Home အက်ဆေး Photo Essay

Photo Essay

54
0

၂ဝ၁၈၊ ဖေဖော်ဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၄)မှ Photo Essay ဖြစ်ပါသည်။

ဓာတ်ပုံ – ဇေယျာမင်း

 

အစိုးရတပ်မတော်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော်တို့ရဲ့ တိုက်ပွဲတွေကြောင့်

မချမ်းဘော့၊ ပူတာအိုနဲ့ ခေါင်လန်ဖူး မြို့နယ်သုံးမြို့နယ်ထဲက ဂျိန်းဖောနဲ့ ရ၀မ်တိုင်းရင်းသား

၃၀၀ ၀န်းကျင်ဟာ  ကချင်ပြည်နယ်မြောက်ပိုင်း ပူတာအိုမြို့နယ်အတွင်းက   လုံးစွတ်

စစ်ဘေး ရှောင်စခန်းမှာ တိမ်းရှောင်နေထိုင်ကြ ပါတယ်။ စခန်းမှာရှိတဲ့ လူဦးရေရဲ့

တစ်ဝက်လောက်ဟာ သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေဖြစ်ပါတယ်။

ကုလသမဂ္ဂ ကမ္ဘာ့  စားနပ်ရိက်္ခာအဖွဲ့  (WFP)နဲ့ ကချင် နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်

(KBC) က လစဉ် စားနပ်ရိက်္ခာတွေ ထောက်ပံ့ပေးနေပါတယ်။  ကိုယ့်နေရပ်ဒေသ

မဟုတ်တဲ့အတွက် အလုပ်အကိုင် ရှားပါးမှုတွေ ရှိနေတာကြောင့် တစ်နိုင်တစ်ပိုင်

လက်မှုလုပ်ငန်းတွေကို လုပ်ကိုင်နေကြ ရပါတယ်။

အများစု ကတော့ အထောက်အပံ့တွေရနေတဲ့ စစ်ရှောင်စခန်းမှာနေရတာထက်

အလုပ်လုပ်ရ အဆင်ပြေတဲ့ နေရပ်ဒေသကိုပဲ ပြန်ချင်နေကြပါတယ်။

ဒီစစ်ဘေးရှောင်စခန်းရဲ့  မြင်ကွင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

photo-zayar min
သက်ကြီးရွယ်အိုများအပါအဝင် စစ်ဘေးရှောင်တွေဟာ အလင်းရောင်နည်းပါးတဲ့အခန်းကျဉ်းတွေမှာ နေထိုင်ကြပါတယ်

 

photo-zayar min
အမျိုးသမီးတွေနဲ့သက်ကြီးရွယ်အိုအများစုကတော့ စခန်းတွင်းမှာပဲ ရက်ကန်းလုပ်ငန်းကို လုပ်ကိုင်နေကြပါတယ်
photo-zayar min
စခန်းအတွင်မှာ ၃ နှစ်ကနေ ၅ နှစ်အထိလက်ခံသင်ကြားပေးနေတဲ့ ကိုယ်ထူကိုယ်ထ မူကြိုကျောင်းလေးရှိပါတယ်

 

photo-zayar min
အမျိုးသားများကတော့ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးနေတာကြောင့် စခန်းတွင်းမှာတစ်နိုင်တပိုင်လက်မှုအလုပ်တွေကို လုပ်ကိုင်နေရပါတယ်
photo-zayar min
စားသောက်ကုန်တွေကို ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) က ထောက်ပံ့ပေးထားပေမယ့် ကလေးတွေရဲ့ပညာရေးအတွက်ကို မိဘတွေက စိတ်ပူနေကြပါတယ်
photo-zayar min
မူကြိုကျောင်းအရွယ်ကလေးတွေဟာ ကျောင်းတက်ရက်တွေဆို ကစားစရာရှိနေသည့်အတွက် ပျော်နေကြပါတယ်
photo-zayar min
စခန်းရောက်စမှာ မွေးဖွားခဲ့တဲ့ ကလေးတွေဟာ စာသင်ကျောင်းကို စတက်ရမယ့်အရွယ်ရောက်နေပါပြီ
photo-zayar min
ကလေးတွေဟာ စခန်းအတွင်းက ၁၅ ပေဝန်းကျင်ပတ်လည် ကွက်လပ်လေးမှာပဲ ဆော့ကစားနေခဲ့ရပါတယ်

 

LEAVE A REPLY

Please enter your comment!
Please enter your name here