Home ဓာတ်ပုံရသ PHOTO ESSAY (63)

PHOTO ESSAY (63)

32
0
photo essay
photo essay
ဈေးနှုန်းသက်သာစွာ ကြော်ငြာထည့်သွင်းနိုင်ပါပြီ

PHOTO ESSAY

၂ဝ၁၉၊ မတ်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၃)မှ  PHOTO ESSAY ဖြစ်ပါသည်။

Photo – Zay Yar Min (TLK)

ဈေးနှုန်းသက်သာစွာ ကြော်ငြာထည့်သွင်းနိုင်ပါပြီ

မြန်မာနိုင်ငံမှာ ၂ဝ၁၈  အတွင်း ဘိန်းစိုက် ဧရိယာ ဟက်တာပေါင်း ၃၇ဝဝဝဝ ကျော် ရှိခဲ့ပြီး ၂ဝ၁၇ နဲ့ယှဉ်ရင် လျော့ကျသွား တယ်လို့ UNODC ရဲ့  ယခုနှစ်ဆန်းပိုင်းက ထုတ်ပြန်ခဲ့တဲ့ စစ်တမ်းမှာ ဖော်ပြထားပါ တယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဒုတိယအများဆုံး ဘိန်းစိုက်ပျိုးတဲ့ နိုင်ငံ တစ်ခုပါ။

၂ဝ၁၄ မှာ တစ်နိုင်ငံလုံး ဘိန်းစိုက်ပျိုးမှု ပပျောက်ရမယ်လို့ အစိုးရက စီမံချက်ချ ဆောင်ရွက်ခဲ့ပေမယ့် မအောင်မြင်ခဲ့တာ ကြောင့် အခု ၂ဝ၁၉  အထိ ငါးနှစ်ထပ်မံ သက်တမ်း တိုးဆောင်ရွက်ခဲ့ပါတယ်။

ဒါပေမဲ့ အစားထိုးသီးနှံနဲ့ ဈေးကွက်ဖန်တီးပေးမှုတွေ အားနည်းနေတာကြောင့် တောင်သူအများစုဟာ စားဝတ်နေရေး ပြဿနာအ တွက် ဘိန်းကို ဆက်လက်စိုက် ပျိုးနေရကြရဆဲပါ။

မြန်မာနိုင်ငံရဲ့ ဘိန်းစိုက်ပျိုးမှု အများဆုံး ရှိနေတဲ့  ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ မဲနယ်တောင်ကြောတစ်ဝိုက်က ရွာအချို့မှာနေထိုင်တဲ့ ဘိန်းစိုက်တောင် သူတွေဆီကို ယခုနှစ် ဖေဖော်ဝါရီ အတွင်း မှာ သွားရောက်ရိုက်ကူး တင်ဆက်ထား ပါတယ်။

ဇန်နဝါရီနဲ့မတ်လအတွင်းကာလဟာ ဘိန်းစိုက်တောင်သူတွေအတွက် အစေးတွေခြစ်ချိန်ကာလဖြစ်ပါတယ်

ဒီအစေးတွေကို သံခွက်တွေနဲ့ ခြစ်ယူရပါတယ် အစေးတွေကို နေ့ချင်းပြီးအောင် ခြစ်ယူရတာပါ

ဒီလိုသံခွက် ၆ ခွက်လောက်ဆိုရင် ဘိန်းစေးတစ်ပိဿာလောက်ရှိပါတယ်

ရွာကနေ ဘိန်းခင်းတွေရှိတဲ့တောင်ကြောတွေေါ်အထိကို နေ့စဉ်အသွားအပြန် ၃ နာရီလောက် လမ်းလျှောက်လေ့ရှိပါတယ်

အစေးခြစ်ချိန်ကာလမှာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ဖျက်ဆီးလေ့ရှိတာကြောင့် ရွာက သက်ကြီးရွယ်အိုတွေ ၊ ကိုယ်ဝန်ဆောင်တွေကစ စိုက်ခင်းတွေမှာ ဝင်ရောက်လုပ်ကိုင်ကြပါတယ်

အစားထိုးသီးနှံအခက်အခဲဖြစ်နေတဲ့အတွက် ဒေသခံတောင်သူတွေကတော့ တောင်စောင်းတွေမှာ ဘိန်းခင်းတွေကိုပဲ ဆက်လက်စိုက်ပျိုးနေရပါတယ်
အစားထိုးသီးနှံအခက်အခဲဖြစ်နေတဲ့အတွက် ဒေသခံတောင်သူတွေကတော့ တောင်စောင်းတွေမှာ ဘိန်းခင်းတွေကိုပဲ ဆက်လက်စိုက်ပျိုးနေရပါတယ်
ဈေးနှုန်းသက်သာစွာ ကြော်ငြာထည့်သွင်းနိုင်ပါပြီ

LEAVE A REPLY

Please enter your comment!
Please enter your name here