ပုံရိပ်လွှာများ

ပေါ်ဦး (သို့မဟုတ်) သားသေ၊ ဘဝပျက်၊ ပကဖရန်ကြောက်လို့ ရွာစဉ်လှည့်ပြေးနေရသူ

February 27, 2024

ဖေဖော်ဝါရီ–၂၀၂၄ (မော်ကွန်း) မိသားစုလိုက်အသက်ဘေးကနေတိမ်းရှောင်ပုန်းအောင်းနေရတဲ့အခုလိုအဖြစ်နဲ့မကြုံရခင်တုန်းကဦးပေါ်ဦးဟာတောင်သူလယ်လုပ်ဓားမခုတ်ဘဝနဲ့ရှင်သန်ခဲ့သူ။ နွေဦးတော်လှန်ရေးမှာ ကျေးရွာပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ဒုတိယခေါင်းဆောင်အဖြစ် သူ့သားပါဝင်ခဲ့တာက ဂုဏ်ယူ စရာလား၊ ဒုက္ခပင်လယ်ဝေမယ့်အဖြစ်ရဲ့ နိဒါန်းလားဆိုတာ အစတုန်းကသူမသိခဲ့။ လူမမယ်မြေးနှစ်ဦးရှေ့မှာ  သားဖြစ်သူတော်လှန်ရေးသမားကြီးကို သူ့အထက်ကခေါင်းဆောင်ဆိုသူနဲ့လူတစ်စုက သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့နောက် သားအတွက်တရားမျှတမှုရှာပေးဖို့ကြိုးစားမိရာက သူ့နဲ့မိသားစုဝင်တွေ ပကဖဘေးဒုက္ခသည်ဘဝကို ရောက်ခဲ့ရတာ လာမယ့်မေဆို နှစ်ပတ်လည်တော့မယ်။ မီးရှို့၊ရွာဖျက်၊လူသတ်နေတဲ့စစ်ကောင်စီတပ်ကိုကြောက်လို့စစ်ဘေးဒုက္ခသည်အဖြစ်အများသူငါနည်းတူဟိုအရင်ကတည်းကသူတို့တိမ်းရှောင်ဖူးခဲ့ပေမယ့်စစ်တပ်ပြန်ရင်အိမ်ပြန်ခဲ့ရတာချည်းပဲ။အခုတော့ပကဖဘေးဒုက္ခသည်ဖြစ်မှဇနီး၊သားနဲ့သမီးနှစ်ဦးလက်ကိုဆွဲကာရွာစဉ်ပတ်ပြေးပုန်းအောင်းနေရတာလို့အသက်၆၅နှစ်အရွယ်ဦးပေါ်ဦးကပြောပြတယ်။ အသားညိုညို၊ မျက်ခုံးမျက်ဖန်ကောင်းပြီး စကားကိုခပ်လေးလေးပြောတတ်တဲ့ဦးပေါ်ဦးဟာ အညာကျေးလက်မှာတွေ့မြင် နေကျ ကျေးလက်တောင်သူဦးကြီးတွေလိုပါပဲ။ “ပကဖကိုကြောက်လို့ ထွက်ပြေးနေရတာဟာ (သူတို့ဒေသမှာ) ကျွန်တော်တစ်ယောက်ပဲရှိမယ်နဲ့ တူပါတယ်။ သူများတွေ ကိုယ့်အဖြစ်ကိုမေးတဲ့အခါ ပြန်ပြောပြရတာ လူကြားလို့မှမကောင်းပါဘူး။ ဒါပေမဲ့ တကယ့်ကိုကြုံတွေ့နေရတာပါ” လို့သူကဖုန်းကတစ်ဆင့်ပြောပြတယ်။ အိမ်ခြေငါးရာခန့်ရှိပြီး လူနှစ်ထောင်ခန့်ရှိတဲ့ သူနေထိုင်ရာသစ်ရာအိုက်ရွာဟာ စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲရင်းမြို့နယ် အနောက်ဘက်ခြမ်းမှာရှိတာပါ။ ဒီပဲရင်းမြို့နဲ့ ဆိုင်ကယ်ခရီး တစ်နာရီကျော်အကွာအဝေးလောက်မှာရှိတဲ့ဒီရွာမှာ နေထိုင်သူ အများစုက တောင်ယာလယ်လုပ် အသက်မွေးကြသူများတယ်လို့ […]

အပြည့်အစုံဖတ်ရန်

စစ်ပွဲရဲ့မြေစာပင်၊ ခြောက်အိပ်မက်နဲ့ရှင်သန်နေရတဲ့ဘဝ

February 3, 2023

ကော်သူးလေ – ၂၀၂၃ ဖေဖေါ်ဝါရီ (မော်ကွန်း) အသက် ၃၅ အရွယ် နော်ထားထားဟာ ငယ်စဉ်ကနေ ဒီနေ့အထိ စစ်ရဲ့အနိဋ္ဌာရုံတွေကို မျက်မြင်ကြုံတွေ့ ခံစားလာခဲ့ရသူပါ။ ခုချိန်မှာတော့အတိတ်ကဖြစ်ရပ်တစ်ခုကြောင့် သူဟာ အိပ်မက်ကနေလန့်လန့်နိုးရတဲ့ အကြိမ်တွေ စိပ်လာနေပါြပီ။ စစ်ပွဲတွေကြားထဲ အသက်လုပြေးခဲ့ရတဲ့ နေ့တွေထဲက ဖြစ်ရပ်တချို့ကို သူ့စိတ်မှာရော၊ အတွေးထဲကနေပါ ခုထိ ထုတ်ပစ်လို့မရခဲ့ပါဘူး။ “မိုးတွေသည်းထန်နေတဲ့ကာလပေါ့၊ ကျွန်မတို့မိသားစုတွေ KNU နယ်မြေထဲကို ထွက်ပြေးရတဲ့ အချိန်၊ ဘယ်လောက်ထိအသက်လုပြီးပြေးရလဲဆို တောထဲမှာ လမ်းသွားရင်း ထမင်းကိုစားခဲ့ရတာ”လို့ နော်ထားထားကပြောတယ်။ နောက်ကနေ ဆက်တိုက်ပစ်နေတဲ့ မြန်မာစစ်တပ်ရဲ့ လက်နက်ကြီး၊ လက်နက်ငယ်ကျည်ဆန်တွေဟာ သူတို့မိသားစုတွေ ထွက်ပြေးရာလမ်းကြောင်းမှာ ဘေးကိုကျလိုက်၊ ဖြတ်သွားလိုက်နဲ့ KNU ထိန်းချုပ်နယ်မြေရောက်အောင် အထိပါပဲ။ အဲဒီအချိန်မှာပဲ နော်ထားထားကို ကျည်ဆန်မှန်သွားပြီဆိုပြီး ဘေးမှာပါသူတစ်ဦးက တရွတ်တိုက် […]

အပြည့်အစုံဖတ်ရန်

မြန်မာ့ဘောလုံးရွှေခေတ်ရဲ့ ကြယ်တစ်ပွင့်

December 14, 2020

ရေဂင်ရေးသည် ရန်ကုန် – ၂၀၂၀ ဒီဇင်ဘာ (မော်ကွန်း) တိုက်ခန်းတံခါးဝတွင် ‘သတိခွေးကိုက်တတ်သည်’ ‘လက်ဆေးပါ’ စသည့် သတိပေးစာ နှစ်ကြောင်းကြောင့် ကျွန်တော် အတန်ငယ်တွေဝေမိသေးသည်။ တံခါးတွင် ချိတ်ဆွဲထားသည့် လက်သန့်ဆေးရည်ဖြင့် လက်ဆေးပြီးနောက် လူခေါ်ခေါင်းလောင်းကိုနှိပ်လိုက်သော်လည်း တော်တော်နှင့် အထဲမှအသံမကြားရ။ လိပ်စာမှားပြီလားဟု သံသယဝင်လာချိန်တွင် ဥပဓိရုပ်ကောင်းကောင်း၊ ကိုယ်လုံးကိုဖန် တောင့်တောင့်နှင့်လူကြီးတစ်ယောက်က တံခါးလာဖွင့်ပေးသည်။ သူလမ်းလျှောက်နေချိန်တွင်တော့ ညာဘက်ခြေထောက်က ထော့နင်းထော့နင်းဖြစ်နေသည်ကို သတိပြုမိသည်။ “သတင်းသမားထင်တယ် လာလာ.. အိမ်ထဲဝင် ခွေးသိမ်းနေလို့” ဟု ပြောပြောဆိုဆို သံပန်းတံခါးကို ဖွင့်ပေးသည်။ အိမ်အဝင်ဝတွင်ရှိသည့် သစ်သားဘီဒိုကြီးနှစ်လုံးတွင် လေလျော့နေသောဘောလုံးအဟောင်းများ၊ ဆုတံဆိပ်များ၊ ဆုဖလားများက ဖုန်အလိမ်းလိမ်းနှင့်စုပြုံလျက်။ ထိုဘီဒိုနှစ်လုံးအလွန်တွင်တော့ ဆိုဖာထိုင်ခုံသုံးလုံး၊ စားပွဲတစ်လုံးသာရှိသည့်ဧည့်ခန်းမှာ လင်းလင်းကျင်းကျင်း သပ်သပ်ရပ်ရပ်။ “လာကွာ ထိုင်… သက်သောင့်သက်သာနေ၊ အရင် ဒီမှာပဲ […]

အပြည့်အစုံဖတ်ရန်

ပျံသန်းတော့မည့် အိပ်မက်တစ်စုံ

July 28, 2020

ကျော်ဇေယျာထွန်း ရေးသည်။ ATR အမျိုးအစားလေယာဉ်တစ်စီးသည် ကွင်းဝိုင်းပင်လယ်ကမ်းခြေတွင် အရှိုန်ပြင်းပြင်းဖြင့် ပြေးနေရာမှ ကောင်းကင်ပေါ်သို့ ထိုးတက်သွားလေသည်။ ကောင်းကင်ပေါ်ရောက်ပြီး ညာဘက်သို့ပြန်အကွေ့မှာတော့ လေယာဉ်သည် ရုတ်တရက် ကျောက်ဆောင်ပေါ်သို့ ဦးခေါင်းနှင့်ထိုးကျကာ “ချောက်” ဆိုသည့် အသံထွက်လာပြီး လေယာဉ်မှာ ထက်ပိုင်းကျိုးသွားလေတော့၏။ အဆိုပါလေယာဉ်မှာ တကယ့်လူစီးလေယာဉ်မဟုတ်ဘဲ ကိုယ်ထည်နှင့်အတောင်ပံ အရှည်လေးပေစီအသီးသီးရှိပြီး လုံးပတ်တစ်ပေကျော်ခန့်ရှိသော ရေဒီယိုထိန်းချုပ်မှုဖြင့် မောင်းနှင်သည့် RC လေယာဉ်အမျိုးအစားဖြစ်သည်။ လေယာဉ်ကို ထိန်းချုပ်မောင်းနှင်သူမှာ ကိုကိုရဲထွဋ်ဖြစ်သည်။ သူသည် လေယာဉ်ကောင်းကင်ပေါ်တက်သွား၍ ရင်ထဲပီတိဖြစ်ကာ ပျော်လို့ပင်မဆုံးခင် ယခုလို မြေပြင်သို့ထိုးကျပျက်စီးသွားသည့်အတွက် ရင်ထဲ ‘ဟာ’ သွားသည်။ “အချစ်ဦးနဲ့ကွဲတဲ့လူလိုလား။ ငါ့ရည်းစားသူများနဲ့ ညားတဲ့သူတွေလိုလား၊ အဲဒီထက်တောင် ဆိုးမယ်ထင်တယ်” ဟု လေယာဉ်ပျက်စီးသွား၍ ဖြစ်ပေါ်လာသည့်ခံစားမှုကို သူကပြောပြသည်။ အော်ဒါမှာသူကို အချိန်မီပေးပို့နိုင်ရန် စွန့်စားပြီးမောင်းကြည့်ခဲ့ရာမှ စက်ချွတ်ယွင်းကာ ယခုလိုအဖြစ်မျိုးနှင့် […]

အပြည့်အစုံဖတ်ရန်

အမှန်တရားဘက်တော်သားဗိုလ်တိုက်မောင်း

February 3, 2020

မော်ကွန်းမဂ္ဂဇင်း အမှတ်စဉ် ၇၀ မှ Profile ဖြစ်ပါသည် သက်ဦးမွန် ရေးသည်။ လွန်ခဲ့သည့် နှစ်နှစ်ခန့်က မီဒီယာများတွင် သတင်းလူသားတစ်ဦး ဟိုးလေးတကျော် ပေါ်ထွက်ခဲ့သည်။ သူသည် အမှန်တရားအတွက် မည်သူ့ကိုမှ ကြောက်ရွံ့မနေဘဲသူယုံကြည်ရာကို ထုတ်ဖော်ပြောဆိုခဲ့သူ ဖြစ်၏။ ထို့အတွက်လည်း ထောင်ဒဏ်တစ်နှစ် ချမှတ်ခံခဲ့ရသည်။ သူလုပ်ကိုင်သည့် အဖွဲ့အစည်းမှလည်း ထုတ်ပယ်ခံခဲ့ရ၏။ ထိုဖြစ်ရပ်အပြီး သူ့ကို ပြည်သူလူထုက အမှန်တရားဘက်တော်သားအဖြစ် လေးစားဂုဏ်ပြုခဲ့ကြသည်။ သူ့အဖွဲ့အစည်းအတွက်မူ သူကသိုးမည်းတစ်ကောင်ဖြစ်ခဲ့ရလေသည်။ ရင်းနှီး၍ မှန်ကန်သော အမြင်ရှိသည့် သူငယ်ချင်းအချို့ကသာ ယနေ့အချိန်ထိ သူ့ကို ခင်မင်ရင်းစွဲ ဆက်ဆံမပြတ်ရှိခဲ့၊ လေးစားခဲ့ကြ၏။ အများစုကမူ သူနှင့် ပတ်သက်ဆက်ဆံလျှင် သူတို့ကို တစ်စုံတစ်ရာ ထိခိုက်မည် စိုးရိမ်သောကြောင့် အဆက်အဆံ မလုပ်ကြတော့ချေ။ သူကား သတင်းစာဆရာ နှစ်ဦးဖြစ်သော ကိုဝလုံး […]

အပြည့်အစုံဖတ်ရန်

ဂွမြို့က ထာဝရမေတ္တာ

December 5, 2019

မော်ကွန်းမဂ္ဂဇင်း အမှတ် ၆၉ မှပုံရိပ်လွှာဖြစ်ပါသည် ကျော်ဇေယျာထွန်း ရေးသည်။ မြို့နယ်တိုင်းလိုလိုတွင် နာရေးကူညီမှုအသင်းများ ရှိတတ်ကြသည်။ တချို့သောရပ်ကွက်၊ ကျေးရွာများ၌ပင် နာရေးကူညီမှု အသင်းများကို တွေ့ရတတ်သည်။ ထိုနာရေးကူညီမှုအသင်းများ အလုပ်လုပ်ကြသည်၊ မလုပ်ကြသည်ကို မမြင်ဖူးသော်လည်း ရခိုင်ပြည်နယ်၊ ဂွမြို့ရှိ ထာဝရမေတ္တာနာရေးကူညီမှုအသင်း၏ အကူအညီပေးရေးလုပ်ငန်းများကိုတော့ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် နေ့တိုင်းလိုလိုပင် တွေ့နေရသည်။ နာရေးကူညီမှုအသင်းတစ်ခုအနေဖြင့် ဆေးရုံတွင် သေဆုံးသည့်အလောင်းကို နေအိမ်သို့ပို့ပေးမည်၊ ပြီးလျှင် အလောင်းကို နေအိမ်မှသုသာန်သို့ပို့ဆောင်ကာ သင်္ဂြိုဟ်ပေးမည်။ ယင်းမှာ နာရေးအသင်းတစ်သင်းအတွက် လုပ်ရိုးလုပ်စဉ်တစ်ခုမျှသာဖြစ်သည်။ သို့သော် ထာဝရမေတ္တာအသင်းသည် ပုပ်ပွနေသည့် အလောင်းများ၊ ကိုယ်ခန္ဓာမပြည့်စုံတော့သည့် အလောင်းများ၊ ကြိုးဆွဲချကာ သေဆုံးနေသည့် အလောင်းများ၊ မှုခင်းဖြစ်၍ သေဆုံးကြသူများ၊ ဆိုင်ကယ်နှင့်မော်တော်ယာဉ် မတော်တဆဖြစ်၍ သေဆုံးကြသည့်အလောင်းများကိုပါ ထုပ်ပိုးသယ်ဆောင်ကာ လိုရာခရီးဆုံးအထိ ပို့ဆောင်ကူညီပေးကြလေသည်။ ဤနေရာတွင် […]

အပြည့်အစုံဖတ်ရန်

ရွှေဝါရောင်ဦးဆောင်ဆရာတော် ဦးစန္ဒာသီရိ

October 31, 2019

မော်ကွန်းမဂ္ဂဇင်း အမှတ် ၆၈ မှ ပုံရိပ်လွှာဖြစ်ပါသည်။ ထွန်းဝင်းငြိမ်း ရေးသည်။ ငယ်ဘဝ ဦးစန္ဒာသီရိကို ရွှေဝါရောင်သံဃာတော်များနဲ့ နိုင်ငံရေးမိတ်ဆွေတွေကြားမှာ ဦးဇင်းပုရစ်ဆိုပြီး ချစ်စနိုး ခေါ်ကြတဲ့အမည်က လူသိများပါတယ်။ အသားလတ်လတ်၊ အရပ်မနိမ့်မမြင့်၊ မျက်နှာဝိုင်းဝိုင်းနဲ့ အညာသားဦးစန္ဒာသီရိကို ၁၉၆၈ က မြင်းခြံခရိုင် တောင်သာမြို့နယ်ထန်းပင်ကန်ရွာမှာ အဖဦးလူတုတ်၊ အမိထွေးတို့က မွေးဖွားပါတယ်။ ညီအကိုမောင်နှမ ခြောက်ယောက်မှာ တတိယမြောက်သား ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက ထန်းပင်ကန်ရွာ ကျောင်းဆရာတော် ဦးကုမာရရဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှာ ဗုဒ္ဓစာပေပရိယတ္တိတွေကို သင်ကြားခဲ့ရတယ်။ အသက် ၁၂ နှစ်အရွယ်မှာ ရန်ကုန်မြို့ကို ဘကြီးဘုန်းကြီးဖြစ်သူ ဦးပုံညာနန္ဒ (သင်္ဃန်းကျွန်း၊ ရွှေသိမ်ဓမ္မသိင်္ဂီကျောင်းတိုက်၊ ပဓာနနာယကဆရာတော်)က ခေါ်လာတဲ့အတွက် ကိုရင်ဘဝနဲ့ရောက် ရှိပြီး ပထမငယ်တန်းမှာ စာဝါလိုက်ခဲ့ပါတယ်။ Photo-Tun Win Nyein ၂၀၀၇ […]

အပြည့်အစုံဖတ်ရန်

လှိုင်းအလူး လှေအလိမ့် ဘဝအမြင့်အနိမ့်

July 3, 2019

၂ဝ၁၉၊ ဇွန်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၆)မှ  Profile  ဖြစ်ပါသည်။ ဗညားကျော် ရေးသည်။ ကြည့်မြင်တိုင် ဗားကရာစက်လှေဆိပ်ကနေ ရန်ကုန်မြစ်ကိုဖြတ်ပြီး တစ်ဖက်ကမ်းကို ကူးလိုက်တာနဲ့ အလတ်ချောင်းလှေဆိပ်ကို ရောက်ပါတယ်။ လှေဆိပ်မှာတော့ သမ္ဗန်စီးသူတွေ ဆိုင်ကယ် ကယ်ရီသမားတွေနဲ့ ရှုပ်ရှုပ်ထွေးထွေးပါပဲ ။ အဲဒီစက်လှေဆိပ်ရဲ့ ဘယ်ဘက်မှာတော့ သမ္ဗန်တွေကို စီကာစဉ်ကာ ဆိုက်ကပ်ထားတဲ့ မြင်ကွင်းက ရေပေါ်မှာ ဘဲအုပ် တန်းစီနေသလိုပါပဲ။ ရေကျရက်ဖြစ်လို့ အလတ်ချောင်း ကမ်းစပ် နဖူးစီးမှာ ရွှံ့နွံတွေ၊ အမှိုက်တွေကို အဖွေးသား တွေ့ပါတယ်။ ခြေမျက်စိလောက်ထိအနက်ရှိတဲ့ ရွှံ့ နွံတွေပေါ်မှာ လုံချည် တိုတိုဝတ်ထားတဲ့ အသားအရေ ခပ်လတ်လတ်နဲ့ အမျိုးသမီးကြီး တစ်ဦးဟာ ခြေဗလာနဲ့ သွားလာရင်း ရပ်ထားတဲ့ သမ္ဗန်တွေကို ညီညီညာညာဖြစ်ဖို့ တွန်းထိုးညှိယူနေသလို သမ္ဗန်ချင်း ကပ်လျက် […]

အပြည့်အစုံဖတ်ရန်

ရခိုင်ရိုးက ဆင်မုဆိုး

May 16, 2019

၂ဝ၁၉၊ မတ်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၃)မှ  Profile ဖြစ်ပါသည်။ ကျော်ဇေယျာထွန်း ရေးသည်။ ဦးသန်းဝင်းထံသို့ ဖုန်းဝင်လာသည်။ တစ်ဖက်၏ စကားပြောသံကို နားထောင်ပြီးသည့်နောက် ““အလုပ်ကတော့ဖြစ်တယ်။ လာခဲ့ လိုက်။ လိုအပ် မယ့် ပစ်္စည်းတွေတော့ ယူလာခဲ့ပေါ့””ဟု ပြန် ပြောလိုက်ပြီး သူတို့အချင်းချင်းတွေ့ဆုံကြမည့် နေရာသို့ ချိန်းဆိုလိုက်ကြသည်။ နောက်နှစ်ရက်တွင် ဦးသန်းဝင်းသည် သူနှင့် ချိန်းဆိုထား သူများကို ငါးသိုင်းချောင်းမြို့နယ်၊ ရေနံ့သာ – ဂွလမ်းဆုံတွင် သွား စောင့်နေခဲ့၏။ သူစောင့်နေရသူများမှာ အသက် ၂၅ နှစ်နှင့် အသက် ၃၀ အရွယ်အမျိုးသားနှစ်ဦးဖြစ်လေသည်။ ထိုအမျိုး သားနှစ်ဦးကို တောထဲသို့ ခေါ်သွားပြီး လုံခြုံမည့်နေရာတွင် နေထိုင်ဖို့ နေရာချထားပေးလိုက်သည်။ ထို့နောက် သူတို့သည် ငါးသိုင်းချောင်းမြို့ထဲရှိ သံထည် အရောင်းဆိုင်သို့ […]

အပြည့်အစုံဖတ်ရန်

မနောမြေ ငှက်ပျောတွေ အမျိုခံနေရပြီလား

May 3, 2019

၂ဝ၁၉၊ ဧပြီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၄)မှ  Cover Story ဖြစ်ပါသည်။ ရဲလွင် ရေးသည်။ ဝိုင်းမော်(ဧပြီ၊ ၂၀၁၉) ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် နယ်နိမိတ် အတွင်းသို့ ဝင်လိုက်သည်နှင့် လမ်းတစ်လျှောက် ကုန်တင်ယာဉ်များ ဥဒဟို ဖြတ်သန်းသွားလာ နေသည်ကို တွေ့ရသည်။ ကားပေါ်တွင် ကုန် ပစ္စည်းမပါ။ ရံဖန် ရံခါတွင်တော့ ဓာတ်မြေသြဇာအိတ်များတင်ဆောင်လာတတ်ကြသည်။ ကုန်တင်ယာဉ်အားလုံးနီးပါး၏ ယာဉ်နံပါတ်ပြားတွင် တရုတ်စာတန်းများ ပါရှိသလို ယာဉ်မောင်းများမှာလည်း ဒေသခံမဟုတ်ဘဲ တရုတ်စကားပြောသူ များ ဖြစ်သည်။ ၎င်းတို့ဦးတည်ရာ အရပ် ကား ကချင်ပြည်နယ်အတွင်းရှိ တစ်သျှူး ငှက်ပျောခင်းများရှိရာ ကျေးရွာများဆီသို့ ဖြစ်သည်။ အဆိုပါ ငှက်ပျောစိုက်ခင်းနှင့် ဆက်စပ်သည့် ပိုးသတ်ဆေး၊ ဓာတ်မြေ သြဇာအပါအဝင် ကုန်ပစ္စည်းသယ်ယူ သည့် ကုန်တင်ယာဉ်များအဆုံး အားလုံး […]

အပြည့်အစုံဖတ်ရန်

မြန်မာ အမြဲတမ်းရှုံးနေတဲ့ တရုတ်နယ်စပ်ကုန်သွယ်ရေး

March 28, 2019

၂ဝ၁၉၊ မတ်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၃)မှ Cover Story ဖြစ်ပါသည်။ ကျော်ဇေယျ  ရေးသည်။ ရန်ကုန် (မတ်၊ ၂၀၁၉) တိုင်းပြည်ရဲ့ ပို့ကုန်ဝင်ငွေရှာဖွေပေးရာမှာ နယ်စပ်ကနေ ကုန်စည်တင် ပို့ရောင်းချမှုဟာ အဓိကကဏ္ဍတစ်ခုအဖြစ်ရှိပေမယ့် ခေတ်အဆက်ဆက် လျစ်လျူရှုမှုခံခဲ့ရတာတွေကြောင့် ဒီကဏ္ဍမှာ အခက်အခဲများစွာနဲ့ ကြုံနေ ရတယ်လို့ ကုန်စည်တင်ပို့ရောင်းချသူတွေနဲ့ စီးပွားရေးပညာရှင်တွေက သုံးသပ်ကြပါတယ်။    လူဦးရေများတဲ့ ကမ္ဘာ့အကြီးဆုံး ဈေးကွက်ကြီးတွေ နိုင်ငံဘေးမှာတင် ရှိနေတဲ့အနေအထားမှာ နယ်စပ်ကုန်သွယ် ရေးကို ပိုမိုဂရုစိုက်အားထည့်ပြုပြင်မယ်ဆိုရင် ဒီကဏ္ဍကနေ ရရှိလာမယ့် အခွင့် အလမ်းတွေများစွာရှိတယ်လို့ လေ့လာ သုံးသပ်သူတွေက ဆိုကြပါတယ်။ တကယ်လည်း နိုင်ငံနယ်စပ် ကုန်သွယ်ရေးကနေရနေတဲ့ ဝင်ငွေက မနည်းပါဘူး။  ကုန်သွယ်ရေးဦးစီးဌာနရဲ့ အချက် အလက်တွေအရ ၂၀၁၇-၁၈ ဘဏ္ဍာနှစ် မှာ နယ်စပ်ပို့ကုန်ရငွေဟာ အမေရိကန် […]

အပြည့်အစုံဖတ်ရန်

အမှိုက်ပုံမှာ လိုတရနေသူများ

February 27, 2019

၂ဝ၁၉၊ ဖေဖော်ဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၂)မှ Profile ဖြစ်ပါသည်။ သက်ဦးမွန် ရေးသည်။ Photo-Banyar Kyaw အမှိုက်ပုံထဲ တိုးဝှေ့ရှာဖွေကြ ဇန်နဝါရီလလယ်ပိုင်းရဲ့ ပူပြင်းတဲ့နေရောင် အောက်မှာ ဝန်းကျင်တခို အမှိုက်နံ့တွေနဲ့ မွှန်ထူ နေတယ်။ ကြည့်လေရာမှာ အမှိုက်စို၊ အမှိုက် ခြောက်တွေနဲ့ ယင်ကောင်တွေက တလောင်း လောင်း။ အမှိုက်ပုံကြီးဟာ တောင်လောက်နီးနီး ဟည်းထလို့နေပါတယ်။ အမှိုက်ကားတွေက လည်း အမှိုက်လာပုံလိုက် ပြန်ထွက်သွားလိုက်နဲ့ ဥဒဟိုဝင်ထွက်သွားလာနေကြပါတယ်။ အမှိုက်ကားတစ်စီး လာပြီဆိုတာနဲ့ လူတွေ ဝိုင်းအုံလာကြ ပါတယ်။ အမှိုက်ကားက အမှိုက်တွေ သွန်ချလိုက်ပြီဆိုတာနဲ့ အလုအယက်ပဲ အမှိုက်ပုံထဲကို ထိုးဆွကာ ပြန်လည်ရောင်းချလို့ ရမယ့် ပစ္စည်းတွေ ဆွဲယူကြပါတယ်။ ပြီးတော့ ဆာလာအိတ်တွေ ထဲ ထည့်ကြ ကောင်းနိုးရာရာတွေ ထုတ်နုတ်ရွေးချယ်ကြနဲ့ […]

အပြည့်အစုံဖတ်ရန်
1 2 3 4 5

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."