Home ထုတ်ပြန်ချက် မော်ကွန်း မေလထုတ် ထွက်လာပါပြီ (Mawkun May Edition Out Now!)

မော်ကွန်း မေလထုတ် ထွက်လာပါပြီ (Mawkun May Edition Out Now!)

60
0

အများပြည်သူအကျိုးစီးပွားနှင့် သက်ဆိုင်သည်များကို အတွင်းကျကျဖော်ထုတ်ထားပြီး တင်ပြပုံဆန်းသစ်သည့် မော်ကွန်းမဂ္ဂဇင်း မေလထုတ်ထွက်လာပါပြီ…။ 

Editorial – “အခြားဘာသာကို ပုတ်ခတ်မှ ကိုယ့်အမျိုးကို ချစ်ခင်စိတ်၊ ကာကွယ်ထိန်းသိမ်းလိုစိတ် ကိန်းအောင်းမြင့်မားလာမည်ဟူသော အယူအဆမျိုးမှာ လုံးဝလက်ခံနိုင်စရာမရှိပါ။ ထိုသို့ဟောပြော ခြင်းဖြင့် မိမိဘာသာဝင်များကို သွေးထိုးပေးရာရောက်နိုင်သကဲ့သို့ တစ်ဘက်ဘာသာဝင်များ ဒေါသ ထွက်လာအောင် သွားဆွရာလည်းရောက်ပါသည်။ ထို့ထက်ဆိုးသည်က…”

Cover Story – “မဘသကို ဆန်းစစ်ခြင်း”

–      “မဘသ ဘာတွေလုပ်ခဲ့လဲ”၊ “လုပ်ကိုင်ပုံတွေ မှားနေလား”၊ “ပဋိပက္ခတွေနဲ့ မဘသ ဆက်စပ်မှုရှိလား”၊ “အစိုးရလက်ကိုင်တုတ်လား”၊ “မဘသ ဘာဆက်လုပ်မှာလဲ”

–      “၉၆၉ – မဘသတွေကနေပြီးတော့ ဦးဇင်းကို တရားပွဲလာပိတ်တယ်…ဒါကြောင့် ဦးဇင်းက တရားဝင်စိန်ခေါ်တာ။ ဘာလို့ မဘသလုပ်တယ်လို့ ပြောလို့ရလည်းဆိုရင်…”

–      “မဘသတို့၊ ၉၆၉ တို့ကို ထိခိုက်ပုတ်ခတ်လို့ဖြစ်ပေါ်လာမယ့် ပြဿနာတွေကို ဟောပြောသူနဲ့ ဟောပြောပွဲဖြစ်မြောက်ရေး တာဝန်သာဖြစ်တယ်”

–      “စော်ကားတဲ့လူက ကိုယ်ထိလက်ရောက်စော်ကားတာကို ဦးဇင်းတို့က နာမည်လေးတောင် မတပ်ရဘူးလား။ ဒီဘက်ကလည်း ထည့်တွက်ကြဦး”

–      “ဘာသာခြားက ကိုယ့်ဘာသာကို လာစော်ကားမှ အမျိုးစောင့်မှာလား၊ ဘာသာအချင်းချင်းက အာဏာ၊လုပ်ပိုင်ခွင့်ရာထူးတွေနဲ့ အနိုင်ကျင့်တာကိုရော ထိန်းသိမ်းစောင့်ရှောက်ဖို့ မသင့်ဘူး လား”

Feature 1) – “အန္တရာယ်ကြားက စက်ဘီးသမားများ”

–      ရုတ်တရက်ကြည့်လိုက်လျှင် စက်ဘီးပြိုင်ပွဲဝင်နေကြသလား၊ သို့မဟုတ် လမ်းလယ်က ကားများကို ဘေးတစ်ဘက်တစ်ချက်မှ ခြံရံပြီး နင်းနေကြသလား။ တစ်မိနစ် အစီး ၃၀ နှုန်း၊ တစ်နာရီ အစီး ၁,၈၀၀ နှုန်းဖြတ်သွား။

–      “အန္တရာယ်တွေကြားထဲမှာ သွားနေရတဲ့ ကိုယ့်အဖြစ်ကို ကိုယ်ပြောရရင်တော့ စူပါမန်းပဲ ပြောရမလား။ စပိုက်ဒါမန်းပဲပြောရမလား။ (သူတို့လို) ဟီးရိုးတော့ မဟုတ်ပေမယ့် အဖြစ်က အဲဒီလိုဖြစ်နေတယ်”

Feature 2)“မြေအောက်ရေ များများထုတ်လာကြသည့်အခါ”

–      ရန်ကုန်မြိ့လူဦးရေ ၃ ပုံ၊ ၁ ပုံ မြေအောက်ရေကို မှီခိုနေရ။

–      “မြေအောက်ရေက မြစ်ထဲကို ရေထည့်မပေးနိုင်ရင် မြစ်ကခန်းပြီး ကောသွားရော…မြေအောက်ရေခန်းသွားပြီဆိုရင် ဘာလုပ်ကြမလဲ။ သေရုံပဲရှိတယ်”

–      “NGO တွေကလည်း ဖိတ်ရင်လာတယ်။ ခဏပဲ။ စကားနားထောင်ပြီး ပြန်သွားတယ်။ ပြည်သူတွေကလည်း ဖိတ်ရင်လာတယ်။ စကားနားထောင်ပြီး ပြန်သွားတယ်။ အစိုးရကတော့ ဖိတ်ရင်တောင် မလာပါဘူးကွယ်။ စကားနားထောင်ဖို့ နေနေသာသာ”

Essay“ကျွန်တော်နှင့် ခရီးသွားမီးခိုးများ”

–      ဆရာဝန်ကြီး ဆေးလိပ်တစ်လိပ်ကို မီးညှိနေပြန်သည်။ ဆေးလိပ်တစ်ဘူး ခဏလေးနှင့် ကုန်သွားသည်။ သူ့နှာခေါင်းနှင့် ပါးစပ်က မီးခိုခေါင်းတိုင်အလား။ လူနာများကို ရောဂါပျောက် ကင်းအောင် ကုသပေးနေသော သူကိုယ်တိုင် အဆိပ်ငွေ့တွေကို ထုတ်လွှတ်နေပါတကား။

 Interview “သဘာဝမှာ ငါးတွေက ဘယ်တော့မှ ပြန်ပေါမလာတော့ဘူး” ဦးဝင်းကြိုင် (မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး)

–      ငါးသယံဇာတတွေ ရှားလာနေပြီ။ ဘာလုပ်ကြမလဲ။

Travelogue “ဇလပ်မြေသို့ တစ်ခေါက်”

–      “ခရီးကြမ်း”၊ “တောင်တွေခြံရံ”၊ “နေမ၀င်ခင် ရေချိုးပါ”၊ “အရက်သယ်ဆောင်ခွင့်မရှိတဲ့မြို့”၊ “ဆိုင်ကယ်က လူကိုပြန်စီး”

 Profile“တစ်ကမ္ဘာလုံးနှင့် တစ်ယောက် (၂)”

–      “ကျောက်ဆည်အဓိကရုဏ်းက ဦးဇင်းနဲ့ ပတ်သက်မှုမရှိဘူးဆိုတာ သူတို့ကိုယ်တိုင်ယုံကြည်တယ်။ ပြန်လွှတ်ဖို့ပဲ။ မနက်ဖြန် ပြန်လွှတ်မယ်။ ကတိပေးပြီးသွားပြီ”

Satire“ဘယ်သူသမ္မတ ဖြစ်မလဲ”

–      ၁) မိခင်ကြီး ထိုမျှလောက်တိတ်ဆိတ်နေပြရုံနှင့်တော့ သမ္မတဖြစ်ရေးလမ်းကြောင်း လုံးဝဖွင့်ပေးမည်မဟုတ်ဟု သူတို့က အခိုင်အမာဆိုကြလိမ့်မည်။

–      ၂) ပဋိပက္ခစုံလင်စွာဖြစ်ပေါ်နေသော်လည်း နှလုံးခုန်မြန်ဖွယ်မရှိ။ နှလုံးခုန်စက်ဆိုသည်မှာ ခံစားချက်မရှိ။ ဇွန်သဉ္ဇာကို ရွေးချယ်လိုက်ခြင်းသည် စည်းရုံးရေးနည်းနာဟု အဆိုးမြင်သူများရှိသကဲ့သို့ ဖော်ချွတ်သူလည်း ပညာသင်ခွင့်ရှိသည်ဟု အကောင်းမြင်သူတွေလည်းရှိ။

–      ၃) သူကအကြီးဆုံးသော ဗိုလ်ချုပ်မှူးကြီးဖြစ်သည်ဟူသော အချက်တစ်ချက်တည်းနှင့်ပင် သူ့မှာ သမ္မတတစ်ယောက်၏ အရည်အချင်းရှိသည်ဟုဆိုရမည်။

–      ၄) ပြည်သူ့လွှတ်တော်၏ ဥက္ကဌကြီးက သမ္မတတာဝန်ယူလိုကြောင်း အစောကြီးကတည်းက ပြောထားပြီးသားဖြစ်သည်။ သူ့မှာနောက်ကျသည့်အချက်တစ်ခုတော့ရှိသည်။

–       ၅) သူသည် ထိန်းထိန်းသိမ်းသိမ်းလုပ်တတ်ပုံရှိသည်။ ‘နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ အများပြည်သူလုံခြုံရေးအတွက်” ထိုစလောင်းကိစ္စကိုင်တွယ်ရန် လိုအပ်သည်ဟု ပြည်သူ့လွှတ်တော်တွင် ပြောကြားခဲ့သည်။

စာအုပ်ဆိုင်တွေမှာ ၀ယ်ယူရရှိနိုင်သလို လပေးမှာယူဖတ်ရှုလိုပါကလည်း မော်ကွန်းရုံးဖုန်း – 09 313 40239 သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

ရောင်းဈေး တစ်အုပ် ၁,၈၀၀ ကျပ်

LEAVE A REPLY

Please enter your comment!
Please enter your name here