Home သုံးသပ်ချက် တိုင်းရင်းသားများ မြင်သော အပြောင်းအလဲ

တိုင်းရင်းသားများ မြင်သော အပြောင်းအလဲ

159
0
Advertise Here

မတ်လ-၂၀၁၃၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၄) မှ သုံးသပ်ချက်ဆောင်းပါးဖြစ်ပါသည်။

အယ်ဒီတာအဖွဲ့ စုစည်းသည်။

Advertise Here

ဦးသိန်းစိန်အစိုးရတက်လာသည့် နှစ်နှစ်တာကာလ အတွင်း တိုင်းရင်းသားနယ်မြေများတွင် မည်သို့သော အပြောင်းအလဲများ ဖြစ်ထွန်းပေါ်ပေါက်ခဲ့ပါသလဲ။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းပြည်နယ်များမှ နိုင်ငံရေး သမားများနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို မော်ကွန်း မဂ္ဂဇင်းက မေးမြန်းခဲ့ရာမှာတော့ ၄င်းတို့က အောက်ပါအတိုင်း ပြောပြကြပါသည်။

ကချင်

ကချင်ပြည်နယ်၌ နှစ်နှစ်တာ ကာလအတွင်း မည်သို့သော ပြောင်းလဲမှု တွေ ရှိပါသလဲဟု ကချင်တိုင်းရင်းသား ရေးရာ အတိုင် ပင်ခံအဖွဲ့၏ နာယကဖြစ်သူ ဒေါ်အင်ဖန်ဂျရာကို မေးကြည့်တော့…

အခု (အပစ်ရပ်ပြီး) ဆွေးနွေးနေ တာတွေက ဟန်ပြပဲ။ အလုပ်ဖြစ်လိမ့်မယ် လို့ မထင်ဘူး။

ဦးသိန်းစိန်တို့ နှလုံးသားထဲမှာ ဘယ်လိုတွေးနေကြမယ် မသိနိုင်ဘူးလေ။ သူတို့အကောင်အထည်ဖော်နေတယ်ဆိုတာက Democracy လား၊ Demon-crazy လားမှ မသိတာ။

တိုင်းရင်းသားတွေ လိုချင်တာက ဖက်ဒရယ်မူလေ။ အပစ်ခတ်ရပ်ခဲ့တဲ့ ၁၇ နှစ်တာလုံးလုံး ကချင်ဘက်က တောင်းဆို ခဲ့တာကလည်း ဖက်ဒရယ်မူအတွက်ပဲ လေ။ ဒါပေမဲ့ လွှတ်တော်မှာ ပြောနေတဲ့ ဟာတွေက အားတက်စရာမရှိဘူး။

ရွှေလက်နဲ့ ခေါ်တုန်းမလာရင် ဘူး လက် (ကျည်ဆန်) လွှတ်ရမှာပဲဆိုတာက ဘာသဘောလဲ။ ဘာမို့လို့ အဲဒီစကားကို ပြောရတာလဲ။နောက်ပြီး စစ်ဘေးရှောင်တွေကို ဖမ်းဆီးနှိပ်စက်နေတာကလည်း အခု အထိရှိနေတုန်းပဲ။ အပစ်ခတ်ရပ်တယ်ဆို ပေမယ့် ဖားကန့်ဘက်မှာ တပ်မတွေ ထပ် ချထားတယ်လေ။

လက်တွေ့မှာကျတော့ စစ်ဘက် ဆိုင်ရာက တိုက်ခိုက်နေတဲ့အခါမှာ ဘယ် သူသေလဲ၊ ကိုယ့်လူတွေပဲ သေတယ်။ နိုင်ငံခြားသားသေတာ မပါဘူး။ မြန်မာ့ တပ်မတော်က သေတာလည်း ကိုယ့်လူ မျိုးသေတာပဲ။ ကချင်ဘက်က သေတာ လည်း ကိုယ့်လူမျိုးသေတာပဲ။ ကိုယ့်နိုင်ငံ နစ်နာတာပဲ။ ဒီကိစ္စတွေအားလုံး ပြီးငြိမ်း ဖို့ဆိုတဲ့ဟာက ထာဝရငြိမ်းချမ်းရေး အတွက် အကောင်အထည်ဖော်ပေးဖို့လိုအပ်နေတယ်။

နှစ်နှစ်အတွင်းမှာ ပြောင်းလဲမှုက တော့ ကချင်ပြည်နယ်သူ၊ ပြည်နယ်သား များအနေနဲ့တော့ မြင်ရတာမရှိဘူးလေ။ လက်တွေ့အားဖြင့် စစ်တလင်းကြီးဖြစ် လာတဲ့အခါကျတော့ ဝမ်းနည်းစရာတွေ ဖြစ်လာတာက များနေတယ်။ သူ့နေရာ သူ၊ ကိုယ့်နေရာကိုယ် သီးသီးသန့်သန့် နေ လိုက်ရင် ဘယ်သူက ဘယ်သူ့ကို ပစ်စရာ ရှိမလဲ။

ညဘက်ဆို အပြင်ကို မထွက်ရဲကြ တော့ဘူး။ ဖမ်းကြတယ်၊ ဆီးကြတယ်ဆို တော့။ ဒါကြောင့် ည နည်းနည်း မှောင်လာ ပြီဆိုတာနဲ့ တံခါးပိတ်၊ သော့ခတ်ပြီး နေ နေကြရတယ်။ လုံခြုံမှုအပေါ်မှာ ပြည်သူ လူထုက ကြောက်လန့်နေရတဲ့ပုံစံမျိုး။ နှလုံးသားထဲမှာ အားငယ်နေရတာက တစ်ပိုင်းဖြစ်နေတယ်။

လမ်းပန်းဆက်သွယ်ရေးနဲ့ ပတ် သက်ပြီးတော့လည်း တိုးတက်လာတာ မရှိဘူး။ (မြစ်ကြီးနား) မြို့ထဲလမ်းတွေ ပြင်နေတာကို မြင်ရတာကတော့ ဝမ်းသာ ပါတယ်။ ဒါပေမဲ့ ပြည်နယ်တွင်း ကုန်းလမ်း ဆက်သွယ်ရေးကတော့ ပိတ်နေကြတာ ပေါ့။ လွတ်လွတ်လပ်လပ် မသွားလာရတာ က နစ်နာမှုတစ်ခု။ အများပြည်သူသွားတဲ့ လမ်းတွေကလည်း ကောင်းလာတာ မရှိ သေးပါဘူး။ ပိတ်ဆို့ထားတယ်ဆိုတာ လောက်ပဲ ပြောင်းလဲမှုရှိလာတယ်လေ။

ငြိမ်းချမ်းရေးအမြန်ဆုံးမယူရင် စား ဝတ်နေရေးကအစ၊ စီးပွားရေးကအစ၊ ထွန်ယက်စိုက်ပျိုးမှု မလုပ်နိုင်တာက တစ် မျိုး၊ စစ်ရှောင်ပြီး ဒုက္ခရောက်နေတာက တစ်မျိုး၊ ဒီအတောအတွင်းမှာ ဘာမှ မလုပ်နိုင်ဘူးဆိုရင်တော့ ဒီနှစ်အတွင်းမှာ ငတ်ပြတ်မှုတွေ ဖြစ်လာမယ်။ အစာရေ စာငတ်မွတ်ခေါင်းပါးမှုဖြစ်လာမယ်။

အဲလိုဖြစ်လာရင်တော့ ကချင်ကပဲ အပြစ်ရှိလို့လိုလို၊ မြန်မာ့တပ်မတော်ကပဲ အပြစ်ရှိလို့လိုလို ရှုပ်ထွေးကုန်မယ်။ မျှော် လင့်ချက်တွေ၊ ခံယူချက်တွေ အကုန်လုံး ပျက်သုဉ်းသွားနိုင်တယ်လေ။ အဲတော့ (စစ်ပွဲ) အမြန်ဆုံးပြီးပြတ်စေချင်ပါတယ်။

ငြိမ်းချမ်းရေးရလာမယ်ဆိုရင် တော့ အားလုံးအတွက် ပျော်ရွှင်စရာဖြစ် လာမှာပေါ့။ အဲလိုမလုပ်ဘဲ (မြန်မာအစိုးရ ဘက်က) ဝေ့လည်ချောင်ပတ်လုပ်နေမယ် ဆိုရင်တော့ အကြီးအကျယ် ဒုက္ခရောက် လိမ့်မယ်။

ကယား (ကရင်နီ)

ကရင်နီအမျိုးသားတိုးတက်ရေး ပါတီမှ အတွင်းရေးမှူး (၂) ဦးအောင်ဆန်း မြင့်က ကယားပြည်နယ်အတွင်း မြင်တွေ့ နေရသည့် အခြင်းအရာများနှင့် ပတ်သက် ပြီး ယခု လိုပြောပါသည်။

ကျွန်တော့်အနေနဲ့ ပထမဦးဆုံး ပြောရရင် အရပ်သားအစိုးရဖြစ်လာတယ် လို့တောင် မမြင်၊ မခံစားရပါဘူး။ ဘာ ကြောင့်လဲဆိုတော့ အစိုးရအဖွဲ့မှာ ပါတဲ့ လူတွေဟာ ယခင်စစ်ဗိုလ်ချုပ်တွေ ဖြစ်နေ ပြီး တကယ်တမ်းရော သူတို့ရဲ့ စိတ်ထား တွေကို အရပ်သားတစ်ယောက်လို ထား နိုင်ပြီလားဆိုတာ မေးခွန်းထုတ်စရာဖြစ် နေပါတယ်။

ကျွန်တော်တို့ကရင်နီပြည်နယ်မှာ တော့ အစိုးရသစ်တက်လာပြီး အပစ် အခတ်ရပ်စဲရေးကို လက်နက်ကိုင်အဖွဲ့ အစည်းနဲ့ ဆွေးနွေးညှိနှိုင်းမှုပြုလုပ်လာတာတွေကတော့ နိုင်ငံရေးပြဿနာကို    နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမယ်ဆိုတဲ့ သဘောမျိုး ပြလာတာကတော့ ကောင်း ပါတယ်။

ပြည်သူတွေလည်း ယခင်ကလို မဟုတ်ဘဲ လွတ်လွတ်လပ်လပ် သွားလာ လှုပ်ရှားလာနိုင်တာပေါ့။ စစ်တပ်ပေါ် တာ လိုက်ရတာတွေ၊ လမ်းပြလုပ်ရတာတွေ၊ မတရားဖမ်းဆီးနှိပ်စက်တာတွေ ကင်း လာတော့ ပြည်သူအတွက် လွတ်လပ်တဲ့ အခြေအနေတွေ ရလာတာပေါ့။

နောက်တစ်ခုက အပစ်အခတ်ရပ်စဲ ရေးလုပ်ပြီးနောက်ပိုင်းမှာ ပြည်နယ် အတွင်းမှာ သယံဇာတကို မှီပြီး စီးပွားရေး လုပ်မယ့်သူတွေ ဝင်လာတာကတော့ ပြည်နယ်ရဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု အပေါ်မှာ အများကြီးစိုးရိမ်စရာတွေဖြစ်လာတယ်။။

ဒါပေမဲ့ ပြည်သူလူထုရဲ့ ဘဝအခြေ အနေ၊ စီးပွားရေးအခြေအနေကတော့ အရင်အတိုင်းပါပဲ။ ဆင်းရဲတုန်းပါပဲ။ ဒီနေ့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အပစ်အခတ်ရပ်စဲရေးလုပ်ထားတယ်ဆိုပေမယ့် အာမခံပြီး ခိုင်မြဲတဲ့အနေအထားကို မတည်ဆောက်နိုင်သေးဘူး။ ဒါကလည်း ရှင်းပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေ လိုချင်တဲ့အရာက ဘာလဲ။ ဘာကြောင့် လက်နက်ကိုင်နေရတာလဲဆိုတဲ့ အဓိက အခြေခံအကြောင်းတရားကို အခြေမခံဘဲ ဆွေးနွေးပွဲတွေလုပ်နေတယ်။ တပ်က လည်း ဆွေးနွေးပွဲမှာ ထိထိရောက်ရောက် ပါဝင်မှုမရှိဖြစ်နေတော့ ဘယ်လိုလုပ်ပြီး ခိုင်မာနိုင်မလဲ။ နောက်ပြီး တစ်ပြည်လုံး အတိုင်းအတာအနေနဲ့ အပစ်အခတ်ရပ်စဲ ရေး မလုပ်သေးဘူး။ မြန်မာပြည်တွင်းမှာ လည်း စစ်မှန်တဲ့ငြိမ်းချမ်းရေးပေါ်ထွန်းဖို့ မလွယ်ပါဘူး။

တကယ်လို့ မြန်မာပြည်မှာ စစ်မှန် တဲ့ငြိမ်းချမ်းရေးကို အမှန်တကယ်တည် ဆောက်မယ်ဆိုရင် တစ်ဖက်သတ်အနိုင် ယူ-အရှုံးပေးဆိုတဲ့မူဝါဒအတိုင်း တိုင်းရင်း သားလက်နက်ကိုင်တွေရဲ့ လက်နက်ဖြုတ် သိမ်းရေး၊ အညံ့ခံရေးမူလမ်းစဉ်ကို မကျင့် သုံးဖို့ လိုမယ်လို့ထင်ပါတယ်။

ကရင်

ကရင်အရေးဆောင်ရွက်ပေးနေ သည့် ကရင်အမျိုးသားခေါင်းဆောင်တစ် ဦးဖြစ်သူ ဦးစောကျော်စွာကလည်း ကရင် ပြည်နယ်တွင် မြင်တွေ့နေရသည့် လက်ရှိ အခြေအနေနှင့် စပ်လျဉ်း၍ အောက်ပါ အတိုင်း ပြောပြပါသည်။

ယခင်စစ်အစိုးရလက်ထက်က မလုပ်ခဲ့တဲ့ မဖိတ်ခေါ်ခဲ့တဲ့ ငြိမ်းချမ်းရေးကို သူက ရဲရဲဝံ့ဝံ့ဖိတ်ခေါ်လိုက်တာပေါ့နော်။ ဒါက ပြောင်းလဲမှုတစ်ရပ်ပေါ့။ ဖိတ်ခေါ် တဲ့နောက်ဆက်တွဲမှာလည်း ငြိမ်းချမ်းရေး ကော်မတီတွေကို ဖွဲ့စည်းလိုက်တယ်။ ဒါက တိုင်းပြည်ကို ငြိမ်းချမ်းစေချင်တဲ့ ပြောင်းလဲမှုတစ်ရပ်ဖြစ်တဲ့အတွက် ကျွန် တော်တို့ကတော့ Appreciate လုပ် (အသိအမှတ်ပြု) ပါတယ်။

တိုင်းပြည်ကို တကယ်အပြောင်း အလဲလုပ်ချင်ရင် ဗဟိုချုပ်ကိုင်မှုစနစ် လျှော့ပေးရမှာပေါ့နော်။ မပေးဘူးဆိုရင် တော့ ဘယ်လိုမှ ပြောင်းလို့ရမှာမဟုတ် ဘူးလို့ ပြောချင်ပါတယ်။ ဆိုကြပါစို့၊ ပညာ ရေးကို ဗဟိုချုပ်ကိုင်မှုလျှော့မချဘဲ ဒီ အတိုင်းလုပ်မယ်ဆို ဘာထူးလဲ။

အများစုက ဒေါ်စုက ရွေးကောက်ပွဲ ကို အများစုအနိုင်ရပြီး လွှတ်တော်ထဲဝင် သွားတယ်၊ အများစုကတော့ ပြောင်းလဲမှု လို့ မြင်တယ်။ ကျွန်တော်တို့ကတော့ ရုပ် ပြအသွင်ပေါ့။ အတိုက်အခံခေါင်းဆောင် တစ်ယောက်ကို လွှတ်တော်ထဲထည့် လိုက်တာပဲ။ အတိုက်အခံခေါင်းဆောင်က လည်း ဥပဒေစိုးမိုးရေးနဲ့ပတ်သက်ပြီး သိပ် မဟဘူးလေ။

ဆိုကြပါစို့၊ ကချင်အရေးကိစ္စမှာ တောင် ဘာမှမပြောဘဲရှိနေတော့  တကယ်တမ်းက ကချင်ကိစ္စက ပြောရဆို ရမယ့် အရေးမှာ ရှိနေတယ်။ စာအုပ်ထဲမှာ ပြောင်းလဲဖို့ပြောနေပေမယ့် တကယ့် လက်တွေ့မှာ မပြောင်းလဲသေးတော့ တိုင်းရင်းသားအနေနဲ့ ပြောမယ်ဆိုရင် အဲ…အဲ…ဒီလောက်ပဲပြောထားလိုက် ပါ့မယ်။

ဒေါ်စုနဲ့ ကရင်ပြည်နယ်နဲ့က အလှမ်းဝေးနေတော့ ကရင်ပြည်နယ်မှာ တော့ ဒေါ်စုအနေနဲ့ ဘာမှလုပ်တာ မတွေ့ ရသေးပါဘူး။ ဒါရှင်းရှင်းလေးပါပဲ။ ဒေါ်စု အနေနဲ့ ဘာမှမလုပ်ပေးနိုင်သေးပါဘူး။

ရှင်းရှင်းပြောရရင် နိုင်ငံတကာက ဖော်ပြနိုင်တဲ့ပြောင်းလဲမှုက ဒေါ်စု ပါလီ မန်ထဲ ဝင်သွားတယ်၊ KNU အဖွဲ့တွေနဲ့  ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးတယ်။ ဒါ ပေမဲ့ ဒါဟာ စိတ်ထဲမှာ တကယ် အနှစ် ရောပါရဲ့လား၊ အကာချည်းပဲလား မသိ ဘူး။ ကျွန်တော်တို့က ဘယ်လိုမျှော်လင့်ရမှန်းတောင်မသိဘူး။

ကရင်နဲ့နီးစပ်တာ ပြောရမယ်ဆိုရင် တောင် KNU  နဲ့ ငြိမ်းချမ်းရေးယူတာမှာ ပထမဆုံးအကြိမ် အချက် ၁၁ ချက်ကို ဘာမှမပြောဘဲနဲ့၊ မဆွေးနွေးဘဲနဲ့ မူအား ဖြင့် သဘောတူလိုက်တယ်။ အပေါ်ယံအား ဖြင့် ပြောင်းလဲသွားပေမယ့် အနှစ်သာရ အားဖြင့် မပြောင်းလဲသေးဘူး။

KNU နဲ့တွေ့ဆုံတာ လေးကြိမ်ရှိ သွားပြီ။ ဒါပေမဲ့ တကယ်တမ်းကျတော့ ကျွန်တော်တို့အနေနဲ့ ပြောင်းလဲမှု ဘာမှ မတွေ့ရဘူး။ တစ်ခုပဲရှိတာ။ KNU ခေါင်း ဆောင်တွေ ဟိုသွားဒီသွားနဲ့ တရားဝင်စီး ပွားရေး လုပ်ပိုင်ခွင့်ရှိလာတဲ့ အသံတော့ ကြားရပါတယ်။ ကျွန်တော်တို့က ၂ဝ၁၅ အထိတော့ နိုင်ငံရေးအရ မည်မည်ရရ ပြောင်းလဲမှုရှိလိမ့်မယ်တော့ မထင်ဘူး။

ဒါပေမဲ့ စီးပွားရေးတော့ ပြောင်းလဲ သွားတာ တွေ့ရတယ်။ ဘယ်လိုပြောင်းလဲ သွားသလဲဆိုရင် ယခင်က လက်ဝါးကြီး အုပ်လို့မရတဲ့နယ်မြေတွေမှာ အခုနောက် ပိုင်း ငြိမ်းချမ်းရေးရပြီးတဲ့အခါမှာ ဝိသမ လောဘ စီးပွားရေးသမားတွေက ခရိုနီပုံစံနဲ့ဝင်လာပြီးတော့ မသိနားမလည်တဲ့ ပြည်သူတွေကို ခေါင်းပုံဖြတ်ပြီး စီးပွားရေး လုပ်လာတာ တွေ့ရတယ်။ ဒီစီးပွားရေး လုပ်ငန်းတွေက ကျွန်တော်တို့ ကရင်ပြည် နယ်ဒေသခံတွေမရဘဲ ခရိုနီအုပ်စုတွေနဲ့ သူတို့နဲ့ ပေါင်းဖက်တဲ့သူတွေပဲရတယ်။

လောလောဆယ် ၂ဝ၁၅ အထိ ကောင်းတဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုမရှိသေးဘဲနဲ့ ပြည်သူတွေကို ဆိုးကျိုးပေး မယ့် ပြုပြင်ပြောင်းလဲရေးတွေပဲ ရှိဦးမယ် လို့ သုံးသပ်တယ်။

ချင်း

ချင်းအမျိုးသားပါတီ အထွေထွေ အတွင်းရေးမှူး ဆလိုင်းကျဲဘစ်ထောင်း ပြောပြသည့် ချင်းပြည်နယ်မှ အပြောင်း အလဲများကတော့…

ဌာနဆိုင်ရာတွေမှာ အဆင့်တွေ ပြောင်းသွားတာ တွေ့ပါတယ်။ ပြည်သူလူ ထုတွေလည်း နိုင်ငံရေးလုပ်ငန်း၊ လူမှုရေး လုပ်ငန်းတွေမှာ ပါဝင်ခွင့် ပိုပြီးတော့ ရ လာတယ်။ အရင်ကထက်စာရင် နိုင်ငံခြား သားတွေလည်း ချင်းပြည်နယ်ကို ဝင်လာ ခွင့်တော့ နည်းနည်းပါးပါးရလာတယ်။ အနည်းဆုံးတော့ အစိုးရက အများကြီး မလုပ်ပေးနိုင်သည့်တိုင်အောင် အစိုးရရဲ့ အားနည်းချက်တွေကို ထောက်ပြဖို့ နည်း နည်းတော့ လွတ်လပ်သွားတာပေါ့ဗျာ။ ထောက်ပြခွင့်တော့ ပိုရတာပေါ့။ နည်း နည်းပွင့်လင်းလာတယ်ပေါ့ဗျာ။ ဒါတွေက တော့ အားသာချက်ကလေးတွေပေါ့ဗျာ။ ဒီလိုပြောခြင်းအားဖြင့် အပြောင်းအလဲ ကို ဘယ်လောက်အထိ ကျေနပ်အားရမှု ရှိသလဲဆိုတဲ့ဟာ အပိုင်းမှာတော့ ထင် သလောက်တော့ မရှိပါဘူး။

ဘာကြောင့်လဲဆို ကျွန်တော်တို့မှာ ပြဿနာတစ်ခုက ပြည်မမှာ ပြောင်း သလောက် အထူးသဖြင့် ချင်းပြည်နယ်လို ဟာမျိုးမှာပေါ့ မပြောင်းလဲနိုင်ဘူး ဖြစ်နေ တယ်။ ဥပမာဆိုရင် အဆိုးဆုံးကတော့ ဘာသာရေးလုပ်ခွင့်ပဲ။

သမ္မတဦးသိန်းစိန်ရဲ့ ဒီမိုကရေစီ အစိုးရတက်တယ်သာပြောတာ၊ ကျွန် တော်တို့ ခရစ်ယာန်ဘာသာဝင်တွေ အမြတ်တနိုးထားတဲ့ လက်ဝါးကပ်တိုင်ဆို ရင် ဖြိုခွဲဖျက်ဆီးခံခဲ့ရတာတွေရှိတယ်။ ဒါက ဘာသာရေးကို မတရားအနိုင်ကျင့် တာပေါ့ဗျာ။ ဒါက နိုင်ငံတကာလူ့အခွင့် အရေးကိုလည်း ချိုးဖောက်ရာ ရောက် သွားတယ်လို့ ကျွန်တော်တို့ ခံစားရတယ် ပေါ့ဗျာ။ ဘာသာရေးအပိုင်းမှာ လွတ်လပ် မှုပိုရတယ်လို့ ကျွန်တော်တို့ မခံစားရသေး ဘူးဗျ။

ဘာကြောင့်ဆို ကျွန်တော်တို့ ချင်း တိုင်းရင်းသားအများစုက ခရစ်ယာန်ဖြစ် တာကိုး။ ဗုဒ္ဒဘာသာဝင်က အနည်းစုဖြစ် တာကိုး။ ဆိုတော့ အဲသလိုဟာမျိုးလည်း ကျွန်တော်တို့ ခံစားရတယ်ပေါ့ဗျာ။

နောက် စစ်တပ်ပိုင်းဆိုင်ရာတွေမှာ လည်း ဒီတပ်မတော်သားတွေရဲ့ စိုးမိုးမှုက ဘယ်လောက်ထိ လျော့ကျသလဲဆိုရင် လျော့ကျသင့်သလောက် လျော့ကျပါ တယ်။ ပေါ်တာထမ်းခိုင်းတာတို့၊ ဘာတို့ သိပ်တော့မရှိတော့ဘူး။ ဒါပေမဲ့ တစ်ဖက် ကလည်း ဘယ်လိုတုန်းဆိုရင် ဥပမာ-တပ်မတော်သားတွေက ပြည်သူလူထုကို မလိုအပ်ဘဲနဲ့ အာဏာသုံးပြီးတော့ ကိုယ် ထိလက်ရောက် စော်ကားတာတွေက အ ရင်အတိုင်းနီးပါး ကျန်သေးတယ်ပေါ့ဗျာ။

ဥပမာ (ပြီးခဲ့တဲ့နှစ်က) အပြစ်မဲ့ ပြည်သူလူထုကို တီးတိန်မြို့နယ်မှာ တပ် မတော်သားသုံးယောက်က မဆီမဆိုင် ရိုက်နှက်လို့ သေသွားတယ်ဗျာ။ နောက် ထန်တလန်မြို့နယ်မှာလည်း အပြစ်မဲ့ ပြည်သူလူထုတချို့ကို ရိုက်နှက်တယ်။ တစ်လောလေးတုန်းကလည်း ဖလမ်းမှာ အလားတူ အခင်းတစ်ခုဖြစ်ပွားခဲ့တယ်။ ပြည်သူလူထုကို ရိုက်နှက်လို့ နောက်ဆုံး မှာ ပြည်သူလူထုက မခံနိုင်လို့ အပြန် အလှန် ရိုက်နှက်တာမျိုးအထိ ရှိတယ်ပေါ့ ဗျာ။ ကိုယ်ထိလက်ရောက်ကျူးလွန်စော် ကားမှုတွေကတော့ အရင်အတိုင်းနီးပါး ရှိ သေးတယ်။

မီဒီယာအပိုင်းမှာ ကျွန်တော် တစ်ခု ပြောချင်တာကတော့နော်၊ ပြောင်းလဲနိုင် သလောက် ပြောင်းလဲတာကတော့ ကျွန် တော်တို့ ကြိုဆိုပါတယ်။ ကျန်သေးတာက တော့ ကျွန်တော်တို့ တိုင်းရင်းသားဘာ သာစကားနဲ့ လျှောက်ထားတဲ့ ဂျာနယ် တွေ၊ မဂ္ဂဇင်းတွေကျတော့ ဘယ်လိုလုပ် မလဲ။ အဲဒါလည်း အတတ်နိုင်ဆုံးစဉ်းစားပေးဖို့လိုလိမ့်မယ်။

မီဒီယာဥပဒေသစ်ကို ရေးဆွဲဖို့ပြင် ဆင်နေတာ ကျွန်တော်တို့သတင်းကြား ပါတယ်။ အဲဒီမှာ ကျွန်တော်တို့ အထူး တလည် တောင်းဆိုချင်တာကတော့ ဗမာ စကားမဟုတ်တဲ့ တိုင်းရင်းသားဘာသာ စကားနဲ့ သတင်းဂျာနယ်တွေရေးမယ်ဆို လို့ရှိရင် ဗမာလိုအရင်တင်ပြီးတော့မှ ဆတာမျိုးမဖြစ်ဖို့ တောင်းပန်ပါတယ်ပေါ့ ဗျာ။

နောက် ချင်းပြည်နယ်တိုးတက်ဖို့က တော့ မိုက်ခရိုမူပေါ်လစီတစ်ခုဖြစ်ဖို့တော့ လိုတယ်။ အခုက ချင်းပြည်နယ်မှာ တစ် ရာမှာ ခုနစ်ဆယ်ရာခိုင်နှုန်းက ဆင်းရဲနွမ်း ပါးမှုမျဉ်းကြောင်းအောက်ရောက်နေတဲ့အခါကျတော့ အခုက ကျွန်တော်တို့မှာ (Master Plan) မရှိသေးဘူးဗျ။

Master Plan ဆိုတာက ချင်းပြည် နယ်ရဲ့ ဖွံ့ဖြိုးမှု၊ ဒီဆင်းရဲနွမ်းပါးမှုနဲ့ ပတ် သက်ပြီးတော့ စာရင်းအတိအကျရယ်၊ ဘယ်ဌာနမှာ ဘယ်လောက်ဆင်းရဲပြီး တော့ ဘယ်ဌာနမှာ ဘယ်လို ဖြည့်စွမ်းရ မယ်ဆိုတာက စီမံချက်၊ တကယ့်ကို Master Plan မရှိသေးဘူး။ Master Plan ရှိမှ ဒါဟာ အကောင်အထည်ဖော် လို့ရမှာကိုး။           Next_Page

Advertise Here

LEAVE A REPLY

Please enter your comment!
Please enter your name here