Home သုံးသပ်ချက် မြန်မာ-မွတ်ဆလင် မုန်းတီးမှုတွေ ဘယ်လိုအမြစ်တွယ်ခဲ့သလဲ

မြန်မာ-မွတ်ဆလင် မုန်းတီးမှုတွေ ဘယ်လိုအမြစ်တွယ်ခဲ့သလဲ

192
0
Advertise Here

မေ-ဇွန် – ၂၀၁၃ ၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၅)မှ သုံးသပ်ချက် ဆောင်းပါးဖြစ်ပါသည်။

သင်ကာ ရေးသည်။

Advertise Here

(က)

တကယ်တော့ မြန်မာ-မွတ်ဆလင်၊ မြန်မာ-တရုတ် မုန်းတီး မှု နှစ်မျိုးစလုံး မြန်မာပြည်မှာ ဆယ်စုနှစ်နဲ့ချီ အမြစ်တွယ်ပြီး ချိန် ကိုက်ဗုံးလို ဖြစ်နေတာကတော့ ငြင်းမရတဲ့ အချက်ပါပဲ။ ဒီနေရာ မှာ မြန်မာ-မွတ်ဆလင် မုန်းတီးမှုကိုပဲ ကွက်ပြီး လေ့လာကြည့် မယ်။ အရှိတရားများနဲ့ ဖြစ်နိုင်ခြေများကိုသာ ထည့်တွက်မှာ ဖြစ် လို့ နှစ်ဖက်စလုံး နာချင်နာမယ်၊ သာချင်သာမယ်။

          တရားဝင် ပြောဆိုဖော်ပြခြင်းမရှိတဲ့ နောက်ကွယ်က Factor တွေ၊ ပြဋ္ဌာန်းခြင်း မရှိပေမယ့် လက်တွေ့အရှိတရားတွေ၊ ခေတ်နဲ့ စနစ်၊ တစ်သီးပုဂ္ဂလမှသည် အမျိုးသားရေးဝါဒအထိ အနှစ်ချုပ် အကျဉ်းထုတ်ကြည့်မယ်။ စုံချင်မှလည်း စုံမယ်။ အမြင် တွေ ထပ်ထည့်ကြည့်တာပေါ့။

(ခ)

(၁) ချစ်တီးကုလား၊ ခေါ်တောကုလား စတာတွေဟာ မြန်မာ ဗုဒ္ဓ ဘာသာဝင် လူထုကြားမှာ နှိမ်တဲ့အသုံးအနှုန်း၊ မနှစ်မြို့တဲ့ အမြင် တွေနဲ့ စာပေတွေမှာ ထင်ဟပ်ထားခဲ့တယ်။

(၂) ဟိုးအရင်ကတော့ ပန်ချာပီ၊ ဟိန္ဒူ၊ ချစ်တီး၊ ခေါ်တော၊ မွတ် ဆလင် စသဖြင့် ခွဲခြားခေါ်ကြတယ်။ ပညာတတ် ပန်ချာပီကြီးတွေ ဟာ ဟိုးအရင် ရန်ကုန်တက္ကသိုလ်ကျောင်းတော်မှာ ပါဠိဘာသာ ပြဆရာတွေ ဖြစ်ခဲ့ဖူးတယ်။ ဟိန္ဒူတွေရဲ့ အယူဝါဒနဲ့ မြန်မာတွေ သက်ဝင်တဲ့ မိရိုးဖလာ ဗုဒ္ဓဘာသာက ဆန့်ကျင်မှု သိပ်မရှိဘဲ ဒွေး ရောယှက်တင် ရှိခဲ့တယ်။ (ဥပမာ – ယတြာခြေပြီး အုန်းသီးခွဲတယ်။ ကာလီမယ်တော်ကို လှူဒါန်းဖို့ ဗေဒင်ဆရာတွေက အကြံပေး တယ်၊ ဟိန္ဒူတွေက ဘုရားလှည့်ရင် ဂေါတမဗုဒ္ဓကို ထည့်တယ်)ဆရာကြီး ဦးရာဇတ်တို့၊ ဗိုလ်မှူးဘရှင်တို့ကနေ ကျားဘငြိမ်း၊ စာရေးဆရာ၊ ကာတွန်းဆရာ ဦးကံချွန် စတဲ့ ပုဂ္ဂိုလ်ကြီးများဟာ ထင်ရှားတဲ့ မွတ်ဆလင်ကြီးတွေ ဖြစ်ကြပါတယ်။

          ဒါပေမဲ့ နောက်ပိုင်းမှာ ကုလားဆင် မှန်သမျှ ‘ကုလား’လို့ သိမ်းကျုံးခေါ်ဝေါ်လိုက်ကြပြီး ရောထွေးကုန်တယ်။ ကုလားဆင်နဲ့ ကုလားမှန်ရင် အတွင်းကျိတ်ပြီး မုန်းနေကြတော့တယ်။ ဘာ ကြောင့်လဲ။ (အခုရေးတာမှာလည်း ခွဲခြားမှု မဟုတ်သည့်တိုင် ဖြစ်ပျက်နေသည့်အတိုင်း လိုအပ်သလို ကုလားလို့ သုံးစွဲသွားပါ မယ်)

(ဂ)

(၁) ‘ကိုယ်တော့် ကရုဏာ’ ကနေ ‘အမျိုးကြောက်မှာ စိုးကြောက် ပါသည်’ဆိုတဲ့ စာအုပ်၊ တိပ်ခွေတွေ တိတ်တဆိတ် လက်သိပ်ထိုး ဝေမျှကြတာတွေဟာ မြန်မာဗုဒ္ဓဘာသာဝင်တွေကြား စိမ့်ဝင်ပျံ့နှံ့ နေခဲ့တာ ဆယ်စုနှစ်များစွာကြာတယ်။ ဘာသာရေးခေါင်းဆောင် နဲ့ အမျိုးသားရေးဝါဒီများကလည်း မုန်းတီးရေးတရားတွေ ဟော ခဲ့ကြတယ်။ အစိုးရဝါဒဖြန့်တွေမှာ အနောက်နိုင်ငံတွေကို လက် ညှိုးထိုးပေမယ့် မြန်မာဗုဒ္ဓဘာသာဝင်တွေ မုန်းတာက တခြားဖြစ် နေတယ်။

(၂) စစ်အစိုးရက တစ်ဖက်မှာ ဒါမျိုးတွေကို လျစ်လျူရှုခဲ့သလို တစ်ဖက်မှာလည်း လူမျိုးခြား စီးပွားရေးသမားတွေနဲ့ ပလဲနံပ သင့်ခဲ့တယ်။ ဒါတွေကို တွေ့ကြုံသိမြင်ခဲ့ကြတဲ့ မြန်မာဗုဒ္ဓဘာသာ ဝင်တွေဟာ စစ်အစိုးနဲ့အတူ ကုလား၊ တရုတ်တွေကို မုန်းတီးခဲ့ တယ်။

(၃) တစ်ဖက်မှာလည်း မွတ်ဆလင်များဟာ ယခင် (ပဒေသရာဇ် ခေတ်မှသည် မဆလခေတ်အထိ) မြန်မာပြည်ဖွား ရှေးမွတ် ဆလင်ကြီးများလို မြန်မာပြည်ရဲ့ ဝန်းကျင်နဲ့ ပေါင်းစည်းရောဝင်မှု (Integrated) မရှိဘဲ သိသိသာသာ ခွာထွက်ပြီး အတွင်းပိတ် အသိုင်းအဝိုင်းလို ဖြစ်လာတယ်။ မြန်မာအမျိုးသမီးတွေကို ဘာသာတွင်း သိမ်းသွင်းရေး၊ သိမ်းသွင်းနိုင်သူတွေကို ထောက်ပံ့ ပေးရေးဆိုတာတွေကို ပြုလုပ်တယ်လို့ မြန်မာဗုဒ္ဓဘာသာဝင်တွေ က ယုံကြည်ပြီး မုန်းတီးမှုတွေ ပိုပွားခဲ့တယ်။ ကျယ်ပြန့်တဲ့ အတိုင်း အတာမဖြစ်တောင် အဖြစ်အပျက်တချို့ဟာ ယုံကြည်စေတဲ့ အထောက်အထား ဖြစ်ခဲ့ကြကြောင်း လက်လှမ်းမီသလောက် မေးမြန်းခဲ့တဲ့ ဗုဒ္ဓဘာသာဝင် အများအပြားက အခိုင်အမာ ပြော ဆိုကြတယ်။ ဒါပေမဲ့ စာရင်းအင်း၊ လေ့လာမှု၊ ဖြေရှင်းမှု အလျဉ်း မရှိကြပေမယ့် ပြင်းထန်တဲ့ လောင်စာတွေ ဖြစ်နေတာကို တွေ့ရ တယ်။

(ဃ)

          ဒီပြဿ      နာတွေကို အမြစ်လှန်တဲ့အခါ ရခိုင်ပြည်နယ်ကို မေ့ ထားလို့ မရဘူး။ တရားဥပဒေစိုးမိုးရေး လျော့ရဲမှု၊ လာဘ်စားမှု တွေကြောင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်က တရားမဝင် ခိုးဝင်မှုတွေ၊ အခြေချမှုတွေကို ရခိုင်ပြည်နယ် ပြင်ပက ဗုဒ္ဓဘာသာဝင်တွေက တစ်ချိန်လုံး နားစွင့်နေကြ၊ သတင်းဖလှယ်နေကြတယ်ဆိုတာ ထည့်သွင်းတွက်ချက်ရမယ့် Factor တစ်ခုဖြစ်တယ်။ မြန်မာပြည် ဖွား၊ မြန်မာ့ဝန်းကျင်မှာ Integrated ဖြစ်၊ အသားကျနေတဲ့ မွတ် ဆလင်များဟာ မြန်မာစကား မပြောတတ်၊ မြန်မာပြည်ဖွားလား၊ ခိုးဝင် အခြေချနေထိုင်သူလား မသိတဲ့ မွတ်ဆလင်များနဲ့အတူ သိမ်းကျုံးအထင်လွဲခံရပြီး ပစ်မှတ်တွေအဖြစ် ခံကြရတယ်။ ၈၈ မျိုးဆက် ကိုမြအေး စသူတို့လည်း ကြားညှပ်ခဲ့ရတယ်။

(င)

          တခြားတစ်ဖက်မှာလည်း ပွင့်လင်းမြင်သာမှုမရှိ၊ စစ်အစိုးရ အကြောက်တရားအောက်က မြန်မာအသိုင်းအဝိုင်းကလည်း သံသယတွေ ကြီးထွားခဲ့တယ်။ အဲဒီအတွင်း ကမ္ဘာ့အရေးအခင်း များကလည်း မြန်မာဗုဒ္ဓဘာသာလူထုအမြင်အပေါ် သက်ရောက် မှုတွေ ရှိခဲ့တယ်။ အနီးစပ်ဆုံးအားဖြင့် ခြေခြေမြစ်မြစ် မသိကြ သည့်တိုင် ထိုင်းတောင်ပိုင်းမှာ ဗုဒ္ဓဘာသာတွေအပေါ်မွတ်ဆလင် အစွန်းရောက်တွေရဲ့ တိုက်ခိုက်မှုမျိုးကိုလည်း နားစွင့်နေခဲ့ကြ တယ်။

(စ)

          အခြေအနေ အရပ်ရပ်အောက်မှာ နှစ်ဖက်စလုံးရဲ့ သံသယ ဟာ ကြောက်စရာကောင်းအောင် ကြီးထွားခဲ့တယ်။ Integrated ဖြစ်ကြတဲ့ ကြားနေသဘောထား အလယ်အလတ် မြန်မာ မွတ် ဆလင်များအဖို့ နှစ်ဖက်ရဲ့ သံသယများကြားမှာ ကြားညပ်နေခဲ့ တယ်။ ထို့အတူ မွတ်ဆလင် မိတ်ဆွေတွေရှိတဲ့ ဗုဒ္ဓဘာသာ မြန်မာ တွေအဖို့လည်း မိတ်ဆွေများအပေါ် ခင်မင်မှုနဲ့ တချို့သော သီး ခြားအစွန်းရောက် မွတ်ဆလင်တွေ အကြားမှာ ထားရှိရမယ့် ဆက်ဆံရေးအပေါ် ဒွိဟတွေ ဖြစ်ခဲ့တယ်။

(ဆ)

          စစ်အာဏာရှင်လက်အောက်မှာ ဆယ်စုနှစ်နဲ့ချီပြီး ဆင်းရဲ တွင်းနက်၊ ပညာရေးတွေ ပျက်စီး၊ ခွဲခြားဖိနှိပ်မှုတွေရဲ့ တခြား ရလဒ်အဖြစ် လူမျိုးရေး၊ ဘာသာရေးမုန်းတီးမှုတွေ ရှင်းမရ အောင် ဖြစ်ခဲ့တယ်။ တစ်ရပ်တည်းသား ကစားဘက်ပဲ၊ အိမ်နီး ချင်းပဲ၊ သာရေးနာရေး မကင်းကြသူများပဲဆိုတဲ့ အမြင်တွေ ဆိတ် သုဉ်းသွားတယ်။ ကုလားပဲ၊  ဗုဒ္ဓဘာသာဝင်ပဲဆိုတဲ့ “Us or Them” အမြင်တွေ နုတ်မရအောင် အမြစ်တွယ်သွားတယ်။ စစ် အစိုးရလောင်းရိပ်အောက်က လွတ်ချိန်မှာ ယဉ်ကျေးမှုစုံနေတဲ့ မြန်မာ့လူမှုအဖွဲ့အစည်းတစ်ခုလုံးဟာ တစ်ဖက်နဲ့ တစ်ဖက် သည်း ခံနိုင်မှု (Tolerance) နည်းပါးတဲ့ အခြေအနေဟာ ထင်သာမြင် သာ ဖြစ်တယ်။ မျိုးဆက်နဲ့ ချီပြီး မှိုင်းမိသွားတဲ့ အနေအထားဟာ ရှင်းလင်းဖို့ရော နားလည်ဖို့ပါ အင်မတန် ခက်ခဲမှာဖြစ်တယ်။

(ဇ)

          နှစ်ဖက်သော လူမှုအဖွဲ့အစည်းတွေကြားမှာ…

(၁) ‘လက်ခံနိုင်သော မည်သည့်အခြေအနေ၌ မဆို’ပိုမိုပူးပေါင်း ကြည့်ဖို့ လိုနေတယ်လို့ ထင်တယ်။

(၂) သံသယတွေ ရှင်းနိုင်ဖို့ ပွင့်လင်းမြင်သာမှု လိုတယ်။

(၃) နှစ်ဖက်စလုံးမှာ စူးဝင်နေတဲ့ အစွန်းရောက် ဆူးတွေကို သေချာရွေးချယ် နုတ်ပစ်ဖို့၊ နုတ်ပစ်ရဲကြဖို့ လိုတယ်။ ပြီးနောက် နှစ်ဖက်စလုံး အလျှော့အတင်း လုပ်ဖို့လည်း လိုအပ်ပါတယ်။

(၄) နိုင်ငံတော်ကို သစ္စာရှိမှု၊ နိုင်ငံသားအချင်းချင်း သင့်တင့်ညီ ညွတ်မှု၊ နေထိုင်သည့်နိုင်ငံတွင် ပေါင်းစည်းနိုင်စွမ်း၊ မိမိ သက်ဆိုင် ရာ ဘာသာတရားအပေါ် အလေးထားမှု၊ အမျိုးသားရေးဝါဒများ ဟာ တစ်ခုနဲ့ တစ်ခု လိုင်းပြတ်ဖို့လိုသလို သူ့နေရာနဲ့ မှန်ကန် အောင် တွဲစပ်ရေးလုပ်ဖို့လည်း လိုနေတယ်လို့ ထင်မြင်မိပါ တယ်။      ။

Advertise Here

LEAVE A REPLY

Please enter your comment!
Please enter your name here