သုံးသပ်ချက်များ

ကျောက်စိမ်းမြေလော မရဏမြေလော

July 23, 2020

ဇူလိုင် ၂ ရက်နေ့က ဝေခါ ကျေးရွာအနီး လုပ်ကွက် တခုမှ မြေပြိုကျမှုကြောင့် သေဆုံးသွားသော ရေမဆေးသမားများ၏ ရုပ်အလောင်းများအား ဝေခါ သုဿန်တွင်  စုံပုံမြေမြှုပ်သဂြ်ိုလ်ရန် ပြင်ဆင်ထားသည့် မြင်ကွင်း.  ဇော်မိုးထက်ရေးသည်။ ဖားကန့် – ၂၀၂၀ ဇူလိုင် (မော်ကွန်း) မြင်မကောင်းလောက်အောင် အလောင်းတွေထပ်ပြီး ငိုသံတွေ၊ သွေးညှီနံ့တွေ တထောင်းထောင်း ကြားမှာ  အလောင်းပိုင်ရှင်အမည်အော်ခေါ်နေသံတွေ ပွက်လောရိုက်နေခဲ့သည်။  ဖားကန့်ကျောက်စိမ်းမှော် မြေပြိုကျမှုများတွင် ဇူလိုင် ၂ ရက် နံနက် ၇ နာရီ ‌ ဝှေခါကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်မြေပြိုမှုက အသေအပျောက်အများဆုံးအဖြစ်မှတ်တမ်း၀င်ခဲ့လေပြီ။ ဇူလိုင် ၂ ရက်က ဝှေခါမြေပြိုမှုတွင် ကျောက်တူးသူရေမဆေးသမား သုံးရာထက်မနည်း သေဆုံးနိုင်သည်ဟု ဒေသခံများက ခန့်မှန်းပြောဆိုကြသည်။ ၁၇၂ ဦး၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိခဲ့ပြီး […]

အပြည့်အစုံဖတ်ရန်

၂၀၂၀ အထိရောက်လာတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်

February 6, 2020

မော်ကွန်းမဂ္ဂဇင်း အမှတ်စဉ် ၇၀ မှ သုံးသပ်ချက်ဖြစ်ပါသည် သန်းစိုးနိုင်ရေးသည် အစိုးရရဲ့  ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုင်ရာ အဖွဲ့အစည်းဖြစ်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ငြိမ်းချမ်းရေးကော်မရှင်နှင့် မြောက်ပိုင်းမဟာမိတ်လေးဖွဲ့ (KIO, TNLA, AA, MNDAA) တို့ ၂၀၁၉ အတွင်းမှာ လေးကြိမ်တိတိ တွေ့ဆုံဆွေးနွေးပွဲတွေ ကျင်းပခဲ့ကြပါတယ်။ မူဆယ်၊ မိုင်းလားနှင့် ကျိုင်းတုံမြို့တွေမှာ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ သြဂုတ် ၃၁ ရက်က ကျင်းပတဲ့ ကျိုင်းတုံဆွေးနွေးပွဲ ကာလဟာ တပ်မတော်နဲ့မြောက်ပိုင်းသုံးဖွဲ့တို့အကြား ရှမ်းမြောက်ဒေသမှာ ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေချိန် ဖြစ်ပါတယ်။ ၂၀၁၉ သြဂုတ် ၁၅ ရက် မနက်ပိုင်းမှာ နောင်ချိုမြို့အထွက် တိုးဂိတ်၊ ဂုတ်တွင်းရဲစခန်း၊ မူးယစ်စစ်ဆေးရေးဂိတ်၊ ပြင်ဦးလွင်နည်းပညာ(တပ်မတော်) တက္ကသိုလ်၊ နောင်ချိုမြို့နယ်ခံတပ်ရင်း ဌာနချုပ်တွေကို ညီနောင် မဟာမိတ်သုံးဖွဲ့က တစ်ပြိုင်နက်ထိုး […]

အပြည့်အစုံဖတ်ရန်

ငါ့ရဲ့ အရိပ်ဟာ ဘယ်သူလဲ

December 3, 2019

မော်ကွန်းမဂ္ဂဇင်း အမှတ် ၆၉ မှ သုံးသပ်ချက်ဖြစ်ပါသည် ဒေါက်တာစိုးခိုင်ရေးသည်။ မြန်မာနိုင်ငံ အစားအစာနှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲမှုဌာနရဲ့အကြီးအကဲ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်က “မြန်မာနိုင်ငံမှာ အစားအစာ၊ ဆေးဝါး၊ အလှကုန်၊ လူသုံးကုန်ကို ကြီးကြပ်စစ်ဆေး အတည်ပြု ထောက်ခံပေးရာမှာ FDA ဟာ တစ်ခုတည်းသော အာဏာပိုင်အဖွဲ့အစည်း ဖြစ်ပါတယ်” လို့ မီဒီယာတွေကို ပြောခဲ့ဖူးပါတယ်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ရဲ့ စုံစမ်းစစ်ဆေး တွေ့ရှိမှုကြောင့် သူ့ကို ဖမ်းဆီးတရားစွဲဆိုမှု မဖြစ်ခင်ကလေးက ဖြစ်ပါတယ်။ လုပ်ငန်းရှင်တစ်ဦးဆီက ငွေကြေးအကူအညီနဲ့ ပတ်သက်ဆက်စပ်ခဲ့လို့ဆိုတာ နိုင်ငံပိုင်မီဒီယာမှာ ဖော်ပြခဲ့ပါတယ်။ FDA နဲ့ ပတ်သက်ဆက်စပ်တယ်ဆိုကတည်းက စားသောက်ကုန်၊ ဆေးဝါးနဲ့ အလှကုန်သာ ဖြစ်တတ်ပြီး ညွှန်ချုပ်အဆင့်ကို လာပတ်သက်တယ်ဆိုတော့ ခေါင်းရွက်ဗျပ်ထိုး ဈေးသည်နဲ့ အလှကုန်၊ လူသုံးကုန်တွေကို ဈေးဗန်းပခုံးသိုင်းလွယ်ပြီး ရောင်းနေတဲ့အဆင့် မဟုတ်တာတော့ […]

အပြည့်အစုံဖတ်ရန်

ကျိုင်းတုံအလွန်

November 29, 2019

မော်ကွန်းမဂ္ဂဇင်း အမှတ် ၆၉ မှ သုံးသပ်ချက်ဖြစ်ပါသည်။ သန်းစိုးနိုင်ရေးသည်။ ပြီးခဲ့တဲ့ ဩဂုတ် ၁၅ ရက်က စပြီး ပလောင်တပ်ဖွဲ့  (TNLA)၊ ရခိုင်တပ်ဖွဲ့ (AA)၊ ကိုးကန့်တပ်ဖွဲ့  (MNDAA)စတဲ့ မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့ ဟာ မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ တံတားများကို မိုင်းထောင်ဖောက်ခွဲခြင်း၊ ကားများကို မီးရှို့ဖျက်ဆီးခြင်းဖြင့် မြန်မာ-တရုတ် အဓိကကုန်သွယ်ရေးလမ်းကြောင်းကြီး ပိတ်ဆို့ ပြတ်တောက်သွားအောင် ကြိုးပမ်းခဲ့ကြပါတယ်။ တပ်မတော်ကလည်း ပြည်ထောင်စုလမ်းမကြီး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် နယ်မြေရှင်းလင်းဖို့ ကြိုးစားရင်း မြောက်ပိုင်းတပ်ဖွဲ့တွေနဲ့ နေ့စဉ်ရက်ဆက်ဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိပါတယ်။ ဒီတစ်ကြိမ် တိုက်ပွဲဖြစ်စဉ်တွေရဲ့ ထူးခြားချက်ကတော့ မြောက်ပိုင်းအဖွဲ့တွေဟာ တပ်မတော်ဆိုင်ရာ စစ်ရေးပစ်မှတ်များကိုသာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြရုံမက အရပ်သားပစ်မှတ်တွေဖြစ်တဲ့ လူစီးကား၊ ကိုယ်ပိုင်ကား၊ ကုန်တင်ကားတွေအထိ မီးရှို့ဖျက်ဆီးမှုတွေ တိုးချဲ့လုပ်ဆောင်လာခဲ့ကြပါတယ်။ တိုက်ပွဲတွေဟာ ဩဂုတ် […]

အပြည့်အစုံဖတ်ရန်

လွှတ်တော်အမတ်များအလေးထားရမည့် အစားအစာဘေးကင်းလုံခြုံရေး

October 25, 2019

မော်ကွန်းမဂ္ဂဇင်း အမှတ်စဉ် ၆၈ မှ သုံးသပ်ချက် ဖြစ်ပါသည်။ ဒေါက်တာစိုးခိုင်ရေးသည်။ မြန်မာနိုင်ငံတွင် နိုင်ငံသားများအားလုံး ဘေးအန္တရာယ်ကင်းရှင်း၍ အာဟာရပြည့်ဝပြီး ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာနှင့် စားသောက်ကုန်များကို ဝယ်ယူစားသုံးနိုင်ရေးသည် အမျိုးသားကျန်းမာရေး အဆင့်အတန်းနှင့် ပြည်သူ့ကျန်းမာရေးမြှင့်တင်ခြင်းအတွက် အရေးပါသော လုပ်ငန်းကဏ္ဍများအနက်တစ်ခုဖြစ်ပါသည်။ ၁၉၈၀ မှ ယနေ့ကာလ ဆယ်စုနှစ်လေးခုနီးပါး မြန်မာနိုင်ငံသားများ၏ ကြီးထွားမှု (Growth)၊ ကျန်းမာသန်စွမ်းမှု (Strength) နှင့် အသက်ရှည်အနာမဲ့မှု (Life Span and Health) အခြေအနေသည် လွန်စွာအားနည်းချို့ယွင်းလာသည်ကို တွေ့ရှိရပါသည်။ မြန်မာနိုင်ငံသား ၉၀ ရာခိုင်နှုန်းသည် သန့်ရှင်းလတ်ဆတ်မှုမရှိ၊ ဘေးအန္တရာယ်ဖြစ်စေသောရုပ်၊ ဓာတု၊ ဇီဝ အန္တရာယ်သုံးသွယ် Physical, Chemical and Biological (Microbial) Hazards ကျရောက်ကူးစက်နေပြီး အာဟာရတန်ဖိုးနည်းပါးသော […]

အပြည့်အစုံဖတ်ရန်

သဲထဲ ရေမသွန်မိပါစေနှင့်

October 24, 2019

မော်ကွန်းမဂ္ဂဇင်း အမှတ် ၆၈ မှ သုံးသပ်ချက် ဖြစ်ပါသည်။ သန်းစိုးနိုင်ရေးသည်။ NLD ပါတီရဲ့ရွေးကောက်ပွဲကြွေးကြော်သံတစ်ရပ်ဖြစ်တဲ့ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်အကောင်အထည်ဖော်ဖို့အတွက် NCA လမ်းကြောင်းအတိုင်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံတတိယအကျော့အစည်းအဝေးကျင်းပပြီးခဲ့တာ တစ်နှစ်ကျော်ပါပြီ။ စတုတ္ထအကျော့အစည်းအဝေးကို ၂၀၁၈ နှစ်ကုန်ပိုင်းမှာ ကျင်းပဖို့စီစဉ်ခဲ့ပေမယ့် ယခုတိုင်ကျင်းပနိုင်ခဲ့ခြင်းမရှိသေးပါ။ အဓိကအားဖြင့် UPDJC အလုပ်အဖွဲ့အနေနဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကျင်းပဖို့ စီစဉ်ဆောင်ရွက်နိုင်စွမ်းမရှိတဲ့အတွက် ညီလာခံကျင်းပဖို့လည်း အချက်အလက်မပြည့်စုံခဲ့ပါ။  ၂၀၁၈ အောက်တိုဘာထိပ်သီးအစည်းအဝေးနောက်ပိုင်းကစပြီး အမြင်သဘောထားကွဲလွဲမှုတွေ ဖြစ်ပေါ် လာတဲ့အတွက် NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေထဲက KNU ပါတီနဲ့ RCSS အဖွဲ့တွေက အစိုးရရဲ့ တရားဝင်ငြိမ်းချမ်းရေး ဆွေးနွေးပွဲလုပ်ငန်းစဉ်တွေမှာမပါဝင်ဖို့ ဆုံးဖြတ်ထားခဲ့ကြပါတယ်။ ဒါကြောင့် အစိုးရနဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေအကြား နားလည်မှု ပြန်လည်ရရှိအောင် ကြိုးစားနေရတဲ့အချိန်ဖြစ်ပါတယ်။ အခြားတစ်ဖက်မှာလည်း […]

အပြည့်အစုံဖတ်ရန်

မြန်မာ့အမွေအနှစ်မှသည် ကမ္ဘာ့အမွေအနှစ်ဆီသို့

October 23, 2019

မော်ကွန်းမဂ္ဂဇင်း အမှတ်စဉ် ၆၈ မှ Analysis ဖြစ်ပါသည်။ မျိုးဆက်စံ(ပုဂံဌာနေ) ရေးသည်။ ပျူမြို့ဟောင်းသုံးမြို့ဖြစ်တဲ့ သရေခေတ္တရာ၊ ဟန်လင်း၊ ဗိဿနိုးတို့ကို ၂၀၁၄ မှာ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ခဲ့ပြီးနောက် အထင်ကရပုဂံဒေသဟာလည်း ကမ္ဘာ့အမွေအနှစ်အဖြစ်ယူနက်စ်စကို (UNESCO) က အသိအမှတ်ပြုလိုက်ပြီဖြစ်ပါတယ်။ ၁၉၉၆ မှာကတည်းက ပုဂံဒေသကိုကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖို့ ပထမအကြိမ်ကြိုးပမ်းခဲ့ကြပေမယ့် ရှေးဟောင်း အမွေအနှစ်ဒေသကာကွယ်ထိန်းသိမ်းရေးဥပဒေမရှိတာရယ်၊ ဂေါက်ကွင်း၊ တာဝါတိုင်၊ နှစ်လမ်းသွားလမ်းမကြီး၊ ရေစင်နဲ့အခြားခေတ်သစ်အဆောက်အအုံတွေကို ဘယ်လိုစီမံခန့်ခွဲဖို့ ပြင်ဆင်သလဲဆိုတာရယ် မဖော်ပြနိုင်ခဲ့လို့ ကမ္ဘာ့အမွေအနှစ်အဖြစ် အသိအမှတ်ပြုခံရခြင်းကလွဲချော်ခဲ့ရပါတယ်။ ယခုဒုတိယအကြိမ်မှာတော့ မြန်မာတို့ရဲ့နှလုံးသား အထင်ကရပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်အဖြစ် အသိအမှတ်ပြုခံလိုက်ရပြီဖြစ်ပါတယ်။ ဒါကလည်းကမ္ဘာ့နိုင်ငံ ၁၉၃ နိုင်ငံလက်မှတ်ရေးထိုးထားတဲ့ ၁၉၉၄ ဧပြီ ၂၉ World Heritage Convention မှာ မြန်မာနိုင်ငံကလက်မှတ်ရေးထိုးထားခဲ့ခြင်းကြောင့်ဖြစ်ပါတယ်။ ထို့အတူ ၂၀၁၈ ဇန်နဝါရီနောက်ဆုံးပတ်မှာ […]

အပြည့်အစုံဖတ်ရန်

မြန်မာ့စားသောက်ကုန် ပြည်တွင်း/ပြည်ပ ဈေးကွက် ရှေ့ခရီး

July 3, 2019

၂ဝ၁၉၊ ဇွန်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၆)မှ  Analysis  ဖြစ်ပါသည်။ ဒေါက်တာစိုးခိုင်  ရေးသည်။ မြန်မာ့စားသောက်ကုန် ပြည်တွင်း/ပြည်ပ ဈေးကွက် ရှေ့ခရီး မြန်မာ့စားသောက်ကုန်တွေကို အဆင့်မြှင့် တင်ထုတ်လုပ်ပြီး ပြည်ပကို တင်ပို့နိုင်ရေး စီး ပွား/ကူးသန်းဝန်ကြီးက အခမ်းအနားတစ်ခုမှာ ပြောကြားခဲ့ပါတယ်။ မကြာသေးမီက အိုင်ဗရီကို့စ် နိုင်ငံမှာ မြန်မာ့ဆန်တန်ချိန်များစွာကို စားသုံးရန် မသင့်ဘူးလို့သတ်မှတ်ပြီး ဖျက်ဆီးခဲ့တဲ့ဖြစ်ရပ်ဟာ မြန်မာ့စားသောက်ကုန် ပြည်ပတင်ပို့ရေး ဈေး ကွက်ကိုရော၊ ပုဂ္ဂလိက လုပ်ငန်းကိုပါ ရိုက်ခတ် သွားပါတယ်။ အဲဒီမှာအစိုးရ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ အသင်းအဖွဲ့တွေလည်း လိုအပ်တာကို ပြန်လည်သုံးသပ် လုပ်ဆောင်ဖို့ ဖြစ်လာပါ တော့တယ်။ မြန်မာနိုင်ငံရဲ့ အဓိကစားသောက်ပို့ကုန်ဖြစ်ကြတဲ့ စိုက်ပျိုး ရေးထုတ်ကုန်နဲ့ ရေလုပ်ငန်းကုန်ပစ္စည်း အပါအဝင် လက်ဖက် ခြောက်၊ ကော်ဖီ၊ သစ်သီးဝလံ […]

အပြည့်အစုံဖတ်ရန်

အေးခဲနေလည်း စစ်ရပ်စဲပေးကြပါ

July 3, 2019

၂ဝ၁၉၊ ဇွန်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၆)မှ  Analysis  ဖြစ်ပါသည်။ သန်းစိုးနိုင်  ရေးသည်။ အေးခဲနေလည်း စစ်ရပ်စဲပေးကြပါ ပြီးခဲ့တဲ့ ဧပြီ ၃ဝ ရက်က တိုင်းစစ်ဌာနချုပ် နယ်မြေငါးခုမှာ တပ်မတော် ဘက်က စစ်ရေးဆိုင်ရာလှုပ်ရှားမှုများ ရပ်ဆိုင်းထားတဲ့ သတ်မှတ် ကာလ လေးလ ပြည့်မြောက်ခဲ့ပါတယ်။ ဒီလို စစ်ရေးဆိုင်ရာလှုပ်ရှားမှု ရပ်ဆိုင်းကာလအတွင်း NCA လက်မှတ်ရေးထိုးဖို့ ကျန်ရှိနေသေးတဲ့ ကချင်အဖွဲ့  (KIA)၊ ပလောင်အဖွဲ့ (TNLA)နှင့် ကိုးကန့်အဖွဲ့  (MNDAA) တို့က NCA လက်မှတ် ရေးထိုးနိုင်တဲ့အထိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ဆက်လက်ဆွေးနွေးနိုင်ရေးအတွက် အပစ်အခတ် ရပ်စဲရေးကာလ ထပ်မံတိုးမြှင့်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒီလို NCA လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း တွေရဲ့ တောင်းဆိုချက်အရ တပ်မတော်က […]

အပြည့်အစုံဖတ်ရန်

ဖက်ဒရယ်ဆက်ထုံးလျော့ဖြေချိန်

June 17, 2019

၂ဝ၁၉၊ ဧပြီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၄)မှ  Analysis  ဖြစ်ပါသည်။ သန်းစိုးနိုင် ရေးသည်။ ၂၀၁၈ နှစ်ကုန်ပိုင်းမှာ စတုတ္ထအကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေး ၂၁ ရာစု ပင်လုံညီ လာခံ ကျင်းပဖို့ ရည်ရွယ်ထားခဲ့ကြပေမယ့် တစ် နှစ်နီးပါး ကြာခဲ့တဲ့တိုင်အောင် မကျင်းပနိုင်ခဲ့ကြပါ ဘူး။ NCA လုပ်ငန်းစဉ်ထဲမှာ ပါတဲ့ အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ မကျင်းပနိုင်ခဲ့တဲ့ အတွက်လည်း ညီလာခံမှာ တင်ပြဆွေးနွေးစရာ ဘာအကြောင်းအချက်မှ မရှိခဲ့ပါဘူး။ နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မျှော်မှန်းခဲ့သလို ၂၀၁၉ အတွင်း ဖက်ဒရယ်ပြည် ထောင်စုဆိုင်ရာ အခြေခံ အကြောင်းအချက်တွေ လည်း ချမှတ်နိုင်ခြင်း မရှိခဲ့ပါဘူး။ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံအစည်း အဝေး […]

အပြည့်အစုံဖတ်ရန်

စားသုံးသူ ကာကွယ်ရေးအတွက် လွတ်လပ်မျှတတဲ့ဓာတ်ခွဲခန်းတွေ ပေါ်ပေါက်ဖို့ လို

June 11, 2019

၂ဝ၁၉၊ မေလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၅)မှ  Analysis ဖြစ်ပါသည်။ ဒေါက်တာစိုးခိုင် ရေးသည်။ လူသားတွေဟာ အသက်ရှင်သန်ဖို့၊ ကျန်းမာ ကြံ့ခိုင်ဖို့နဲ့ စွမ်းအင်ရရှိဖို့ အစားအစာ (Food) နဲ့ ရေအပါအဝင် အရည်မျိုးစုံ သောက်ကြရပါတယ်။ အဲဒီအတွက်အရေးကြီးတဲ့ အချက်တွေကတော့ စားသုံး၊ သောက်သုံးသမျှတွေဟာ ဘေးအန္တရာယ် ကင်းရှင်းခြင်း (Safe)၊ အာဟာရပြည့်စုံခြင်း (Nutritious)၊ ကျန်းမာရေးနဲ့ညီညွတ်ခြင်း (Healthy) ဆိုတဲ့ အချက်တွေနဲ့ ပြည့်စုံခြင်းပါပဲ။ အဲဒီအချက်တွေနဲ့ ကိုက်ညီစေဖို့ နိုင်ငံတကာက လက်ခံ သဘောတူတဲ့ အရည်အသွေးနဲ့ စံချိန်စံညွှန်း သတ်မှတ်ချက်တွေ (Quality and Standard) ကို နိုင်ငံအသီးသီးက တရားဝင် သတ်မှတ်ပြဋ္ဌာန်းကြပါတယ်။ အဲဒီအထဲက တစ်ချက်ချက်နဲ့ လွဲ မှားနေရင်း “စားသုံးရန်မသင့်” လို့ သတ်မှတ်ပြီး တားမြစ်ပိတ်ပင် […]

အပြည့်အစုံဖတ်ရန်

ဝရုန်းသုန်းကားဖြင့် ချီတက်ဆဲငြိမ်းချမ်းရေး

June 10, 2019

၂ဝ၁၉၊ မေလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၅)မှ  Inalysis  ဖြစ်ပါသည်။ သန်းစိုးနိုင်ရေးသည် နှစ်ပေါင်း ၃ဝ ကြာမျှ ဗုံး၊ အမြောက်သံတို့ မကြားဖူးရအောင် တိတ်ဆိတ်နေခဲ့သော ဝနယ် မြောက်ပိုင်းမှ UWSA (ဝအဖွဲ့) ဌာနချုပ်တည်ရှိရာ ပန်ဆန်းမြို့တော်မှာ ဧပြီ ၁၇ ရက်(နှစ်ဆန်း တစ်ရက်နေ့)ကတော့ အမြောက်သံများ တစ်ကျော့ပြန် ဟိန်းညံ ထွက်ပေါ်လာခဲ့ပြန်ပါတယ်။ ရှမ်းပြည်အရှေ့မြောက်ပိုင်းရှိ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ မြို့တော် ပန်ဆန်းမှာ ကျင်းပ တဲ့ နှစ် ၃ဝ မြောက် ငြိမ်းချမ်းရေးပွဲတော် အခမ်းအနားကို ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) အမြောက်တပ်ဖွဲ့ က အမြောက် အကြိမ် ၃ဝ ပစ်ဖောက်ကြိုဆိုလိုက်တာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာ “တရားမျှတ လွတ်လပ်ခြင်းနဲ့ မသွေ […]

အပြည့်အစုံဖတ်ရန်
1 2 3 4 11

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."