ခရီးသွားဆောင်းပါးများ

ရလလဖ သို့မဟုတ် တောင်ပေါ်မြေရဲ့ အခြားမျက်နှာ

February 20, 2020

မော်ကွန်းမဂ္ဂဇင်း အမှတ်စဉ် ၇၀ မှ ခရီးသွားဆောင်းပါးဖြစ်ပါသည် ထွန်းဝင်းငြိမ်း ရေးသည်။ နိဒါန်း ရှမ်းရိုးမပေါ်မှ ကျယ်ပြန့်သော လွင်ပြင်ထဲတွင် ကျွန်တော်တို့ကားက တအိအိသွားနေသည်။ ပြာလွင်သောကောင်းကင်တွင် တိမ်တိုက်တချို့ လွင့်မျောနေသည်။ နီစွေးနေသော မြေသားထက်တွင် ပြောင်းခင်း၊ ပဲခင်း၊ ပန်းနှမ်းနှင့် စိုက်ခင်းတို့သည် စိမ်းတကန့်၊ နီတကန့်၊ ဝါတကန့်ဖြင့် အလွန်လှပသော ရှုခင်းများအဖြစ် မြင်တွေ့နေရသည်။ မိုးကုပ်စက်ဝိုင်း၏အဆုံးတွင် တောင်တန်းများဖြင့် အနားသတ်ထားသော မြင်ကွင်းများက ဖမ်းစားနိုင်လွန်းလှသည်။ သို့သော် အလွန်လှပသည့် သည်နေရာသည် ဌာနတွင် နှစ်ပေါင်းများစွာ စစ်ပွဲများ ဖြစ်ခဲ့ကြသည်ဟုဆိုလျှင် မည်သူ ယုံကြည်ကြမည်နည်း။ ငြိမ်းချမ်းရေးကို စိုက်ပျိုးခြင်း ရှမ်းပြည်လူမျိုးပေါင်းစုံတို့သည် ရှေးနှစ်ပေါင်းများစွာကပင် ဤမြေဤရေတွင် ကျွန်ုပ်တို့နှင့်အတူ အေးအတူပူအမျှ နေထိုင်ခဲ့ကြသည်။ မိမိတို့၏ လွတ်လပ်သောဒေသများတွင် ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ ကိုယ်ပိုင်ဘာသာစကားတို့ကို […]

အပြည့်အစုံဖတ်ရန်

မိုင်းလား

November 5, 2019

မော်ကွန်းမဂ္ဂဇင်း အမှတ် ၆၈ မှ ခရီးသွားဆောင်းပါး ဖြစ်ပါသည်။ ဖိုးသော်တာ ရေးသည်။ မိုင်းလားမြို့သည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင်တည်ရှိပြီး ကျိုင်းတုံမြို့အရှေ့မြောက် ဝမ်တာပင်းလမ်းမှသွားလျှင် ကီလိုမီတာ ၉၀ (၅၆ မိုင်)အကွာအဝေးတွင်တည်ရှိသည်။ မိုင်းလားဟု မြန်မာတို့ကခေါ်ဆိုကြသော်လည်း ရှမ်းအသံထွက်အမှန်မှာ မုန်းလားဖြစ်ပြီး မုန်းဆိုသည်မှာ ရှမ်းဘာသာဖြင့် မြို့ဟုအဓိပ္ပာယ်ရသည်။ မိုင်းလားမြို့သည် အထူးဒေသ ၄ ၏ ရုံးစိုက်ရာမြို့ဖြစ်ပြီး ထိုဒေသတွင်မိုင်းလား၊ ဆီလူး၊ နမ့်ပမ်း စသည့်မြို့များပါဝင်သည်။ အထူးဒေသ ၄ ဧရိယာသည် မြောက်ဘက်နှင့်အရှေ့မြောက်ဘက်တွင် တရုတ်နိုင်ငံ၊ စစ်ဆောင်ပန်းနားပြည်နယ်ခွဲနှင့် ကီလိုမီတာ ၃၀ဝ (၁၈၆ မိုင်) ခန့် ၊ လန်ချန်းခရိုင်နှင့် ၄၅ ကီလိုမီတာ (၂၇မိုင်)ခန့် ထိစပ်လျက်ရှိပြီး အရှေ့ဘက်တွင် လာအိုနိုင်ငံနှင့်မဲခေါင်မြစ်ခြားကာ ကီလိုမီတာ ၁၀ဝ ကျော် (၆၂မိုင်)ခန့် […]

အပြည့်အစုံဖတ်ရန်

အတိတ်ရဲ့ အရိပ်က လွတ်မြောက်ဖို့ ရုန်းထွက်နေရတဲ့ နိုင်ငံတစ်နိုင်ငံ

July 5, 2019

၂ဝ၁၉၊ ဇွန်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၆)မှ  Remembrance  ဖြစ်ပါသည်။ မြင့်ကျော် ရေးသည်။ အတိတ်ရဲ့ အရိပ်က လွတ်မြောက်ဖို့ ရုန်းထွက်နေရတဲ့ နိုင်ငံတစ်နိုင်ငံ ၂ဝဝ၉ ခုနှစ်ဝန်းကျင်တုန်းက PBS က ထုတ်လွှင့်ခဲ့သည့် သတင်းမှတ်တမ်းတွင် ကမ္ဘောဒီးယား နိုင်ငံသမိုင်း၌ အမည်ဆိုးနှင့် ကျော်ကြားခဲ့သည့် ခမာနီခေါင်းဆောင် ပိုပေါ့ကို မြှုပ်နှံရာ သူ့ဇာတိမြေမှာ ဒေသခံတချို့က သူ့အပေါ် အမြင်စတာတွေ ပါရှိသည်။ ပိုပေါ့ကို မြှုပ်နှံထားရာ နေရာက သာမန်မြေဖို့ထား သည့် နေရာတစ်ခုသာ ဖြစ်ပြီး အမှတ်အသားအဖြစ် သွပ်ပြားဟောင်းတချို့နှင့် အမိုးအဖြစ် ကာရံထား ကာ အမွှေးတိုင်၊ ဖယောင်းတိုင်နဲ့ အရိုအသေပေး ရှိခိုးဆုတောင်းကြတာလည်း တွေ့ရသည်။ သူ့ဇာတိက ရပ်ဆွေရပ်မျိုးများကတော့ ပိုပေါ့ကို နတ် အနေနှင့် မှတ်ယူထားကြပြီး သူ့မြှုပ်နှံရာ […]

အပြည့်အစုံဖတ်ရန်

ပန်းခင်းကို မြင်းစီးပြီး လျှောက်ကြည့်ခြင်း သို့မဟုတ် အီသီယိုးပီးယားအဝေးမြင် အနီးမြင်

June 6, 2019

၂ဝ၁၉၊ မေလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၅)မှ  Travelogue ဖြစ်ပါသည်။ မြင့်ကျော် ရေးသည်။ “ပန်းခင်းကို မြင်စီးပြီး လျှောက်ကြည့်ခြင်း” ဆိုတဲ့ နိုင်ငံခြား အသုံးအနှုန်း တစ်ခုကို တိုက်ရိုက်ပြန်ဆိုထားတဲ့ ဆိုရိုးစကား မှတ်သားဖူးပါတယ်။ အဓိပ္ပာယ်ကတော့ ကြည့်စရာတွေ တစ်ခုချင်း သေသေချာချာ အသေး စိတ် အနီးကပ်မကြည့်နိုင်ဘဲ ခပ်မြန်မြန် ခပ်သွက်သွက်အပေါ်ယံ သဘာဝဆန်ဆန် ကြည့်သွားတာလို့ နားလည်မိပါတယ်။ ဆရာ မြသန်းတင့်က ဆောင်းပါးတစ်ပုဒ်မှာ အဲဒီ အသုံးအနှုန်းသုံးနှုန်းခဲ့တာ မှတ်မိနေမိတာပါ။ ကျွန်တော်ရေးမယ့် အီသီယိုးပီးယား ခရီးသွားဆောင်း ပါးဟာလည်း ပန်းခင်းကို မြင်းစီးပြီး လျှောက်ကြည့်တာမျိုး ဖြစ် လိမ့်မယ်လို့ ထင်ပါတယ်။ နိုင်ငံတစ်နိုင်ငံကို သုံးလေးရက်ဆိုတဲ့ တိုတောင်းလှတဲ့ ရက်ပိုင်းအတွင်း ရောက်တဲ့နေရာ၊ မြင်တဲ့နေရာ လေးကိုသာ မြင်တဲ့အတိုင်း၊ တွေ့တဲ့အတိုင်း ပြန်တင်ပြတာမျိုးသာ […]

အပြည့်အစုံဖတ်ရန်

ဒဏ်ရာများနဲ့ မိုးကုတ်သို့ တစ်ခေါက်

February 8, 2019

၂ဝ၁၉၊ ဇန်နဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၁)မှ Travelogue ဖြစ်ပါသည်။ ကောင်းထက်စံ ရေးသည်။                                  အချိန်က နံနက် ၆ နာရီခန့်။                   ဆိုင်ကယ်ကယ်ရီသမားများ၊ သုံးဘီးသမား များ၊ ကားကြီး ကားငယ်များနှင့် ဆူညံရှုပ်ထွေးနေ သော မန္တလေးကျွဲဆည်ကန် ကားဝင်းသို့ ကျွန် တော်နှင့် မော်ကွန်းမဂ္ဂဇင်းမှ သတင်းထောက် ကိုစီဇံမျိုးကျော်တို့ ရောက်ရှိလာကြသည်။       […]

အပြည့်အစုံဖတ်ရန်

ဘွန်းနှင့်ဘာလင်သို့

December 2, 2018

၂ဝ၁၈၊ ဖေဖော်ဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၄)မှ Travelogue ဖြစ်ပါသည်။ ကျော်ဇေယျာထွန်း ရေးသည်။ ဂျာမနီဟုဆိုလိုက်လျှင် ကျွန်တော့်အာရုံ၌ စက်မှု ထွန်း ကားသည့် နိုင်ငံ၊ ဂျာမနီအဓိပတိ အယ်ဂျလာမာကယ်နှင့် ၂၀၁၄ ကမ္ဘာ့ဖလားချန်ပီယံ ဂျာမနီလက်ရွေးစင်ဘောလုံးအသင်းကိုသာ ပြေးမြင်မိသည်။ ပြီးလျှင် ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်တွင် စစ်ရှုံးခဲ့သည့် နိုင်ငံ၊ ဂျူးလူမျိုး ခြောက်သန်းကို သတ်ခဲ့သည့် အဒေါ့ဖ်ဟစ် တလာနှင့် နာဇီဝါဒ၊ ဟောလိဝုဒ်က ရိုက်ကူးသည့် ကမ္ဘာ့စစ် နောက်ခံ ရုပ်ရှင်ဇာတ်ကားများမှ ဂျာမနီစစ်သားများ၊ ပြီးတော့ ဂျာမနီကို အရှေ့၊ အနောက် ခြားခဲ့သည့် ဘာလင်တံတိုင်းကြီး။ ဤအရာတို့သည် ဂျာမနီဟု ဆိုလိုက်လျှင် ကျွန်တော့်ခေါင်းထဲ ပေါ်လာသည့် အရာများပင် ဖြစ်သည်။ နိုဝင်ဘာနောက်ဆုံးပတ်တွင် ထိုအရာများဖြစ်ထွန်းရာ ဂျာမနီသို့သွားဖို့ အကြောင်းဖန်လာလေသည်။ ဂျာမနီနိုင်ငံရှိ […]

အပြည့်အစုံဖတ်ရန်

လန်ချန်မဲခေါင်ရဲ့ ရေနိုင်ငံရေး လေ့လာခြင်း

December 2, 2018

၂ဝ၁၈၊ ဒီဇင်ဘာလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆ဝ)မှ Travelogue ဖြစ်ပါသည်။ ဇေယျာလှိုင် ရေးသည်။ မဲခေါင်၊ တရုတ်နိုင်ငံရဲ့ ကုန်းမြင့်တွေမှာ မြစ်ဖျား ခံပြီး မြန်မာနိုင်ငံ အပါအဝင် နိုင်ငံ ခြောက်ခုကို ဖြတ်သန်းပြီး တောင်တရုတ်ပင်လယ်ထဲကို စီးဝင် သွားတဲ့ ကမ္ဘာ့အရှည်ဆုံးမြစ် နံပါတ် ၇။ ဒီမြစ်ဝှမ်းတစ်လျှောက်နေထိုင်တဲ့ လူဦးရေသန်း ၆၀ အတွက် စိုက်ပျိုးရေး၊ ရေလုပ်ငန်းနဲ့ သယ်ယူပို့ဆောင်ရေးအတွက် အားထားရာ။ အခုခေတ်မှာတော့ အဲဒါတွေထက် ပိုလာပြီး ရေ စီမံခန့်ခွဲမှုဆိုင်ရာ ဒေသတွင်း နိုင်ငံရေးကစားရာ မြစ်တစ်ခု ဖြစ် လာနေပါပြီ။ မတူညီတဲ့ နိုင်ငံတွေကို ဖြတ်ကျော်စီးဆင်းတဲ့ ဒီမြစ်ရဲ့ အရေးပါမှုနဲ့အတူ မြစ်ဖျားခံရာဒေသတွေမှာ လွတ်လပ်စွာ စီး ဆင်းနေတဲ့ ရေကို အဟန့်အတားဖြစ်စေတဲ့အခါ နိုင်ငံရေး လွန်ဆွဲ […]

အပြည့်အစုံဖတ်ရန်

သားပူတူး အူဖြတ်မခံလိုပြီ ဘန်ကောက်တွင် ဆေးသွားကုရသည်

November 27, 2018

၂ဝ၁၈၊ ဇန်နဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၃)မှ ခရီးသွားဆောင်းပါး ဖြစ်ပါသည်။ အပိုင်း ၃ ဇေယျာလှိုင်  ရေးသည်။ ဒီနေ့စမ်းသပ်မှုက မွန်းလွဲ ၁ နာရီမှ လုပ်ရမှာဆိုတော့ မနက်ပိုင်းကို GOLDEN MOUNT လို့ခေါ်တဲ့ တောင်ပေါ်ရွှေစေတီနဲ့ ဘန်ကောက်က နာမည်ကြီး မြဘုရားကို သွားဖို့ မနက် ၈း၃၀ လောက် အဆောင်ကနေ ထွက်လာခဲ့ကြတယ်။ ဈေးသက်သာပြီးယာဉ်ကျောပိတ်တာရှောင်ရှားနိုင်တဲ့ ရေဆိုးမြောင်းထဲကလှေကိုပဲ စီးဖို့ ဆုံးဖြတ်လိုက်တယ်။       ဘန်ကောက်ကို အရှေ့အနောက် ဖောက်ထားတဲ့ ဒီရေဆိုး မြောင်းထဲက လှေတွေဟာ ၁၈ ကီလိုမီတာရှည်လျားတဲ့ ခရီးစဉ် ကို မနက် ၅း၃၀ ကနေ ည ၈း၃၀ အထိ ပြေးဆွဲပါတယ်။ ခရီးစဉ် နှစ်ပိုင်း ရှိပြီး တစ်ပိုင်းကတော့ […]

အပြည့်အစုံဖတ်ရန်

မြန်မာ့အိမ်နီးချင်းများသို့ အလည်တစ်ခေါက် (အပိုင်း ၂)

November 15, 2018

ကျော်ဇေယျထွန်းရေးသည်   အရှေ့တောင်အာရှနိုင်ငံများထဲ တွင် ထိုင်း၊ ဗီယက်နမ်၊ စင်ကာပူ၊ က္ဘောဒီယား၊ မလေးရှား၊ အင်ဒို နီးရှားနိုင်ငံ စသည့်နိုင်ငံများ၏ လည်ပတ်စရာကောင်းသည့် နေ ရာများကို မကြာခဏ မြင်တွေ့ရ သည်။ ယင်းနေရာများသို့ သွား ရောက်လည်ပတ်ကြသည့် မြန်မာ နိုင်ငံသားများ၏ ဓာတ်ပုံများကို လည်း တွေ့ ဖူးသည်။ သို့သော် မြန်မာနိုင်ငံနှင့် အိမ်နီးချင်းဖြစ်နေသည့် လာအို နိုင်ငံအကြောင်းကို တွေ့ရခဲသည်။ ယင်းနိုင်ငံ၏ လည်ပတ်စရာ အကောင်းဆုံးနေရာဟူ၍လည်း ကျွန်တော့်အနေဖြင့် တစ်ခါမျှ မတွေ့ဖူး။ လာအိုနိုင်ငံသို့ သွားရောက်လည်ပတ်ပြီး ဆိုရှယ်မီဒီ ယာတွင် ဓာတ်ပုံများတင်ကြသည်ကိုလည်း မကြုံဖူး။ ထို့ကြောင့် လာအိုနိုင်ငံတွင် မည်သည့်အရာများ ရှိမည် နည်း၊ လာအိုနိုင်ငံသူ၊ နိုင်ငံသားတို့သည် မည်သည့်ပုံသ္ဌာန်များ ဖြစ်လေမည်နည်းစသည့် မေးခွန်းများက […]

အပြည့်အစုံဖတ်ရန်

မြန်မာ့အိမ်နီးချင်းများသို့ အလည်တစ်ခေါက် (ဇာတ်သိမ်း)

November 5, 2018

၂ဝ၁၈၊ နိုဝင်ဘာလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၉)မှ သတင်းဆောင်းပါး  ဖြစ်ပါသည်။ ကျော်ဇေယျာထွန်း ရေးသည်။ (ယခင်လမှ အဆက်) Photo-Kyaw Zayar Htun VANG VIENG မှ LUANG PRABANG သို့  ခုနစ်နာရီခန့် ကားမောင်းရမည်ဖြစ်သည်။  VANG VIENG မြို့မှ ထွက်သည်နှင့် တောင်ပေါ်သို့ တဖြည်းဖြည်း စတက်ရပြီဖြစ်သည်။ တရုတ်စာများ ရေးထားသည့် ဆိုင်းဘုတ်အနီရောင်နှင့်အတူ တောင်များဖြိုနေသည့် စီမံကိန်းကို တွေ့ရသဖြင့် မေး ကြည့်ရာ တရုတ်နိုင်ငံတောင်ပိုင်းနှင့် ဗီယန်ကျင်းမြို့သို့ မြန်နှုန်းမြင့်ရထားလမ်း ဖောက်လုပ်နေခြင်း ဖြစ်သည်ဟု ဆိုသည်။အဆိုပါ ရထားလမ်းသည် VANG VIENG မြို့နှင့်  LUANG PRABANG မြို့တို့ကို ဖြတ်သန်းကာ လာအိုနိုင်ငံမြို့တော် ဗီယန်ကျင်းသို့ ချိတ်ဆက်မည်ဖြစ်သည်။ Photo-Kyaw Zayar […]

အပြည့်အစုံဖတ်ရန်

ချင်းတွင်းမြစ်ကမ်းပါးက မင်းကျန်စစ် မွေးရာမြေ

September 12, 2018

၂ဝ၁၈၊ မေ-ဇူလိုင်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၆)မှ သတင်းဆောင်းပါး ဖြစ်ပါသည်။  သန်းနိုင်ဦးရေးသည် စစ်ကိုင်းတိုင်းဒေသကြီး ချင်းတွင်းမြစ်ကမ်းနဖူးက အညာရွာလေးက ပုဂံရာဇဝင်နဲ့ ဆက်စပ်နေတယ်။ ပုဂံရာဇဝင်ကို ပြောကြ ဆိုကြတဲ့အခါ တုတ်ထမ်း ပြောကြစမြဲလို့ ဆိုရိုးရှိတယ် မဟုတ်လား။ ပုဂံရာဇဝင်ထဲက ကျန်စစ်သားမင်းဟာ အနော်ရထာမင်းရဲ့ သူရဲကောင်းလေးယောက်မှာ တစ်ယောက် အပါအဝင် ဖြစ်တယ်။ ကျန်စစ်သား မွေးဖွားခဲ့ရာ ဒေသက စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ် ပရိမ္မဆိုတဲ့ ကျေးရွာ ဖြစ်ပါတယ်။ ပရိမ္မကို သွားဖို့ တွန်းအား ဖြစ်စေခဲ့တာက လူပြောသူပြော များတဲ့ ပုဂံရာဇဝင်ထဲက ဇာတ်လမ်းလေးနဲ့ သက်ဆိုင်နေတယ်။ ပုဂံရာဇဝင်မှာ အောက်ပြည် အောက်ရွာက ပုန်ကန်ခြားနားတော့  စစ်သည်လေးသိန်းအားနဲ့ ညီမျှတဲ့ ကျန်စစ်သား၊ ငထွေရူး၊ ငလုံး လက်ဖယ်နဲ့ ညောင်ဦးဖီးတို့ကို အနော်ရထာမင်းက စေလွှတ် လိုက်ပါသတဲ့။ […]

အပြည့်အစုံဖတ်ရန်

မြန်မာ့အိမ်နီးချင်းများသို့ အလည်တစ်ခေါက်

August 31, 2018

မြန်မာ့အိမ်နီးချင်းများသို့ အလည်တစ်ခေါက် ကျော်ဇေယျာထွန်း ရေးသည်။ စာရေးဆရာကြီး သိန်းဖေမြင့်နှင့် ဇဝနတို့ ဂျပန်သို့သွားမည် ဆိုသောအခါ မိတ်ဆွေများက သူတို့နှစ်ဦးအား ရာဇဝင်ကြွေးဆပ်ခဲ့ဖို့ကို မှာကြသည်ဟု ဆရာသိန်းဖေမြင့်ရေးသားသည့် “ချစ်ကြည်ရေးခရီးသည်” ဆိုသည့် စာအုပ်အစပိုင်းတွင် ဖော်ပြထားသည်။ ယင်းသို့အမှာ ခံရပါက အမှာခံရသူရော၊ မှာသူရော အတွေးကိုယ်စီနှင့် ပြုံးရယ်ကြသည်ဟုဆိုသည်။ ယခု ကျွန်တော်မှာ ထိုင်းနှင့် လာအိုသို့ သွားမည်ဆိုသော အခါ လုပ်ဖော်ကိုင်ဖက်များက သွေးဆေပ်ခဲ့ဖို့ကို မှာကြားကြ သည်။ ထိုအခါ မှာသူရော အမှာခံရသူပါ ‘တဟဲ ဟဲ ဟဲ’နှင့် ရယ်ကြသည်။ နတ်လမ်းòန်လုပ်သူကလည်း ရှိသေးသည်။ ပြီး လျှင် ”သွေကြွေးဆပ်တာလည်း လူမှားနေဦးမယ်နော်”ဟု တစ် ဦးတစ်ယောက်က ဆိုလိုက်လျှင် ကျန်သူများက တဟားဟားဖြင့် ဝါးလုံးကွဲ ရယ်ကြလေတော့သည်။ ထိုင်းနှင့် […]

အပြည့်အစုံဖတ်ရန်
1 2 3 4

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."