မော်ကွန်းမဂ္ဂဇင်း အမှတ်စဉ် ၇၀ မှ သရော်စာဖြစ်ပါသည် စိုပြေရေးသည် ဗိုလ်ချုပ်ပုံနဲ့တော့ ပိုက်ဆံထွက်လာပြီ။ သင်ဆိုရင်ရော။ ဘယ်သူ့ပုံနဲ့ ငွေစက္ကူ ထုတ်ချင်သလဲ။ ဒါက တကယ်ကို အငြင်းပွားဖွယ် ကိစ္စတစ်ခုပဲ။ လူတော်တော်များများကတော့ ကိုယ်ချစ်ခင်တဲ့ လူရဲ့ပုံကို ငွေစက္ကူအဖြစ် မြင်တွေ့ချင်ကြမှာပေါ့။ ဒါမှလည်း နေ့စဉ်ဘဝမှာ အမြဲမြင်ရမှာလေ။ စိုပြေကတော့ ရှင်းပါတယ်။ စိုပြေ ချစ်ခင်သူရဲ့ ပုံကိုပဲ ငွေစက္ကူအဖြစ် မြင်တွေ့ချင်တာပေါ့။ လွန်ခဲ့တဲ့ နှစ်နှစ်က လွှတ်တော်မှာ မဲခွဲတယ်။ ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ ငွေစက္ကူတွေ ထုတ်ဖို့ကိစ္စ။ မဲက နိုင်ပါတယ်။ ဗိုလ်ချုပ်ပုံတွေနဲ့ ပိုက်ဆံတွေ ထုတ်မယ်။ ဒါပေမဲ့ ကန့်ကွက်သူတွေကလည်း မနည်းဘူး။ စစ်တပ်ကလူတွေ၊ ကြံ့ခိုင်ရေးက လူတွေကတော့ ကန့်ကွက်ကြသတဲ့။ အကြောင်းပြချက်ကတော့ အများကြီးပေါ့လေ။ ငွေစက္ကူအသစ်ထပ်ရိုက်ရင် ငွေတွေကုန်မယ်။ ဘာညာပေါ့လေ။ […]
မော်ကွန်းမဂ္ဂဇင်း အမှတ် ၆၈ မှ သရော်စာဖြစ်ပါသည်။ ဗြိတိသျှကိုကိုမောင် ရေးသည်။ ကျေးရွာတွေမှာ ပြည်သူ့စစ်တွေ ခေတ်ထစဉ်ကပေါ့။ ရွာအော့ကြောလန်အေးစံဟာ ဘယ်ကဘယ်လို အကပ်ရတယ်မသိ။ ရိုင်ဖယ်တစ်လက်ရပြီး နေ့ချင်းညချင်း ပြည်သူ့စစ်ဖြစ်လာတယ်။ “ကျေးရွာကာကွယ်ရေး” လက်မောင်းပတ်ကြီးနဲ့ ရိုင်ဖယ်ကြီးထမ်းပြီး ညညဆို အေးစံတို့အဖွဲ့ကင်းလှည့်တယ်။ ကင်းလှည့်ပြီဆိုတာနဲ့ ကိုယ့်အိမ်က ကြက်တွေ၊ ဘဲတွေ လုံအောင်သာ သိမ်းကြဆည်းကြပေတော့။ တတ်နိုင်ရင် ခြင်ထောင်ထဲသာထည့်သိပ်။ အေးစံတို့လား။ မခိုးပါဘူး။ ခိုးစရာလား။ ရိုင်ဖယ်ကြီးတစ်လက်လုံးရှိနေမှပဲ။ ဟေ့၊ ကင်းသမားတွေ ညလယ်စာစားဖို့ အလှူခံတာကွာဆိုဆွဲသွား၊ ဘာပြောရမတုံး။ အေးစံလား။ သူမသိ၊ သူမတတ်၊ သူမပါတာ ရွာမှာမရှိဘူး။ ရိုင်ဖယ်တန်ခိုးနဲ့ အမျိုးဂုဏ်တွေ တိုးနေချက်လေ။ ရွာဦးကျောင်းက ဘုန်းကြီးတွေတောင် သူ့သေနတ်ဒင်စာ မိဖူးတယ်။ ရွာလမ်းမပေါ် မေတ္တာသုတ်ရွတ်လို့တဲ့။ အေးစံ အနစ်နာခံစောင့်ရှောက်တဲ့ရွာမှာ ဘေးကင်းအောင် […]
၂ဝ၁၉၊ ဇွန်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၆)မှ Satire ဖြစ်ပါသည်။ ရန်လိုကျွဲ ရေးသည်။ ကိုယ့်အလုပ်ကိုယ်မလုပ်သူများ ကြီးစိုးသည့် နှေးပျော့နိုင်ငံ မိမိတို့၏ “နှေးပျော့” နိုင်ငံသည် အမည်နှင့် လိုက်သည်ဟု ဆိုရမည်။ တိုးတက်မှု နှေးကွေး သည်၊ အင်အားပျော့သည်။ တကယ်တော့ နှေးပျော့သည် အတိတ်က ရွှေထီး ဆောင်းခဲ့ဖူးသည်။ ဒေသတွင်းနိုင်ငံများကို ဦးဆောင်မည့် အနေအထား ရှိသည်အထိ တိုးတက်ခဲ့သည်။ သို့သော်လည်း ရွှေထီးဆောင်းကာလ သိပ်မကြာမီမှာပင် နိုင်ငံသည် တဖြည်းဖြည်း ဆုတ်ယုတ်လာရာမှ ဒေသတွင်း အဆင်းရဲဆုံးနိုင်ငံဘဝ ရောက်သွားတော့သည်။ အဘယ် ကြောင့် ထိုသို့ ချွတ်ခြုံကျသွားရသနည်း။ မကြာသေးခင်နှစ်များအတွင်းက စတင်ပြီး ဒီမိုကရေစီ အပြောင်းအလဲများ ဖော်ဆောင်နေသော်လည်း နှေးပျော့ နိုင်ငံ ရှေ့တိုးမလာခြင်းမှာ အဘယ်ကြောင့်နည်း။ ဤမေးခွန်းများကို မေးလာသည့်သူမှာ […]
၂ဝ၁၉၊ မေလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၅)မှ Satire ဖြစ်ပါသည်။ ရန်လိုကျွဲ ရေးသည်။ “အင်္ဂလိပ်စာလုပ်နေရလို့ မြန်မာစာ အားနည်းသွားတယ်”ဟု အကြောင်း ပြသော သတင်းသမား၊ FM တွင် နားဆင်ရတတ်သော ဘိုသီချင်းများ အဆဲစကားလုံး ကြွယ်ဝမှန်း အင်္ဂလိပ်စာ လေ့လာစဉ် သိရှိသွားသဖြင့် ဝေဒနာ ခံစားသွားရ သတင်းသမားတို့အကြောင်း ယခင်လက ပြောပြပြီး ဖြစ်သည်။ ယခုလ အခြား သတင်းသမားနှစ်ဦးအကြောင်း ဖောက်သည်ချ လိုသည်။ ထိုနှစ်ဦးမှာ အင်္ဂလိပ်စာ လေ့လာနေသော ကျော်လင်း ထွန်း၊ ဇာနည်ဝင်းတို့ ဖြစ်၏။ ကျော်လင်းထွန်း များမကြာသေးမီက သတင်းသမား ကျော်လင်းထွန်းနှင့်တွေ့ရာ အင်္ဂလိပ်စာ လေ့လာနေသည်ဟု သူကဆို၏။ အင်္ဂလိပ်သီချင်း နားထောင်သည်၊ ဖေ့စ်ဘွတ်ခ်တွင် အင်္ဂလိပ်လိုရေးသည်၊ မြန်မာလိုရေးလျှင်လည်း မာရီယာ အမည်ရှိ […]
၂ဝ၁၉၊ မတ်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၃)မှ Satire ဖြစ်ပါသည်။ ရန်လိုကျွဲ “ပေါကားများ ရပ်” ဟူသော လှုံ့ဆော်သံသည် ဟို တလောက ဒုက္ခသီရိနိုင်ငံတော်တွင် အလွန်တရာ ဆူညံခဲ့သည်။ ယခုလည်း ထိုဆူညံသံက စကား ဝိုင်းတချို့တွင် ထပ်မံ ပေါ်ပေါက်လာပြန်သည်။ ဟောင်ကောင်မှ ရုပ်ရှင်ဇာတ်ကားတစ်ခု မိမိတို့၏ ကား ကျပ်သော ရန်ပုံမြို့တော်သို့ လာရောက်ကာ လမ်းမကြီးတချို့ကို ပိတ်ဆို့ရိုက်ကူးပြီးနောက် ထိုအသံ ပြန်လည် ဆူညံလာခြင်းပင်။ ဟောင်ကောင်မှ လာရိုက်သည်ဆိုသော ဇာတ်ကားမှာ လည်း ပေါကားအမျိုးအစားထဲတွင် ပါကောင်း ပါပေလိမ့်မည်ဟု သုံးသပ်သူလည်း ရှိ၏။ သူတို့ပြောသလိုဆိုလျှင် ပေါကား ဟူသည် မှာ နယ်ခြားမဲ့ ဖြစ်လာလေပြီ၊ သို့မဟုတ် ကမ္ဘာလွှမ်းပတ် ဆက် နွှယ်လာလေပြီ။ မိမိကတော့ […]
၂ဝ၁၉၊ ဖေဖော်ဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၂)မှ Satire ဖြစ်ပါသည်။ ရန်လိုကျွဲ ဆူးလေပန်းခြံကြီးမှာစည်ကားလှသည်။ ဤပန်းခြံသို့ မိမိ မရောက်ဖြစ် သည်မှာ ကာလအတန်ကြာပေပြီ။ ပန်းခြံသည် လာရောက် အပန်းဖြေသူ များနှင့် ဤမျှဤနှယ် ပြွတ်သိပ်နေမည်ဟု မိမိမထင်ခဲ့ပေ။ အရွယ်စုံသော လူအထွေထွေတို့သည် အရောင်စုံသော အဝတ်အစားတို့ကို ဆင်မြန်းကာ လာရောက်စုဝေး အနားယူနေကြသည်။ မျောက်မူးလဲ ပိစိကွေးတို့က လည်း သူတို့တာဝန် သူတို့ထမ်းဆောင်နေကြသည်။ ပန်းခြံ၏ မူလပိုင်ရှင် များ ဖြစ်ကြကုန်သော သမီးရည်းစား စုံတွဲတို့ကလည်း ဟိုနား တစ်တွဲ၊ ဒီနား တစ်တွဲ လက်ညှိုးထိုးမလွဲ ရှိကြလေကုန်၏။ ထိုစုံတွဲများကြောင့် မိမိ မျက်လုံးပြူးသွားရသည်။ ပြူးရ ခြင်း အကြောင်းရင်းကို ရှင်းပါမည်။ ပြောင်းလဲနေသော ခေတ် ဖြစ်သောကြောင့် သိသိသာသာ […]
၂ဝ၁၉၊ ဇန်နဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၁)မှ Satire ဖြစ်ပါသည်။ ရန်လိုကျွဲရေးသည်။ ပိန်ပုံပိန်နည်း ရလိုသဖြင့် အကြံပေးဂုရု ဆရာ ကျွဲထံ ချဉ်းကပ်လာသူ အများအပြားရှိရာ ယခု နောက်ဆုံး မိတ်ဆက်ပေးလိုသူမှာ လူ့အခွင့် အရေး နယ်ပယ်တွင် ထင်ရှားလှသည့် ဆရာ အောင်မျိုးမင်း ဖြစ်တော့သည်။ သူသည် မိမိထံမှ အကြံတောင်းသူများအနက် အထင်ရှား ဆုံးဖြစ်ဖွယ်ရှိသည်။ […]
၂ဝ၁၈၊ ဖေဖော်ဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၄)မှ Satire ဖြစ်ပါသည်။ ရန်လိုကျွဲရေးသည် အင်္ဂါဂြိုဟ်သို့ရောက်နေသော ရန်လိုကျွဲ ကမ္ဘာမြေသို့ ပြန်ရတော့မည်။ မပြန်ခင် အင်္ဂါဂြိုဟ်အစိုးရအဖွဲ့ အကြံပေးအရာရှိ များနှင့် စကားဝိုင်းဖွဲ့ဖြစ်သည်။ စကားဝိုင်း ဆိုသော်လည်း သူတို့က ရန်လိုကျွဲကို ဝိုင်း ပြီး အင်တာဗျူးကြခြင်း ဖြစ်၏။ မေးမြန်းသည့် အကြောင်းအရာမှာစုံလင်လှ၏။ အမျိုးသား တို့၏ ဖက်ရှင်ပုံစံမှအစ အစိုးရအဖွဲ့ပုံစံများအဆုံး မေးမြန်းကြ၏။ ““အမျိုးသားတွေက သူတို့ခေါင်းကို တစ်ခုခုနဲ့ အုပ်ထား တတ်ကြတယ်။ အဲဒါက ဘာသဘောလဲ”” ဂြိုဟ်သားတစ်ယောက်က စပ်စု၏။ ထိုအရာတို့ကို ဦးထုပ်ဟု ခေါ်ကြကြောင်း၊ ဦးခေါင်းကို ထုပ်ပိုးထားသော အရာဖြစ်ကြောင်း၊ ယခင်က က်္ဘာကြီး အအေး ဓာတ်ကဲသောကြောင့် အအေးဒဏ် သက်သာစေရန် ဦးထုပ် ဆောင်းကြခြင်း ဖြစ်ကြောင်း၊ […]
၂ဝ၁၈၊ ဒီဇင်ဘာလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆ဝ)မှ Satire ဖြစ်ပါသည်။ ရန်လိုကျွဲရေးသည် အထင်ကရ ပုဂ်္ဂိုလ်တချို့ ဝိတ်ကျ စေရန် မိမိ အကြံပေးခဲ့ပုံကို ပြန် လည် ဖောက်သည်ချလိုသည်။ ပိန်ပုံပိန်နည်း ရလိုသဖြင့် အကြံပေး ဂုရု ဆရာကျွဲထံ ချဉ်းကပ်လာသူ များပြား လှသည်။ ထိုသို့ချဉ်းကပ်လာသူထဲတွင် ဒုက်္ခ သီရိနိုင်ငံတော်ရှိ လူ့အခွင့်အရေး လှုပ်ရှားမှု နယ်ပယ်မှထင်ရှားသူတချို့လည်း ပါဝင်သည်။ ၎င်းင်းတို့သည် နိုင်ငံတကာသို့ ပေါက် ရောက်သူများဖြစ်သော်လည်း ပြည်ပအား ကိုးသူမဟုတ်ချေ။ ပြည်တွင်းဖြစ်ကို အားပေးသူ၊ မိမိနိုင်ငံတွင်း ပညာရှင်ကိုသာ ချဉ်းကပ်သူတို့သာ ဖြစ်သောကြောင့် သူတို့ ကို များစွာ အတုယူသင့်လှသည်။ စီးပွားရေး၊ ကြီးပွားရေး နည်းလမ်း များ၊ အကြံကောင်းများ ပေးနေသူ ဆရာကျွဲ ထံ […]
၂ဝ၁၈၊ ဇန်နဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၃)မှ Satire ဖြစ်ပါသည်။ ရန်လိုကျွဲရေးသည်။ အင်္ဂါဂြိုဟ်သို့ ရန်လိုကျွဲ အလည်အပတ် ရောက်ခိုက် ဒုတိယမြောက် တွေ့ဆုံ စကားပြောရသူမှာ ဂြိုဟ်၏ ပုလိပ်အဖွဲ့ အကြီးအကဲ သက်ဦးမွန်ဖြစ်သည်။ အကြီးအကဲ၏ ရုံးခန်းနံရံတွင် အရုပ်အများအပြား ရှိနေပြီး ထိုအရုပ်များရှေ့တွင်လည်း ပန်း၊ ခွက်၊ သစ်သီးတို့ကို တွေ့ရ၏။ ဂြိုဟ်သားပုလိပ်ကြီးက ရန်လိုကျွဲကို နွေးထွေးစွာ ကြိုဆိုဧည့်ခံသည်။ အပြန်အလှန် မိတ်ဆက်စကားဆိုပြီး ခဏအကြာတွင် ပုလိပ်မင်းကြီး သက်ဦးမွန်ကို နံရံရှိ အရုပ်များအကြောင်း စပ်စု လိုက်သည်။ ““ဒီအရုပ်လေးတွေက ဘာတွေလဲ”” ““ဒါတွေက အတွင်း ၃၇၀၊ အပြင် ၃၇၀ နတ်တွေပါ။ အတွင်း အပြင်စာရင်းထဲ မဝင်တဲ့ […]
၂ဝ၁၈၊ နိုဝင်ဘာလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၉)မှ satire ဖြစ်ပါသည်။ ရန်လိုကျွဲရေးသည် ခေတ်လူငယ်တချို့ အင်မတန် အပျင်း ကြီးကြသည်။ ယနေ့ခေတ်သည် နည်းလမ်းတစ် ခုခု သိရှိလိုပါက အင်တာနက်တွင် လွယ် ကူစွာ ရှာဖွေနိုင်သောခေတ်ဖြစ်ရာ ရှာ ဖွေခြင်းမပြုဘဲ မိမိကို မေးမြန်းခြင်း ကြောင့် တချို့သောသူတို့ “အပျင်းကြီးကြ သည်” ဟု မိမိ ကောက်ချက်ချခြင်းပင်။ “၁၄ ရက်အတွင်း အရပ်ရှည်တဲ့ နည်းလမ်း ပြောပြပါ”၊ “၁၉၈၈ မှာ မြန်မာပြည်ကို ကယ်တင်တဲ့ စစ်ကောင်စီ နာမည် အပြည့်အစုံက ဘာလဲ ဆရာကျွဲရေ”ဟူသော မေးခွန်းမျိုးတွေ လည်း ကြုံဖူးသည်။ မိမိ စိတ်အညစ်ရဆုံး မေးခွန်းထဲတွင် “ပိန်အောင် ဘယ်လို လုပ်ရမလဲ” ဟူသော […]
ကာတွန်း -သီဟ(စခန်းသစ်) (၂၀၁၇) အကြံပေးဆရာ ရန်လိုကျွဲ အင်္ဂါဂြိုဟ်သို့ အလည်အပတ်ရောက်နေသည်။ အင်္ဂါဂြိုဟ်အကြောင်း မပြောခင် ခရီးစဉ်အကြောင်း အရင်ပြောရမည်။ ကုန်ကျစရိတ် များပြားလှသော ဤခရီးကို ရန်လိုကျွဲ အဘယ်ကြောင့် သွားနိုင်သနည်းဟု သိလိုကြမည် ဖြစ်သောကြောင့် အနည်းငယ် ရှင်းပြပါမည်။ ဆောင်းထိဆောင်းမိဒေသတွင် လုပ်ကိုင်သည့် လုပ်ငန်းရှင်တစ်ဦးကို အကြံကောင်းများ ပေးမိပြီးနောက်ပိုင်း ထိုလုပ်ငန်းရှင် အကြီးအကျယ် ကြီးပွားလာရာမှ ဤခရီးစဉ် အစပြုလာခြင်းဖြစ်သည်။ ထိုလုပ်ငန်းရှင်ကို ရွှေအကြီးအကျယ်ထွက်သော ဆောင်းထိဆောင်းမိဒေသတွင် အစိုးရနှင့် ဖက်စပ်လုပ်ကိုင်ခွင့် ရနိုင်မည့်နည်းလမ်းများကို အကြံပေးမိသည်။ များမကြာမီ အနှီလုပ်ငန်းရှင်လုပ်ပိုင်ခွင့် အတော်များများ ရသွားသည်။ ပိုမို ကြီးပွားလိုပါက အစိုးရထံ ပေးသွင်းရမည့် ရွှေပမာဏ အများအပြားကို ကိုယ့်ဂိုဒေါင်ထဲ သိမ်းထားဟု အကြံပေးရာ ထိုလုပ်ငန်းရှင်က တိတိကျကျလိုက်နာရာမှ ပိုက်ဆံထားစရာနေရာမရှိအောင် ချမ်းသာလာလေသည်။ […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."