Home သုံးသပ်ချက် ဒီမိုကရေစီ တပ်မတော်ဆိုတာဘာလဲ

ဒီမိုကရေစီ တပ်မတော်ဆိုတာဘာလဲ

63
0
ဈေးနှုန်းသက်သာစွာ ကြော်ငြာထည့်သွင်းနိုင်ပါပြီ

၂၀၁၃၊နိုဝင်ဘာလထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၉)မှ၊ သုံးသပ်ချက်ဆောင်းပါးဖြစ်ပါသည်။

သန်းစိုးနိုင် ရေးသည်။

ဈေးနှုန်းသက်သာစွာ ကြော်ငြာထည့်သွင်းနိုင်ပါပြီ

၇ဝ ခုနှစ်လောက်က စတင်ခဲ့တဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်း လဲရေး တတိယလှိုင်း (Third Wave) လှုပ်ရှားမှုအတွင်းမှာ နိုင်ငံ ပေါင်းရှစ်ဆယ်ကျော်ခန့်ဒီမိုကရေစီနိုင်ငံတွေ ဖြစ်လာခဲ့တယ်။ ဒါပေမဲ့ ထောင်စုနှစ်အကုန်ပိုင်းကို ရောက်ချိန်မှာတော့ ဒီနိုင်ငံ တွေရဲ့  သုံးပုံတစ်ပုံလောက်သာ ဒီမိုကရေစီနိုင်ငံအဖြစ် ဆက် လက်ရပ်တည်နိုင်ခဲ့ကြတယ်။ နိုင်ငံအများစုဟာ အာဏာရှင်စနစ် အသွင် သဏ္ဌ္ဌ္ဌ္ဌန်အမျိုးမျိုးအောက်ကို ပြန်လည်ရောက်ရှိသွားခဲ့ ကြရတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းအချက်အမျိုးမျိုးအနက် အဓိကအကြောင်းအချက်ဟာ အရပ်ဘက်ဒီမိုကရေစီအစိုးရများ အနေနဲ့ အာဏာရှင်တွေရဲ့ လက်ကိုင်တုတ်အဖြစ် အသုံးချခံခဲ့ ကြရတဲ့ စစ်တပ်ကို ဒီမိုကရေစီတပ်မတော်အဖြစ် အသွင်ကူး ပြောင်းရေးလုပ်ငန်းစဉ်ကို ကောင်းမွန်အောင်မြင်အောင် မလုပ်ဆောင်နိုင်ခဲ့ကြလို့ ဖြစ်ပါတယ်။ ဒီမှာမေးစရာ မေးခွန်း တွေ   ရှိလာတာက…

ဒီမိုကရေစီ တပ်မတော်ဆိုတာ ဘာလဲအာဏာရှင်စစ်တပ်ကို ဒီမိုကရေစီတပ်မတော်အဖြစ် ဘယ်လို အသွင်ကူးပြောင်းမှာလဲ

ယေဘုယျအားဖြင့် ပြောရရင် ဒီမိုကရေစီတပ်မတော်ဆို တာ ဒီမိုကရေစီနိုင်ငံရေးစနစ်ကို အသိအမှတ်ပြု အကာအကွယ် ပေးပြီး ဒီမိုကရေစီအုပ်ချုပ်ရေးစနစ် (Democratic Administration) ကို လက်ခံတဲ့ တပ်မတော်ကို ဆိုလိုတာပါ။ ဆိုရရင် နိုင်ငံတော်၊ လူ့အဖွဲ့အစည်းနဲ့ တပ်မတော်တို့ရဲ့ သုံးပွင့်ဆိုင်ဆက်ဆံ ရေးဟာ ဒီမိုကရေစီအခြေခံမူသဘောတွေအပေါ်မှာ ရပ်တည်ရ မှာ ဖြစ်ပါတယ်။ ဒီမိုကရေစီအခြေခံမူသဘောအရ ဖွဲ့စည်းအုပ် ချုပ်ပုံအခြေခံမူနဲ့အညီ ရွေးကောက်တင်မြှောက်ထားတဲ့ နိုင်ငံ တော်အာဏာပိုင်အဖွဲ့အစည်းအရပ်ရပ်ရဲ့ တည်ရှိမှုကို တပ်မ တော်အနေနဲ့ အသိအမှတ်ပြုရမယ်။ တစ်နည်းပြောရရင် ရွေး ကောက်တင်မြှောက်ထားတဲ့ နိုင်ငံရေးအီလစ်တွေရဲ့ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ကို မလွှဲမရှောင်သာစွာ တပ်မတော်အနေနဲ့ နာခံဖို့ တာဝန်ရှိတယ်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို နာခံ ရေးနဲ့ ကာကွယ်ရေးဟာ တပ်မတော်ရဲ့ အခြေခံတာဝန်ဖြစ်တယ်။ တပ်မတော်အနေနဲ့ ဒီအခြေခံတာဝန်တွေကို နာခံကာကွယ်ရေး ဝတ္တရားပျက်ကွက်ခဲ့ရင် ဒီမိုကရေစီစနစ်ဟာ ဘယ်လိုမှ တည်ငြိမ် ခိုင်မာမှုရှိမှာ မဟုတ်ဘူး။ အနိမ့်ဆုံးအားဖြင့် ဒီမိုကရေစီအသွင်ကူး ပြောင်းရေးဖြစ်စဉ်သည်ပင်လျှင် တပ်မတော်ရဲ့ ထောက်ခံမှုမရှိရင် မဖြစ်နိုင်ပါ။ တစ်ချိန်တည်းမှာ အရပ်သားအစိုးရရဲ့ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ကို တပ်မတော်က လက်မခံနိုင်ရင်လည်း စစ်မှန် တဲ့ ဒီမိုကရေစီတပ်မတော် ထူထောင်နိုင်ရေးဆိုတာ မဖြစ်နိုင်ပါဘူး။

ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဆိုင်ရာ နိုင်ငံတကာ အတွေ့အကြုံတွေအရ စစ်တပ်ကို ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်ဟာ အခြားနယ်ပယ်တွေထက် ခက်ခဲရှုပ်ထွေး ကာ အထိအရှမခံနိုင်တဲ့ လုပ်ငန်းဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်မအောင်မြင်ရင် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကြီး တစ်ရပ်လုံး ဆုံးရှုံးထိခိုက်နစ်နာသွားတတ်ပါတယ်။ အသွင်ကူး ပြောင်းရေးလုပ်ငန်းစဉ်ကို မလုပ်ရင်မဖြစ်သလို အလောတကြီး၊ အလျင်စလို လုပ်လို့ မဖြစ်ပါဘူး။ ‘မလျော့မတင်း စောင်းကြိုး ညှင်း’တဲ့ နည်းနဲ့ စနစ်ကျ ခြေလှမ်းရှိစွာ ဆောင်ရွက်ရမှာ ဖြစ်ပါ တယ်။ ဒီမိုကရေစီတပ်မတော်အသွင် ကူးပြောင်းရေးလုပ်ငန်း စဉ်ဟာ သိမ်မွေ့နက်ရှိုင်းသည်နှင့်အမျှ သတိကြီးစွာထားပြီး ဆောင်ရွက်ရမည့်လုပ်ငန်း ဖြစ်ပါတယ်။

နောက်ထပ် အရေးကြီးတဲ့ အချက်တစ်ချက်ကတော့ ယေဘုယျ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးမှာ အခြေခံလုပ်ငန်းစဉ်၊ ခြေလှမ်းနည်းနာ၊ ပေါ်လစီမူဝါဒရှိတန်သလောက် အသင့်ရှိနေမြဲ ဖြစ်ပါတယ်။ ဒါပေမဲ့ စစ်တပ်ကို ဒီမိုကရေစီအသွင်ပြောင်းရေးလုပ် ငန်းစဉ်မှာတော့ ပုံသေနည်းရယ်လို့ တိတိကျကျ ပီပီသသ မရှိခဲ့ ကြပါဘူး။ တိုင်းပြည်များရဲ့ နိုင်ငံရေး၊ စီးပွားရေးအခြေအနေ၊ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးအနေအထား၊ သမိုင်းနောက်ခံ ကားတွေအပေါ် မူတည်ပြီး ‘တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ် ပုဒ်ဆန်း’ ဖြစ်နေတတ်ကြပါတယ်။ ပညာရှင်များရဲ့ နိုင်ငံတကာ အသွင်ကူးပြောင်းရေး အတွေ့အကြုံဆိုင်ရာ လေ့လာမှုတွေကို အလေးထားရမှာ ဖြစ်ပေမယ့် ပုံတူကူးချလို့ မရပါဘူး။ ဒီမိုကရေစီ တပ်မတော် အသွင်ကူးပြောင်းရေးဆိုင်ရာ သီဝရီ၊ မူဝါဒ၊ နည်းနာ ရယ်လို့ ဘယ်မှာမှ အတိအကျ မရှိကြပါဘူး။ လေစင်ကြည့်ပြီး ရွက်တိုက်ကြရတာမျိုးပါ။ ဒါကြောင့်လည်း ပြင်သစ်နိုင်ငံရေးသိပ္ပံ ပညာရှင် အယ်လိန်းရော့ကွီ (Allein Rouquie) က…

”ပညာရှင်တွေ အသေအချာ လေ့လာပြုစုထားတဲ့ သီဝရီ တွေ၊ ကောက်ချက်တွေကို သမိုင်းတရားခွင်က ရုတ်ခြည်း ငြင်း ဆန်ပယ်လှန်ပစ်တာမျိုးတွေ ရှိခဲ့ကြဖူးပါတယ်။ တကယ်တော့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတို့၊ ဒီမိုကရေစီတပ်မတော် အသွင် ကူးပြောင်းရေးတို့ဆိုတာတွေဟာ သမိုင်းဖြစ်စဉ်ကို ဖန်တီးတဲ့ အကြောင်းအချက်တွေ မဟုတ်ကြပါဘူး။ နိုင်ငံရေးစနစ်ဖျက်သိမ်း ရေး၊ အစိုးရပြောင်းလဲပစ်ရေး၊ လူမှုစနစ်ပြောင်းလဲရေးဆိုတဲ့ သမိုင်းကြောင်း အပြောင်းအလဲကြီးတွေ ရုတ်တရက်ပေါ်ပေါက် ပြောင်းလဲမှောက်လှန်ပစ်လိုက်နိုင်ခြင်းရဲ့ နောက်ဆက်တွဲ ဖြစ်ပေါ် လာလေ့ရှိတဲ့ အကျိုးဆက်တွေသာ ဖြစ်ပါတယ်”လို့ ပြတ်သားစွာ ကောက်ချက်ချခဲ့ပါတယ်။

နိုင်ငံတကာစစ်ရေးလေ့လာသူပညာရှင်များရဲ့ အဆိုအရ ဒီမိုကရေစီစစ်တပ်အသွင် ကူးပြောင်းရေးမှာ အကြမ်းဖျင်းအား ဖြင့် အသွင်သဏ္ဌ္ဌ္ဌ္ဌန် သုံးမျိုး ရှိပါတယ်။

(၁) စစ်ပွဲလွန် ဒီမိုကရေစီ စစ်တပ်အသွင်ကူးပြောင်းရေးသဏ္ဌ္ဌ္ဌ္ဌ်ဒီစစ်ပွဲလွန် အသွင်ကူးပြောင်းရေးသ္ဌာန်ကိုပဲ နှစ်မျိုး ထပ်ခွဲနိုင်ပါသေးတယ်။

 

(က) ဒုတိယကမ္ဘာစစ်ပွဲလွန် အသွင်ကူးပြောင်းရေးသဏ္ဌ္ဌ္ဌ္ဌ

ဥပမာအားဖြင့် ဒုတိယက္ဘာစစ်ပြီးဆုံးပြီးနောက်ပိုင်းမှာ စစ်ရှုံးသွားတဲ့ ဂျာမနီ၊ ဂျပန်နဲ့ အီတလီ အာဏာရှင်နိုင်ငံ သုံးနိုင်ငံ က စစ်တပ်တွေကို အကြွင်းမဲ့ လက်နက်ချစေကာ အပြီးတိုင် ဖျက် သိမ်းပြီးနောက် မဟာမိတ်တပ်ဖွဲ့များရဲ့ ကြီးကြပ်မှုအောက်မှာ ကာကွယ်ရေးတပ်ဖွဲ့များ ပြန်လည်ဖွဲ့စည်းထူထောင်ပေးခြင်းမျိုး ဖြစ်တယ်။

 

(ခ) ပြည်တွင်းစစ်ပွဲလွန် အသွင်ကူးပြောင်းရေးသဏ္ဌ္ဌ္ဌ္ဌ

ဥပမာအားဖြင့် ယူဂိုဆလားဗီးယားနိုင်ငံ ပြိုကွဲပြီးနောက် ဆာ့ဘ်လူမျိုးတွေ၊ ခရိုအေးရှားတွေအကြား ပြင်းထန်တဲ့ ပြည် တွင်းစစ်ဖြစ်ပွားပြီးနောက် နိုင်ငံတကာကြီးကြပ်မှုအောက်မှာ ဆားဗီးယားတပ်မတော်၊ ဘော့စနီးယား၊ အာဇီဂိုးဗီးနားတပ်မ တော်တွေ ထူထောင်ပေးခဲ့ရတယ်။ အလားတူ အယ်လ်ဆာဗေးဒိုး နိုင်ငံမှာလည်း လူတစ်သိန်းနီးပါး သေဆုံးခဲ့တဲ့ ၁၂ နှစ်ကြာ ပြည် တွင်းစစ် ဖြစ်ပွားခဲ့ပြီးနောက် အစိုးရနဲ့ လက်ဝဲသူပုန်များအကြား ငြိမ်းချမ်းရေးစေ့စပ်ဆွေးနွေးပွဲ အောင်မြင်သွားခဲ့ကာ အယ်လ် ဆာဗေးဒိုးတပ်မတော်ကို ပြန်လည်အသွင်ပြောင်း ဖွဲ့စည်းခဲ့ရ တယ်။ ဒီလို စစ်ပွဲလွန်ကာလတွေမှာ ဒီမိုကရေစီ စစ်တပ်အသွင် ပြောင်းထူထောင်ခဲ့ကြရတာ မှန်ပေမယ့် တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အသွင်ကူးပြောင်းရပုံခြင်းက မတူခဲ့ကြပေ။

(၂) အုပ်စိုးမှုသဏ္ဌ္ဌ္ဌ္ဌ် အပြောင်းအလဲ

နောက်ထပ် ဒီမိုကရေစီစစ်တပ်အသွင်ကူးပြောင်းရေး ဖြစ် ပေါ်ရခြင်းကတော့ အစိုးရရဲ့ အုပ်စိုးမှုသ္ဌာန်အပြောင်းအလဲ (Changes in Administrative form of Government) ကြောင့် ဖြစ်ပါတယ်။ ဒီမှာလည်း မတူတဲ့ အသွင်သဏ္ဌ္ဌ္ဌ္ဌန် နှစ်မျိုး တွေ့ရပါတယ်။

(က) ကိုလိုနီခေတ်လွန် အသွင်ကူးပြောင်းရေး (Post Colonial Transition)

ဒီအသွင်ကူးပြောင်းရေး အတွေ့အကြုံကိုတော့ ကိုလိုနီ အုပ်စိုးမှုအောက်က လွန်မြောက်ပြီး လွတ်လပ်ရေးရလာတဲ့ နိုင်ငံ တွေမှာ တွေ့ရတတ်ပါတယ်။ မြန်မာပြည်မှာလည်း ၁၉၄၅ ခုနှစ်က ကန္ဒီစာချုပ်အရ မြန်မာ့တပ်မတော်ကို အသွင်ပြောင်းပြုပြင်ဖွဲ့ စည်းခဲ့ကြရတဲ့ အတွေ့အကြုံမျိုး ရှိခဲ့ဖူးပါတယ်။

(ခ) ပြန်လည်ပေါင်းစည်းမှုဆိုင်ရာ အသွင်ကူးပြောင်းရေး

အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်လာနိုင်ချိန်တွေမှာ တပ်မတော်ပြန်လည် ပေါင်းစည်းရေးဆိုင်ရာ အသွင်ကူးပြောင်းမှုသ္ဌာန်တွေကို တွေ့ ရတတ်ပါတယ်။ အထူးသဖြင့်တော့ တောင်အာဖရိက၊ ဂျာမနီနဲ့ ယီမင်နိုင်ငံတွေရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ် တွေမှာ တွေ့မြင်ခဲ့ကြရပါတယ်။ တောင်အာဖရိက အသား အရောင်ခွဲခြားရေး၊ လူဖြူအစိုးရနဲ့ မင်ဒဲလားဦးဆောင်တဲ့ အာဖရိက အမျိုးသားကောင်စီ (ANC) အဖွဲ့တို့အကြား နှစ်သုံး ဆယ်ကြာ နိုင်ငံရေး၊ စစ်ရေးတိုက်ပွဲတွေ ခင်းခဲ့ကြပြီးနောက် ၉ဝ ခုနှစ်နောက်ပိုင်းမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးအစိုးရ တစ်ရပ်ကို ဖွဲ့စည်းနိုင်ခဲ့ကြပါတယ်။ ဒီအချိန်မှာ လူဖြူအစိုးရစစ် တပ်နဲ့ ဗဃြ စစ်တပ်တို့အကြား ပြန်လည်ပေါင်းစည်းရေး အသွင်ကူးပြောင်းမှု ဖြစ်စဉ်တစ်ရပ်ကို ဖြတ်သန်းခဲ့ကြရပါတယ်။ ဂျာမနီနဲ့ ယီမင်တို့မှာလည်း အလားတူဖြစ်စဉ်တွေ ဖြတ်သန်းခဲ့ကြ ရပါတယ်။ ဒါပေမဲ့ အသွင်ကူးပြောင်းရေးသ္ဌာန်တွေကတော့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတူခဲ့ကြပါဘူး။

(၃) အစိုးရအပြောင်းအလဲ (Regime Change)

အစိုးရအပြောင်းအလဲကြောင့် ဒီမိုကရေစီတပ်မတော်ကို အသွင်ပြောင်းခဲ့ကြရတာလည်း အကြမ်းဖျင်းအားဖြင့် သဏ္ဌ္ဌ္ဌ္ဌန် နှစ်မျိုး ရှိပါတယ်။

 

(က) အာဏာရှင်ခေတ်လွန် အသွင်ကူးပြောင်းရေး

အကြောင်းအချက်အမျိုးမျိုးကြောင့် အာဏာရှင်အစိုးရ အဖြစ်က ဒီမိုကရေစီအစိုးရအသွင် ပြောင်းလဲလာတဲ့အတွက် ဒီမို ကရေစီတပ်မတော် အသွင်ကူးပြောင်းခဲ့ရတဲ့ နိုင်ငံတွေကတော့ ဥရောပမှာ စပိန်၊ ပေါ်တူဂီ၊ ဂရိနိုင်ငံတို့ ရှိခဲ့ကြပါတယ်။ လက်တင် အမေရိကမှာတော့ အာဂျင်တီးနား၊ ချီလီနဲ့ ဂွါတီမာလာနိုင်ငံများ ဖြစ်ကြပါတယ်။ အာရှမှာတော့ ထိုင်း၊ တောင်ကိုရီးယားနဲ့ အင်ဒို နီးရှားနိုင်ငံများ ရှိခဲ့ကြပါတယ်။

 

(ခ) ကွန်မြူနစ်ခေတ်လွန် အသွင်ကူးပြောင်းရေး

၁၉၉ဝ ခုနစ်ဝန်းကျင်က ဘာလင်တံတိုင်းကြီး ပြိုကွဲပြီး နောက်ပိုင်းမှာ အရှေ့ဥရောပနိုင်ငံများက ကွန်မြူနစ်အစိုးရတွေ ပုံစံအမျိုးမျိုးနဲ့ ပြုတ်ကျသွားခဲ့ကြပြီးနောက်ပိုင်း ဒီမိုကရေစီ အစိုးရတွေ ပေါ်ပေါက်လာခဲ့ကြပါတယ်။ ထိုစဉ်က ကတ္တီပါတော် လှန်ရေးနည်းနဲ့ ညင်သာချောမွေ့စွာ အသွင်ကူးပြောင်းသွားတဲ့ နိုင်ငံတွေ ရှိခဲ့ကြသလို အာဏာလုပွဲတွေနဲ့ ရင်ဆိုင်ဖြတ်သန်းခဲ့ရတဲ့ တိုင်းပြည်တွေလည်း ရှိခဲ့ကြပါတယ်။  ဒီအထဲမှာ ဒီမိုကရေစီတပ် မတော် အသွင်ကူးပြောင်းရေးတိုက်ပွဲ ဆင်နွှဲခဲ့ကြရတဲ့ တိုင်းပြည် တွေ ကတော့ ရုရှား၊ ဆလိုဗီးနီးယားနဲ့ ယူမေးနီးယားတို့ ဖြစ်ကြပါတယ်။

စစ်တပ်သည် ခေတ်သစ်လူ့အဖွဲ့အစည်းတိုင်းအတွက် မရှိ မဖြစ် လိုအပ်သော Institution  တစ်ရပ်ဖြစ်ပြီး လူ့အဖွဲ့အစည်း၏ အကျိုးစီးပွားထိန်းသိမ်းကာကွယ်ရေးအတွက် ခိုင်မာအား ကောင်းနေရမည် ဖြစ်သည်။ သို့တိုင် ၄င်းသည် နိုင်ငံတော်၏ အရေးပါသည့် အစိတ်အပိုင်းတစ်ခုဖြစ်သည့်အလျောက် နိုင်ငံ တော်၏ ကြီးကြပ်စီမံခန့်ခွဲမှုအောက်တွင်သာ ရှိရပေလိမ့်မည်။ ထို့ ကြောင့်ပင် နိုင်ငံရေးသိပ္ပံပညာရှင်ကြီး မက်စ်ဝေဘာ (Max Waber) က ”ခေတ်သစ်လူ့အဖွဲ့အစည်းတစ်ရပ်၏ အစိတ်အပိုင်း ဖြစ်သော စစ်တပ်သည် လူ့အဖွဲ့အစည်းတွင် စစ်ရေးရုပ်ပိုင်းအင် အားမှန်သမျှ  ရယူသုံးစွဲပိုင်ခွင့်ကို လက်ဝါးကြီးအုပ် ရယူထား သည့် တစ်ခုတည်းသော Institution ပင် ဖြစ်သည်။ ဤသည်ပင် စစ်တပ်နှင့် အရပ်သားအဖွဲ့အစည်းတို့အကြား ကွဲပြားခြားနား ချက်ဖြစ်၏။ တစ်ချိန်တည်းတွင် ဤသည်ပင် စစ်တပ်အနေနှင့် အရပ်သားအုပ်စိုးမှုအပေါ် စိန်ခေါ်ခြိမ်းခြောက်နိုင်စွမ်းရှိသော အနေအထားပင် ဖြစ်တော့သည်။ သို့သော် နိုင်ငံတော်အနေဖြင့် ၄င်းကို အကာအကွယ်ပေးမည့် အင်အားတစ်ရပ် လိုအပ်သော ကြောင့် နိုင်ငံတော်၏ အရင်းအမြစ်အလုံးစုံကို အသုံးချ၍ စစ်တပ် ကို ထူထောင်ပေးထားခြင်းဖြစ်သည်။ ထိုသို့ အကြမ်းဖက်အင်အား သုံးစွဲခွင့်ကို နိုင်ငံတော်က စစ်တပ်အား ပေးအပ်ထားခြင်းကြောင့် ပင် စစ်တပ်အနေနှင့် နိုင်ငံတော်ကို လက်အောက်ခံပြုခွင့် မရှိသင့် ပေ။ ဤသည်ကို အရပ်ဘက်အစိုးရအနေဖြင့် ထိန်းသိမ်းချုပ်ကိုင်  ပိုင်ခွင့်အာဏာ ရှိသင့်ပေသည်။ အရပ်ဘက်အစိုးရအနေဖြင့် စစ် တပ်ကို အမိန့်ပေးခွင့် ရှိရမည်ဖြစ်သလို စစ်တပ်၏ လွတ်လပ်စွာ ရပ်တည်လှုပ်ရှားပိုင်ခွင့်ကိုလည်း အရပ်ဘက်အစိုးရက အာမခံ ချက်ပေးရန် လိုအပ်ပေသည်”ဟူ၍ ရှင်းလင်းပြတ်သားစွာ ထောက်ပြခဲ့ပေသည်။ ပညာရှင်ကြီး မက်စ်ဝေဘာ၏ အထက်ပါ အဆိုအမိန့်သည်ပင်လျှင် ဒီမိုကရေစီတပ်မတော်တစ်ရပ်၏ အခြေခံလက္ခဏာနှင့် လုပ်ငန်းတာဝန်များကို ဖော်ညွှန်းလိုက် ခြင်း ဖြစ်ပေသည်။(Ref: Making A Democratic Army)

[ ပြီးပါပြီ။ ]

ဈေးနှုန်းသက်သာစွာ ကြော်ငြာထည့်သွင်းနိုင်ပါပြီ

LEAVE A REPLY

Please enter your comment!
Please enter your name here