဈေးကျသွားမှာကို စိုးရိမ်တာလည်း ရှိတယ်ဆိုတော့ ဒါကို ဘယ်လိုလုပ်နိုင်မလဲဆိုပြီး ကြိုတင်ဆွေးနွေးထားဖို့လိုပါတယ်။ မဟုတ်လို့ရှိရင် လိုအပ်ခါမှ ချက်ချင်း အဲဒီအချိန်ကျမှ ငြင်းခုံနေရင် အလုပ်မဖြစ်တော့ဘူး။ လယ်သမားတွေ၊ ပြည်သူတွေလည်း အဆင်ပြေအောင်၊ နောက် ပြီး စက်ပိုင်တွေလည်း လုပ်နိုင်အောင် ချိန်ညှိပေးဖို့က အစိုးရမှာ တာဝန်ရှိတယ်။

မော်ကွန်း။  ။ အရန်ဆန်ဝယ်ယူတာနဲ့ ပတ်သက်လို့ အရင်ကလည်း လုပ်ခဲ့ဖူးတော့ ဘယ်လိုလုပ်သင့်တယ်လို့ မြင်ပါသလဲ။

ဒေါက်တာစိုးထွန်း။  ။ ဒီဥစ္စာက အရင်ဝယ်ယူတုန်းက ပုဂ္ဂလိက ပိုင်းက တာဝန်ယူပြီး လုပ်ခဲ့တာဆိုတော့ အရှုံးတော့ မရှိခဲ့ပါဘူး။ အခုလည်း ပြန်ပြီးတော့ ဝယ်မယ်ဆိုရင် ပုဂ္ဂလိကဘက်က လွတ် လပ်တဲ့အဖွဲ့အစည်းတွေကပဲ လုပ်သင့်တယ်လို့ ထင်ပါတယ်။

မော်ကွန်း။  ။ ဘာများ ဖြည့်စွက်ပြောလိုတာ ရှိပါသေးလဲ။

ဒေါက်တာစိုးထွန်း။  ။ ဘာပဲပြောပြော ကျွန်တော်တို့က လယ်ယာ စိုက်ပျိုးရေးနဲ့ ဆန်စပါးကဏ္ဍဟာ အရေးကြီးတဲ့အတွက်ကြောင့်မို့ လို့ အစိုးရရော၊ အရပ်ဘက်အဖွဲ့အစည်းတွေရော ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့အတွက် အားလုံးပူးပေါင်း ဆောင်ရွက်ဖို့လိုတယ် လို့ပြောချင်ပါတယ်။    ။

၂၀၁၆-မတ်လထုတ်၊မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၃) မှ အင်တာဗျူးဆောင်းပါး ဖြစ်ပါသည်။

 

မင်းလွင် တွေ့မေးသည်။

Advertise Here

LEAVE A REPLY

Please enter your comment!
Please enter your name here