Home သတင်းဆောင်းပါး ခေတ်သစ်ကျေးကျွန်ဘ၀မှ လွတ်မြောက်မှု ရှာပုံတော် အပိုင်း(၁)

ခေတ်သစ်ကျေးကျွန်ဘ၀မှ လွတ်မြောက်မှု ရှာပုံတော် အပိုင်း(၁)

97
0
ဓာတ်ပုံ - World Vision
ဈေးနှုန်းသက်သာစွာ ကြော်ငြာထည့်သွင်းနိုင်ပါပြီ

 

သူဇာသည် ဆင်းရဲခြင်းဖြင့် မွေးဖွားကာ ဆင်းရဲခြင်းဖြင့်အရွယ်ရောက်လာသူ ဖြစ်သည်။ရန်ကုန်မြို့၏ ဆင်ခြေဖုံးရပ်ကွက်တစ်ခုတွင် ဓနိမိုး၊ ထရံကာ အိမ်ကလေးနှင့် နေထိုင်ကြသော သူဇာ(အမည်လွှဲ)တို့ မိသားစုမှာ လက်လုပ်လက်စား ကြုံရာကျပန်း မိသားစု ဖြစ်သည်။ ဖခင်ဖြစ်သူက ခြောက်သွေ့ ရာသီမှာ ပန်းရံလုပ်သည်။ မိခင် ဖြစ်သူမှာ ကုန်သည်များထံတွင် ပဲရွေးခြင်း၊ ငရုတ်သီးခြွေခြင်း စသည့်ရရာအလုပ်တွေကို နေ့စား လိုက်လုပ်သည်။

မိုးတွင်းရောက်လျှင်တော့ သူဇာ့ဖခင်က အနီးအနားက ချောင်းထဲ မြောင်းထဲ သွားကာ ငါးတွေ၊ ကဏန်းတွေရှာသည်။ ထိုအခါများမှာ သူဇာနှင့် မိခင်ဖြစ်သူတို့က ရပ်ကွက်ထဲက ဈေးလမ်းကို ထွက်ပြီး ငါးတွေ၊ ကဏန်းတွေထိုင်ရောင်းရသည်။ ထိုစဉ်ကသူဇာ့အရွယ် မူလတန်းအရွယ်ပေါ့။မိသားစုဝမ်းရေးက ပြေတစ်လှည့်၊ မပြေတစ်လှည့်။ ထိုအခြေအနေမှာ သား သမီးအားလုံး၏ပညာရေးကို မိဘများ ခေါင်းထဲမထည့်နိုင်။ သူဇာဆိုလျှင်အတန်းပညာဆိုလို့သူငယ်တန်းသာနေခဲ့ရသည်တဲ့။

ဈေးနှုန်းသက်သာစွာ ကြော်ငြာထည့်သွင်းနိုင်ပါပြီ

ဈေးရောင်းနေရင်း မိမိအရွယ် ကလေးများ ကျောင်းသွားကြသည်ကို မြင်လျှင် သူဇာ၏စိတ်ထဲမှာ သူတို့လို ကျောင်းဝတ်ကျောင်းစားဖြင့် ကျောင်း လိုက်တက်ချင်သည့်စိတ်တွေ တဖွားဖွား ပေါ်လာသည်။ သို့သော် လက်ရှိဘဝမှာ မဖြစ်နိုင်မှန်းသိနေ၍ ထိုစိတ်ကို အတင်း ချိုးနှိမ်ထားရုံမှတစ်ပါး အခြား ဘာမှ မတတ်နိုင်။

ဆင်းရဲမွဲတေမှုလှိုင်းတံပိုးအောက် မှာ ရှင်သန်ဖို့ရုန်းကန်နေကြရင်း သူဇာ အသက် ၁ဝ နှစ်လောက်မှာ ကျန်းမာရေး ချူချာလှသောမိခင်ဖြစ်သူ လောကကြီးမှ အပြီးအပိုင်ထွက်ခွာသွားခဲ့သည်။ သို့ဖြစ်ရာ သူဇာတို့မိသားစုထဲမှာ သူဇာရယ်၊ မောင် နှစ်ယောက်ရယ်၊ အဖေရယ် ဒီလေးယောက် သာကျန်တော့သည်။ ထိုအထဲမှာ ပိုက်ဆံ ရှာမည့်သူဆိုလို့ သူဇာနှင့် အဖေဖြစ်သူ နှစ်ယောက်သာရှိသည်။ အစ်ကိုဖြစ်သူက တော့ အမေဖြစ်သူ မဆုံးခင်ကတည်းက အိမ်ထောင်ကျသွားပြီဆိုတော့ သူ့မိသား စုနှင့်သူဖြစ်နေသည်။

ရပ်ကွက်ဈေးလမ်းမှာ ဈေးရောင်း ရင်း သူဇာတစ်ယောက် ကိုယ့်ကိုယ်ကိုယ် အမောပြေအပန်းပြေ ဖျော်ဖြေစရာဆိုလို့ ပါးစပ်ထဲ တွေ့ရာသီချင်းတွေကို ဆိုညည်း နေခြင်းပဲဖြစ်သည်။ ကြီးလာလျှင် အဆို တော်လုပ်မည်၊ သရုပ်ဆောင်လုပ်မည်လို့ လည်း စိတ်ကူးယဉ်သည့်အခါ ယဉ်ကြည့် ခဲ့ဖူးသည်။

သူဇာတစ်ယောက် သူ့အသက် ဘယ်လောက်ရှိပြီလဲဆိုသည်ကိုသိရှိဖို့ ဖခင်ဖြစ်သူကို မကြာခဏမေး တတ်သည်။ မေးသည့်အခါတိုင်းလည်း သူဇာ့ကို အဖေ ဖြစ်သူက ”နင်ဘာလုပ်မလို့လဲ၊ယောက်ျား ယူမလို့လား” ဟု ဆူတတ်သည်တဲ့။အခုအထိ သူဇာတစ်ယောက် သူ့ကိုဘယ်နှစ်၊ ဘယ်လ၊ ဘယ်ရက်မှာမွေးသည် ကို အတိအကျမသိ။ Happy Birthday ဟူသည် သူဇာ့အဖို့မဟုတ်။ သူ့အသက် ဘယ်လောက်ရှိပြီလဲဟုမေးလျှင် ခန့်မှန်း ခြေလောက်ကိုသာ သူဇာပြောနိုင်သည်။

သို့နှင့် သူဇာ့အရွယ် ၁၇ နှစ် ဝန်း ကျင်ရောက်လာချိန်မှာ သူ့ဘဝကို တစ်စစီ ဖြစ်သွားအောင် နင်းခြေတော့မည့်နတ်ဆိုး တစ်ကောင် သူ့ဆီရုပ်ဖျက်ပြီး ရောက်လာ သည်။ ထိုသို့ ရုပ်ဖျက်ရောက်ရှိလာသော နတ်ဆိုးကို သူဇာက နတ်ဆိုးလို့မမြင်။ ဆင်းရဲစွာ အသက်မွေးဝမ်းကြောင်းပြုနေ ရသော ၄င်းတို့မိသားစုကို ကယ်မမည့် သမ္မာဒေဝနတ်မြတ်၊ နတ်ကောင်းဟု သာမြင်သည်။

သူဇာတို့ ခေါင်း ရင်းအိမ်ဘက်မှာ ရှိ သည့် အိမ်ကို အလည်အပတ် ရောက်ရှိလာသည့် ဂင်တိုတို အမျိုး သမီးတစ်ယောက်ကသူဇာ့ကို သူ့အိမ်မှာအိမ်ဖော်လိုက်လုပ်ပါ လားဟု ခေါ်သည်။ ထို အမျိုးသမီး၏ အိမ်သည် သူဇာတို့ နေထိုင်သည့် ရပ်ကွက်နှင့် သိပ်အဝေး ကြီးမဟုတ်လှ။

သူဇာ ဝမ်းသာသွား သည်။ ပြောရလျှင် တခြား လုပ်စရာ မရှိလို့သာ လမ်းပေါ်မှာ ဈေးထိုင် ရောင်းရသည့် အလုပ် ကို လုပ်နေရသည်။ ပျော် လှသည်တော့မဟုတ်။ နေပူ မိုးရွာမရှောင် ထီးမပါ၊ ခြေဗလာနှင့် ဈေးရောင်းရ သည့်အလုပ်က ပင်ပန်းလှ သည်။ မိုးထဲရေထဲတွင် ငုပ် တုပ်ထိုင်ကာ ဈေးရောင်းလာရ သည့် သူဇာမှာ တစ်ခါတစ်လေ များ ခြေထောက် ဝဲစားတာ ခံရသည့်အခါခံရနှင့်။ သနားသဖြင့် တချို့က ဖိနပ်ပေးသွားသည့်အခါ ပေးသွားတတ် သည်။ သို့သော် ထိုဖိနပ်တွေ ပျက်သွား လျှင်တော့ အရင်လို ခြေဗလာနှင့် စိုစိစိ မြေပေါ်မှာ ဈေးရောင်းပေဦးတော့။

ထိုဘဝနှင့်စာလျှင် အရိပ်အောက် မှာလည်းအလုပ်လုပ်ရမည်။ လစာလည်း ပုံမှန်ရမည်ဆိုတော့ ကျေကျေနပ်နပ်၊ ဝမ်းပန်းတသာပဲ အိမ်ဖော်အလုပ်ကို သူဇာ လက်ခံလိုက်သည်။

ဈေးသည်ဘဝမှ အိမ်ဖော်ဘဝ ရောက်သွားသော သူဇာ၏အလုပ်ကား ထမင်းဟင်းချက်၊ အဝတ်လျှော် စသည့် အလုပ်တွေဖြစ်သည်။ လစာရလိမ့်နိုးနိုး နှင့်လုပ်နေခဲ့တာ နှစ်လသာကျော်သွား သည်။ သူဇာ့လက်ထဲသို့ ငွေတစ်ပြား တစ်ချပ်မှ ရောက်မလာခဲ့။ လစာတောင်း သည့်အခါ ထိုအမျိုးသမီးက သူ့မှာတော့ ပေးစရာပိုက်ဆံမရှိ၊ သို့သော် သူ့အိမ်မှာ လုပ်ရသည့်အလုပ်ထက် ပိုကောင်းသော အလုပ်ကိုရှာပေးမည်ဟု ဖျောင်းဖျသည်။

ထိုအမျိုးသမီးက သူဇာ့ကို တရုတ် ပြည်ဘက်က အထည်ဆိုင်တစ်ဆိုင်တွင် အလုပ်သွင်းပေးမည်ဟုဆိုသည်။ တစ်လ လုပ်ခလစာ တရုတ်ယွမ်ငွေ ၅ဝဝ (ခန့်မှန်း မြန်မာကျပ်ငွေ ၇ဝ,ဝဝဝ) ရမည်ဟု ဆို သည်။ အိမ်ပြန်ပြီး ဖခင်ဖြစ်သူကို နှုတ် ဆက်ဖို့ပင်အချိန်မရ။ ထိုအမျိုးသမီးနှင့် နောက်ထပ်မျက်နှာသိထဲက အမျိုးသား တစ်ဦးက သူဇာ့ကို ရန်ကုန်ကနေ မန္တလေး၊ ထိုမှ လားရှိုးသို့လိုက်ပို့ဖို့ အရေးတကြီး စီစဉ်ကြသည်။ ထိုမှ တရုတ်ပြည်ဘက် ခရီး ဆက်ရန်ဖြစ်သည်။

အချိန်ကား ၂ဝဝ၇ ခုနှစ်၊ မိုးတွင်း ပိုင်းကြီး။ ရန်ကုန်ကနေ မန္တလေးရောကတော့ သူဇာ့ကို ၄င်းတို့က တရုတ်ပြည် ဘက်ရောက်လျှင်ယောက်ျားယူမလားဟု စကားစကြသည်။ သူဇာက ”ဟင့်အင်း၊ မယူချင်ဘူး” ဟုဆိုသည်။လားရှိုးရောက်တော့လည်း ဆက် ပြီး သွေးဆောင်ကြပြန်သည်။ သုံးလလျှင်တစ်ခါလောက်အိမ်ပြန်နိုင်မည်၊ မောင်နှစ် ယောက်ကိုလည်း ထောက်ပံ့နိုင်မည်။ အိမ် လည်းဆောက်နိုင်လိမ့်မည်ဟု သူဇာ့ကို အပျော့ဆွဲ ဆွဲသည်။

ထိုအမြှူအဆွယ်များက ဆင်းရဲ ခြင်းဖြင့်မွေး၊ ဆင်းရဲခြင်းဖြင့်အတူ ကြီး ပြင်းလာခဲ့ရသော သူဇာ့အတွက် ခေါင်း ညိတ်မည်ဆိုပါက ချက်ချင်းဆိုသလိုခေါင်း ညိတ်နိုင်လောက်သော မက်လုံးများ ဖြစ် သည်။ သို့သော် သူဇာလုံးဝ ခေါင်းမညိတ်။ ထိုအခါ ၄င်းတို့က ”ယောက်ျား မယူချင် လည်း ကောင်းပြီ အထည်ဆိုင်မှာပဲ လုပ်ရမယ်။ ကောင်းကောင်းမွန်မွန်သာ လိုက် သွား” ဟုဆိုကာ လားရှိုးအရောက်တွင် ယောက်ျားသားနှစ်ယောက်နှင့် မိန်းမသား နှစ်ယောက် လက်ထဲသို့ သူဇာ့ကို လွှဲပေးလိုက်သည်။

တရုတ်ပြည်ဘက်ရောက်လျှင် သူ့ ဆီကို ဖုန်းဆက်ရန်ကိုလည်း သူဇာ့ကို ထိုအမျိုးသမီးက မှာလိုက်သေးသည်။ သို့မှသာ သူဇာ၏ဖခင်ကို အကျိုး အကြောင်း သွားပြောနိုင်မည်ဖြစ်သည်ဟု လည်း ထိုအမျိုးသမီးက ဆိုသေးသည်။

သူဇာ့ကို လားရှိုးကနေ အမျိုးသမီး နှစ်ဦးက ကိုးကန့်မှဖြတ်ကာ တရုတ်ပြည် ဘက်ခေါ်သွားကြသည်။ လမ်းတစ်လျှောက် တရုတ်ပြည်ရောက်လျှင် တရုတ်ကိုယူဖို့ သူတို့က စည်းရုံးကြပြန်သည်။ သူဇာ၏ရှေ့ကသူတို့ပို့ခဲ့သည့် တစ်ယောက်ဆိုလျှင် ယခုအခါ ကောင်းစားနေပြီဟု သူဇာ့ကို သူတို့က ပြောပြကြသည်။ ဘယ်လိုပင်ပြောပြောသူဇာကတော့စိတ်မဝင်စား။

တရုတ်ပြည်ဘက်ရောက်တော့ တည်းခိုခန်းမှာ တည်းကြသည်။ ဘယ်နေရာလဲ သူဇာကောင်းကောင်းမသိ။ နောက်ရက် မနက်ကျလျှင် အထည်ဆိုင် ပိုင်ရှင်ကလာခေါ်လိမ့်မည်ဟု သူဇာ့ကို သူတို့ကပြောကြသည်။

နောက်ရက်ညနေတွင် ဆိုင်ရှင်ဆို သူ ဦးလေးကြီးတစ်ယောက်နှင့် သူ၏ဇနီး တို့ တည်းခိုခန်းကိုလာပြီး သူဇာ့ကို ခေါ် သွားကြသည်။ ဦးလေးကြီးမှာ မြန်မာဖြစ် ပြီး တရုတ်စကားကိုကောင်းမွန်စွာပြော နိုင်သည်။ သူ့အမျိုးသမီးကတော့ ယူနန် သူဟု ဆိုသည်။ မြန်မာစကားမတတ်။

သူတို့အိမ်ရောက်တော့ သူဇာ့ကို ထမင်းကြော်ကျွေးပြီး ရေမိုးချိုးခိုင်းသည်။ သည်အချိန်အထိ အထည်ဆိုင်မှာဘဲ အလုပ်လုပ်ရမည်ဟု သူဇာထင်ထားသည်။ ခဏအကြာ အရပ်ပုပု တရုတ်အမျိုးသား တစ်ဦးက သူဇာ့အနီးလာပြီး ဝေ့ဝဲဝေ့ဝဲ လုပ်နေသည်။

သူဇာ နားမလည်နိုင်ဖြစ်နေပြီး ကြောင်တောင်တောင်နှင့် ကြည့်နေသည်။ နောက်မှ သိရသည်ကား ယင်းတရုတ် အမျိုးသားက မိန်းမဝယ်ဖို့လာကြည့်နေသူဖြစ်နေသည်။ သို့သော် သူမှာထားသော မိန်းမက သူဇာမဟုတ်။

ညဘက်ရောက်တော့ မြန်မာ ဦးလေးကြီးက သူဇာ့ကို စကားတောက် ကြည့်သည်။ တရုတ်အမျိုးသားတစ်ဦးဦး နှင့်လက်ဆက်လျှင် အိမ်ကိုငွေပြန်ပို့နိုင် မည်။ အလည်ပြန်ချင်လည်း သုံးလတစ် ခေါက်ဆိုသလို ပြန်နိုင်မည်ဟု ထုံးစံ အတိုင်း ရှေ့ကလူကုန်သည် ပွဲစားများလို သူဇာ့ကို သွေးဆောင်သည် ။

သူဇာက အလုပ်လုပ်ဖို့လာခြင်းသာ ဖြစ်ပြီး ယောက်ျားယူဖို့ မဟုတ်ဟုဆိုသည့် အခါ သူ့ဘဝကောင်းစားရေးအတွက် တိုက်တွန်းရခြင်းဖြစ်သည်ဟု မြန်မာ ဦးလေးကြီးက သူဇာ့ကိုနားချပြန်သည်။ ဘယ်လိုမှနားချမရသည့်အခါ သူဇာ့ကို ထိုဦးလေးကြီးက ပွင့်ပွင့်လင်းလင်းပြော လာသည်။ သူဇာ့ကို တရုတ်ယောက်ျား တွေဆီရောင်းဖို့ မြန်မာပြည်ဘက်ကပွဲစား များက သူတို့ထံ လက်လွှဲခဲ့ခြင်းဖြစ်သည် ဟု ဆိုသည်။

သို့သော် သူဇာက ခါးခါးသီးသီးငြင်း ကာ နောက်ရက် သူ့ကို သူ့အဖေရှိရာ မြန်မာပြည်ပြန်ပို့ပေးဖို့ တောင်းဆိုသည်။နောက်နေ့မနက်တွင် ထိုမြန်မာ ဦးလေးကြီး၏ ဇနီးဖြစ်သူနှင့် အရင်ညက သူဇာ့ကိုလာကြည့်သည့် တရုတ်အမျိုး သားတို့က သူဇာ့ကို တက္ကစီတစ်စီးပေါ်တင် ပြီး ခေါ်သွားသည်။ လမ်းမှာ ယူနန်သူတစ် ဦးကိုပါ ကားပေါ်ခေါ်တင်လိုက်ကြသေး သည်။ သူဇာထင်ထားသည်က သူ့ကို အိမ်ပြန်ပို့နေကြပြီဟု ရိုးရိုးစင်းစင်းပဲ ထင် ထားသည်။ သို့သော် သံသယဖြစ်စရာက တရုတ်ပြည်ကိုလာတုန်းက လမ်းနှင့်မတူ။ မြင်ကွင်းတွေက စိမ်းနေသည်။ တောတွေ၊ တောင်တွေကိုသာ သူဇာတို့စီးလာသည့် တက္ကစီက ကွေ့ဝိုက်ဖြတ်မောင်းနေသည်။

သံသယဖြစ်လာသည်နှင့် မြန်မာဦး လေးကြီး၏ဇနီးကို ခြေဟန်လက်ဟန်ဖြင့် သူ့ခင်ပွန်းဆီ ဖုန်းခေါ်ပေးရန် သူဇာ ပူဆာ သည်။ ဖုန်းအဆက်အသွယ်ရတော့ မြန်မာ ဦးလေးကြီးက သူဇာ့ကို ကောင်းကောင်း လိုက်သွားဖို့နှင့် ခရီးဆုံးလျှင် သူ၏ခင်ပွန်း သည် စောင့်နေလိမ့်မည်ဟု ဖုန်းထဲကနေ ဆိုသည်။ သူဇာ ခေါင်းနပန်းကြီးသွားသည်။

”သမီးကိုပြောတော့ အိမ်ပြန်ပို့ပေး မယ်ဆို . . . သမီးမယူဘူး။ အခုချက်ချင်း အိမ်ပြန်ပို့ပေး” ဟု သူဇာက အကျောက် အကန်ပြောသည်။ မြန်မာဦးလေးကြီး ပြောတာက ဖြောင့်ဖြောင့်တန်းတန်း လိုက်သွားရန်ပဲဖြစ်သည်။ ပြီးတော့ ဖုန်းချ လိုက်သည်။

သူဇာဘာလုပ်ရမယ်မှန်းမသိတော့။ လက်ထဲမှာ ပိုက်ဆံက တစ်ပြားမှ မရှိ။ မြန်မာစကား အနည်းအကျဉ်းရသော ကားပေါ်ပါလာသည့် ယူနန်အမျိုးသမီး ငယ်နှင့် ထွက်ပြေးကြဖို့ တိုင်ပင်သည်။ ထို ယူနန်သူ၏အမည်မှာ ရှုမိန် ဟုခေါ်ပြီး သူ သည်လည်း သူဇာ့လို အရောင်းစားခံလိုက် ရသူဖြစ်သည်။

လမ်းမှာ တရုတ်ရဲတွေက သူဇာတို့ ကားကို စစ်သည်။ သို့သော် သူဇာ့ကို ဘာ တစ်ခွန်းမှမဟရန် ကားပေါ်ပါလာသည့် မြန်မာဦးလေးကြီး၏ ဇနီးနှင့် ပုကွကွ တရုတ်အမျိုးသားက ခြေဟန်လက်ဟန် ဖြင့် မှာထားကြသည်။ သူဇာထင်သည်က မှတ်ပုံတင်စစ်နေသည်ဟုထင်ကာ တကယ် လည်း ဘာစကားမှမဟဝံ့။ စိုးရွံ့ထိတ်လန့် မှုတို့က အပြည့်။

သူဇာ့လိုအရောင်းခံရသည့် ယူနန် အမျိုးသမီးငယ်ကို ရဲများက သင်္ကာမကင်း ဖြစ်ပြီး စစ်နေသည်။ ထိုကိစ္စနှင့် ယူနန် အမျိုးသမီးကြီးနှင့် အမျိုးသမီးငယ်တို့မှာ အလုပ်တွေရှုပ်နေသည့်အခိုက် သူဇာ့ကို ထွက်မပြေးရလေအောင် ပုကွကွ တရုတ် အမျိုးသားက သူဇာဘယ်သွားသွား နောက်က မျက်ခြည်မပြတ် လိုက်ကြည့် သည်။

ညနေ ၅ နာရီလောက်မှာ ကိစ္စပြီး မြောက်ကြပြီမို့ သူတို့ လေးယောက်သား ခရီးဆက်ကြသည်။ လမ်းတစ်ထောက် နားကြတော့ မြန်မာဦးလေးကြီးက သူဇာ့ ကို ဖုန်းလှမ်းဆက်ပြန်သည်။ သူတို့စီစဉ် ပေးသည့်အတိုင်း ယောက်ျားယူလိုက်ပါက တင့်တောင့်တင့်တယ် နေရလိမ့်မည်ဟု သူဇာ့ကို နားချသည်။

သူဇာ့အဖို့ကား ပြေးစရာလမ်း မရှိ တော့ပြီ။ ထွက်ပြေးလို့ လမ်းမှာမိသွားလျှင် အသတ်ခံရမည်ကိုလည်း စိုးရိမ်နေသည်။ ငြင်းဖို့ကား လုံးလုံးမဖြစ်နိုင်တော့သည့် အနေအထား ရောက်သွားသည်။ သည်တော့ လည်း ဖြောင့်ဖြောင့်တန်းတန်း လိုက်သွား ရုံမှတစ်ပါး အခြားနည်းမရှိတော့။

ခရီးဆုံးရောက်တော့ သူဇာတို့ကို တရုတ်အမျိုးသား နှစ်ယောက်က လာ စောင့်ပြီးခေါ်သည်။ ထိုအထဲမှ တစ် ယောက်က သူဇာ့ကို ဝယ်ထားသူဖြစ် သည်။ ၄င်းနာမည်က ကွိုင်ရွေးဖျင်။ အသားဖြူဖြူ၊ နှာတံစင်းစင်းနှင့် အရပ် ၅ ပေသာသာ။ သူဇာ့ထက် ၈ နှစ်လောက် ကြီးသည်။

သူဇာတစ်ယောက် ဘယ်မြို့ ဘယ် ဌာနေ ရောက်လို့ရောက်နေမှန်း လုံးလုံး မသိ။ ဘယ်သူမှလည်း သူ့ကိုမပြောပြကြ။ ဝမ်းအနည်းကြီး နည်းရသော်လည်း ဘာ မျှမတတ်နိုင်။ တကယ်တော့ သူဇာ့ အသက်သည် ထိုစဉ်က ၁၇ နှစ်ဝန်းကျင်။ ကလေးစိတ်ပင်မကုန်သေးလို့ ရန်ကုန်မှာ ဆို ဈေးရောင်းပြီး ပြန်လာလျှင် ရေမိုးချိုးကာ ကလေးတွေနှင့် ဆော့ကစားလေ့ရှိ သည်။ အခုတော့ . . .။

အမျိုးမျိုး အဖုံဖုံစဉ်းစားရင်း သူဇာ ကြောက်လည်း ကြောက်နေသည်။ သူ့ အဖေနှင့်ဝေးသည့်နေရာတွင် အနှိပ်စက် ခံရမည်ကိုလည်း သူဇာတွေးပူနေသည်။ ပြီးတော့ မောင်လေးနှစ်ယောက်နှင့် ဝေး ရမည့်အဖြစ်ကိုလည်း တွေးမိကာ ရင်ထဲမှာ ဆို့နင့်နေသည်။

ဓာတ်ပုံ - World Vision
ဓာတ်ပုံ – World Vision

ချစ်သူရည်းစား မဟုတ်သည့်အပြင် တစ်ခါမှပင်မမြင်ဖူးသောလူတစ်ယောက်နောက်ကိုလိုက်သွားရတော့မည်ဟုသိ လိုက်ရသည့်အချိန်တွင်”တော်တော် လေး ခံစားလိုက်ရတယ်” ဟု သူဇာက ပြောပြသည်။

မြန်မာဦးလေးကြီးက သူဇာ့ကို စိတ် မချလို့ ဖုန်းအကြိမ်ကြိမ် ဆက်ပြီး ဖျောင်း ဖျသည်။ သူဇာဘယ်လိုမှ မငြင်းနိုင်တော့ သည့်အဆုံး သူ့ကိုရောင်းစားလို့ရသည့် ပိုက်ဆံကို ရန်ကုန်က သူ့ဖခင်ထံသို့ လှမ်း ပို့ပေးရန် သူဇာက တောင်းဆိုသည်။ ထို မြန်မာဦးလေးကြီးကလည်း ပို့ပေးပါမည်၊ စိတ်သာချဟုဆိုသည်။ တကယ်တော့ သူဇာ တရုတ်ပြည်ဘက်ထွက်လာသည်ကို ဖခင်ဖြစ်သူ မသိ။ အသိပေးဖို့ကို အခွင့်ပင် မသာခဲ့။

သူဇာကား ဝမ်းနည်းလွန်းလို့ အစား ကောင်းကောင်း မစားနိုင်။ လမ်းတစ်လျှောက် အိမ်သာတွေ့သည့်အခါတွေမှာ အိမ်သာထဲသွားပြီး ကြိတ်ငိုသည်။ ဒီလို နှင့် သူဇာတို့တစ်တွေ လွေးဝမွန်ဈေးဆို သည့် နေရာတစ်ခုသို့ ရောက်လာသည်။ ထိုအနီးအနားတွင် ကားဂိတ်တစ်ခုရှိသည်။ ဘယ်ပြည်နယ်၊ ဘယ်မြို့ကို ရောက်နေသည် ကိုကား မသိ။

လွေးဝမွန်မှာ သူနှင့်အတူပါလာ သည့် ယူနန်အမျိုးသမီး ရှုမိန်သည်လည်း မချစ်မနှစ်သက်သောသူနှင့် ပေါင်းရတော့ မည် ဆိုသည့်အခါ ငိုသည်။ ကယ်ပါ၊ ကူပါ ဟု ဟစ်အော်သည်။ သူ့ကိုဆွဲခေါ်သော ခင်ပွန်းလောင်းကို ပါးနားပိတ်ရိုက်သည်။ သို့သော် မကြာခင် သူမအား အမျိုးသမီးသုံး ဦးက အတင်းလာခေါ်သွားသည်။ သူဇာ ကား ဘာမှမကူညီနိုင်။ ကိုယ့်ဒုက္ခနှင့်ကိုယ်၊ သူ့ဒုက္ခနှင့်သူ။ ထိုမြင်ကွင်းကား သူဇာ နောက်ဆုံးမြင်လိုက်ရသည့် တစ်ခရီးတည်း လူကုန်ကူးခံရသည့် ရှုမိန်အဖြစ်ပင်တည်း။

ထို့နောက်တော့ သူဇာသည် မတော်ချင်လည်း တော်ရတော့မည့် သူမ၏ခင်ပွန်း လောင်း ကွိုင်ရွေးဖျင်နှင့် ကားစီးပြီး တောင် ပေါ်လမ်းကို တက်ခဲ့ကြသည်။ အတန်ကြာ သွားပြီးသည့်အခါ သူဇာ ဘယ်တုန်းကမှလာလိုစိတ်မရှိခဲ့သည့်၊ ဘယ်တုန်းကမှ လည်း တွေးမထားခဲ့သည့်၊ သူ့ဘဝကို ကျွန်

ကို သူမ၏ခင်ပွန်းလောင်း ကွိုင်ရွေးဖျင်၏ အိမ်အနီးအနားရှိ မြန်မာအမျိုးသမီး ခင်ယုမေတို့အိမ်ကို ခေါ်သွားသည်။ ခင်ယု မေဆိုသည်က တရုတ်မယားအဖြစ် လူ ကုန်ကူးခံရပြီး သည်ရွာကို သူဇာ့အရင် ရောက်နှင့်နေသည့်သူ။ ထို့နောက် ခင်ယု မေနှင့်သူဇာတို့ကို ကြူကြူခိုင်ဆိုသည့် နောက်ထပ်မြန်မာအမျိုးသမီး တစ်ယောက် ရှိ ရာကို ခေါ်သွားကြပြန်သည်။ ကြူကြူခိုင် သည်လည်း တရုတ်မယားအဖြစ် အရောင်း စားခံရသူဖြစ်သည်။ ထိုအိမ်မှာ ရင်းနှီးမှုရှိသွားအောင်၊ အားမငယ်စေရန် စကားစမြည် ပြောခိုင်း ရင်း တရုတ်အစားအစာများဖြင့် သူဇာ့ကို ကျွေးမွေးသည်။ သူဇာကား တရုတ်အစား အစာကို မစားတတ်။ စားလည်း မစားချင်။ ဘယ်လိုထွက်ပေါက်ရှာပြီး ပြေးရမလဲကို သာ တွင်တွင်စဉ်းစားလျက်ရှိသည်။

စကားပြောကြရင်းနှင့် သူတို့အဖြစ် တွေတူနေကြသည်ကို သွားတွေ့သည်။ လာတုန်းကတော့ အလုပ်လုပ်ဖို့ လာကြ ခြင်းဖြစ်သည်။ ရောက်တော့ တရုတ်အမျိုး သားများနှင့် အတင်းအဓမ္မ လက်ထပ်ကြဖို့ ရောင်းစားခံကြရသည်။

တရုတ်ပြည်ဘက်မှာက အမျိုးသမီး ဦးရေနှင့် အမျိုးသားဦးရေ အချိုးအစား က မမျှ။ ယောက်ျားဦးရေက မိန်းမဦးရေ ထက် ပိုများသည်။ တရုတ်ယဉ် ကျေးမှုမှာ အမျိုးသားက အမျိုးသမီးထက် ပိုပြီး တန်ဖိုးပိုရှိသည်ဟု ယူဆကြသဖြင့် မိဘများက သားယောက်ျားလေးများကိုသာ ပိုပြီးလိုချင်ကြသည်။ သို့ဖြစ်ရာ ကျား ဦးရေသည် မဦးရေထက် ပိုများလာရသည်။

တရုတ်အစိုးရ၏ တရားဝင်ထုတ် ပြန်သော စာရင်းဇယားများအရ မိန်း ကလေး အယောက် ၁ဝဝ လျှင် ယောက်ျား လေးဦးရေ ၁၁၈ ယောက်ရှိသည်ဟု ဆိုသည်။ ယောက်ျားလေး ၁ဝဝ က မိန်းကလေး ၁ဝဝ ကို ယူလိုက်ပြီဆိုလျင် ကျန်အမျိုး သား ၁၈ ယောက်အတွက် မိန်းမမကျန် တော့ပေ။ အချို့ဒေသများတွင် ကျားဦးရေက ထိုအချိုးထက် ပိုမိုများပြားသည်ဟု ဆို သည်။

၂ဝ၂ဝ ခုနှစ်အရောက်တွင် တရုတ် ပြည်တစ်ဝှမ်း အိမ်ထောင်ပြုနိုင်သည့် အရွယ်မယားအဖြစ်သို့ သွတ်သွင်းခံရတော့မည့် ရှောင်ကွေ့ကျုံစံဆိုသည့်ရွာသို့ ရောက်လာခဲ့ တော့သည်။

တောင်ပေါ်ရွာကလေးဖြစ်သည့် ထို ရွာကလေးဆီသို့ မြန်မာမတစ်ယောက် ရောက်လာမည်ဆိုသည်ကို ရွာသူရွာသား များက သိနေကြသည်။ သူဇာ့ခင်ပွန်းလောင်း အိမ်သို့ ရွာထဲက တရုတ်ယောက်ျား၊ မိန်းမ တွေ လာစောင့်နေကြသည်။ ဆံပင်ဂုပ်ဝဲ လေးနှင့် သူဇာကတော့ ခေါင်းပင်မဖော်နိုင်။သူဇာ့ကို သည်အထိခေါ်လာခဲ့သော မြန်မာဦးလေးကြီး၏ ဇနီးဖြစ်သူက သူဇာ့၂ဝ၂ဝ ခုနှစ်အရောက်တွင် တရုတ်ပြည်တစ်ဝန်း အိမ် ထောင်ပြုနိုင်သည့် အရွယ် ရောက်ပြီးသား အမျိုးသား သန်း ၃ဝ မှာ မိန်းမ ရှာမရ ဖြစ်ကြလိမ့်မည် ဖြစ်ကြောင်း တရုတ်အစိုးရက ခန့်မှန်း ထားသည်။

ရောက်ပြီးသား အမျိုးသား သန်း ၃ဝ မှာ မိန်းမရှာမရ ဖြစ်ကြလိမ့်မည် ဖြစ်ကြောင်း တရုတ်အစိုးရက ခန့်မှန်းထားသည်။ယနေ့အချိန်ကာလမှာလည်း တရုတ် ပြည်တွင် အရွယ်ရောက်ပြီး အမျိုးသမီး ဦးရေသည် အမျိုးသားများလက်ထပ်ရန် လုံလုံလောက်လောက်မရှိချေ။ ထို့ပြင် သူတို့၏ယဉ်ကျေးမှုအရ လက်ထပ်ပြီဆို လျှင် အမျိုးသားဘက်က အမျိုးသမီးရှင်ကို ငွေကြေးအမြောက်အမြား တင်တောင်းရ သည့်ဓလေ့ရှိသည်။

သို့ဖြစ်ရာ ယူစရာမိန်းမရှားရသည့် အထဲ ကျေးလက်နေ ဆင်းရဲသော တရုတ် လယ်သမားများမှာ ငွေကြေးလည်း အမြောက် အမြား မတတ်နိုင်ကြသဖြင့် မိန်းမရရေး ဟူသည် သူတို့အဖို့မှာ မလွယ်ရေးချ မလွယ်ချေ။ယင်းအတွက်ကြောင့် ၄င်းတို့နိုင်ငံ နှင့် ၁,၂၄၂ မိုင် နယ်နိမိတ်ချင်း ထိစပ်နေ သော အိမ်နီးချင်းမြန်မာနိုင်ငံမှ မိန်းကလေး များကို ပွဲစားများ၊ လူကုန်ကူးသူများမှ တစ်ဆင့် မှာယူနေကြခြင်းဖြစ်သည်။

၂၀၁၂၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၁)မှ သတင်းဆောင်းပါးဖြစ်သည်။

ဥာဏ်လင်း ရေးသည်။

အပိုင်း(၂)သို့

ဈေးနှုန်းသက်သာစွာ ကြော်ငြာထည့်သွင်းနိုင်ပါပြီ

LEAVE A REPLY

Please enter your comment!
Please enter your name here