Timeless Feature ဆုကိုသတင်းထောက် ခင်မောင်မြင့်နှင့် သက်ဦးမွန်လက်ခံရယူနေစဉ် (ဓာတ်ပုံ – YJS)
The Best Investigative Feature ဆုကိုသတင်းထောက်သန်းထိုက် လက်ခံရယူနေစဉ် (ဓာတ်ပုံ – YJS)
The Best Reporting Feature ဆုကိုသတင်းထောက်သက်ဦးမွန် လက်ခံရယူနေစဉ် (ဓာတ်ပုံ – YJS)
၂၀၁၅၊ ၂၀၁၆ နှစ်နှစ်ဆက်တိုက် ဆုရရှိသောသတင်းထောက်သက်ဦးမွန် အမှတ်တရစကားပြောနေစဉ် (ဓာတ်ပုံ – YJS)
ရန်ကုန်သတင်းစာပညာကျောင်း (Yangon Journalism School – YJS) နှင့် ပျိုးပင်တို့ကကျင်းပသည့် ၂၀၁၆ သတင်းဆောင်းပါးဆုပေးပွဲတွင် မော်ကွန်းမဂ္ဂဇင်းကဆုသုံးဆုလက်ခံရရှိခဲ့သည်။
The Best Reporting Feature ဆုကိုသတင်းထောက်သက်ဦးမွန်က “အညာဒေသဒုတိယအီသီယိုးပီးယားဖြစ်လာမလား” ဟူသောသတင်းဆောင်းပါးဖြင့်ဆုရရှိခဲ့ပြီး The Best Investigative Feature ဆုကိုသတင်းထောက်သန်းထိုက်က “ပုဂံမှာဘုရားတွေ အသိမ်းခံနေရပြီလား” သတင်းဆောင်းပါးဖြင့်ဆုရရှိခဲ့ကာ Timeless Featureဆောင်းပါးဆုကိုသတင်းထောက် ခင်မောင်မြင့်နှင့် သက်ဦးမွန်တို့က “အင်းဒင်ရွာကပေးတဲ့ ငြိမ်းချမ်းရေးသင်ခန်းစာ” သတင်းဆောင်းပါးဖြင့် ဆုရရှိခဲ့သည်။
“အညာဒေသဒုတိယအီသီယိုးပီးယားဖြစ်လာမလား” ဆောင်းပါးနှင့် “ပုဂံမှာဘုရားတွေ အသိမ်းခံနေရပြီလား” ဆောင်းပါးတို့မှာ ၂၀၁၅၊ ဧပြီလထုတ် မော်ကွန်းမဂ္ဂဇင်းအမှတ် (၂၂) တွင် ဖော်ပြပါရှိခဲ့သောဆောင်းပါးများဖြစ်ပြီး “အင်းဒင်ရွာကပေးတဲ့ ငြိမ်းချမ်းရေးသင်ခန်းစာ” ဆောင်းပါးမှာ ၂၀၁၅၊ ဇွန်လထုတ် မော်ကွန်းမဂ္ဂဇင်းအမှတ် (၂၄)တွင် ဖော်ပြခဲ့သောဆောင်းပါးဖြစ်ပါသည်။
YJS နှင့် ပျိုးပင်က၂၀၁၆ အတွက် စုစုပေါင်းဆု ၁၂ ဆုပေးရာတွင် မော်ကွန်းကသုံးဆုရရှိခဲ့ခြင်းဖြစ်သည်။ ယခုလိုဆုချီးမြှင့်ပေးသော YJS နှင့် ပျိုးပင်အဖွဲ့တို့ကိုမော်ကွန်းတစ်ဖွဲ့လုံးကကျေးဇူးအထူးတင်ရှိကြောင်းမှတ်တမ်းတင်အပ်ပါသည်။