ဒေါက်တာ ဂျက်စ် ပီ၊ လိုက်ဒါ (ရခိုင်အရေးကျွမ်းကျင်သူ ပြင်သစ်ပညာရှင်နှင့် အမေးအဖြေ)

ဒေါက်တာ ဂျက်စ် ပီ၊ လိုက်ဒါ (ရခိုင်အရေးကျွမ်းကျင်သူ ပြင်သစ်ပညာရှင်နှင့် အမေးအဖြေ)

(  ၂၀၁၆ ဇွန်လထုတ်၊ မော်ကွန်း မဂ္ဂဇင်းအမှတ်(၃၅) မှ အင်တာဗျူး ဆောင်းပါး ဖြစ်ပါသည်။ )

ရခိုင်ပြည်နယ်မှာ ပဋိပက္ခဖြစ်ပွား ခဲ့တာဟာ ဇွန်လထဲမှာ လေးနှစ်ပြည့်ပါပြီ။ ဒီလေးနှစ်အတွင်းမှာ အစိုးရဟောင်းဟာ ဘာတွေလုပ်ပြီး ဘာတွေမလုပ်နိုင်ခဲ့ ဘူးလဲ၊ အစိုးရသစ်အတွက် ဘာတွေဟာ စိန်ခေါ်မှုဖြစ်မလဲ၊ ရေတိုရေရှည်မှာ ဘာ တွေကို ဦးစားပေးကိုင်တွယ်သွားရမလဲဆို တာတွေနဲ့ ပတ်သက်ပြီး ရခိုင် အရေးကျွမ်း ကျင်သူ ပြင်သစ်ပညာရှင် ဒေါက်တာ ဂျက်စ် ပီ၊ လိုက်ဒါ (Dr.Jacques.P.Leider) ကို မော်ကွန်းက အခုလိုမေးမြန်းထားပါတယ်။

မော်ကွန်း။  ။ ရခိုင်ကိစ္စကိုဖြေရှင်းတဲ့ အခါ မှာ အစိုးရသစ်အနေနဲ့ ဘယ်လိုစိန်ခေါ်မှု တွေကို ရင်ဆိုင်ရမလဲ။

Jacques.P.Leider ။ ရခိုင်ပြည် နယ်ကိစ္စက ရေရှည်ဖြေရှင်းရမယ့် နိုင်ငံ ရေးအခြေအနေပါ။ ရေတိုမှာတော့ နိုင်ငံ ရေးအရ ဘာဆုလာဘ်မှမရနိုင်ဘူး။ လေ့ လာသူအများစုလည်း သတိထား မိမှာပါ။ လက်ရှိအစိုးရဟာ ရခိုင်ပြည်နယ်မှာ အလွှာစုံပါဝင်ပြီး ရှုပ်ထွေးတဲ့ နိုင်ငံရေး၊ စီးပွားရေးစိန်ခေါ်မှုတွေကို ရင်ဆိုင်ရလိမ့် မယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်က နေရာ အများစုဟာ NLD ရဲ့ အိမ်ကွင်းမဟုတ် ဘူး။ သူရဲ့စီမံကိန်းတွေ၊ မူဝါဒတွေကို ရေး ဆွဲ အကောင်အထည်ဖော်ဖို့အတွက် အထောက်အကူပြုမယ့်နေရာ မဟုတ် ဘူး။ ရခိုင်ပြည်နယ်က လူတွေဟာ ငြိမ်း ချမ်းချင်ကြတယ်၊ ကြီးပွားချင်ကြတယ်၊ တည်ငြိမ်တာကို လိုချင်ကြတယ်။ မြန်ဆန် ပြီး သိသာတဲ့တိုးတက်မှုတွေကို မြင်ချင် ကြတယ်။ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ရယူချင်ကြတယ်ဆိုတာထက် သူတို့ပြည် နယ် အရေးကို သူတို့ကိုယ်တိုင်ဆောင်ရွက် ချင်ကြတယ်၊ ဆုံးဖြတ်ချက် ချတဲ့လုပ်ငန်း စဉ်တွေ၊ ဆွေးနွေးတိုင်ပင်ရမယ့်ကိစ္စတွေ မှာ သူတို့ ကိုယ်တိုင်ပါဝင်ချင်ကြတယ်။ ရခိုင်ပြည်နယ်ရဲ့ စီးပွားရေးအခြေအနေ က ဆုတ်ယုတ်နေတဲ့အပြင် လူမျိုးရေး၊ ဘာ သာရေးပြဿ      နာတွေရှိနေခဲ့တာကြောင့် နိုင်ငံတကာမှာ ဂုဏ်သိက္ခာကျဆင်းနေ တယ်။ ဒီအချက်က ရခိုင်ပြည်နယ်မှာ ရင်းနှီးမြှုပ်နှံချင်သူတွေရဲ့ စိတ်ထက်သန် မှုကို လျော့နည်းစေနိုင်တဲ့အကြောင်းတစ် ခုဖြစ် ကောင်းဖြစ်နိုင်တယ်။ အစိုးရသစ်ကို အကြံပြုချင်တာက သူတို့ဟာ ဒီပြည်နယ် ရဲ့ ဖွံ့ဖြိုးရေးကို အမှန်တကယ်ပဲ စိတ်ဝင် စားပါတယ်ဆိုတဲ့အကြောင်းနဲ့ ဒီပြည် နယ်ကို လမ်းကြောင်းမှန်ပေါ် ရောက် အောင် ပဏာမခြေလှမ်းတွေ လှမ်းနေပါ တယ်ဆိုတာကို ပြည်တွင်းပြည်ပက သိ အောင် ထုတ်ဖော်ပြသဖို့လိုတယ်။ ပဏာမ ခြေလှမ်းတွေထဲမှာ ကောင်းမွန်တဲ့ အနာ ဂတ်ကို ဖော်ထုတ်ပေးမယ့်အပြင် ဆွေး နွေးပွဲစကားဝိုင်းတွေကို အားပေးတာ တွေလည်း ပါရမယ်။

မော်ကွန်း။       ။ အရင်အစိုးရက ရခိုင် ပြ ဿ      နာကို ဖြေရှင်းဖို့ ပျက်ကွက်ခဲ့တယ် လို့ ပြောကြတယ်။ ဦးသိန်းစိန်အစိုးရဟာ ဘာကြောင့် ပျက်ကွက်ခဲ့တာလဲ။

Jacques.P.Leider ။ ဝေဖန်ရေးသမား တွေ တစ်သမတ်တည်း ပြောကြတာက တော့ ၂ဝ၁၂ ပဋိပက္ခဖြစ်ပွားချိန်မှာ လုံခြုံ ရေးအဖွဲ့အစည်းတွေရဲ့ ရပ်ရွာတည်ငြိမ်မှုထိန်းသိမ်းရေးလုပ်ငန်းတွေဟာ ညံ့ဖျင်း တဲ့ ကြိုးစားအားထုတ်မှုဖြစ်သွားတယ်ဆို တာပဲ။ သတ်ဖြတ်တာတွေ၊ ဖျက်ဆီးတာ တွေ၊ အစုလိုက်အပြုံလိုက်  ပြောင်းရွှေ့ကြ ရတာတွေကို တားဆီးဟန့်တားဖို့ ပျက် ကွက်ခဲ့တယ်။ တစ်ခွန်းတည်းပြောရရင် ပြည်နယ်တစ်ခုလုံးမှာ ရှိတဲ့လူတွေအား လုံးရဲ့ ဘေးကင်းလုံခြုံရေးကို မဆောင် ရွက်နိုင်တာဟာ နက်ရှိုင်းကြီးမားတဲ့ ပျက် ကွက်မှုဖြစ်နေတယ်။ တစ်ဖက်မှာလည်း ဆယ်စုနှစ်အတော်ကြာ အုပ်ချုပ်ရေး ဆိုင်ရာ မူဝါဒမှားယွင်းတာကိုလည်း ထင်ဟပ်ဖော်ပြနေတယ်။ အဲဒါက ဘာ လဲဆိုတော့ တရားဝင်နေထိုင်ခွင့်ရှိပေ မယ့် သူတို့ရဲ့တရားဝင်မှုကို အသိအမှတ် ပြုမခံရတဲ့သူတွေကိစ္စနဲ့ တရားမဝင်ရွှေ့ ပြောင်းလာတဲ့သူတွေကိစ္စပေါ့။ ယုတ္တိ မရှိတာက ဗဟိုအစိုးရက ဒီပြည်နယ်ကို အုပ်ချုပ်တဲ့အခါမှာ သူတို့ဆုပ်ကိုင်ထား တဲ့ သဘောတရားက တရားမျှတရေး၊ ဖွံ့ဖြိုးရေးနဲ့ လူမှုငြိမ်းချမ်းရေး မဟုတ်ဘဲ ‘အရာအားလုံးထက် နိုင်ငံတော်လုံခြုံ ရေး’ဆိုတဲ့အချက်ကိုပဲ ဆယ်စုနှစ် အတော်ကြာ ကိုင်စွဲလာတယ်။

အကြံဉာဏ်ပေးတာတွေ နား ထောင်ရင်းနဲ့ ဦးသိန်းစိန်အစိုးရဟာ ရခိုင် ပဋိပက္ခစုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းခဲ့တယ်။ အဲဒီအဖွဲ့က အချက် အလက်တွေပါတဲ့ အစီရင်ခံစာကို ထုတ် ပြီးတော့ မူဝါဒပိုင်းဆိုင်ရာအကြံပြုချက် တွေ ပေးခဲ့တယ်။ ၂ဝ၁၂ နဲ့ ၂ဝ၁၄ ကြား ကာလမှာ အဲဒီလိုလုပ်ဆောင်မှုတွေဟာ မွတ်စလင်လူနည်းစု ရင်ဆိုင်နေရတဲ့ ခွဲ ခြားဆက်ဆံခံနေရတဲ့ ပြဿ     နာတွေကို ဖြေရှင်းရာမှာ မဖြစ်စလောက်ပဲ၊ မလုံ လောက်ဘူးဆိုပြီး ကဲ့ရဲ့ခံရတာတွေ ရှိတယ်။

ဒါပေမဲ့ ပြန်ပြောင်းစဉ်းစားကြည့် မယ်ဆိုရင် အဲဒီလုပ်ဆောင်မှုတွေဟာ လမ်းမှန်ကိုသွားနေတဲ့ ခြေလှမ်းတွေပဲ။ လိုအပ်နေတဲ့ တည်ငြိမ်မှုတွေရဖို့ ဆွေး နွေးငြင်းခုံနိုင်အောင် သတင်းအချက် အလက်တွေပေးတယ်။ ကံမကောင်းချင် တော့ ဘက်ပေါင်းစုံ ချဉ်းကပ်မှုတွေဆီကို ဦးတည်တဲ့ နောက်ပိုင်းလုပ်ဆောင်မှုတွေ ဟာ ရှေ့မတိုးဘူးဖြစ်ကုန်တယ်။ လက်ရှိ အစိုးရဟာ ရှေ့ဆက်တိုးဖို့လိုတယ်။ ယုံ ကြည်မှုတွေတည်ဆောက်ဖို့၊ လူမှုအဖွဲ့ အစည်း (Social Capital) မှာ အရင်း အနှီးတွေလုပ်ဖို့ လိုမယ်။ အာဏာရှင်ဆန် ဆန် အုပ်ချုပ်ခဲ့တဲ့ နှစ်တွေအများကြီး ကြာလာပြီးတဲ့နောက်မှာ၊ ၂ဝ၁၂ ပဋိပက္ခ နောက်ပိုင်း တစ်ဖက်စွန်းရောက်တဲ့ တင်း မာမှုတွေ ရှိနေတဲ့အချိန်မှာ ဦးသိန်းစိန် အစိုးရဟာ အဲဒီနှစ်ချက် (ယုံကြည်မှုတည် ဆောက်ဖို့နဲ့၊ လူမှုအဖွဲ့အစည်းမှာ ရင်းနှီး မြှုပ်နှံဖို့)ကို လုပ်ဆောင်နိုင်လိမ့်မယ်လို့ မမျှော်မှန်းနိုင်ဘူး။

မော်ကွန်း။       ။ အစိုးရသစ်ဟာ ဒီပြ ဿ       နာကို ရေတိုနဲ့ရေရှည်မှာ ဘယ်လိုဖြေရှင်းသင့် ပါသလဲ။

Jacques.P.Leider ။ တည်ငြိမ်မှု မရှိဘူးဆိုရင်၊ လူ့ဂုဏ်သိက္ခာကို မလေး စားဘူးဆိုရင်၊ အကြမ်းဖက်မှုတွေ မဖြစ် အောင် ကြိုတင်ကာကွယ်တာတွေ မလုပ် နိုင်ဘူးဆိုရင် တိုးတက်မှုဆိုတာရှိလာမှာ မဟုတ်ဘူး။ နောက်ပြီး လူတွေဟာ သူတို့ နောင်ရေးကို မျှော်တွေးလို့မရဘူးဆိုရင်၊ သူတို့ရဲ့လုံခြုံရေးနဲ့ပတ်သက်ပြီး ယုံကြည် စိတ်ချတာမျိုး မရှိဘူးဆိုရင်၊ နောက်ပြီး အစိုးရပေါ်မှာ မယုံဘူးဆိုရင် တိုးတက်မှု ဆိုတာရှိမှာ မဟုတ်ဘူး။ ဒီအခြေအနေက ရခိုင်ပြည်နယ်အတွက် ရှင်းလင်းပြတ် သားတဲ့ ရည်မှန်းချက်တွေရှိတဲ့ မဟာဗျူ ဟာမြောက်အမြင်မျိုးရှိဖို့ လိုအပ်နေတယ် ဆိုတာကို တောင်းဆိုလိုက်တာပဲ။ အဲဒီ အမြင်မျိုးဟာ လက်ရှိမှာ မရှိသေးဘူး။ နောက်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ လုံခြုံရေးအဖွဲ့တွေကြားမှာ အားကောင်း တဲ့ အဖွဲ့အစည်းပုံစံ ပူးပေါင်းဆောင်ရွက် မှုတွေရှိဖို့ လိုနေတယ်ဆိုတာကိုလည်း ဖော်ပြရာရောက်တယ်။

ယုံကြည်မှုတည်ဆောက်ဖို့ အစိုးရ ဟာ သတင်းစကားပါး ဖို့လိုပါတယ်။ သူ့ မှာဘယ်လိုပဲခက်ခဲတဲ့ လုပ်ငန်းတာဝန် တွေ ရှိနေ ပါစေ၊ ရခိုင်ပြည်နယ်မှာရှိတဲ့လူ တွေရဲ့အခြေအနေကို အမှန်တကယ် ဂရု စိုက်တယ်ဆိုတဲ့အကြောင်း၊ NLD ကို ထောက်ခံတဲ့သူတွေကိုရော၊ ရခိုင်အမျိုး သားပါတီ (ANP) ဒါမှမဟုတ် အခြား ပါတီတွေကို ထောက်ခံမဲပေးတဲ့သူတွေရဲ့ အခြေအနေတွေကိုပါ တကယ်တမ်း အလေးထားတယ်ဆိုတဲ့အကြောင်းကို သတင်းစကားပါးဖို့ လိုတယ်။ မွတ်စလင် တွေဟာ သူတို့ခံစားနေရတဲ့ သောကတွေ ကို ဆွေးနွေးပွဲတွေမှာ တင်ပြဆွေးနွေးနေ တာဟာ အထင်အရှားပဲ။

လက်ရှိမှာ နိုင်ငံရေးအခြေအနေက ဘယ်လိုပဲဖြစ်နေပါစေ၊ သူတို့(မွတ်စလင် တွေ)ရဲ့ ဥပဒေနဲ့ဆိုင်တဲ့အခြေအနေက ဘယ်လိုပဲဖြစ်နေပါစေ၊ နောက်ပြီး (ရခိုင်)ပြည်နယ်အတွင်းမှာ ရှိနေတဲ့ မွတ်စလင် တွေနဲ့ပတ်သက်ပြီး ဗုဒ္ဓဘာသာဝင် လူ အများစုကြားမှာ တယူသန် သဘောထား တွေ ဘယ်လိုပဲရှိနေပါစေ အမှန်တရားက တော့ ကျန်းမာရေး၊ ပညာရေး၊ လူမှုဘဝဖူ လုံရေး၊ စိုက်ပျိုးရေး၊ ငါးဖမ်းလုပ်ငန်း၊ ဒါမှ မဟုတ် ဂေဟဗေဒ စိန်ခေါ်မှုတွေနဲ့ပတ် သက်တာတွေဟာ လူသားအားလုံးနဲ့ သက်ဆိုင်တဲ့ဟာတွေ ဖြစ်နေတော့ အဲဒါ တွေကို တိုင်းရင်းသား ဒါမှမဟုတ် ဘာ သာရေးရှုထောင့်ကနေပြီးတော့ ကျဉ်း မြောင်းတဲ့အမြင်နဲ့ အတန်းအစား မခွဲ သင့်ဘူး။

ဒါကြောင့် အစိုးရဟာ လူမှုစီးပွား မူဝါဒတွေနဲ့ပတ်သက်ရင် အားလုံးပါဝင်တဲ့ချဉ်းကပ်မှုနဲ့လုပ်ဖို့လိုမယ်။ အရေးကြီး ဆုံးကတော့ အစိုးရဟာ ရေတိုမှာ ချက် ချင်းလက်ငင်းရလဒ်တွေ ရကောင်းမှ ရနိုင်လိမ့်မယ်ဆိုတာကို သိထားသင့်သလို လက်တွေ့ကျပြီး အလုပ်ဖြစ်တဲ့ နိုင်ငံရေး ကို ကိုင်စွဲရာမှာလည်း ရဲတင်းရပါလိမ့် မယ်။ နေပြည်တော်နဲ့ စစ်တွေက အုပ်ချုပ် ရေးအာဏာပိုင်တွေဟာ (ရခိုင်အရေးနဲ့ ပတ်သက်ပြီး) အလွန်ပဲတွန့်ဆုတ် တွန့် ဆုတ်ဖြစ်နေမယ်၊ တက်တက်ကြွှကြွ မရှိ ကြဘူးဆိုရင် ရခိုင်ပြည်နယ်ဟာ မဆုံးနိုင် တဲ့၊ နာတာရှည် နိုင်ငံရေး၊ လုံခြုံရေး ပြဿ      နာတစ်ခုအသွင် ဖြစ်သွားနိုင်တဲ့ အန္တရာယ်ရှိနေတယ်။

ထိုင်းနိုင်ငံဟာ မလေးရှားနဲ့ နယ်နိ မိတ်ထိစပ်နေတဲ့ နိုင်ငံတောင်ပိုင်းမှာ ဆယ်စုနှစ်နဲ့ချီပြီး ပြ ဿ     နာကြုံနေရသလို မျိုးပေါ့။ ရခိုင်ပြည်နယ်အနာဂတ်နဲ့ ပြ ဿ      နာတွေကို နေပြည်တော်မှာပဲ ဆုံး ဖြတ်ချက်ချပြီး ဖြေရှင်းလို့မရဘူး။ အစိုးရ အတွက် စိန်ခေါ်မှုက အရာရာကို သူ့ဘာ သာဆုံးဖြတ်ပြီး အကောင်အထည်ဖော်ဖို့ မဟုတ်ဘူး။ ဆွေးနွေးပွဲတွေ ဖြစ်လာအောင်၊ ရိုးသားတဲ့ ညှိနှိုင်းဆောင်ရွက်သူဖြစ်လာ အောင် လုပ်ရင်းနဲ့ ဖြည်းဖြည်းချင်းသွားတဲ့ လမ်းကြောင်းကို ရွေးချယ်တဲ့နေရာမှာ စိန်ခေါ်မှုကြုံရမှာ။

မော်ကွန်း။       ။ အရင်အစိုးရလိုပဲ လက်ရှိ အစိုးရကလည်း ‘ရိုဟင်ဂျာ’ဆိုတဲ့အသုံး အနှုန်းကို နိုင်ငံတကာအနေနဲ့ မသုံးစေ ချင်ပေမယ့် နိုင်ငံတကာအသိုင်းအဝိုင်း ကတော့ ဒီစကားလုံးကိုပဲ ဆက်သုံးနေ တယ်။ ဒါနဲ့ပတ်သက်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းကို ဘာများ အကြံပြုချင် ပါသလဲ။

Jacques.P.Leider ။ ၂ဝ၁၂ မတိုင် ခင်တုန်းကဆိုရင် ကျွန်တော်တို့လို ရခိုင် ပြည်နယ်အရေးကို စိတ်ဝင်စားတဲ့လူတွေ ဟာ ‘ရိုဟင်ဂျာ’ ဆိုတဲ့စကားလုံးနဲ့ ပတ် သက်ပြီး ဒီစကားလုံးရဲ့တရားဝင်မှု၊ သမိုင်း ကြောင်းဆိုင်ရာ နောက်ခံအနေအထား တွေနဲ့ ဒီစကားလုံးရဲ့ အနက်ထွေပြားမှု တွေနဲ့ပတ်သက်ပြီး လွတ်လွတ်လပ်လပ် ဆွေးနွေးနိုင်ခဲ့ကြတာကို မှတ်မိကြဦး မှာပါ။

၂ဝ၁၂ ပဋိပက္ခဖြစ်ပြီးနောက်ပိုင်း အလွန်တရာကျဉ်းမြောင်းတဲ့သဘော ထားရှိတဲ့ နိုင်ငံရေးအတွေးအမြင်တိုက် ပွဲတွေက အဲဒီလွတ်လပ်မှုကို ပိတ်ပင်ကန့် သတ်လိုက်သလိုဖြစ်သွားတယ်။ ပဋိပက္ခ ဖြစ်ပြီးနောက်ပိုင်းမှာ အငြင်းပွားနေတဲ့ စကားလုံး အသုံးအနှုန်းဟာ နိုင်ငံတကာ ဝေါဟာရ အသုံးအနှုန်းမှာ နိုင်ငံရေးအရ မှန်ကန်မှုကိုပြတဲ့အရာလိုဖြစ်လာတယ်။ သမိုင်းကြောင်းဆိုင်ရာ ရှုပ်ထွေးမှုတွေနဲ့ အချက်အလက်အထောက်အထားတွေ ကိုမျက်ကွယ်ပြုဖို့နဲ့ ရိုဟင်ဂျာဆိုတဲ့အသုံး အနှုန်းကို လူတစ်ဦးချင်းစီကို မူအရ ခေါ် ဝေါ်ဖို့ တက်ကြွလှုပ်ရှားသူတွေက အရေး ဆိုနေကြတာဟာ ဖိအားကြီးတစ်ခုလိုဖြစ် နေတယ်။ ဒီထက်ပိုတာက ရခိုင် အမျိုး သားရေးဝါဒီတွေနဲ့ ရိုဟင်ဂျာ မွတ်စလင် အမျိုးသားရေးဝါဒီတွေက သူတို့ရဲ့ပြော ဆိုချက်တွေဟာ တရားဝင်ကြောင်းပြဖို့ အတွက် သမိုင်းကြောင်းကို မှီငြမ်းနေကြ တာကြောင့် ရခိုင်ပြည်နယ်မှာ ဗုဒ္ဓ ဘာသာနဲ့ မွတ်စလင်တွေ သဟဇာတမမျှ တာကို တွေ့တဲ့သူတွေက ‘သမိုင်းကြောင်း ဟာ အခြေအတင် ငြင်းခုံစရာကိစ္စ’အဖြစ် ပြောဆိုကြတယ်။

ရိုဟင်ဂျာဆိုတဲ့စကားလုံးဟာ အငြင်းပွားဖွယ်ရာဖြစ်တယ်ဆိုတာကို နိုင်ငံတကာအသိုင်းအဝိုင်းက နားလည် သင့်တယ်။ ဘာလို့လဲဆိုတော့ ဒီစကားလုံး ဟာ မတူကွဲပြားတဲ့လူမှုအသိုင်းအဝိုင်း တွေကြားမှာ အဓိပ္ပာယ်အမျိုးမျိုး ထွက် နေတာကြောင့်ပါ။ နိုင်ငံတကာမူတွေကို ကိုးကားပြောဆိုတာတွေဟာ ဒီရှုပ်ထွေးမှု ကို ပွတ်တိုက်ပြီး တိုက်ဖျက်ပစ်လိုက်လို့ မရနိုင်သလို အောက်ခြေ မှာ တည်ရှိနေတဲ့ အကြောက်တရားကိုလည်း မချေဖျက် နိုင်ပါဘူး။ သမိုင်းမှာတွေ့ ခဲ့တဲ့ ခွဲထွက်ရေး ကိစ္စတွေ၊ ယဉ်ကျေးမှုအရ (ဒီနယ်မြေကို) မပိုင်တော့တဲ့ အနေအထားမျိုးဖြစ်ရမှာ တွေကို စိုးရိမ်ပြီး ရခိုင်ဗုဒ္ဓဘာသာဝင် တွေက ဒီအသုံးအနှုန်းဟာ နိုင်ငံရေးအရ ခြိမ်းခြောက်မှုဖြစ်တယ်လို့ မြင်ကြတယ်။  ရိုဟင်ဂျာမွတ်စလင်တွေကတော့ အဲဒီလို အယူအဆတွေကို လုံးလုံးလျားလျား ငြင်းပါလိမ့်မယ်။ သူတို့ရဲ့ တရားဝင်မှုနဲ့ သူတို့ကိုယ်သူတို့ ခေါ်ဝေါ်ပိုင်ခွင့်ဆိုတာ တွေကို ကာကွယ်ပါလိမ့်မယ်။

ဒီကိစ္စကိုကိုင်တွယ်ဖြေရှင်းဖို့ နိုင်ငံ တကာအနေနဲ့ အခွင့်မသာနိုင်ဘူးဆိုတာ ကို နားလည်ထားဖို့လိုပါလိမ့်မယ်။  အရင် အစိုးရနဲ့ယှဉ်ရင် အခုအစိုးရသစ်ဟာ နိုင်ငံခြားသားတွေက အကြံဉာဏ်ပေး တာကို သည်းခံမယ့်ပုံမရှိဘူး။ မြန်မာ ပြည်သူတွေလည်း ဒီအတိုင်းပဲဖြစ်ပါလိမ့် မယ်။ အဲဒီတော့ သမိုင်းကြောင်းဆိုင်ရာ ရှုပ်ထွေးမှုတွေကို ရှာဖွေပြီး ငြင်းခုံဆွေး နွေးကြဖို့၊ အရင်အစိုးရဟောင်း လက် ထက်မှာ မှားယွင်းတဲ့မူဝါဒတွေကို ထုတ် ဖော်ဆွေးနွေးဖို့ကိစ္စက မြန်မာစာရေး ဆရာတွေ၊ ပညာတတ်တွေ၊ ပညာရှင်တွေ၊ အတွေ့အကြုံရှိတဲ့ အစိုးရအရာထမ်းတွေ ရဲ့ တာဝန်ဖြစ်လာတယ်။ ဒါမှ ကိုယ့်စာဖတ် ပရိသတ်တွေကို လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး သင့်လျော်တဲ့မူဝါဒတွေကို ချပြလမ်းညွှန်နိုင်မှာ။

မော်ကွန်း။       ။ တကယ်လို့ ပြ ဿ      နာကို အမြော်အမြင်ရှိရှိ မဖြေရှင်းဘူးဆိုရင် အစိုးရသစ်ကို နိုင်ငံတကာအသိုင်းအဝန်း က ဘယ်လိုဖိအားတွေပေးလာမလဲ။

Jacques.P.Leider ။ မြန်မာနိုင်ငံရဲ့ အရှေ့ဘက်အိမ်နီးချင်း (ထိုင်း)နိုင်ငံက အာဏာရှင်ဆန်တဲ့ဘက်ကိုသွားနေတဲ့အချိန်မှာ မြန်မာနိုင်ငံက ဒီမိုကရေစီဖြစ်စဉ်နဲ့ ဖွံ့ဖြိုးရေးဘက်ကို စိတ်အားထက်ထက် သန်သန်နဲ့သွားနေတာဆိုတော့ မြန်မာ ဟာ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ဒေသ တွင်း အလွန်ချစ်ခင်မြတ်နိုးရတဲ့သူ (အရေးတယူဆက်ဆံရတဲ့ နိုင်ငံတစ်နိုင်ငံ) ဖြစ်လာတော့မယ်။ အစိုးရသစ်တက်လာ တာကြောင့် လိုအပ်တဲ့အကူအညီတွေ ပေးဖို့ကိုပဲ နိုင်ငံတကာအသိုင်းအဝိုင်းက ဆန္ဒပြင်းပြနေတာ။ အဲဒီတော့ စီးပွားရေး ပိတ်ဆို့အရေးယူတာလိုဟာမျိုးနဲ့ ဖိအား ပေးဖို့တော့ သိပ်မရှိဘူး။ ဘယ်လိုပဲ ဖြစ် ဖြစ် အစိုးရဟာ ရခိုင်အရေးကို ကိုင်တွယ် ဖြေရှင်းဖို့ အဆင်သင့်မဖြစ်ဘူးဆိုရင်၊ အခြေအနေတွေ ကောင်းမွန်လာအောင် လုပ်ပေးဖို့ သန္နိဋ္ဌာန်ချထားတာ မရှိဘူး ဆိုရင် ရခိုင်ပြည်နယ်ပဋိပက္ခနဲ့ ဆိုင်တဲ့ ပြ ဿ      နာတွေ (နိုင်ငံသား ဖြစ်မှု၊ အကြမ်း ဖက်တိုက်ခိုက်နိုင်ခြေနဲ့ ဒုက္ခသည်တွေ အရေး)တွေဟာ မြန်မာနိုင်ငံနဲ့ ဒေသတွင်း ဆက်ဆံရေးကိုရော၊ (ပတ်ဝန်းကျင်နိုင်ငံတစ်နိုင်ငံငံနဲ့) နှစ်နိုင်ငံဆက်ဆံရေးကိုပါ ကျိန်းသေပေါက် သက်ရောက်နိုင်တယ်။

မော်ကွန်း။       ။ ၁၉၈၂ နိုင်ငံသားဖြစ်မှုဥပဒေ  ကို အကောင်အထည်ဖော်ပြီး ရခိုင် ပဋိ ပက္ခကိုဖြေရှင်းလိုက်ရင် ဘယ်လို အခင်း အကျင်းမျိုးကို မြင်တွေ့ရမလဲ။

Jacques.P.Leider ။ ၁၉၈၂ နိုင်ငံသား ဖြစ်မှုဥပဒေကို အကောင်အထည်ဖော်ရုံနဲ့ ရခိုင်ပဋိပက္ခက ပြေလည်သွားမှာ မဟုတ် ဘူး။ ဒါပေမဲ့ ပြ ဿ      နာကို မဖြေရှင်းဘဲ သောင်မတင်၊ ရေမကျ အချိန်အကန့် အသတ်မရှိ ဒီအတိုင်းထားထားမယ့် အစား ဥပဒေကိုအကောင်အထည်ဖော် တာက အတန်အသင့် ပိုပြီး ကောင်းသွား နိုင်တယ်။ (ဥပဒေကို အကောင်အထည် ဖော်ပြီး နောက်မှာ) ကိန်းဂဏန်းဆိုင်ရာနဲ့ စာရင်းအင်းရလဒ်တွေက ဘယ်လိုပဲဖြစ် လာဖြစ်လာ အစိုးရနဲ့ပြည်သူဟာ အခြေ အနေသစ်နဲ့ ထိတွေ့ဆက်ဆံကြရလိမ့် မယ်။ ပြီးတော့ တိုင်းပြည်တွင်းမှာနေထိုင် နေသူအားလုံးရဲ့ လုံခြုံရေးကို အစိုးရက ကာကွယ်ပေးရမယ်။

နိုင်ငံသားဖြစ်မှုဥပဒေကို တင်းတင်း ကျပ်ကျပ်ကျင့်သုံးလိုက်မယ်ဆိုရင် ‘တရား မဝင် ဝင်လာတဲ့သူ’အမြောက်အမြားဟာ နိုင်ငံသားမဖြစ်နိုင်တော့ဘူးလို့ တချို့ တယူသန်သမားတွေ မျှော်မှန်းကောင်း မျှော်မှန်းထားကြမယ်။ တချို့မျှော်လင့် ကောင်း မျှော်လင့်ထားနိုင်တာက ဒီ ဥပဒေဟာ တရားဝင်မှုနဲ့ လူမှုငြိမ်းချမ်း ရေးဆီကို ဦးတည်နိုင်တယ်ဆိုတာပဲ။ နိုင်ငံ သားဖြစ်မှုဥပဒေကို ကျင့်သုံးလိုက်ရင် မွတ်စလင်တော်တော်များများအတွက် အပေါင်းလက္ခဏာဆောင်တဲ့ရလဒ်တွေ ရလာလိမ့်မယ်လို့ မျှော်မှန်းတာကတော့ လက်တွေ့ကျတယ်။ အရေးကြီးဆုံးက လက်ရှိကာလမှာရော နောင်မျိုးဆက် အတွက်ပါ မွတ်စလင်တွေအတွက် ရှင်း လင်းပြတ်သားပြီး နိုင်ငံရေးအရလည်း အခြေခိုင်တဲ့အခြေအနေမျိုးဖြစ်လာမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ရခိုင်ပြည်နယ်မှာ ဗုဒ္ဓဘာသာနဲ့ မွတ်စလင်ကြား သဟဇာ တဖြစ်ဖို့နဲ့ ပူးပေါင်းဆောင် ရွက်တာတွေရှိ ဖို့အတွက် လမ်းခင်းပေးဖို့က အချိန်ယူနိုင် တယ်။ နောက်မျိုးဆက်တစ်ခုလောက်ကို အချိန်ယူသွားနိုင်ပါတယ်။   ။

အမျိုးအစား - အင်တာဗျူး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."