Home အက်ဆေး တစ်ပိုင်းတစ်စ နဂ္ဂတစ်များ

တစ်ပိုင်းတစ်စ နဂ္ဂတစ်များ

134
0
ဈေးနှုန်းသက်သာစွာ ကြော်ငြာထည့်သွင်းနိုင်ပါပြီ

၂၀၁၅၊မေလထုတ် ၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၂၃) မှ အမေ့ခံဆောင်းပါးဖြစ်ပါသည်။

မောင်ဥယျာဉ် ရေးသည်။                     

ဈေးနှုန်းသက်သာစွာ ကြော်ငြာထည့်သွင်းနိုင်ပါပြီ

လေဟာပြင်က ဖျာကြမ်းကာထားတဲ့ ရုပ်ရှင်ရုံထဲမှာ မှုန်မှုန်တုန် တုန်ဖြစ်နေတဲ့ ရုပ်ရှင်ကားတွေကို ငွေတစ်ကျပ်ပေးပြီး ကြည့်ခဲ့ဖူး ပါသလား။ ပိတ်ကားထောင်ရုပ်ရှင်ရုံတွေက ပေးတဲ့ ရသကို ခံစား ဖူးပါသလား။ ပိတ်ကားထောင်ရုပ်ရှင်ရုံတွေမှာ မြို့လယ်က ရုပ်ရှင် တွေလို ဒီစီတို့၊ စတောလ်တို့ဆိုတဲ့ အဆင့်မြင့်ထိုင် ခုံနေရာတွေ မပါဘူး။ ရုပ်ရှင်ကြည့်ပရိသတ်တွေအားလုံး ဖိနပ် ဖင်ခုထိုင်ပြီး ကြမ်းတစ်ပြေးတည်းကြည့်ခဲ့ကြရတယ်။ ကျွန်တော်တို့ရဲ့ ငယ် ဘဝတစ်စိတ်တစ်ပိုင်းတွေလည်း ပိတ်ကားထောင်၊ ရုပ်ရှင်တွေ ကြည့်ပြီး ဖြတ်သန်းခဲ့ကြရတာ အမှတ်ရမိတယ်။

ပိတ်ကားထောင်ရုပ်ရှင်တွေက အများအားဖြင့် ဘုရားပွဲ၊ ကျောင်းပွဲရှိတဲ့ ရာသီတွေမှာသာ ရောက်လာကြတာပါ။ မှုန်တုန် တုန် ဝါးတားတား ဂိတ်ရှိုးပိုစတာကြီးတွေကို ကြည့်ပြီး ပြသမယ့် ဇာတ်ကားကို ခန့်မှန်းကြရတာ အမော။ ဂိတ်ရှိုးပိုစတာမှာ သတ် ကြပုတ်ကြတဲ့ အခန်းတွေကို ရေးဆွဲထားပေမယ့် တကယ်ပြတော့ အဲဒီအခန်းက တစ်ကားလုံးမှာ တစ်ခန်းလောက် ပါတာမျိုးလည်း ရှိတတ်တယ်။ ဂိတ်ရှိုးပိုစတာတွေက များသောအားဖြင့် ဘရုစ္စလီ နံချပ်ကူနဲ့ သရုပ်ပြနေတဲ့ ပုံရယ်၊ အမီတာဘဂျမ်းရဲ့ ရုပ်ပုံတွေရယ် သာ များတယ်။ တစ်ခါတလေတော့ ဂေါ်ဇီလာနဲ့ ကင်းကောင်လို ကားမျိုးတွေလည်း ပါတတ်တယ်။ ဂေါ်ဇီလာရုပ်ရှင်ကားမှာ ဂေါ်ဇီ လာပါးစပ်ထဲက မီးတွေ မှုတ်ထုတ်တဲ့ ဇာတ်ဝင်ခန်းကို ရုံပေါက်ဝ မှာ ချိတ်ဆွဲထားလေ့ရှိတယ်။

ရုံဝင်ခကလည်း ပေါပေါပဲပဲပါပဲ။ ကလေး တစ်ကျပ်၊ လူကြီး နှစ်ကျပ်၊ ရုံဝင်ခတစ်ကျပ်ကို မကြည့်ဖြစ်တဲ့ ပွဲတွေလည်း မနည်း လှဘူး။ သူငယ်ချင်းတစ်ယောက်က ပိတ်ကားထောင်ရုပ်ရှင်တွေ အမြဲကြည့်တယ်။ ကြည့်ပြီးရင်လည်း ဇာတ်လမ်းကို စီကာပတ်ကုံး ပြောပြတယ်။ ကျွန်တော်တို့ မကြည့်ဖြစ်တဲ့ ဇာတ်ကားတွေကို သူ့ ဆီက ဇာတ်လမ်းအကျဉ်းနားထောင်ရတယ်။ သူက ဇာတ်လမ်း အသေးစိတ်က အစ မှတ်မိတယ်။ တစ်ခါတလေ ကိုယ်တော်ချော က ကြည့်ပြီး မပြောဘဲ အိုက်တင်ခံတဲ့အခါတွေလည်း ရှိတယ်။ မုန့်လေး၊ ဘာလေးဝယ်ကျွေးပါမှ ပြောပြတယ်။

အဲဒီခေတ်၊ အဲဒီအခါတုန်းက သီးခြားဖျော်ဖြေရေးကလည်း ရှိတာမဟုတ်ဘူး။ မှုန်တုန်တုန်ဝါးတားတား ပိတ်ကားထောင်ရုပ် ရှင်သည်ပင် ကျွန်တော်တို့ငယ်ဘဝရဲ့ ဧရာမ မဟာအခွင့်အရေး၊  တစ်ခါတလေတော့လည်း ရုပ်ရှင်ပြတဲ့သူဖြစ်ရင် သိပ်ကောင်းမှာ ပဲ ဆိုတဲ့ ကလေးအတွေးတွေ တွေးခဲ့ဖူးတယ်။ ရုပ်ရှင်တွေအများ ကြီးကြည့်ရမယ်ဆိုတဲ့ မျှော်လင့်ချက်လည်း ပါတာပေါ့။

ရုပ်ရှင်ပြတဲ့သူတွေက ပရိသတ်အကြိုက်သိတယ်။ ရုပ်ရှင် ဇာတ်ကားနာမည်ကို သူတို့စိတ်ကြိုက် ပေးပစ်ကြတာချည်းပဲ။ ပါ ရာမောင့်ကုမ္ပဏီတို့၊ ဝါနာဘရားသားကုမ္ပဏီတို့များ သိရင် သြချ လောက်တယ်။ ကြယ်တာရာစစ်ပွဲ (Star War) ရုပ်ရှင်ကို အမည် ပေးထားတာက လူကို နေထိ၍ အရည်ပျော်ခြင်းတဲ့။ ကွန်ဖူးမင်း သား ဘရုစ္စလီရဲ့ ဇာတ်ကားနာမည်က ဘရုစ္စလီရဲ့ ဒေါသလက်သီး တဲ့။ ကျွန်တော်တို့မှာလည်း အဲဒီလို ထင်ရာဘာသာပြန်တဲ့ ရုပ်ရှင် ကားတွေကိုပဲ တခုတ်တရ တိုးဝှေ့ကြည့်ခဲ့ရသဗျာ။

ရုပ်ရှင်မပြခင် ဇာတ်လမ်းအကျဉ်းကို လော်စပီကာနဲ့ ကြော်ငြာသေးတာကလား။ ‘ဒီနေ့ည အောင်မင်္ဂလာမဟာမှာ ပြသမယ့် ရုပ်ရှင်ကားကြီးကတော့ လူကို နေထိ၍ အရည်ပျော် ခြင်း၊ ဘယ်လိုအရည်ပျော်မလဲဆိုတာ သိချင်ကြတဲ့ ပရိသတ်ကြီး အနေနဲ့ နေရာကောင်းရရန် စောစောကြွရောက်ခဲ့ဖို့ အကျိုးမျှော် ၍ နှိုးဆော်လိုက်ရပါသည်ခင်ဗျာ။ မကြည့်ရ မရှိရလေအောင် ဝီရိ ယလေးထား၊ ဝါယမလေးစိုက်ပြီး လာကြည့်ကြဖို့ ဖိတ်မန္တက ပြု လိုက်ရပါတယ်ခင်ဗျာ’

ကျွန်တော်တို့ကလေးတစ်သိုက်ကတော့ ကြော်ငြာသံ ကြားလိုက်တာနဲ့ ဖင်တကြွကြွဖြစ်ရစမြဲ။ သူငယ်ချင်းတွေကြားမှာ ရုပ်ရှင်ဇာတ်ကားအကြောင်း လူတွင်ကျယ်လုပ်ပြီး ပြောချင်လှပြီ။ ပိတ်ကားထောင်ရုပ်ရှင်ရုံရဲ့ တင်သမျှကားတိုင်းကို ကြည့်ချင်ပေ မယ့် ကျွန်တော်တို့အားလုံးမှာ ဘဏ္ဍာရေးဘတ်ဂျက်က အကန့် အသတ်ရှိတယ်။ ဒီတော့ မြန်မာပီပီ ဥာဏ်နီဥာဏ်နက်ထုတ်ပြီး စဉ်းစားကြရတယ်။

သူငယ်ချင်းတွေ စုဝေးတိုင်ပင်ပြီး ကိုယ်မကြည့်ဖြစ်တဲ့ကား ကို သူငယ်ချင်းတွေ ကြည့်ခိုင်းကြရတယ်။ ကြည့်ပြီးရင် ဇာတ် လမ်းအကျဉ်းပြောပြကြရတယ်။ ကိုယ်ကြည့်ချင်တဲ့ ရုပ်ရှင်ကားနဲ့ သူငယ်ချင်း ကြည့်ချင်တဲ့ကား တူနေရင် အချင်းချင်း ညှိကြရပြန် တယ်။ ကျွန်တော်တို့ခေတ်ကတော့ ပိတ်ကားထောင်ရုပ်ရှင်ကြည့် ဖို့အရေး ဗြဟ္မာပြည်က အပ်တစ်စင်းနဲ့ လူ့ပြည်က အပ်တစ်စင်းထိ ဖို့ထက် ပိုခက်တယ်ဆိုရမလားပဲ။

တကယ်တော့ ပိတ်ကားထောင်ရုပ်ရှင်အများစုက ရုပ်ရှင် တစ်ကားလုံး အပြည့်အဝကြည့်ကြရတယ်ဆိုတာ ကြုံတောင့်ကြုံ ခဲကိစ္စတစ်ခု။ ရုပ်ရှင်ကားအများစုက မှုန်တုန်တုန်တွေသာ များ တယ်။ ရုပ်ရှင်ပြတဲ့ ဖလင်တွေကလည်း အိုဟောင်းဆွေးမြည့်နေတဲ့  ဖလင်တွေသာ များတယ်။ တချို့ရုပ်ရှင်ကားတွေက အစမပါ၊ ရုပ် ရှင်ကားတချို့က အဆုံးမရှိ၊ ရုပ်ရှင်ကြည့်ပရိသတ်က ကိုယ့်ဘာ သာ ဖြည့်တွေးကြရတယ်။

ဗီဒီယိုဆိုတာ အဝေးကြီးလိုသေးတဲ့ ကာလ။ တီဗီတွေတော့ စပေါ်လာပြီ။ ၁၉၈ဝ ပြည့်လွန်နှစ်တွေ ဖြစ်မှာပေါ့။ ရုပ်မြင်သံကြား စက်ဆိုတာသည်ပင် လူကုံထံတွေရဲ့ ဂုဏ်ရည်ပြပစ္စည်း။ ဧည့်ခန်း ထဲက ရှိုးကေ့စ်ဗီရိုထဲမှာ အခန့်သားနေရာပေးပြီး အရေးတယူ လုပ်ကြရတဲ့ ကာလတွေ။ ကျွန်တော်တို့အိမ်မှာ တီဗီမရှိတော့ တီ ဗီရှိတဲ့ အိမ်တွေမှာ တခုတ်တရ သွားကြည့်ကြရတယ်။ အဲဒီလို ကြည့်ခွင့်ရဖို့အရေး အိမ်ကြီးရှင်တွေရဲ့  မျက်နှာရိပ်မျက်နှာကဲ ကြည့်ကြရသေးတာကလား။ တီဗီကြည့်နေရင်း နေကြာစေ့မစား ရဲဘူး၊ စကားမပြောရဲဘူး၊ နောက်ဖေးနောက်ဖီ မသွားရဲဘူး၊ အိမ် ရှင်တွေ ငြိုငြင်မယ့်ကိစ္စ ဘာမှ မလုပ်ရဲဘူး ဆိုပါတော့။

အဲဒီတုန်းက ကျွန်တော်တို့ကြည့်ခဲ့ရတဲ့ တီဗီဇာတ်လမ်း တွေက အများကြီးပဲ။ ဥည အ့နျွသေိ ဆိုတဲ့ ဆိုင်ကယ်စတန့် ဇာတ်ကားပါတယ်။ On the Road ဆိုတဲ့ ဒေါ်လာခြောက်သန်းတန်လူသားဆိုတဲ့ ဇာတ်ကားလည်း ပါတာ ပေါ့။ စနေ၊ တနင်္ဂနွေနေ့လယ်တွေမှာတော့ တယ်လီမန့်ဆိုတဲ့ အံ့ဖွယ်ပြိုင်ပွဲလာတယ်လေ။ ကာတွန်းကားလည်း လွှင့်ခဲ့တာပဲ။ တွန်အင်န်ဂျယ်ရီတော့ မဟုတ်ဘူး၊ သစ်တောက်ငှက်ကာတွန်း ကား။ တနင်္ဂနွေညတွေမှာတော့ မြန်မာရုပ်ရှင်ကားတွေ လွှင့်ခဲ့ တာပေါ့။ ဗိုလ်အောင်ဒင်ဇာတ်ကားတို့၊ အကာက အချစ်၊ အနှစ် က မေတ္တာတို့ ဇာတ်ကားတွေဟာ တီဗီက လွှင့်တာကို ကြည့်ခဲ့ရ တဲ့ ကားတွေ ဖြစ်တယ်။

မှတ်မှတ်ရရ ကျွန်တော်တို့ တီဗီကြည့်နေတုန်း မီးပျက်သွား တော့ လူတစ်ယောက်က တီဗီကို ဓာတ်မီးနဲ့ ထိုးကြည့်ပါလေရော။  အိမ်ရှင်တွေက ထိတ်ထိတ်ပျာပျာဖြစ်ပြီး တီဗီကို ဓာတ်မီးနဲ့ ထိုး မကြည့်ဖို့ ဝိုင်းပြောကြတယ်။ ဓာတ်မီးအလင်းရောင်ကြောင့် တီဗီ ပျက်မှာ စိုးလို့တဲ့။ အဲဒီအဖြစ်အပျက်က တကယ်ဖြစ်ပျက်ခဲ့တဲ့ ထရူးစတိုရီ (The Six Million Dollar Man) တစ်ပုဒ်ဖြစ်တယ်။

ပိတ်ကားထောင်ရုပ်ရှင်တွေက မြို့ကြီးပြကြီးတွေမှာ ပြရင် နိုင်ငံခြားရုပ်ရှင်တွေသာ အဓိကထားပြကြတယ်။ မြို့ပြမှာ ရုပ်ရှင် ရုံတွေက မြန်မာကားပြနေတာဆိုတော့ ပိတ်ကားထောင်ရုပ်ရှင်ရုံ တွေ မတိုးနိုင်ဘူး။ နယ်တွေမှာတော့ မြန်မာကားရော ကုလား ကားပါ အစုံပြတယ်။ တစ်ခါတလေ ဂျပန်ကားလည်း ပါတာပဲ။ တရုတ်ကားလည်း ပါတဲ့အခါ ပါတယ်။ ကျွန်တော်တို့ နှစ်နှစ်ခြိုက် ခြိုက်ကြည့်ခဲ့ရတဲ့ သိုင်းကားက ဒေးဗစ်ချန်းနဲ့ တီလုံး။ အစွယ်ဖွေး ဖွေးနဲ့ ငါးမန်းရုပ်ပိုစတာကြီးတွေ ရုံမှာ ချိတ်ထားတဲ့ ဇာတ်ကားနာ မည်က Jaw တဲ့။ ငါးမန်းရုပ်ရှင် ဘယ်လောက်အထိ ရုပ်ရှင်ကြည့် ပရိသတ်ကို လွှမ်းမိုးသလဲဆိုရင် ကျွန်တော်တို့အစ်ကိုတွေရဲ့ လက် ဖျံမှာ ငါးမန်းရုပ်ဆေးမင်ကြောင် ထိုးကြတဲ့အထိ ဆိုပါတော့။

ရုပ်ရှင်ပြတဲ့ စက်ဆရာတွေက နယ်တွေရောက်ရင် သိပ်ပြီး ဘဝင်ကိုင်တာ။ တစ်နှစ်နေလို့ တစ်ခါလာဖို့ မသေချာတဲ့ စက်အဖွဲ့ ဆိုတော့ သူတို့ရောက်တဲ့နေရာ လက်ညှိုးòန်ရာ ရေဖြစ်တော့ တာပဲ။ စားဖို့သောက်ဖို့၊ နေဖို့ထိုင်ဖို့ ဘာမှ ပူစရာမလို။ ရွာတစ်ရွာ ရောက်လို့ စတည်းချရင် ရွာခံတင်မကဘူး၊ ရွာနီးချုပ်စပ်ရွာက လူ တွေကပါ လာပြီး ဧည့်ခံကြရတာ။ ကိုယ်တော်ချောစက်အဖွဲ့က ထမင်းစားပြီးရင် သနပ်ဖက်ဆေးပေါ့လိပ် ကိုယ်စီခဲလို့ ဆက်ရက် မင်းစည်းစိမ်ခံကြသေးတယ်။ အချိုပွဲတွေကလည်း စားပွဲဝိုင်း အပြည့်။ အလှူအိမ်က ဘုန်းကြီးဝိုင်းကျနေတာပဲ။

ပိတ်ကားထောင်ရုံထဲဝင်ပြီးရင် ထွက်ချင်တိုင်း ထွက်လို့မရ ဘူး။ ကျွန်တော်တို့ရဲ့ လက်ဖျံမှာ တံဆိပ်တုံး အပေါက်စောင့်က ထု ပေးလိုက်တယ်။ ရုံဝင်ခမပေးဘဲ ကြည့်ချင်သူတွေက လက်ဖျံက တံဆိပ်တုံးပေါ်မှာ တံတွေးဆွတ်ပြီး ရုံဝင်ခမပေးရသူရဲ့ လက်ဖျံပေါ် ဖိချလိုက်တယ်။ အဲဒီလိုလုပ်ရတာလည်း ပညာတော့ ပါတယ်။ အချိန်အဆမှန်ဖို့ လိုသလို သပ်ရပ်ဖို့လည်း လိုတယ်။ မင်တွေ ပျက်ကုန်ရင် နှစ်ယောက်စလုံးရဲ့ ရုပ်ရှင်ကြည့်ခွင့် ဆုံးရှုံးသွားနိုင် တယ်လေ။

ပိတ်ကားထောင်ရုပ်ရှင်တွေက အများအားဖြင့် သုံးကား ပေါင်း မိုးလင်းပြလေ့ရှိတယ်။ အခုခေတ်လို ဖျော်ဖြေရေးကလည်း ဖောဖောသီသီမရှိတော့ ပိတ်ကားထောင်ရုပ်ရှင်ကိုပဲ တန်ဖိုးထား ကြည့်ခဲ့ကြရတယ်။ ဒီရုပ်ရှင်မှ မကြည့်ရင်လည်း တခြားကြည့်စရာ က မည်မည်ရရ မရှိဘူးလေ။ နယ်မြို့တွေဆို ပိုဆိုးတာပေါ့။ မြို့ကြီး ပြကြီးမှာတော့ အငြိမ့်ပွဲ၊ ဇာတ်ပွဲကြည့်ချင်ရင် ကြည့်လို့ရနိုင်ပေ မယ့် နယ်မြို့တွေမှာ အငြိမ့်ပွဲ၊ ဇာတ်ပွဲကလည်း တစ်နှစ်နေလို့ တစ် ခါသေချာတာ မဟုတ်ဘူး။ ဘုရားထီးကလည်း နှစ်တိုင်း အသစ် လဲနေတာ မဟုတ်သလို ရွာဦးကျောင်းဆရာတော်ကလည်း တစ် နှစ်တစ်ပါး ပျံလွန်တော်မူနေတာ မဟုတ်ဘူး။ ဒီလို ပိတ်ကား ထောင်ရုပ်ရှင်လေး လာပါမှ၊ ကြုံကြိုက်ပါမှ ကြည့်ကြရတာဆို တော့ ရောက်တဲ့အရပ်တိုင်းမှာတော့ ရုံပြည့်ပြီဆိုင်းဘုတ် ချိတ် ကြရစမြဲ။

ကျွန်တော်တို့လူလားမြောက်ချိန်မှာတော့ ပိတ်ကား ထောင်ရုပ်ရှင်ရုံတွေရဲ့ ဘဝဟာ သူတို့ပြတဲ့ ရုပ်ရှင်တွေလိုပဲ မှုန်ဝါး ဝါးဖြစ်လာတယ်။ ဗီဒီယိုပြတဲ့ ရုံတွေ ပေါ်လာပြီလေ။ ဗီဒီယိုခေတ် ဦးမှာ ထွန်းလုံရှိန်တို့က ရာဇဝင်သမိုင်းကားတွေနဲ့ ဝင်ငွေကောင်း ခဲ့ဖူးတယ်။ အမ်တီဗီခွေတွေလည်း သူ့ထက်ငါ အပြိုင်ထုတ်ခဲ့ကြ ပေသပေါ့။

ရုပ်ရှင်မင်းသားကြီးတစ်ယောက်က သူ့ရဲ့ အမ်တီဗီသီချင်း ခွေကို မြို့တော်ခန်းမမှာပဲ သူကိုယ်တိုင် လာပြတော့မလိုလို ကြော်ငြာထိုးခဲ့သေးတာလည်း အမှတ်ရမိတယ်။ ထူးထူးခြားခြား အဲဒီခွေမှာ မင်းသမီးက ‘ဒီသီချင်းတွေဆိုနေရင် မလိုက်ခဲ့နဲ့နော်’ လို့ တစ်ကားလုံးမှာ အဲဒီတစ်ခွန်းပဲ ပြောသွားတယ်။ ဒီအထဲ မင်း သားကြီးက အဲဒီအခွေမှာ ဆေးပေါ့လိပ်ကြော်ငြာကို အတည် ပေါက်ကြော်ငြာပေးသွားသေးသဗျာ။ ငွေရှာတတ်တဲ့နေရာမှာ မင်းသားကြီးကို မီတဲ့ မင်းသားတစ်ယောက်မှ မတွေ့ဖူးဘူး။ ဈေး ကွက်စီးပွားရေးဆိုတဲ့ စကားလုံး ဘယ်သူမှ မသုံးသေးခင်အချိန် မှာ ကြော်ငြာကို ဘယ်လိုလုပ်ရမယ်ဆိုတာ ကောင်းကောင်းသိ သွားခဲ့တယ်။

ဗီဒီယိုခေတ်ဦးမှာ ရဲကိုကိုတို့၊ ရဲမင်းပိုင်တို့ရဲ့ အသတ်အပုတ်၊ အထိုးအကြိတ်ကားတွေလည်း ဈေးကွက်မှာ အောင်မြင်ခဲ့တယ်။ ဗီဒီယိုဇာတ်ကားမပြခင် စတိတ်ရှိုးခွေထိုးထားပြီး ပရိသတ်ကို ဗီဒီ ယိုရုံတွေက ဧည့်ခံသေးတာပေါ့။ လွှမ်းမိုးရဲ့ မိုးစက်တင်လေသီချင်း ဆိုရင် မိုးရွာထဲမှာ ထီးလေးဆောင်းပြီးဆိုတာ မှတ်မိတယ်။ မေဆွိ ရဲ့ စိတ်ညစ်ရင် ဂစ်တာတီးပါလားကိုကိုရယ်သီချင်းက ဂစ်တာ အကြီးကြီးဘေးမှာ မေဆွိထိုင်ဆိုတာလေ။ နောက်တစ်နေ့ပြမယ့် ကားကို နမူနာက ပြသေးတာ။ ပရိသတ်ကြိုက်လောက်မယ်ထင် တဲ့နေရာကို ရုပ်ရှင်ပြသူတွေက ကြိုကြည့်ပြီးမှ ပြကြတာပါ။

အခုတော့လည်း ဗီဒီယိုပြတဲ့ အောက်စက်ဆိုတာသည်ပင် ရှေးဟောင်းပစ္စည်း ဖြစ်သွားပါရောလား။ အိမ်တိုင်းစေ့နီးပါး တီဗီ တွေ ရှိလာပြီ။ အခပေးရုပ်သံလိုင်း တပ်ဆင်ထားကြတဲ့ အိမ်တွေ လည်း မနည်းဘူး။ ဗီဒီယိုပြစက်နေရာမှာ ဒီဗီဒီစက်တွေက အစား ထိုးနေရာယူခဲ့ပြန်ပေါ့။ အဲဒီဓာတ်ပြားစက်တွေ ပေါ်ဦးပေါ်ဖျားမှာ သီချင်းတစ်ပုဒ် ကျပ်ငါးဆယ်ပေးပြီး ဆိုခဲ့ဖူးတယ်။ အခုတော့ လည်း သီချင်းတစ်ပုဒ် ငါးဆယ်ပေးဆိုခဲ့တယ်ဆိုတာသည်ပင် ပါး စပ်ရာဇဝင်တစ်ပုဒ်ဖြစ်ခဲ့ပြီ။ အိမ်တိုင်းနီးပါး ဒီဗီဒီစက်တွေက ရှိ နေကြပြီလေ။

အခုတော့လည်း ပိတ်ကားထောင်ဆရာတွေ ဘာလုပ်ကိုင် နေကြပါလိမ့် သိချင်စမ်းပါဘိ ။   ။

ဈေးနှုန်းသက်သာစွာ ကြော်ငြာထည့်သွင်းနိုင်ပါပြီ

LEAVE A REPLY

Please enter your comment!
Please enter your name here