ဈေးနှုန်းသက်သာစွာ ကြော်ငြာထည့်သွင်းနိုင်ပါပြီ
၂ဝ၁၉၊ ဇန်နဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၁)မှ Photo Essay ဖြစ်ပါသည်။
Photo-Zayar Min
ပထမနေ့စစချင်းကျောက်စိမ်းတောင်တက်ခရီးမှာတော့ ရေထွက်ပေါက်တော်တော်များများကို သစ်လုံးတွေပေါ်ကနေ ဖြတ်ကျော်ခဲ့ရပါတယ်
လမ်းခရီးစဉ်တစ်လျှောက်လုံးရေလွယ်ကူမယ့်နေရာတွေမှာ ဒေသရိုးရာဖက်နဲ့ထုပ်ထားတဲ့ထမင်းထုပ်တွေကိုစားသောက်ခဲ့ရပါတယ်
ခရီးစဉ်ဒုတိယနေ့ကစပြီးချောင်းတွေကို ကြိုးတံတားတွေနဲ့ဖြတ်ကျော်ခဲ့ရပါတယ်။ တံတားတွေရဲ့သစ်သားချောင်းတွေက ဆွေးမြည့်နေတော့ လူစုခွဲပြီး ဖြတ်ကူးခဲ့ရပါတယ်.
ရေခဲတောင်မရောက်ခင် လမ်းခရီးမှာတော့ ရဝမ်တိုင်းရင်းသားအများစုနေထိုင်တဲ့ရွာတွေကို ဖြတ်ကျော်ခဲ့ရပြီး ဇီယာဒမ်းရွာအရောက်မှာတော့လူသိများလှတဲ့ဖုန်ရင်ရာဇီနဲ့ ဖုန်ကန်ရာဇီတောင်ကို သဲသဲကွဲကွဲလှမ်းမြင်ရပါပြီ
လမ်းတစ်လျှောက်မှာတော့သစ်ပင်ကြီးတွေ၊ ချုံတွေ၊ နွံအိုင်ကြီးတွေ ရှိနေတာကြောင့် နေရောင်မရရှိတဲ့အတွက်နားတဲ့နေရာတိုင်းမီးဖိုတွေဖိုပြီးနားလေ့ရှိပါတယ်
ရေခဲစပ်စခန်းမှာတော့မိုးကာတဲတွေနဲ့သာမကအတွင်းမှာပါမီးဖိုတွေဖိုထားရပါတယ်။ အပူချိန်ကတော့ အနုတ် ၁ဝ ဒီဂရီ စင်တီဂရိတ်ဝန်းကျင်ရှိပါပြီ
ရေခဲစပ်စခန်းကနေ တောင်ထိပ်အထိကတော့ ရေခဲတွေပေါ်မှာသစ်ချောင်းတွေ၊ သစ်ပင်တွေအားကိုးနဲ့တက်ခဲ့ရပါတယ်
တောင်ထိပ်ပေါ်မှာတော့ ရေခဲကျတာနည်းနေချိန်ပေမယ့် သစ်ပင်အောက်ခြေတွေအားလုံးရေခဲတွေ ဖုံးလွှမ်းနေပါတယ်
ဖုန်ကန်ရာဇီတောင်ထိပ်ပေါ်မှာတော့အအေးဓာတ်ကြောင့်ညအိပ်ဖို့ အဆင်မပြေနိုင်တာကြောင့်အမှတ်တရ ဓာတ်ပုံတွေရိုက်ပြီး ရေခဲစပ်တောစခန်းအထိ ပြန်ဆင်းခဲ့ကြပါတယ်
ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၁၁.၉၂၀ မှာရှိတဲ့ ဖုန်ကန်ရာဇီရေခဲတောင်ကို
ဈေးနှုန်းသက်သာစွာ ကြော်ငြာထည့်သွင်းနိုင်ပါပြီ စိမ်းလန်းဖုန်ကန်ရေခဲတောင်သာယာလှပရေး
အဖွဲ့က ပြီးခဲ့တဲ့ နိုဝင်ဘာအတွင်းမှာ တက်ရောက်ခဲ့ပါတယ်။
မိုင် ၁၀၀ ၀န်းကျင်ရှိတဲ့ ဒီတောင်တက်တောင်ဆင်းခရီးစဉ်ကို
၁၀ ရက်ကြာ လမ်းလျှောက် ခရီးဆက်ခဲ့ ကြပါတယ်။ ပူတာအိုအနီးအထက်ဆန်ဂေါင်ဆိုတဲ့ရွာကနေ ဖုန်ကန်ရာဇီ တောင်ထိပ် အထိ ခရီးစဉ်တစ်လျှောက်မှ
ဓာတ်ပုံအချို့ကို ဖိုတို တင်ဆက်လိုက်ပါတယ်။
- #Zayar_Min
- #mawkun
- #magazine
- #chronicle
ဈေးနှုန်းသက်သာစွာ ကြော်ငြာထည့်သွင်းနိုင်ပါပြီ