Home သတင်းဆောင်းပါး သင့်ကလေး စားတဲ့မုန့်တွေ အန္တရယ် ကင်းရဲ့လား အပိုင်း(၂)

သင့်ကလေး စားတဲ့မုန့်တွေ အန္တရယ် ကင်းရဲ့လား အပိုင်း(၂)

208
0
Advertise Here

Photo: Zayar Hlaing

နိုဝင်ဘာလထုတ်-၂၀၁၅၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၂၉)မှ မျက်နှာဖုံးဆောင်းပါးဖြစ်ပါသည်။

ခင်မောင်မြင့် ရေးသည်။ စိုးယုဇော်၊ မင်းလွင် နှင့် သက်ဦးမွန် ပံ့ပိုးသည်။

Advertise Here

ဖြစ်စေနိုင်သည့် ရောဂါများ

            ကျောင်းဈေးတန်းများတွင် FDA က တားမြစ်ထားသော မုန့်ပဲသရေစာများ ရှိနေသည့်ကိစ္စကို ပပျောက်သွားသည်အထိ ထိရောက်သည့် အရေးယူမှုတွေ မရှိသေးသော်လည်း အဆိုပါ ပြဿ      နာများကတော့  ကျောင်းသူ၊ ကျောင်းသားများ၏ လက်တစ်ကမ်းတွင် ရှိနေပါသည်။

            ”အဓိကက FDA က လုပ်တဲ့ ကျောင်းမုန့်ဈေးတန်း စီမံ ချက်တွေမှာ အဓိကတွေ့ရှိချက်အရဆိုရင်  မုန့်တွေမှာ အရောင် ဆိုးဆေးတွေက အဓိက ပြဿ       နာလိုဖြစ်နေတယ်”ဟု ဒေါက်တာ ထွန်းဇော်က ပြောသည်။

            FDA က စားသုံးရန်မသင့်ဟု တားမြစ်ထားသည့် အစား အသောက်များတွင် Sudan III,Orange II,Rhodamine B, Auramine O ဟူသော ဆိုးဆေးများ အများဆုံးပါဝင်သည်ဟု FDA မှ စားသုံးရန် မသင့်ကြောင်း ထုတ်ပြန်ချက်များတွင် တွေ့ ရသည်။

            ”ဆိုးဆေးဆိုတာ အဝတ်အထည်ဆိုးဆေးလိုဟာမျိုးကို လူတွေက အစားအသောက်မှာ သုံးနေတာ။ ဈေးပေါတဲ့အခါကျ တော့ လွယ်လွယ်ကူကူရပြီးတော့ သုံးနေတယ်”ဟု ဒေါက်တာ နှင်းနန္ဒာကျော်က ရှင်းပြသည်။

            ယင်းဆိုးဆေးများအသုံးပြုထားသည့် အစားအသောက် များကို စားသုံးပါက ရေရှည်တွင် ကျောက်ကပ်၊ အသည်းတို့ ပျက် စီးနိုင်သလို ကင်ဆာရောဂါလည်း ဖြစ်ပွားနိုင်ပြီး ဆိုးဆေးပမာဏ များများစားမိပါက ချက်ချင်းမူးဝေခြင်း၊ အော့အန်ခြင်းတို့ ဖြစ် နိုင်သည်ဟု FDA မှ လက်ထောက်ညွှန်ကြားရေးမှူးဖြစ်သလို ဈေးကွက်ထောက်လှမ်းရေးမှူးလည်းဖြစ်သည့် ဒေါက်တာ နှင်း နန္ဒာကျော်က ပြောသည်။

            အာဟာရပညာရှင်တစ်ဦးဖြစ်သည့် ကလေးအထူးကုဆရာ ဝန်ကြီး ဒေါက်တာအိအိခင်က သူ့ဆီ လာရောက်ပြသသည့်  ကလေးငယ်များသည် အချိုရည်၊ သကြားလုံးနှင့် စုပ်ပြားများ စားမိ၍ ကလေးများချောင်းဆိုးသည်ဟု ဆိုသည်။ မသန့်ရှင်း သော အချဉ်ထုပ်၊ အသားတုချောင်းများကို အချဉ်ရည်နှင့် တို့စား ၍ ဝမ်းပျက်၊ ဝမ်းကိုက်ခြင်းတို့ဖြစ်သည်ဟု မိခင်အများစု ပြောပြ ချက်ကို ကိုးကား၍ ဒေါက်တာအိအိခင်က ရှင်းပြသည်။သူကိုယ် တိုင်လည်း တွေ့ ခဲ့ရသည်။

            ဒေါက်တာအိအိခင်က ထပ်ပြောပြသည်မှာ ဆီကြော်မုန့် များကိုလည်း မစားသင့်။ မြေပဲဆီသန့်နှင့် ကြော်သော်လည်း မြေပဲဆီကို တစ်နေကုန် မီးအပူပေးပြီးကြော်ပါက ယင်းဆီသည် မီးနှင့်အကြာကြီးအပူပေးခြင်းကြောင့် အသွင်ကူးပြောင်းဆီ (Trans Fat)အဖြစ်ပြောင်းပြီးကြော်ထားသော ငှက်ပျောကြော်၊ ဘူးသီးကြော်၊ အီကြာကွေးစသည်တို့ထဲတွင်ဝင်ပြီး ကိုယ်ထဲ ရောက်သည့်အခါတွင် ကျန်းမာရေးနှင့် မညီညွတ်တော့ဟုဆိုသည်။

            ”အဲဒီမုန့်တွေကို အစားများရင် ကလေးတွေအဝလွန်လာ မယ်။ အဝလွန်တာလည်း ကျန်းမာရေးချို့တဲ့မှုတစ်ခုပါပဲ” ဟု သူ က ပြောသည်။

            ယင်းအပြင်ဆိုးဆေးပါသော စားစရာ၊ ဖျော်ရည်များကို စားသောက်မိခြင်းကြောင့် ကလေးငယ်များတွင် ဓာတ်မတည့် ခြင်း၊ ချောင်းဆိုးခြင်း၊ ရင်ကျပ်ခြင်း၊ ဝမ်းလျှော၊ ဝမ်းကိုက်ခြင်းတို့ ဖြစ်တတ်သည်ဟု ဒေါက်တာအိအိခင်က ဆက်လက်ပြောသည်။

            ထို့အပြင် စားသုံးလိုက်သည့် အစားအစာများသည် လူ၏ ခန္ဓာကိုယ်ရှိ အစာအိမ်၊ အသည်းတို့မှ ချေဖျက်ပေးကာ ကျောက် ကပ်မှ စွန့်ပစ်ပေးသည်။ အစားအစာတွင် ဆိုးဆေးများပါဝင်ခြင်း၊ မကောင်းသော အဆီများပါဝင်ခြင်းတို့ကြောင့် အဝလွန်ခြင်း၊ ဓာတ်မတည့်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း၊ ပန်းနာရင်ကျပ် ဖြစ်ခြင်း၊ ဆီးချိုသွေးချိုရောဂါ၊ ကင်ဆာရောဂါနှင့် အခြားသော ဆက်စပ်ရောဂါများဖြစ်ပွားနိုင်သည်ဟု အာဟာရပညာရှင်များ က ပြောသည်။

            သို့ဖြစ်ပါ၍ ကျောင်းနေအရွယ်ကလေးငယ်များအစား အသောက်ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် အသင့်စားမုန့် များကို စနစ်တကျစိစစ်ပြီးမှ ရောင်းချခွင့်ပြုသင့်သလို  လတ် ဆတ်သန့််ရှင်းသောအသီးအနှံနှင့် အာဟာရဖြစ်စေသော မုန့် များကိုသာ ရောင်းချခွင့်ပြုသင့်သည်ဟု ဒေါက်တာအိအိခင်က ထောက်ပြအကြံပြုသည်။

            ”ပန်းသီး၊ စပျစ်သီး၊ လိမ္မော်သီးစတဲ့ အသီးအနှံတွေကို ရောင်းချဖို့ကောင်းတယ်။ အဲဒီအပြင် နွားနို့၊ ဒိန်ချဉ်၊ သန့်ရှင်း လတ်ဆတ်တဲ့ သစ်သီးဖျော်ရည်တွေကို ကျောင်းမုန့်ဈေးတန်းမှာ  ရောင်းချမယ်ဆိုရင် ကလေးတွေက ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကို စားရမယ့်အပြင် အာဟာရပြည့်ဝတဲ့ ကျောင်းနေအရွယ် ကလေးတွေဖြစ်လာကြမယ်”ဟု သူက ဆက်လက်ပြီး အကြံပြုပြောသည်။

            အစားအသောက်များတွင် ဆိုးဆေးများက အ္တနရာယ်ဖြစ် စေနိုင်သလို အစားအသောက်များကို တာရှည်ခံအောင်လုပ်သည့် ဆေးတွေကလည်း အန္တရာယ်ဖြစ်စေတတ်သည်ဟု ရန်ကုန်ဆေး ဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်မှ ဓာတ်ခွဲကျွမ်းကျင်ပညာ ရှင် တွဲဖက်ပါမောက္ခ ဦးအောင်ဆန်းဦးက ဆိုသည်။

            အစားအသောက်တွင် အဆိပ်အတောက်ပါသည့် ပစ္စည်း များ ပမာဏ မည်မျှပါသည်၊ စားသုံးသည့် အကြိမ်အရေအတွက် ဘယ်လောက်ရှိသည် စသည့်အချက်များအပေါ် မူတည်၍ အန္တရာယ်ဖြစ်စေသည်ဟု ဦးအောင်ဆန်းဦးက ပြောသည်။ တချို့ မှာ အသက်ကြီးလာသည့်အချိန်တွင် ဖြစ်တတ်သည်ဟု သူက ဆိုသည်။

မပြီးသေးသော မုန့်တိုက်ပွဲ

            ထိုသို့ ကလေးသူငယ်များအတွက် အ္တနရာယ်ရှိသော မုန့်ပဲ သရေစာများ ကျောင်းမုန့်ဈေးတန်းများတွင် ရောင်းချနေမှုကို တိုက်ဖျက်ရန်ဆောင်ရွက်သည့် မုန့်တိုက်ပွဲလှုပ်ရှားမှုတစ်ခု မြန်မာနိုင်ငံအလယ်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ တောင်တွင်း ကြီးမြို့နယ်တွင် ၂ဝ၁၃၊ ဇွန် ကတည်းက စတင်လုပ်ဆောင်ခဲ့သည်။

            အဆိုပါ မုန့်တိုက်ပွဲလှုပ်ရှားမှုကို ဦးဆောင်သည့် တောင် တွင်းကြီးမြို့နယ်၊ ကျောင်းကျန်းမာရေးဆရာဝန် ဒေါက်တာကျော် ဆွေက ၄င်းတို့အနေနှင့် တရုတ်မုန့်များကို ဦးစားပေးဆန့်ကျင် သည်ဟု ဆိုသည်။

            အကြောင်းမှာ ကမ္ဘာတစ်ဝန်းသို့ တင်သွင်းနေသည့် တရုတ် ဆေးဝါးများ၊ အရုပ်များ၊ အစားအသောက်များနှင့် မုန့် များသည် နာမည်ဆိုးနှင့် ကျော်ကြားနေသောကြောင့်ဟုဆိုသည်။

            ထိုင်းမုန့်များသည် တရုတ်မုန့်များကဲ့သို့ သတင်းဆိုးမထွက် သော်လည်း မုန့်တွင်ပါဝင်သည့် ကုန်ပစ္စည်းများကို စားသုံးသူများ ဖတ်မရခြင်း၊ ထုတ်လုပ်သည့်လိပ်စာ မပါဝင်ခြင်း၊ FDA ခွင့်ပြု ချက်မပါခြင်း၊ အခွန်ဆောင်ကာ တင်သွင်းလာသည့် မုန့်မဟုတ် ခြင်း စသည်တို့ကို တွေ့ရသဖြင့် စိတ်ချယုံကြည်စွာ စားသုံးဖို့ မသင့်ဟု မှတ်ယူကာ ယင်းတို့ကိုလည်း ဆန့်ကျင်သည်ဟု သူက ဆိုသည်။

            ”သူတို့နိုင်ငံ(တရုတ်)မှာ ဖြန့်ဖြူးရောင်းချမှုကြောင့် သေ ဒဏ်ပေးခဲ့ပေမယ့် ကျွန်တော်တို့နိုင်ငံကို တင်သွင်းနေတာကို မသိချင်ယောင်ဆောင်နေကြတယ်။ အဲဒီလိုနိုင်ငံကနေ တင်သွင်း နေတဲ့မုန့်တွေကို ကျွန်တော်တို့နိုင်ငံက ကလေးတွေရဲ့ အသက်ကို စတေးခံပြီးတော့ မကျွေးနိုင်ပါဘူး”ဟု သူက ပြောသည်။

            တရုတ်ပြည်မှ ထုတ်သည့်မုန့်များသည် လှပအောင် ထုပ်ပိုး ထားခြင်း၊ သယ်ယူစရိတ်များရှိသော်လည်း ပြည်တွင်းဈေးကွက် ထဲရောက်သည့်အခါ ဈေးနှုန်းသက်သာနေခြင်းတို့ကို ထောက်ရှု ၍ အဆိုပါမုန့်များသည် အာဟာရဖြစ်မည့် မုန့်များ မဖြစ်နိုင်ဟု ဒေါက်တာကျော်ဆွေက ဆိုသည်။

            အစားအသောက်ကုန်ပစ္စည်းများကို လက်လီ၊ လက်ကား အဆင့်ဆင့် အမြတ်တင်ရောင်းချနေသည့်ကြားက ဈေးကွက် အတွင်း ၅ဝ ကျပ်၊ ၁ဝဝ ကျပ်ဈေးနှုန်းဖြင့် ရောင်းချနိုင်ခြင်းကြောင့် ”ဘယ်နည်းနဲ့မှ ကလေးတွေအတွက် အာဟာရဖြစ်တဲ့ ပစ္စည်း တွေ ထည့်သွင်းပြုလုပ်ထားတာ မဖြစ်နိုင်ဘူး”ဟု သူက ဆက် လက်ပြောသည်။

            မုန့်တိုက်ပွဲလှုပ်ရှားမှု ဆောင်ရွက်ရာတွင် ဒေါက်တာကျော် ဆွေတို့အတွက် အခက်အခဲများစွာ ရှိနေသည်။ စားသုံးရန် မသင့် သည့် မုန့်တွေကို တွေ့ရသည့်တိုင် အာဏာပိုင်အဖွဲ့အစည်း မဟုတ်သဖြင့် ဖမ်းဆီးသိမ်းဆည်းခြင်းမျိုး မလုပ်နိုင်ပေ။

            ထို့ကြောင့် ကျောင်းများတွင် ဝင်ရောက်စစ်ဆေးသည့်အခါ ဘေးအန္တရာယ်ရှိသည့်မုန့်များကိုတွေ့ရပါက ကိုယ်ပိုင်ပိုက်ဆံ ဖြင့် ယင်းမုန့်များကို ဝယ်ယူသိမ်းဆည်းရသည်ဟု ဒေါက်တာ ကျော်ဆွေက ဆိုသည်။ မုန့်ရောင်းသည့်သူကိုလည်း နောင်တွင် ဆက်လက်မရောင်းချဖို့ ပညာပေးခြင်းဖြင့် ဈေးသည်များနှင့်ပူးပေါင်းဆောင်ရွက်ရသည်ဟုဆိုသည်။ ကလေးများအတွက် သိပ် အ္တနရာယ်မရှိလောက်သည့် မုန့်များကိုတော့ တားမြစ်ခြင်း မပြု လုပ်ဟု သူကပြောသည်။ သူက ဈေးသည်များ၏ အခက်အခဲများ ကို ထောက်ရှု၍ ယခုလိုပြောသည်။

            ”ဒါတွေ အကုန်လုံး လိုက်သိမ်းရင်လည်း ဈေးသည်တွေ ရောင်းစရာကို ရှိတော့မှာမဟုတ်ဘူး”

            ဒေါက်တာကျော်ဆွေတို့အနေဖြင့် မုန့်များကို ဓာတ်ခွဲစမ်း သပ်ကာ ကန့်ကွက်ဆန့်ကျင်ဖို့ဆိုရာတွင် လုပ်ပိုင်ခွင့်ရှိသည့် အာ ဏာပိုင်များမဟုတ်သလို မြောက်မြားစွာသောမုန့်များကို စစ် ဆေးရန် ငွေကြေးလည်း မတတ်နိုင်ပေ။

            ထို့ကြောင့် အစားအသောက်များ ဘေးအန္တရာယ်ကင်းရှင်း ရေးနှင့်ပတ်သက်၍ အစိုးရက ကျန်းမာရေးအသုံးစရိတ်တိုးမြှင့် ပေးခြင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအနှံ့တွင် ဓာတ်ခွဲခန်းများ တိုးချဲ့ကာ ဝန်ထမ်းများ တိုးမြှင့်ခန့်ထားခြင်းတို့ ပြုလုပ်ရမည်ဖြစ် သည်ဟု သူက ဆိုသည်။

            မြန်မာနိုင်ငံတွင် အစားအသောက်များကို ဓာတ်ခွဲစမ်းသပ် နိုင်မည့် ဓာတ်ခွဲခန်း လုံလုံလောက်လောက်မရှိသည့် ပြဿနာကို မော်ကွန်းမဂ္ဂဇင်းကိုယ်တိုင်လည်း ကြုံခဲ့ရသည်။

            ယခုဆောင်းပါးကို ရေးသားရာတွင် ကျောင်းနေအရွယ် ကလေးငယ်များ စားသောက်နေကြသည့် မုန့်ပဲသရေစာများကို ကျန်းမာရေးနှင့် ညီညွတ်မှုရှိ၊ မရှိ သိရှိရန် ဓာတ်ခွဲစမ်းသပ်ကြည့်ဖို့ မော်ကွန်းက ကြိုးစားခဲ့ပါသည်။

            ပထမဦးစွာ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)တွင်ရှိသော ပုဂ္ဂလိက ဓာတ်ခွဲခန်းတစ်ခုသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်စုံစမ်းခဲ့ရာ ယင်း ဓာတ်ခွဲခန်းတွင် အစားအသောက်နှင့်ပတ်သက်၍ အာဟာရ ဓာတ်နှင့် ပိုးမွှားများကိုသာ ဓာတ်ခွဲစစ်ဆေးနိုင်ပြီး ဓာတုဆေး (Chemical)ပါဝင်မှုကို မစစ်ဆေးနိုင်သေးဟု ဓာတ်ခွဲခန်းမှ ဝန် ထမ်းတစ်ဦးက ပြန်လည်ဖြေကြားခဲ့သည်။

            ယင်းနောက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာနလက် အောက်တွင်ရှိသော အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) ဓာတ်ခွဲခန်းတွင် ဓာတ်ခွဲစစ်ဆေးရန် ထပ်မံ  ကြိုးစားခဲ့သည်။ မုန့် ၁ဝ မျိုးကို ဓာတ်ခွဲစစ်ဆေးလိုကြောင်း နေ ပြည်တော်ရှိ FDA ရုံးချုပ်သို့ တယ်လီဖုန်းဖြင့် လေး၊ ငါးကြိမ် ဆက်သွယ်ကာ အကူအညီတောင်းခဲ့သော်လည်း လုံးဝမရခဲ့ပေ။

FDA တွင်ရှိသော ဓာတ်ခွဲခန်းမှာ နိုင်ငံတော်၏ဘတ်ဂျက်ဖြင့် လုပ်နေရသောကြောင့် ကန့်သတ်ချက်ဖြင့်သာ ပြုလုပ်နေရကြောင်း၊ ပြည်သူများမှ မသင်္ကာ၍ လာစစ်ခိုင်းသည့် ပစ္စည်းများကိုသာ စစ် ဆေးပေးနေမည်ဆိုလျှင်  မဆုံးသည့်ဇာတ်လမ်းလို ဖြစ်နေမည် ဖြစ်ကြောင်း စက်တင်ဘာ ၂၄ ရက်က ရန်ကုန်ရှိ FDA ရုံးတွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ညွှန်ကြားရေးမှူး ဒေါက်တာထွန်းဇော်က ပြောသည်။

            ”ကျောင်းမုန့်ဈေးတန်းတွေကို လိုက်ပြီး အများပြည်သူ မစားသင့်တဲ့ အစားအစာတွေကို သတင်းစာတွေမှာ ကြေညာပြီး သား။ ကြေညာတဲ့အထဲမှာ မပါဘူးဆိုရင် အဲဒါ စားသုံးရန် မသင့် တဲ့အထဲမှာ မပါလို့ပဲ”ဟု သူက ဆက်ပြောသည်။

            သို့ဆိုလျှင် FDA က ထုတ်ပြန်သည့် စားသုံးရန် မသင့် သော မုန့်အမျိုးအစားစာရင်းထဲတွင် မပါသည့်မုန့်များမှာ စားသုံး ရန် သင့်သည့် သဘောမျိုး၊ စိတ်ချလက်ချ စားသောက်နိုင်သည့် သဘောမျိုးဖြစ်နေသည်။

            သို့သော် ကလေးသူငယ်များသည် မုန့်သွားဝယ်သောအခါ FDA က ထုတ်ပြန်ထားသော စာရင်းစာရွက်နှင့် တိုက်ဆိုင်စစ်ပြီး မှ ဝယ်ယူကြခြင်း မဟုတ်ပါ။ မိမိတို့စိတ်ထဲတွင် အရသာရှိမည်ထင် သည့်၊ မျက်စိထဲတွင်လည်း အဆင်းလှသည့် မုန့်ကို ကောက်ကာ ငင်ကာ ဝယ်ယူစားသောက်ကြခြင်းဖြစ်သည်။ မုန့်ဈေးတန်းများ တွင် FDA ခွင့်ပြုချက်မပါသည့် မုန့်များလည်း တွေ့နေရသော ကြောင့် ၄င်းမုန့်များသည်လည်း စားသုံးရန်သင့်သည်ဟု ယူဆရ မလို ဖြစ်နေသည်။

            တစ်ဖက်တွင်လည်း ဈေးဆိုင်များပေါ်ရှိ မုန့်ပဲသရေစာများ ကို သက်ဆိုင်ရာက စနစ်တကျ ထိထိရောက်ရောက် ကြပ်မတ် စစ်ဆေးနိုင်ခြင်း မရှိပါ။ ထို့ကြောင့်လည်း အာဖျန်းကဲ့သို့ တားမြစ် ထားသည့်မုန့်များမှာ ကျောင်းဝင်းအတွင်းက မုန့်ဈေးတန်းများ တွင် တွေ့နေရခြင်းဖြစ်သည်။

            ကလေးငယ်များအတွက် ဘေးအန္တရာယ်ရှိသည့် အစား အသောက်များ ဈေးကွက်မှ ပပျောက်ရန်မှာ တင်သွင်းလာသူများ နှင့် FDA တွင်သာ တာဝန်ရှိပြီး ”သူတို့ကသာ ဥပဒေနဲ့ ထိထိ ရောက်ရောက်လုပ်မယ်ဆိုရင် ဒါတွေဟာ ပပျောက်သွားမှာပါ”ဟု မုန့်တိုက်ပွဲဆင်နွှဲသူ ဒေါက်တာကျော်ဆွေက ဆိုသည်။

Photo: Zayar Hlaing

ဈေးကွက်ထဲ မုန့်တွေ ဘယ်လိုရောက်

            ဆက်လက်ပြီး မုန့်ပဲသရေစာများ ဈေးကွက်ထဲ မည်သို့ မည်ပုံ ရောက်လာကြသလဲဆိုတာကို ကြည့်ကြရအောင်ပါ။

            အစားအသောက်များကို ဈေးကွက်အတွင်း ဖြန့်ဖြူးခွင့်ပြု ရာတွင် ဈေးကွက်မတင်မီ စစ်ဆေးခြင်းနှင့် ဈေးကွက် နမူနာများ ကောက်ယူစစ်ဆေးခြင်း စသည့် အပိုင်းကြီး နှစ်ပိုင်းကို FDA က လုပ်ဆောင်ပေးရသည်ဟု ဒေါက်တာနှင်းနန္ဒာကျော်က ရှင်းပြသည်။

            ဈေးကွက်မတင်မီဆိုသည့်နေရာတွင် နှစ်ပိုင်းခွဲထားရာ ပထမတစ်ခုက ပြည်တွင်းမှထုတ်လုပ်သည့် အစားအသောက်များ ကို ထောက်ခံချက်ပေးရခြင်းဖြစ်သည်။ ယင်းသို့ ထောက်ခံချက် ပေးရာတွင် ကောင်းမွန်သည့်ထုတ်လုပ်မှု၊ သန့်ရှင်းမှု ရှိ၊ မရှိကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ လုပ်ဆောင်ရခြင်း ဖြစ်သည်ဟု ဒေါက်တာနှင်းနန္ဒာကျော်က ဆိုသည်။

            ထို့ပြင် ထုတ်လုပ်ထားသည့် အစားအသောက်နမူနာများ အားလုံးကို ဓာတ်ခွဲစစ်ဆေးရသည်။ အဆိုပါ နမူနာအစား အသောက်များသည် သတ်မှတ်ထားသည့် စံချိန်စံညွှန်းနှင့် ညီ ညွတ်မှသာ ထောက်ခံချက်ပေးသည်ဟု ပြည်တွင်းမှထုတ်သည့် အစားအသောက်များအား ထောက်ခံချက်လုပ်ပေးသည့် လုပ် ငန်းအဆင့်ဆင့်ကို ဒေါက်တာနှင်းနန္ဒာကျော်က ရှင်းပြသည်။

            ထို့အတူ ပြည်ပမှ အစားအသောက်ကုန်ပစ္စည်းတစ်ခုတင် သွင်းမည်ဆိုပါက FDA သို့ ဦးစွာ နမူနာတင်ပြရသည်။ အမှတ် တံဆိပ်ပြည့်စုံမှု ရှိ၊ မရှိ၊ အန္တရာယ်ကင်း၊ မကင်းနှင့် သန့်ရှင်းမှု ရှိ၊ မရှိတို့ကို စစ်ဆေးနိုင်ရန် ဓာတ်ခွဲစစ်ဆေးပြီးမှ ထောက်ခံချက် ပေးရသည်ဟု သူက ဆိုသည်။

            သြဂုတ် ၃ဝ၊ ၃၁ ရက်က Kandawgyi Palace Hotel တွင် ပြုလုပ်သည့် အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်း၊ အလှကုန်နှင့် လူသုံးကုန်ပစ္စည်းများ အ္တနရာယ်ကင်းရှင်းရေး အလုပ်ရုံဆွေးနွေးပွဲအပြီးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်း ပွဲ၌  FDA  ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်ကလည်း အောက်ပါအတိုင်းရှင်းပြသည်။

            ”နိုင်ငံတော်ကို တင်သွင်းတော့မယ်ဆိုရင် အထူးသဖြင့် တော့ အစားအသောက်နဲ့ဆေးဝါးပေါ့။ အထူးသဖြင့်တော့ FDA  ကို ဖြတ်ရမယ်။  FDA ကို မဖြတ်ဘဲနဲ့ ဘယ်လိုမှ ဝင်လို့မရဘူး။ FDA  ကို မဖြတ်ဘဲနဲ့ဝင်ရင် အကောက်ခွန်မဲ့ပစ္စည်းသာ ဖြစ်တယ်။ သူ့အပေါ်မှာ FDA အမှတ် တံဆိပ်မရှိဘူး ဆိုရင် တရားမဝင်ပစ္စည်းသာဖြစ်တယ်”

            စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ တင်သွင်းခွင့် ပြုလိုက်ပြီးနောက်ပိုင်း ပြည်တွင်း သို့ အစားအသောက်နှင့်  ဆေးဝါး များရောက်လာသည့် အချိန်တွင် လည်း FDA  မှ ကျန်း မာရေးနှင့် ညီညွတ်မှု ရှိ၊ မရှိကို ထပ်မံစစ် ဆေးမှုများ ပြုလုပ်ရသည်ဟု သူ က ဆိုသည်။

            အကြောင်းမှာ FDA သို့ ဓာတ်ခွဲ စစ်ဆေးရန် နမူနာပို့သည့်အခါ အရည်အသွေးပြည့်မီသည့် နမူနာများ ကိုသာပို့ပေးကြပြီး အမှန်တကယ် တင် သွင်းသည့်အချိန်တွင် အရည်အသွေးမပြည့်မီသည့် ပစ္စည်းများကို တခြားနည်းလမ်းမြောက်မြားစွာဖြင့် ထုတ်လုပ် တင်သွင်း ဖြန့်ဖြူးနေကြခြင်းကို FDA အနေဖြင့် မသိနိုင်ဟု ဒေါက်တာ သန်းထွဋ်က အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ပြော ဆိုသည်။

            ဈေးကွက်ထဲ ခွင့်ပြုချက်ပေးမထားသည့် အစားအသောက် များမရောက်ရှိရေးအတွက် FDA နှင့်အတူ နယ်စပ်ဂိတ်ပေါက် များတွင် တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးအဖွဲ့ (Mobile Team)၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန် ကြီးဌာနနှင့် အကောက်အခွန်ဦးစီးဌာနတို့နှင့် ပူးပေါင်းဆောင် ရွက်နေကြသည်။

            Mobile |Team သည် ၂ဝ၁၂ တွင် ဖွဲ့စည်းခဲ့သောအဖွဲ့  ဖြစ် သည်။ ပြည်ပနိုင်ငံများမှ အစားအသောက်နှင့် ကုန်ပစ္စည်းများ ကို ပြည်တွင်းသို့ နည်းလမ်းမျိုးစုံဖြင့် သွင်းယူနေခြင်းကြောင့် နိုင်ငံတော်မှ ရသင့်ရထိုက်သည့် အခွန်များရရှိရန်နှင့် ကုန်သည် များနှင့် ကုန်သွယ်မှုလုပ်ငန်းလမ်းကြောင်းမှန်ပေါ် ရောက်လာရန် အတွက် ဤအဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု တရားမဝင်ကုန် သွယ်မှု တားဆီးထိန်းချုပ်ရေးအဖွဲ့၊ ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့ နယ်၊ ညောင်ခါးရှည်စခန်းမှ တာဝန်ခံ ဦးအောင်ဇော်မိုးက ဆိုသည်။

            တစ်နိုင်ငံလုံးတွင် Mobile Team  စခန်းကြီး ကိုးခုထားရှိ သည်ဟု သူက ဆက်လက်ပြောသည်။

            သို့သော် စစ်ဆေးသည့်နေရာတွင် အခက်အခဲများစွာရှိ နေသည့် ကိစ္စနှင့်ပတ်သက်ပြီး ”စစ်ဆေးမှုတွေ ပြုလုပ်တဲ့ နေရာ မှာတော့ ကျွန်တော်တို့က လုံးဝအသေးစိတ်တော့ မစစ်နိုင်ဘူး။ ဘာလို့လည်းဆိုတော့ ကျွန်တော်တို့မှာ လူနဲ့ပဲ စစ်ရတာ ကိုး”ဟု ဦးအောင်ဇော်မိုးက ရှင်းပြသည်။

Photo: Zayar Hlaing

            Mobile Team  (ဗဟို)မှ ညွှန်ကြားရေးမှူး ဦးသန်းဝင်းကတော့ ပြည်တွင်း ဈေး ကွက်ထဲသို့ ရောက်ရှိလာသော စားသုံး ရန် မသင့်သည့် အစားအသောက် များ နှင့် ပတ်သက်လျှင် FDA မှာသာ အဓိက  တာဝန် ရှိတယ်”ဟု ဆိုသည်။

            ယင်းအစားအသောက်များ ပြည်တွင်း ဈေးကွက်ထဲသို့ မရောက်လာခင် နယ်စပ်ဂိတ် ကတည်းက ဓာတ်ခွဲခန်းများဖြင့် စစ်ဆေးမှုများ ပြု လုပ်သင့်သည်ဟု သူက ဆိုသည်။

            FDA  က နယ်စပ်ဂိတ်များတွင် အသေးစား ရွေ့လျားဓာတ်ခွဲခန်းများ ထား ရှိသည်ဟု ဆိုခြင်းကြောင့် Mobile Team (ဗဟို) ညွှန် ကြားရေးမှူးကိုမေးကြည့်ရာ မြဝတီနယ်စပ်ဂိတ်၊ မူဆယ်နယ်စပ် ဂိတ်နှင့် တမူးနယ်စပ်ဂိတ်တို့တွင် FDA အဖွဲ့ရှိသည်ဟုတော့ ဆိုသည်။

            သို့သော် လူသာ ထားနိုင်ပြီး ဓာတ်ခွဲခန်းမရှိသောကြောင့် ဓာတ်ခွဲစစ်ဆေးခြင်းများ မပြုလုပ်နိုင်ဟု ပြန်ဖြေသည်။

            သူက ”ဓာတ်ခွဲချင်တယ်ဆိုရင် ရန်ကုန်ကို ပို့၊ နေပြည်တော် ကို ပို့တာနဲ့ ခင်ဗျားသာ ကုန်သည်တစ်ယောက်ဖြစ်တယ်ဆိုရင် အဲဒီဂိတ်တွေမှာ ကားရပ်ပြီး ထိုင်စောင့်နေမှာလား”ဟု ဦးသန်း ဝင်းက မေးခွန်းထုတ်သည်။

            သြဘငူနွှနော အနေဖြင့် အစားအသောက်များတွင် FDA ၏ ခွင့်ပြုမိန့် မပါလာပါက ပစ္စည်းသိမ်းဆည်းခြင်းများပြုလုပ် ပြီး အကောက်အခွန်ကို လွှဲပြောင်းပေးသင့်တာကို လွှဲပြောင်းပေး ပြီး တချို့ကို မီးရှို့ဖျက်ဆီးသည်ဟု သူက ဆိုသည်။

            ”အခုလက်ရှိမှာတော့ သူတို့(FDA)ဘက်က လုပ်တာ မရှိ သေးဘူး။ လုပ်မယ်လို့ ကျွန်တော်တို့ကို ပြောတာတော့ရှိတယ်”ဟု နယ်စပ်တွင် ဓာတ်ခွဲခန်းများ ထားရှိရေးကို ရည်ညွှန်း၍ ဦးသန်းဝင်းက ပြောသည်။

ကျောင်းထဲက ဗိုင်းရပ်စ်

            ဈေးကွက်ထဲ နည်းပေါင်းစုံ၊ ပုံသဏ္ဌာန်ပေါင်းစုံ၊ နာမည် ပေါင်းစုံဖြင့် ဝင်ရောက်လာသည့် မုန့်ပဲသရေစာများကို သက်ဆိုင် ရာ ဌာနအသီးသီးက ထိထိရောက်ရောက် မတားဆီးနိုင်သေး သမျှ ကာလပတ်လုံး ကလေးသူငယ်များမှာ အန္တရာယ်ရှိသည့် အစားအသောက်များ၏ ခြိမ်းခြောက်မှုကို ဆက်လက်ခံကြရဦး မည့်ပုံ ပေါ်နေသည်။

            တစ်နည်းအားဖြင့် မည်သည့်နေရာတွင် မည်သူတို့က မည် သည့် ပစ္စည်းများဖြင့် မည်သို့ထုတ်လုပ်သည်ကို မသိရသော မုန့်ပဲသရေ စာများကို ကျောင်းသား၊ ကျောင်းသူများ ဆက်လက် စားသောက်ကြရဦးမည့် အခြေအနေဖြစ်နေပါသည်။

              နောက်တစ်နည်းဆိုရလျှင် ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များကို ဗိုင်းရပ်စ်ခေါ် အာဖျန်းက ဆက်လက်ဖမ်းစား ဦးမည့်ပုံ ရှိပါသည်။

            မင်္ဂလာတောင်ညွန့်မြို့နယ်၊ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းမှ မျိုးမျိုး(အမည်လွှဲ)တို့ သူငယ်ချင်းတွေ ကြားမှာ အာဖျန်းခေါ် ဗိုင်းရပ်စ်သည် ရေပန်းအစားဆုံးမုန့် ဖြစ်သည်။

            ”စားလည်း စားတယ်။ ပြီးရင် တစ်ယောက်နဲ့ တစ်ယောက် လိုက်ဖျန်းကြတယ်”ဟု မျိုးမျိုးက ဆိုသည်။

            မျိုးမျိုးသည် အဆိုပါ အာဖျန်းအချိုရည်ကို အိမ်တွင် လုံးဝ စားခွင့်မရ။ သူ့ကို မိဘများက စားခွင့်မပြု။ သို့သော် သူသည် ကျောင်းသို့ ရောက်သည့်အခါမှာတော့ အာဖျန်းကို သူငယ်ချင်း များနှင့်အတူ ဝယ်စားလေ့ရှိသည်။

            မုန့်စားကျောင်းဆင်းပြီး နေ့လယ်ကျောင်းပြန်တက်သည့် အခါ စာသင်ခန်းထဲတွင် အိပ်မငိုက်အောင် ချဉ်စုပ်စုပ်အရသာရှိ သည့် အာဖျန်းကို သူတို့သူငယ်ချင်းတွေ ဆောင်ထားလေ့ရှိသည် ဟု မျိုးမျိုးက ယခုလိုဆိုသည်။

            ”ပါးစပ်ထဲထည့်လိုက်ရင် အိပ်ငိုက်တာ ပျောက်တယ်။ မုန့် စားဆင်းချိန်ဆိုရင် တစ်ယောက်တစ်ဘူးစီဝယ်တယ်”။   ။       ပိုင်း( ၁ )သို့

 

Advertise Here

LEAVE A REPLY

Please enter your comment!
Please enter your name here