Home စာအုပ်အညွှန်း မော်ကွန်း ဇူလိုင်လထုတ် ထွက်လာပါပြီ (Mawkun July Edition Out Now!)

မော်ကွန်း ဇူလိုင်လထုတ် ထွက်လာပါပြီ (Mawkun July Edition Out Now!)

38
0

အများပြည်သူအကျိုးစီးပွားနှင့် သက်ဆိုင်သည်များကို အတွင်းကျကျဖော်ထုတ်ထားပြီး တင်ပြပုံဆန်းသစ်တဲ့ မော်ကွန်းမဂ္ဂဇင်း JULY လထုတ် ထွက်လာပါပြီ…။

Editorial – “…၂၅ ရာခိုင်နှုန်းသဘောမတူလျှင် ဘာမှပြောင်းလဲမရသည့်အခြေနေကို တိုက်ဖျက်ပစ်နိုင်မည့် နည်းလမ်းကို မဖြစ်မနေရှာဖွေရတော့မည်ဖြစ်ပြီး ထိုနည်းလမ်းရှာမရသေးသမျှ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအမည်တပ် လုပ်ဆောင်သမျှတို့သည် အဟောသိကံဖြစ်ရတော့မည့်အခြေအနေဖြစ်နေရာ ထိုကဲ့သို့ လူများစုကံကြမ္မာကို လူနည်းစုဆုံးဖြတ်နေသည့် အခြေနေအား အမြန်ဆုံး အဆုံးသတ်ရန်လိုအပ်နေ…”

Cover Story [INVESTIGATIVE REPORTING] –
“ဆေးရုံ၊ ဆေးခန်းထွက် အမှိုက်တွေနဲ့ ရောဂါကွန်ရက်”
– (သုံးလကြာ ထောက်လှမ်းစုံစမ်းပြီး ရေးသားထားသည့် ဆောင်းပါး)
– ဆေးခန်းက ထွက်တဲ့ ရောဂါပိုးကူးစက်နိုင်တဲ့အမှိုက်တွေကို စည်ပင်က ပုံမှန်မသိမ်းတဲ့အခါမှာ ဆေးခန်းတွေဟာ သူတို့ရဲ့အမှိုက်တွေကို ဘယ်လိုစွန့်ပစ်ကြသလဲ။ နောက်ဆက်တွဲဘာတွေဖြစ်လာမလဲ။
– “အိမ်မှာဆေးခန်းဖွင့်တော့ ဒီအမှိုက်တွေကိုလည်း အိမ်ထဲမှာပဲ သိမ်းထားရတာ၊ ကြွက်တွေက ကိုက်ဖောက်တယ်။ ဘယ်လိုထားရမလဲ။ သူတို့တတွေက ပုံမှန်မလာရင် ရောဂါထုပ်ကြီး ပိုက်ထားရသလိုပဲ”
– “အခွန်ပဲ လစဉ်လာကောက်တာရှိတယ်။ No Service” သူဆေးခန်းဖွင့်လာတဲ့ နှစ်ပေါင်း ၃၀ နီးပါးမှာ အမှိုက်လာသိမ်းတာ မကြုံဖူးဘူးလို့ဆိုပါတယ်။ ဒါဆိုရင် အဲဒီအမှိုက်တွေကို သူဘယ်လိုစွန့်ပစ်ပါသလဲ။…
– ရန်ကုန်မြစ်ရဲ့ တစ်ဘက်ကမ်းမှာကော ဘယ်လို စွန့်ပစ်နေကြလဲ…
– ဆေးထိုးအပ်၊ ကော်နဲ့လုပ်ထားတဲ့ ဆေးပုလင်းအခွံတွေဆိုရင်တော့ ၀ယ်တဲ့သူတွေဆီကို ရောင်းစားတယ်လို့ဆိုပါတယ်။

Feature 1) – “အစာမှ အဆိပ်ဖြစ်သွားသောအခါ”
– မြန်မာနိုင်ငံတွင် ဖြစ်ပွားသည့် ၀မ်းပျက်ဝမ်းလျှောရောဂါများ၏ ၇၀ ရာခိုင်နှုန်းမှာ အစားအသောက် မသန့်ရှင်းမှုကြောင့်ဖြစ်ရ။
– “အစာအဆိပ်သင့်ရင် သေတာရှားတယ်၊ အန်မယ်။ ဖျားမယ်။ ဒါကို မသေနိုင်ဘူးဆိုပြီး လူတွေရဲ့ခေါင်းထဲမှာ သိပ်ပြီး စိုးရိမ်ကြောာင့်ကြမှုမရှိကြဘူး” ဒေါက်တာစောအောင်မိုးအေး (ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီး၊ အဆိပ်သင့်ကုသမှုဌာန)
– အစာအဆိပ်မသင့်ရအောင် ဘယ်လိုစားသောက်သင့်ပါသလဲ…။

Feature 2) – “မြို့ပြငှက်၊ မြို့ပြ၀န်းကျင်”
– ကျေးငှက်တွေက လူတွေကို တစ်ဖက်တစ်လမ်းက အထောက်အကူဖြစ်စေပေမယ့်လည်း ငှက်တွေနဲ့ နီးနီးကပ်ကပ်အတူအရောတ၀င်နေထိုင်ခြင်းကတော့ ကျန်းမာရေးရှုထောင့်က ကြည့်မယ်ဆိုရင် သတိထားရမယ့် အနေအထားဖြစ်တယ်လို့ ဆေးပညာရှင်တွေနဲ့ ငှက်လေ့လာစောင့်ကြည့်သူတွေကဆိုပါတယ်။
– “ကျီးကန်းက လူကို ရောဂါဖြစ်တာမပေါ်သေးလို့၊ ပေါ်ရင် သွေးလွန်တုပ်ကွေးလိုဖြစ်မှာ။ ဒါတွေ (ကျီးကန်း)က လူတွေကြားထဲက ရန်သူတွေပဲ”
– “တကယ့်တကယ် တိရစ္ဆာန်ကနေ လူကိုကူးမယ့် အဆင့်ဆိုရင် ထိန်းချုပ်လို့တောင် ရမှာမဟုတ်ဘူး”

Essay – “ရိုးရှင်းသောာ မြန်မာ့လူနေမှုစနစ်”
– နံနက်စောစော အိပ်ရာထ၊ ရွာထဲမှ အော်သံတစ်ခုကြားရပြန်ပါသည်။ “ဟင်းဖရေဟင်း” ဟုဖြစ်ပါသည်။

Interview – “ရခိုင်ရေးရာကျွမ်းကျင်သူနှင့် အင်တာဗျူး”
– မော်ကွန်းအမှတ် (၁) မှ အင်တာဗျူးအား ပြန်လည်ဖော်ပြခြင်းဖြစ်သည်။

Travelogue – “တောနက်နက်၊ ခရီးကြမ်းကြမ်း၊ အန္တရာယ်ကြားက ရိုးရာဆေးသောက်ပွဲ”
– မီးတောက်တွေက အားကောင်းလာပြီး မီးဖိုအပူရှိန်ကလည်း မြင့်တက်လာပါသည်။ ထိုအချိန် ‘ဘန်း’ ခနဲဆိုသည့် ပေါက်ကွဲသံတစ်ခုထွက်လာပြီး မီးဖိုနားတွင် ဆေးချိုးနေသော ဦးစောကဲဒိုထံမှ ‘အား’ ခနဲဟူသော အော်သံပါ တစ်ဆက်တည်းထွက်လာပါသည်။ ဘာဖြစ်တာလဲဝိုင်းကြည့်သောအခါ ဦးစောကဲဒို တင်ပါးတွင် သွေးများ စီးကျနေသည်ကို တွေ့ရသည်။

Profile – “တစ်ကမ္ဘာလုံးနှင့် တစ်ယောက် (အပိုင်း – ၄)”
– သူ့ကို ဘယ်သူမှ မသိတော့။ သူ့ပုံစံကလည်း ထောင်အ၀တ်အစားနှင့် စုတ်စုတ်ပြတ်ပြတ်ဖြစ်နေသည်။ “သူတို့ ငါ့ကို မေ့ကုန်ကြပြီ” ဟူသော အတွေးသည် ဦးပဉ္စင်း၏ ရင်ထဲ ထိထိခိုက်ခိုက် ခံစားလိုက်ရသည်။

Satire – “အငြင်းပွားဖွယ် စီမံကိန်းအတွက် ဆင်ခြေဆင်လက်”

ရောင်းဈေး တစ်အုပ် ၁,၈၀၀ ကျပ်။

LEAVE A REPLY

Please enter your comment!
Please enter your name here