လွတ်လပ်ကာရန် အင်းဝသို့ ရင်ခုန်သံ

လွတ်လပ်ကာရန် အင်းဝသို့ ရင်ခုန်သံ

၂ဝ၁၈၊ ဇန်နဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၃)မှ စာအုပ်အညွှန်း ဖြစ်ပါသည်။

င့်နော်ရေးသည်

(၁)

အင်္ဂလိပ်ဘာသာပြန်နဲ့ တွဲပြီး ထွက်လာ တဲ့ “အင်းဝသို့ ရင်ခုန်ခြင်း” ကဗျာကို ရေးဖွဲ့သူဟာ “မနီတာ”ပါပဲ။ ၂၀၁၇ နိုဝင် ဘာ နေ့စွဲနဲ့ ပထမအကြိမ် အုပ် ၇၀၀ ကို ရန်ကုန် ခြူးခြူးစာအုပ်တိုက်က ထုတ် တာ။ ၁၃.၅ ခာ ထ ၂၀.၂ ခာ ။ ၁၀ ချိုး ပြည့်ပြည့်ကြီး။ အခန့်ချုပ်။ ဂျပ်မာဖုံး အပြင်။ ဲခေုနအ နဲ့။ ကဗျာရှည်။ အပိုင်း ၁၀ ပိုင်း ခွဲထားရဲ့။ မြန်မာဘာသာနဲ့ ၂၁၇  မျက်နှာ။ အင်္ဂလိပ်လို ပြန်ဆိုထား တာက ၁၈၅ မျက်နှာ။ TRANSLATED BY ZAW TUN ။ ကာဗာနဲ့ အတွင်းပုံ စိုးဝင်း ငြိမ်း။ တန်ဖိုး ၆,၅၀၀ ကျပ်။

(၂)

      သမိုင်းကို ဖွဲ့တယ်။ ဘဝကို ဖွဲ့တယ်။ ခေတ်ကို ဖွဲ့တယ်။ နိုင်ငံ့ အရေးကို ဖွဲ့တယ်။ ခံစားချက်ကို ဖွဲ့တယ်။ လူ့သဘာဝကို ဖွဲ့တယ်။ မိသားစုကိုဖွဲ့တယ်။ အင်းဝကို ဖွဲ့တယ်။ ပတ်ဝန်းကျင်ကို ဖွဲ့ တယ်။ အလုံးစုံကိုဖွဲ့တယ်။ အား မာန်ကို ဖွဲ့တယ်။ သတ်္တိကို ဖွဲ့ တယ်။ အတိတ်၊ ပစ်္စုပ်္ပန်၊ အနာ ဂတ် ကာလသုံးပါးကို ဖွဲ့တယ်။ ဖွဲ့ တယ်…။ ဖွဲ့တယ်…။ ဖွဲ့တယ်…။

      ကိုယ်တိုင်ရေး  Self Portrait အတ်္ထုပ်္ပတ်္တိလို့ ပြောနိုင် တယ်။ သမိုင်းနောက်ခံ ကဗျာ ရှည်ကြီးလို့လည်း ပြောနိုင် တယ်။ ကဗျာရှည်ကြီးထဲမှာ သမိုင်းကို ရနိုင်သမျှ အကုန် ထည့်ထားတယ်။ မိဘ၊ ဘိုးဘွား၊ ဘေးအထိကနေ သူ့သားသမီး ပေါက်ပွားတဲ့အထိ မျိုးရိုးစဉ် ဆက်ပေါ့။ အင်း၀ ရေခံမြေခံကို အခြေခံထားတယ်လေ။

(၃)

      မျိုးရိုးဇာတိနဲ့ ဗမာပီသတဲ့ စရိုက်လက်္ခဏာတွေ ပြည့်ဝနေ ပြီး လုပ်ရည်ကိုင်ရည်ရှိတဲ့ အသိုက်အမြုံ။ နိုင်ငံရေးဓာတ်ခံ။ အနုပညာကိုယ်ခံအားနဲ့ ဉဏ် ပညာထက်သန်မှုတွေနဲ့ ဖြတ်သန်းခဲ့ကြတဲ့ မျိုးနွယ်စုကို တွေ့ရ တယ်။ အင်းဝနောက်ခံကားချပ်ရှေ့မှာ တင်ဆက်ကပြတဲ့ ဇာတ် လမ်းကြီးပေါ့။ ဘိုးဘေး အစဉ်အဆက်။ သူ့ဘ၀ မစခင်အချိန်က စလို့ အဲဒီမိသားစုရဲ့ ဘ၀ ဖြတ်သန်းပုံတွေ။ သူ့ဘ၀ အစိတ်အပိုင်း တွေ။ လောကဓံအမျိုးမျိုး။ လူ့သဘာဝအဖွဲ့။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး အကြောင်းအထွေထွေ။ ခေတ်အဆက်ဆက် ဖြတ်သန်းဆန်းဆန်း ပြားပြား မပါပေမယ့် ကဗျာရှည်ဟာ ငြီးငွေ့ ဖွယ်ရာ မဟုတ်ဘူး။ ကဗျာအပေါ် ခံစား လို့ရတယ်။ ကဗျာဟာ ကဗျာပီသတယ်။ ရိုးသားမှုနဲ့ပြည့်စုံပြီး အပြစ်အနာအဆာ ကင်း တယ်။ ဇာတ်ကောင်တွေက လည်း အများကြီးရယ်။

(၄)

      လွတ်လပ်ရေးမတိုင်မီခေတ်။ လွတ်လပ်ရေးကြိုးပမ်းမှု ကာ လ။ ပြည်တော်သာခေတ်။ မိဘ နှစ်ပါးရဲ့  Family Tree ။ ဖဆ ပလခေတ်။ မဆလခေတ်။ မနီ တာက ဆိုရှယ်လစ်စီးပွားရေး စနစ် တည်ဆောက်တဲ့ ကာလ ဆိုးကြီးထဲမှာ တက်္ကသိုလ် ကျောင်းသူဘဝနဲ့ ရှင်သန်ခဲ့ရ ပြီး မ်္တလေးဒေသကောလိပ်ကို အခြေခံတယ်။ နောက်တစ်ဆင့် မှာတော့ သူ(မ)ဟာ ရေဆင်း စိုက်ပျိုးရေးတက်္ကသိုလ်ကို ရောက်သွားတယ်။ ဘဝကို စီး ချင်းစထိုးတဲ့ကာလ။ စိန်ခေါ် မှု တွေတင်းကြမ်း။ တက်္ကသိုလ် ကျောင်းသူရယ်လို့ အဆာ မကျယ်။  တိုက်ပွဲခေါ်သံတွေနဲ့ ရင်ဆိုင်။ တစ်ချိန်တည်းမှာပဲ အနုပညာစာပေ ဂီတတွေနဲ့ ထိစပ်။ ရင်ခုန်သံ နည်းနည်းမြန်တဲ့ ကာလ။

      အဲဒီမှာ လက်တွဲဖော်တွေ့။ သိင်္ဂါရရသ။ စာပေနဲ့ အနာဂတ်။ နိုင်ငံအရေး နိုင်ငံရေး။ ရဲဘော်ရဲဘက်တွေနဲ့ ခေတ်တစ်ခုကို မျှော် လင့်။ ရေဆင်းရဲ့ နောက်ဆုံးနေ့ရက်များ… ဖြတ်သန်း…။

     

(၅)

      “အင်းဝသို့ ရင်ခုန်ခြင်း” ရဲ့ အပိုင်း ၉ မှာ မနီတာ အိမ်ပြန် ရောက်ပြီ။ ကျောင်းပြီးပြီ။ ဘွဲ့ရပြီ။ ြ.ဗါ ။ ဘဝတစ်ဆစ်ချိုးပြီ။   “မုန်တိုင်းထဲဖြတ်၊ ခိုင်ခိုင်ရပ်တည်၊ ပီပြင်ပြတ်သား၊ သွားမယ့် ခရီး၊ နီးနီးဝေးဝေး၊ သွေးမကြဲ၊ ဇွဲလုံ့လ၊ စိတ်က အမာ၊ လာ…သွား ကြမယ်”တဲ့။ လက်တွေ့ဘဝထဲမှာ ပုံသေလစာနဲ့ နှစ်ယောက်သား ရုန်းကန်။ ရပ်စောက်နဲ့ တောင်ကြီးကြားက ရေပူဆိုတဲ့ ရွာ ကလေးမှာ။ နောင်သောအခါ ဝန်ထမ်းဘ၀ ခဝါချ။ မေမြို့ နောင် ခမ်းကြီးမှာ ကိုယ့်မြေ ကိုယ့်ယာနဲ့ လှုပ်ရှား။ သမီးတစ်ယောက် အမေ။ တောတောင်ရေမြေနဲ့ ယဉ်ပါး။ လုပ်အားနဲ့ လျှောက်တဲ့ လမ်း။ ကြမ်းကြမ်းရင်ဆိုင်။ မယိုင်ဘူး။ ၈၇ ကို ဖြတ်သန်း။ ရှစ်လေး လုံးကို ခံစား။ အားမာန်တွေ ဝင်။ သံမဏိနှင်းဆီ ဒေါ်အောင်ဆန်း စုကြည် ဘက်တော်သား။ ၁၉၈၈ အတွင်း သားတစ်ယောက် ဖွား မြောက်။ “ပန်းအိမြိုင်”ကို ရုပ်လုံးသွင်း။ ၁၉၉၀ ရွေးကောက်ပွဲ သဲ ထဲရေသွန်။ ၁၉၉၄ အထိ ခရီးဆက်။

(၆)

      “အင်းဝသို့ ရင်ခုန်ခြင်း” ရဲ့ နိဂုံးဟာ အပိုင်း ၁၀ ပါ။ “လူနှစ် ယောက် လက်နှစ်စုံ အလုပ်သုံးခု ကလေးသုံးယောက် ကိုယ်ခွဲ နည်းနည်း၊ ဇွဲခတ်၊ မတ်မတ်ခိုင်ဖို့ ကျွန်မတို့ကြိုးစား” ပေမယ့် ခေတ်က ပျက်နေခဲ့။ လက်နက်နဲ့ ငြိမ်းချမ်းလဲတဲ့ ကာလတစ် လျှောက်လုံး စိတ်ဓာတ်ချုံးချုံးကျ။ “ပန်းအိမြိုင် ပန်းပွဲရုံ”ကျရှုံး။ နိုင်ငံရေးတွေလည်း ဆုံးရှုံး။ “ပြည်သူဆိုတာ တရားမျှတ လွတ် လပ်ချင်သူ၊ ပြည်သူဆိုတာ လောကအတွက် စတေးရက်သူကို လေးစားချစ်ခင် မငြိုငြင်သူ”။ ပြည်သူ့ဘက်က ခံစားနာကျင်။ ရင် နဲ့မမျှ။ ယုံကြည်မှုက ခွန်အားဖြစ်။ ၂၀၁၅ နိုဝင်ဘာ ၈ ရက်ကို ကြို။ နိဂုံးချုပ် အပိုင်း ၁၀ ကို အခန်းသုံးခန်းခွဲ တင်ဆက်။ အင်းဝကို ရင်ခုန်ခြင်းကို သမိုင်းကြောင်းနဲ့ ညှို့။ အနာဂတ်လူငယ်တွေကို ဆင့်ပွားဝေငှ။ အားရစရာ ဒါဟာ ကဗျာ၊ ဒါဟာ မနီတာ။

(၇)

      ကဗျာဟာ သမိုင်းကြောင်း အလွန်ရှည်လျားတယ်။ “သိုး ကလေ၊ ပုပ်္ပားနတ်တောင်၊ အခေါင်မြင့်ဖျား၊ စုံတောပြား”တို့ “မြ ကန်သာ တောင်ကျချောင်းတေး၊ ရေဝင်ပြေးလှည့်”တို့က စခဲ့တဲ့ ဇာတ်လမ်း။ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင်နီးပါးကတည်းက ကဗျာရှိခဲ့ပြီးသား။ အင်းဝခေတ်လောက်မှာ ပေလေးပင် ရှင်လေး ပါးနဲ့ ပိုပြီး ထွန်းကား။ လင်္ကာအဖွဲ့အနွဲ့တွေနဲ့ ထင်ရှားခဲ့။ တောင်ငူ ဘုရင် နတ်သျှင်နောင်ဟာ ရတုတွေနဲ့ ကျော်ကြား။ သမိုင်းတစ် လျှောက် ပျို့၊ မော်ကွန်း၊ ရတု၊ ဧချင်း၊ သာချင်း၊ အဲ အံ လူးတား အမျိုးအမည်ပေါင်း များစွာနဲ့ အမြောက်အမြား ပေါ်ထွက်ခဲ့။ ဦးပုည၊ အချုပ်တန်းဆရာဖေ တေးထပ်တွေနဲ့ ထင်ရှား၊ ဆိတ် သုဉ်းသည် မရှိ။ လွတ်လပ်ရေးကြိုးပမ်းမှုကာလ၊ ဖက်ဆစ်ဆန့် ကျင်ရေး ပြည်သူ့လွတ်မြောက်ရေးကာလ။ ထိုမှသည် တစ်ပါတီ အာဏာရှင် စစ်အုပ်ချုပ်ရေးကာလများ၊ ထိုမှသည် စာပေစိစစ် ရေး၏ တရားလက်လွတ် ပြုမူမှုများကို ကျော်ဖြတ်ခဲ့ပြီး ယနေ့ ယခုကာလအထိ ကဗျာ ရေအလျဉ်နှင့် မဆုံး။

      စာပေစိစစ်ရေး ချုပ်ငြိမ်းသွားတဲ့အခါ ကဗျာတွေ အင် တိုက်အားတိုက်ရေးကြ။ မဂ်္ဂဇင်း၊ ဂျာနယ်နဲ့ သတင်းစာတွေမှာ ဖော်ပြကြ၊ စာအုပ်အဖြစ် ပုံနှိပ်ထုတ်ဝေကြနဲ့ အင်တိုက်အားတိုက် ပါပဲ။ ဒီကနေ့ ထွက်သမျှ စာအုပ်တွေကို အမျိုးအစား ခွဲခြားပြီး အချိုးချလိုက်ရင် ကဗျာဟာ ရှေ့ဆုံးတန်းမှာ ပါတယ်။ ကဗျာဆို တာ အသစ်ကို ပြောတာလို့ အဓိပ်္ပာယ်ဖွင့်ဆိုချက်တစ်ခု မှတ် သားဖူးတယ်။ ဒီကနေ့ ကဗျာတွေဟာ သိသိသာသာ သစ်နေပါ ပြီ။ ခံစားမှုနဲ့ ရေးဖွဲ့ရာမှာ အကြောင်းအရာမျိုးစုံအပေါ် ချဉ်းကပ် ရေးသားကြတယ်။ အချို့နေရာတွေမှာ အုတ်အရောရော ကျောက်အရောရော ရှိနေသေးပေမယ့် ယေဘုယျသဘောမှာ တော့ ကဗျာဟာ အင်အားကောင်းပါတယ်။ ရေးဖွဲ့သူ များပါ တယ်။ လွတ်လွတ်လပ်လပ် စိတ်ကြိုက်ရေးဖွဲ့ကြတယ်လေ။ အစဉ်အလာရေးသူတွေ ရှိသလို စိတ်ခံစားမှုအရ ရေးသူတွေ လည်း အများကြီးပါ။

      ရာသီဥတု၊ တောတောင်ရေမြေ၊ သဘာဝပတ်ဝန်းကျင် အလှအပနဲ့ သံဝေဂကဗျာတွေ ရေးကြသူတွေလည်း အများကြီး ပေါ့။ အထိမ်းအမှတ် နေ့ရက်ကာလ တသတဲ့ ကဗျာတွေလည်း ရေးကြတာပဲ။ ရေးဖွဲ့စရာက ကုန်သွားတယ်ဆိုတာမှ မရှိဘဲလေ။ အဇ္ဈတ်္တနဲ့ ဗဟိဒ်္ဓကိုလည်း ရေးတာပါပဲ။ နည်းပညာ၊ အတတ်ပညာ ရေးဖွဲ့ကြသူတွေလည်း ရှိတာပါပဲ။ ဘာအကြောင်းအရာကို ရွေး ချယ်သလဲဆိုတာ ကဗျာဆရာရဲ့ အလုပ်ပါ။ သူ ရင်ခုန်ရာကို သူ ရေးမှာလေ။ ကဗျာပီသဖို့ပဲ အရေးကြီးတာ။ ဘာပဲပြောပြော ရင် ခုန်ခြင်း အင်း၀ အင်းဝကို ရင်ခုန်ခြင်းဟာ ၂၀၁၇ ခုနှစ် အမျိုးသား စာပေကဗျာဆုကို မျက်စောင်းထိုးနေသလိုပဲလို့တော့ ရိုးတိုးရိပ် တိတ် ခံစားမိပါရဲ့လေ။

 

အမျိုးအစား - စာအုပ်အညွှန်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."