သတင်းဆောင်းပါးများ

ဖုန်းပွတ်ခြင်းဖြင့် ပွန်းပဲ့သွားသော အချိန်များ

October 7, 2014

Photo: Zay Yar Hlaing ၂၀၁၄၊စက်တင်ဘာလထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၁၆)မှ သတင်းဆောင်းပါးဖြစ်သည်။ ဝေလင်းရေးသည်။ ကောင်းမြတ်မိုး နှင့် သီတာဝင်း ပံ့ပိုးသည်။ ကျွန်တော် အိမ်ထောင်ကျခဲ့သည်မှာ သုံးနှစ်ကျော်ခဲ့လေ ပြီ။ ထိုကာလအတွင်း ကျွန်တော်တို့လင်မယားနှစ်ယောက်၏ အိမ်ထောင်ရေးသာယာမှုကို ရာခိုင်နှုန်းဖြင့် ဖော်ပြပေးပါဟုဆို လျှင် ကျွန်တော့်တစ်ဦးတည်းအမြင်တွင် ၉၅ ရာခိုင်နှုန်းသာယာ သည်ဟု မကွယ်မဝှက်ဘဲ အမှန်အတိုင်းဆိုရပေမည်။ ၅ ရာခိုင်နှုန်း မသာယာဟုဆိုထားခြင်းကြောင့် အဘယ်သို့သော အကြောင်း အရာများလဲဟု ထပ်မံမေးလာမည်ဆိုပါက ထို ၅ ရာခိုင်နှုန်း အတွက် ကျွန်တော့်တွင် လောက်လောက်လားလား ထောက်ပြ စရာ အပြစ်မရှိ။ သို့သော် တစ်ခါတရံ ကျွန်တော်တို့နှစ်ယောက်ကြား စိတ်ခု စရာလေးများ၊ သဘောထားမတူမှုများ(ရှားရှားပါးပါး) ရှိနိုင်ရာ ယင်းအတွက်လည်း ၅ ရာခိုင်နှုန်း ချန်ထားခြင်းဖြစ်သည်။ […]

အပြည့်အစုံဖတ်ရန်

သားရဲတို့လက်ထဲမှ သင့်ကလေးကို ဘယ်လိုကာကွယ်မလဲ

October 7, 2014

ဒေါက်တာအောင်မြတ်ကျော်စိန်ကလည်း သက်ငယ်မှုဒိမ်း မှု ပပျောက်ဖို့အတွက် ပြစ်ဒဏ်ကြီးကြီးမားမား ချမှတ်ခြင်းထက် ကြိုတင်ကာကွယ်သော နည်းလမ်းတွေနဲ့ ဆောင်ရွက်ပါက ပိုမိုထိ ရောက်မှာဖြစ်တယ်လို့ ဆိုပါတယ်။

အပြည့်အစုံဖတ်ရန်

မြန်မာနိုင်ငံနှင့် ယဉ်အန္တရာယ်

October 7, 2014

စက်တင်ဘာလထုတ်-၂၀၁၄၊မော်ကွန်း မဂ္ဂဇင်း အမှတ်(၁၆)မှ မျက်နှာဖုံးဆောင်းပါးဖြစ်ပါသည်။ မော်ကွန်းသတင်းအဖွဲ့ ရေးသည်။ နိုင်ငံရေးအပြောင်းလဲမှုဖြစ်စဉ်များ နှင့်အတူ မော်တော်ကား ကဏ္ဍသည်လည်း သိသာသည့်ပြောင်းလဲမှုတစ်ခုဖြစ်ခဲ့သည်။ ယခင်ကကျပ်သိန်းထောင်ချီသည့် မော်တော်ကားများရာဂဏန်းအထိထိုးကျလာသလိုကျပ်သိန်းရာချီနေသည့် မော် တော်ကားများသည်လည်းဆယ်ဂဏန်းအထိထိုးကျလာသည်။ သို့ဖြင့်ကားဝယ်စီးသူများလာပြီးလမ်းမများပေါ်သို့မော်တော်ကားအစီးရေပေါင်းများစွာရောက်ရှိလာသည်။ယင်းနှင့်ဆက်စပ်ပြီး ဖြစ်ပေါ်လာသည့် ယာဉ်အန္တရာယ်သည် လည်းသတိထားဖွယ်ရာ၊စဉ်းစားစရာအချက်တစ်ခုဖြစ်လာခဲ့ပါသည်။ သို့ဖြစ်ရာယာဉ်အ္တရာယ်မည်ကဲ့သိုဖြစ်ပွားကြသနည်း၊ယာဉ်အန္တရာယ်ဖြစ်ပွားခဲ့ပါကလည်းသက်ဆိုင်ရာဌာနတို့ သည်မည်သို့ကူညီကယ်ဆယ်ကြသနည်း၊အနာဂတ်အတွက်ရောမည်သို့ပြင်ဆင်ထားသင့်သနည်းစသဖြင့် မေးခွန်းထုတ်စ ရာများရှိလာပါသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံသည်အရှေ့တောင်အာရှဒေသတွင်းနိုင်ငံများအနက်ယာဉ်တိုက်မှုကြောင့် သေဆုံးသူအရေအတွက်ဒုတိယအများဆုံးနိုင်ငံဖြစ်ပြီးနှစ်စဉ်လိုလိုယာဉ်တိုက်မှုကြောင့် သေဆုံးသည့်လူဦးရေသည်လည်းတဖြည်း ဖြည်းတိုးလာနေသောကြောင့်ဖြစ်ပါသည်။ မြန်မာနိုင်ငံကပထမဆုံးထုတ်ပြန်ခဲ့သည့်၂၀၀၈ခုနှစ်ကမ္ဘာလုံးဆိုင်ရာယာဉ်တိုက်မှုဖြစ်စဉ်နှင့်ပတ်သက်သည့် အချက်အလက်များအရ မြန်မာနိုင်ငံ၏ယာဉ်တိုက်မှုအနေအထားသည်လူတစ်သိန်းလျှင်၂၃ဒသမ၄ဦး သေဆုံးလျက်ရှိ သည်ဟုဆိုသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း၂၀၁၂ခုနှစ်၌ယာဉ်တိုက်မှု ပေါင်း၂,၁၆၂မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ၄၇၅ဦးနှင့် ဒဏ်ရာရသူ၃,၅၇၂ဦးရှိရာမှ၂၀၁၃ခုနှစ်တွင်ယာဉ်တိုက်မှုပေါင်း၂,၉၇၉မှုအထိမြင့်တက်လာခဲ့သည်။ သေဆုံးသူဦးရေမှာ လည်း၅၀၆ဦးရှိလာခဲ့သလိုဒဏ်ရာရသူဦးရေမှာလည်း၄,၄၃၀ဦးရှိခဲ့သည်။ ကုန်းလမ်းပို့ဆောင်ရေးဝန်ကြားမှုဦးစီးဌာန(ကညန)မှထုတ်ပြန်ထားသည့်ပြည်နယ်နှင့်တိုင်းများအလိုက်ယာဉ်တိုက်မှုအခြေပြစာရင်းများအရ၂၀၁၄၊ဇန်နဝါရီမှ မေအတွင်းယာဉ်တိုက်မှုကြောင့် သေဆုံးသူသည်၂၀၁၃၊ဇန်နဝါရီမှ မေအတွင်း သေဆုံးသူဦးရေထက်ပိုမိုများပြားနေသည်ကို တွေ့ရသည်။ ထို့ကြောင့်အဆိုပါယာဉ်တိုက်မှုတို့သည်အဘယ်ကြောင့်ဖြစ်ရသည်၊အဘယ်ကြောင့်ပိုမိုများပြားလာရသည်၊ဒဏ်ရာရသူနှင့် သေဆုံးသူဦးရေမှာလည်းအဘယ်ကြောင့်များပြားလာရသည်တို့ကို မော်ကွန်းမဂ္ဂဇင်းကစူးစမ်းကြည့်ရာ အောက်ပါအတိုင်းတွေ့ရှိရပါသည်။ ယာဉ်တိုက်မှုအကြောင်းရင်းခံ လမ်းမများပေါ်တွင်ယာဉ်တိုက်မှုဖြစ်ရခြင်း၏အဓိကအကြောင်းအရင်းများနှင့်ပတ်သက်၍မော်ကွန်းကရန်ကုန်တိုင်း ဒေသကြီး၊အမှတ်၂ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးသို့ဆက်သွယ်မေးမြန်းခဲ့ရာ၎င်းင်းတို့၏သုတေသနပြုချက်အရအဖြစ်အများဆုံးအကြောင်းရင်းများမှာ (၁) အရှိန်ပြင်းစွာ မောင်းနှင်မှု […]

အပြည့်အစုံဖတ်ရန်
1 26 27 28 29

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."