Home ခရီးသွားဆောင်းပါး မြန်မာ့အိမ်နီးချင်းများသို့ အလည်တစ်ခေါက် (အပိုင်း ၂)

မြန်မာ့အိမ်နီးချင်းများသို့ အလည်တစ်ခေါက် (အပိုင်း ၂)

88
0
dav

ကျော်ဇေယျထွန်းရေးသည်

 

အရှေ့တောင်အာရှနိုင်ငံများထဲ တွင် ထိုင်း၊ ဗီယက်နမ်၊ စင်ကာပူ၊ က္ဘောဒီယား၊ မလေးရှား၊ အင်ဒို နီးရှားနိုင်ငံ စသည့်နိုင်ငံများ၏ လည်ပတ်စရာကောင်းသည့် နေ ရာများကို မကြာခဏ မြင်တွေ့ရ သည်။ ယင်းနေရာများသို့ သွား ရောက်လည်ပတ်ကြသည့် မြန်မာ နိုင်ငံသားများ၏ ဓာတ်ပုံများကို လည်း တွေ့ ဖူးသည်။

သို့သော် မြန်မာနိုင်ငံနှင့် အိမ်နီးချင်းဖြစ်နေသည့် လာအို နိုင်ငံအကြောင်းကို တွေ့ရခဲသည်။ ယင်းနိုင်ငံ၏ လည်ပတ်စရာ အကောင်းဆုံးနေရာဟူ၍လည်း ကျွန်တော့်အနေဖြင့် တစ်ခါမျှ မတွေ့ဖူး။ လာအိုနိုင်ငံသို့ သွားရောက်လည်ပတ်ပြီး ဆိုရှယ်မီဒီ ယာတွင် ဓာတ်ပုံများတင်ကြသည်ကိုလည်း မကြုံဖူး။

ထို့ကြောင့် လာအိုနိုင်ငံတွင် မည်သည့်အရာများ ရှိမည် နည်း၊ လာအိုနိုင်ငံသူ၊ နိုင်ငံသားတို့သည် မည်သည့်ပုံသ္ဌာန်များ ဖြစ်လေမည်နည်းစသည့် မေးခွန်းများက လာအိုနိုင်ငံသို့သွား ရောက်လိုသည့် စိတ်ကို အထူးပင် ဖြစ်ပေါ်စေမိသည်။ ထို့ထက်ပို၍ တွန်းအားဖြစ်စေသည့် အရာက ဘန်ကောက်ရောက်၍ မြဘုရား နှင့်အတူ ဓာတ်ပုံရိုက်ရခြင်း၊ စင်ကာပူရောက်၍ ခြင်္သေ့အရုပ်နှင့် အတူ ဓာတ်ပုံရိုက်ရခြင်းထက် လာအိုရောက်၍ လာအိုနိုင်ငံ၏ အထင်ကရနေရာနှင့် ဓာတ်ပုံရိုက်ရခြင်းက ပို၍ စိတ်ဝင်စားစရာ ကောင်းမည်ဟု ကျွန်တော်ခံစားရသည်။

photo-kyaw zayar htun ထိုင်းနိုင်ငံ၊ဥဒေါင်းဌာနီမြို့မှ နွန်ခိုင်မြို့သို့သွားသည့်လမ်းမပေါ်က Nakha ဈေး

သို့ဖြစ်၍ လာအိုသို့သွားရမည့် ခရီးစဉ်က ကျွန်တော့် အတွက် စိတ်လှုပ်ရှားမှုက အပြည့်။ CAJ (CONFEDERATION OF ASEAN JOURNALISTS) ၏ လေ့လာရေးခရီးစဉ်သည် ထိုင်းနိုင်ငံ တွင် သုံးရက်ကြာ လည်ပတ်လေ့လာပြီးသည့်နောက် ဇွန် ၂၁ ရက်တွင် လာအိုနိုင်ငံသို့ ခရီးဆက်ကြမည်ဖြစ်သည်။ ထိုင်းနိုင်ငံ၏ နယ်စပ်မြို့ဖြစ်သော နွန်ခိုင်မြို့မှတစ်ဆင့် လာအိုနိုင်ငံ မြို့တော် ဗီယန်ကျင်းသို့ မော်တော်ကားဖြင့် သွားရောက်ကြမည်ဖြစ်သည်။ ဥဒေါင်းဌာနီမြို့မှ ဗီယန်ကျင်းသို့ ၅၆ မိုင်ခန့် အကွာအဝေး ရှိသည်။

ထိုရက် မနက်ပိုင်းတွင် ကျွန်တော်တို့အဖွဲ့သည် ဟိုချီမင်းပြ တိုက်သို့ သွားရောက်ခဲ့ကြသည်။ ပြတိုက်မှာ အဝေးပြေးကား လမ်းမကြီးဘေးရှိ လမ်းသွယ်လေးမှတစ်ဆင့် အထဲသို့ ဝင်သွားရ သည်။ သစ်ပင်၊ ဝါးပင်များ အုပ်ဆိုင်းနေပြီး တိတ်ဆိတ်သည့် နေရာလေးတစ်ခုဖြစ်သည်။ ဟိုချီမင်းပြတိုက်မှာ ခြံဝင်းကျယ်ကြီး တစ်ခုဖြစ်ပြီး ယင်းခြံထဲတွင် တရုတ်ဘုံကျောင်းနှင့်တူသော အဆောက်အအုံတစ်ခု ရှိသည်။

ဗီယက်နမ်ဝတ်စုံဝတ်ထားသည့် အသက် ၅ဝ အရွယ် ဗီယက်နမ်အမျိုးသမီးကြီးများက တန်းစီကာ  ကြိုဆိုနေကြသည်။ ကျွန်တော်တို့ကို အမွှေးတိုင် တစ်ယောက်တစ်ချောင်းစီပေးပြီး အဆောက်အအုံရှေ့တွင် တန်းစီကာ မတ်တတ်ရပ်စေသည်။ ပြီး လျှင် အမွှေးတိုင်အား မီးညှိပြီး နဂါးအရုပ်များပါသည့် အဖြူ ရောင်အိုးကြီးတစ်ခုအတွင်းသို့ သွားရောက် ထိုးစိုက်စေသည်။ ပြီးမှ အဆောက်အအုံထဲသို့ ဝင်ရလေသည်။

အဆောက်အအုံထဲသို့ ဝင်ဝင်ချင်း အပေါက်ဝတည့်တည့် တွင် အမြင့် နှစ်ပေခန့်ရှိမည်ဖြစ်သော ဟိုချီမင်းကြေးရုပ်တုတစ်ခု ကို သစ်သီး၊ ဆီမီး၊ ပန်းတို့ဖြင့် ပူဇော်ထားလေသည်။ ခုံပေါ်တွင် ထိုင်နေသည့် ရုပ်တုဖြစ်၏။ ကျွန်တော်တို့သည် ထိုအရှေ့တွင် ဂါရဝပြုကြရသေးသည်။ မြောက်ကိုရီးယားကိုရောက်၍ ကင်ဂျုံး အန်းရုပ်တုကို ယခုလိုသာ ဂါရဝပြုရလျှင် ခက်ရချေရဲ့ဟု စိတ်ထဲ တွေးကာ နေမိသေးသည်။

ဗီယန်ကျင်းမြို့က SISAKET ဘုရားကျောင်း

ယခု ပြတိုက်လုပ်ထားသည့် ခြံဝင်းသည် ဗီယက်နမ်၏ အမျိုးသားခေါင်းဆောင် ဟိုချီမင်း နေထိုင်သွားခဲ့ဖူးသည့် နေရာ ဖြစ်သည်။ ယင်းနေရာကို ဟိုချီမင်းပြတိုက် ဆောက်လုပ်ရန် ထိုင်း အစိုးရက မြေနေရာပေးကာ ခွင့်ပြုပေးထားခြင်း ဖြစ်သည်။ ယင်း ပတ်ဝန်းကျင်တစ်ဝိုက်တွင် ဗီယက်နမ်လူမျိုးများလည်း နေထိုင် ကြလေသည်။

ပြတိုက်ထဲတွင် ဗီယက်နမ်နိုင်ငံကို ကိုလိုနီလက်အောက်မှ လွတ်မြောက်ရေးအတွက် ဟိုချီမင်းကြိုးပမ်းခဲ့သည့် ဓာတ်ပုံများ၊ ရုပ်သံများကို ပြသထားသည်။ ပြတိုက်၏ မျက်နှာချင်းဆိုင်တွင် သက်ကယ်မိုးထားသည့် တဲတစ်လုံးကို တွေ့ရသည်။ အဆိုပါ တဲ အိမ်တွင် ဟိုချီမင်းနေသွားခြင်းဖြစ်သည်ဟုဆိုသည်။ တဲထဲတွင် သူအိပ်ခဲ့သည့် ခုတင်၊ သူစာရေးခဲ့သည့် စားပွဲတို့ကို ပြသ           ထားသည်။

ဟိုချီမင်းပြတိုက်တွင် ကျွန်တော်တို့သည် ၄၅ မိနစ်ခန့်သာ ကြာသည်။ ပြီးလျှင် ထိုင်း-လာအို နယ်စပ်သို့ ထပ်မံ ခရီးဆက်ကြ သည်။ လမ်းတွင် NAKHA ဈေးတွင် ခဏရပ်နားကာ ဈေးဝယ် ကြသည်။ ရိုးရာ ချည်ထည်အင်္ကျီများ၊ ရိုးရာလက်မှုပစ္စည်းများ အများအပြား ရောင်းချသည့် ဈေးကြီးဖြစ်သည်။ အမှတ်တရ ပစ္စည်းများ ဝယ်ယူပြီးသည့်နောက် နွန်ခိုင်နယ်စပ်မြို့သို့ ထပ်မံ ခရီးဆက်ကြသည်။

နွန်ခိုင်မြို့သို့ရောက်သည့်အခါ မွန်းတည့် ၁၂ နာရီခန့် ရှိပြီ ဖြစ်သည်။ နေ့လယ်စာကို နွန်ခိုင်မြို့ မဲခေါင်မြစ်ကမ်းဘေးရှိ စား သောက်ဆိုင်တစ်ဆိုင်တွင် စားသောက်ကြသည်။ ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံကို မဲခေါင်မြစ်က ခြားထားသည်။ မကြာခင် ရောက် တော့မည့် မဲခေါင်မြစ်တစ်ဖက်ကမ်းရှိ လာအိုနိုင်ငံကို ကျွန်တော် လှမ်းကြည့်နေမိသည်။  မြစ်တစ်ဖက်ကမ်းတွင် သွပ်မိုးထားသည့် အိမ်ခေါင်မိုးများကို တွေ့ရသည်။ အထပ်မြင့်အဆောက်အအုံကို မမြင်ရသဖြင့် ရွာတန်းရှည်တစ်ခုနှင့်သာ တူတော့သည်။

နေ့လယ်စာ စားသောက်ပြီးသည့်အခါမှာတော့ နယ်စပ် ဂိတ်သို့ ထွက်ခဲ့ကြသည်။ ထိုင်းနယ်စပ်ဂိတ်တွင် လိုအပ်သည့်  စာရွက်စာတမ်းများဖြည့်စွက်ကြရသည်။ နွန်ခိုင်မြို့၏ နယ်စပ်ဂိတ် လေးမှာ မြန်မာနိုင်ငံက မြဝတီမြို့နယ်စပ်ဂိတ်ကဲ့သို့ လူစည်ကား ကာ ရှုပ်ထွေး၍ မနေ။ တန်းစီနေသည့် လူတန်းကြီးကိုလည်း မတွေ့ရ။ လာအိုနိုင်ငံဘက် သွားမည့်သူများအတွက် မှန်လုံလိုင်း ကားတစ်စီး စောင့်ဆိုင်းကာနေသည်။

Photo-Kyaw Zayar Htun လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့ရှိ Vicotry Gate နှင့် အမှတ်တရဓာတ်ပုံရိုက်နေသူတစ်ဦး

လိုအပ်သည့် စာရွက်စာတမ်းများ ဖြည့်စွက်ပြီးသည့်နောက် မဲခေါင်မြစ်ကိုဖြတ်၍ ဆောက်ထားသောထိုင်း-လာအို ချစ်ကြည် ရေးတံတားကို ဖြတ်သန်းကာ ထိုင်းနိုင်ငံကို ကျောခိုင်းခဲ့ရလေ တော့သည်။ ထိုင်းနိုင်ငံ၊ ဥဒေါင်းဌာနီမြို့မှ စီးလာခဲ့ရသည့် နှစ်ထပ် ဘတ်စ်ကားကြီးသည် ကျွန်တော်တို့ကို လာအိုနိုင်ငံ၏ နယ်စပ် ဂိတ်အထိ လိုက်ပို့ပေးသည်။ ထိုင်းသတင်းထောက်နှစ်ဦးနှင့် CTJ (CONFEDERATION OF THAI JOURNALISTS) မှ တာဝန်ခံ ထိုင်းသတင်းစာ ဆရာများကတော့ ကျွန်တော်တို့နှင့်အတူ လာအိုနိုင်ငံသို့ လိုက်ပါခဲ့ကြသည်။

လာအိုနိုင်ငံထဲသို့ ဝင်ရောက်ဖို့ စာရွက်စာတမ်းများထပ်မံ ဖြည့်စွက်ရသည်။ လာအိုနယ်စပ်ဂိတ်ကို ရောက်တော့ မွန်းလွဲ ၂ နာရီထိုးလေပြီ။ နယ်စပ်ဂိတ်တွင် အသင့်စောင့်ဆိုင်းနေသော ဟွန်ဒိုင်းအမျိုးအစား မှန်လုံကားတစ်စီးဖြင့် လာအိုနိုင်ငံ၏မြို့ တော် ဗီယန်ကျင်း သို့ထွက်ခဲ့ကြသည်။

မြို့တော်ဗီယန်ကျင်းသို့ တစ်နာရီကျော်ခန့် ကားမောင်းရ သည်။ ဗီယန်ကျင်းမြို့သည် မော်တော်ယာဉ်များ၊ လူများနှင့် ရှုပ်ထွေး၍ မနေ။ ကားလမ်းမပေါ်တွင် ကားများ ပိတ်ကျပ်နေတာ မျိုး မတွေ့ရ။ ကျွန်တော်တို့ အရင်ဆုံးသွားသည့်နေရာက ၁၈၁၈ တွင် တည်ထားခဲ့သည့် SISAKET TEMPLE ဘုရားကျောင်း ဖြစ်သည်။ ၁၈၂၈ တွင် ထိုင်းလူမျိုးတို့၏ ဖျက်ဆီးခြင်းကို ခံခဲ့ရ သည်။ ထို့ကြောင့် ၁၉၃၅ တွင် အစိုးရက ပြန်လည်ပြုပြင်ကာ ပြတိုက်အဖြစ် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ဘုရားကျောင်းဝန်းကြီးမှာ လေးထောင့်ကျကျ အုတ် တံတိုင်းဖြင့် ကာရံထားသည့် အလုံပိတ်ဝင်းကြီး တစ်ခုဖြစ် သည်။  ကျောင်းဝင်းထဲသို့ဝင်ရန် ဝင်ပေါက်တစ် ပေါက်သာ ရှိသည်။ ဝင်ပေါက်တည့်တည့် ကျောင်းဝင်း အလယ်ကောင်တွင် ရှေး ဟောင်း အဆောက်အအုံတစ်ခု ကိုတွေ့ရသည်။ ကျွန်တော်တို့ သည် အဆောက်အအုံထဲ မဝင်သေးဘဲ ဘေးဘက် ဝင်းနံရံ လျှောက်လမ်းတစ်လျှောက်ရှိ ဘုရားဆင်းတုတော်များကို ဦးစွာ လေ့လာ ကြသည်။

ကြေးဆင်းတုတော်များမှာ တင်ပျဉ်ခွေကိုယ်တော်များက အများစုဖြစ်ပြီး အမြင့်ပေ တစ်ပေမှ သုံးပေလေးပေအထိ မြင့် သည့် ဆင်းတုတော်များဖြစ်သည်။ ယင်းဆင်းတုတော်များ၏ အနောက်ဘက် နံရံတွင်လည်း နှစ်လက်မ အရွယ်အစား ရှိသည့် ကြေးဆင်းတုတော်များကို တွေ့ရသည်။ အဆိုပါ ဆင်းတုတော် များကို နံရံတွင် တြိဂံပုံသ္ဌာန် ထွင်းကာ ထည့်ထားခြင်း ဖြစ် သည်။ ယင်းသို့ လုပ်ထားသည်မှာ ဘုရားကျောင်းဝင်း အတွင်း ဘက် ဝင်းနံရံအပြည့်ပင်ဖြစ်သည်။

ဘုရားကျောင်းဝင်းအတွင်း ကြေးဆင်းတုတော် ပေါင်း ၆,၈ဝဝ ကျော်ရှိသည်ဟုဆိုသည်။ အဆိုပါ ဆင်းတုတော်များကို အမျိုးသမီးများ ကိုင်တွယ်ခြင်းမပြုရန် တားမြစ်ထားသည်။ ဘေး ပတ်လည်ရှိ ဘုရားများကို ကြည့်ရှုပြီးသည့်အခါ အလယ်တွင်ရှိ သည့် ဘုရားကျောင်းဆောင်ထဲသို့ ဝင်ကြည့်ကြသည်။ အထဲသို့ မဝင်ခင် ဖိနပ်ချွတ်ရသည်၊ ဦးထုပ်ချွတ်ရသည်၊ အမျိုးသမီးများ အတို၊ အပြတ်များ ဝတ်ထားပါက လုံချည် ပတ်ပေးသည်။

အဆောက်အအုံအတွင်းပိုင်း၌ ဘုရားဆင်းတုတော်တစ်ဆူ ရှိသည်။ ယင်း အရှေ့တွင် ဝတ်ပြုဆုတောင်း နိုင်စေရန် ကော်ဇောများ ခင်းပေးထားသည်။ ကျွန်တော်သည် ဘုရားဆင်းတုတော် ကို ဓာတ်ပုံ နှစ်ချက်၊ သုံးချက် လောက် ရိုက်လိုက်သည်။ ထိုအခါ ကျွန်တော်တို့ကို ဧည့်လမ်းòန် လုပ်ပေးသည့်သူက ဓာတ်ပုံ မရိုက်ရန် လှမ်းပြောပြီးလျှင် အနားသို့လာကာ ရိုက် ထားသည့် ပုံများဖျက်ပေးရန် ပြောသည်။ ဓာတ်ပုံများကို ဖျက် ပေးလိုက်ရသည့် အခိုက်အတန့်တွင် စိတ်ထဲ မခံချိမခံသာတော့ ဖြစ်သွားသည်။ ဘာမျှထူးခြားသည့် အရာ မဟုတ်ပါလျက် ဘာ ကြောင့်  ယခုလို လုပ်ရသနည်းဟု တွေးမိသည်။

ဧည့်လမ်းòန်က အဆောက်အအုံ၏ အတွင်းဘက်နံရံ များရှိ နံရံဆေးရေး ပန်းချီများကို လိုက်လံ ရှင်းလင်းပြသသည်။ နံရံဆေးရေးပန်းချီများမှာ ၅၅ဝ ဇာတ်နိပါတ်တော်များအကြောင်း ပင် ဖြစ်သည်။ နံရံဆေးရေး ပန်းချီလက်ရာများမှာ ပုံမဆွဲတတ် သူတစ်ဦးက ဆွဲထားသလိုပင် မည်သို့မျှ လက်ရာမကောင်း။ ဆေး သားများကလည်း ရိုးရိုးသင်္ဘောဆေးဖြင့် ဆွဲထားသလိုပင်။

နံရံဆေးရေးပန်းချီများကို လိုက်ကြည့်နေရင်း တစ်နေရာ တွင် ယုန်ကို လက်တစ်ဖက်ကကိုင်ကာ ကျန်တစ်ဖက်က သေနတ် ကို ထမ်းထားသည့် လူတစ်ယောက်၏ပုံကို တွေ့ရလေသည်။ ကျွန်တော်သည် ဧည့်လမ်းòန်၏ ရှင်းလင်းပြသနေမှုကို ခဏ လေး စောင့်ပြီး သူစကားရပ်သွားသည့်အခါ ယင်းပုံကို လက်ဖြင့် ထောက်ပြပြီး ”ဒီပုံက တစ်ခုခုထူးခြားနေသလိုပဲ”ဟု ပြောလိုက် သည့်အခါ ဧည့်လမ်းòန်က ”ဟုတ်တယ်။ မုဆိုးတစ်ယောက် အမဲလိုက်လာတဲ့အကြောင်းကို ဖော်ပြထားတာ” ဟု ပြန်ပြောသည်။

တခြားသော သတင်းထောက်များကလည်း သေချာ လာ ကြည့်ကြသည်။ ထိုအခါမှ ကျွန်တော်က ”ဘုရားရှင်လက်ထက်က သေနတ်မှ မပေါ်သေးတာ။ ဒီပုံမှာ သေနတ်ထမ်းထားတာဟာ အဓိပ္ပာယ်မရှိဘူး”ဟု စောဒကတက်လိုက်သည်။ ဧည့်လမ်းòွှန် လုပ်ပေးသည့် အမျိုးသားသည် ဘာမှ ပြန်မပြော။ အင်ဒိုနီးရှား အမျိုးသမီးသတင်းထောက်ကလည်း ယုန်ကိုသတ်ကာ သေနတ် ထမ်းထားသည့်ပုံသည် ဘုရားကျောင်းထဲတွင် မရှိသင့်ကြောင်း အကြံပြုသည်။ ထိုသတင်းထောက်သည် ဘုရားရုပ်တုများကို အမျိုးသမီးများ မကိုင်ရဟု ဆိုကတည်းက ကိုးရိုးကားရား မေး ခွန်းများကို မေးနေသူတစ်ဦးဖြစ်သည်။

ဧည့်လမ်းòန်အမျိုးသားသည် တခြားအကြောင်းအရာ များကို ရှင်းလင်းရင်း ယင်းနေရာမှ ထွက်သွားသည်။ ကျွန်တော် တို့အဖွဲ့နှင့်အတူလိုက်ပါလာသည့် လာအိုသတင်းထောက်တစ်ဦး ကကျွန်တော့်အနားသို့ကပ်လာပြီး ပန်းချီပုံကိုကြည့်ကာ  ”ပန်းချီ ဆရာက သူ့စိတ်ကူးထဲမှာရှိတာကို ဆွဲသွားတဲ့သဘော ဖြစ်မယ်”ဟု မှတ်ချက်ပြုပြီး ကျွန်တော့်ကို နှစ်သိမ့်လေသည်။

ကျွန်တော်တို့သည် ဘုရားကျောင်းထဲတွင် မိနစ် ၃ဝ ခန့် သာကြာသည်။ ဘုရားကျောင်းအပြင်ဘက်တွင် ပန်းချီကားများ ချိတ်ဆွဲထားပြီး ပန်းချီဆွဲနေသူတစ်ဦးကို တွေ့ရသည်။ ယင်းနှင့် မျက်နှာချင်းဆိုင်တွင် ချည်သားဖြင့် ပြုလုပ်ထားသည့် အမှတ် တရလွယ်အိတ်လေးများ၊ ပိုက်ဆံအိတ်များနှင့် ဆွဲကြိုးလေးများ ရောင်းချနေသည့် ဈေးဆိုင်လေးတစ်ခုကို တွေ့ရသေးသည်။

photo-Kyaw zayar htunဗီယန်ကျင်းမြို့လယ် တစ်နေရာ

နောက်ထပ်သွားရောက်သည့် ပြတိုက်မှာလည်းHOR PHRA KEOဆိုသည့် ဘုရားကျောင်းတစ်ခုပင်ဖြစ်သည်။ ခြံဝင်းကျယ်ကြီးထဲတွင် တရုတ်ဘုံကျောင်းနှင့်တူသော                     အဆောက်အအုံတစ်ခု ရှိသည်။ အနီရောင်အောက်ခံတွင် ရွှေ ရောင်ဆေးသုတ်ထားသည့် အဆောက်အအုံတစ်ခုဖြစ်သည်။ ယင်းအဆောက်အအုံထဲတွင်လည်း မျိုးစုံသော ရှေးဟောင်း ဘုရားဆင်းတုတော်များကို တွေ့ရသည်။ ယခုဘုရားကျောင်းကို ၁၅၆၅  တွင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ၁၉၃၆ တွင် အသစ် ပြန်လည်တည်ဆောက်ခဲ့သဖြင့် ယခုလို တရုတ်ဘုံကျောင်းကဲ့သို့ လှလှပပ မြင်တွေ့ရခြင်း ဖြစ်သည်။

ယင်းပြတိုက်များ၏ ဝင်ကြေးသည် လူတစ်ဦးလျှင် ၁ဝ,ဝဝဝ ကစ်ပ် (၁ဝယဝဝဝုငစ)ပေးရသည်။ မြန်မာကျပ်ငွေနှင့် ဆိုလျှင် ၂,ဝဝဝ ကျပ်ခန့်ရှိမည်။ ကျွန်တော်တို့သည် ပြတိုက်ထဲ တွင် ကြာကြာမနေ။ အချိန်မရတာကလည်း တစ်ကြောင်း၊ ပြီး တော့ တစ်နေကုန် ဟိုဝင်၊ ဒီထွက်နှင့် လာခဲ့ကြခြင်းဖြစ်ရာ ပင် ပန်းလှပြီဖြစ်သည်။ ထို့အပြင်ဘုရား၊ ကျောင်းကန်၊ စေတီပုထိုး များ ပေါများသည့် နိုင်ငံမှလာသော ကျွန်တော်တို့အတွက် ဘုရား ဖူးခရီးထွက်လာသကဲ့သို့ ဘုရားများကိုသာ ထပ်ကာထပ်ကာ သွားနေရခြင်းအတွက်လည်း အနည်းငယ်မျှ ပျင်းရိလာမိသည်။

ံဥျွ ဏျွံဗုနဥ ဘုရားကျောင်းမှ ထွက်လာပြီး နောက် ကျွန်တော်တို့သည် THAT LUANG ဆိုသည့် စေတီ တစ်ခုသို့ ထပ်မံသွားခဲ့ကြသည်။ မြန်မာပြည်က ဘုရားတွေလို ရွှေ ချထားခြင်းမဟုတ်ဘဲ ရွှေရောင်ဆေးသုတ်ထားသည့် စေတီတစ် ဆူဖြစ်သည်။ အုတ်တံတိုင်းကြီးများ ပတ်ပတ်လည်တွင် ကာရံ ထားပြီး အလယ်တွင် စေတီကိုတည်ထားခြင်း ဖြစ်သည်။ စေတီ ကြီးကို ခြံခတ်ထားသည့် သဘောမျိုးဖြစ်၏။ ယင်းစေတီကြီးသည် လာအိုနိုင်ငံ၏ အမှတ်အသားတစ်ခုလည်းဖြစ်လေသည်။

စေတီကြီး၏ ပရဝဏ်အတွင်းထဲသို့ ဝင်ရန် အပေါက်တစ် ပေါက်သာ ရှိသည်။ ကျွန်တော်တို့ရောက်သွားသည့်အခါ ညနေ ၅ နာရီထိုးတော့မည်ဖြစ်ရာ အဝင်တံခါးကို ပိတ်ထားလေသည်။ ထို့ကြောင့် အထဲမှ အစောင့်ကို တံခါးခေါက်ခေါ်ကာ အထဲသို့ ဝင် ကြရသည်။ အထဲတွင် စေတီထီးတည်းကြီးသာရှိ၏။ ကျန်တာ ဘာမျှမရှိ။ ဘေးပတ်ပတ်လည်တွင် မြက်များ ခင်းထားသည်။ ကျွန်တော်တို့သည် စေတီကြီးအရှေ့တွင် အမှတ်တရ ဓာတ်ပုံရိုက် ပြီး ပြန်ထွက်လာကြသည်။

စေတီကြီး၏ အနီးဝန်းကျင်တွင် ငှက်အရှင်ကလေးများကို လှောင်ချိုင့်ထဲထည့်ကာ ငှက်ရောင်းနေသူတစ်ဦးကို တွေ့ရသေး သည်။ မြန်မာနိုင်ငံတွင်လည်း ယင်းကဲ့သို့ ရောင်းချသူ များစွာ ရှိလေသည်။ စိတ်ထဲတွင် မည်သို့မျှ မခံစားရသော်လည်း မြန်မာ နိုင်ငံတွင် ရောင်းချနေသကဲ့သို့ ယခု လာအိုနိုင်ငံတွင် တွေ့ရသည့် အခါ ယင်းမြင်ကွင်းမှာ နိုင်ငံအတွက် ဂုဏ်ငယ်သလို ခံစားရသည်။

စေတီကြီး၏ ပတ်ဝန်းကျင်တွင် အုတ်များကို ညီညာစွာခင်း ထားသည့် ကွင်းပြင်ကျယ်များရှိသည်။ အဆိုပါ ကွင်းပြင်ကျယ် တွင် ပွဲလမ်းသဘင်များ ကျင်းပကြသည်ဟုဆိုသည်။  ထိုနေရာ တွင် အနီရောင်ကော်ဇောများ ခင်းထားကာ အဖြူရောင်ဆင်တူ ဝတ်စုံများ ဝတ်ထားသည့် ယောဂလေ့ကျင့်နေကြသူများကို တွေ့ ရသည်။

ထိုအချိန် မိုးဖွဲလေးများ ကျလာသဖြင့် ယောဂလေ့ကျင့် နေကြသူများ မိုးလွတ်ရာ ထွက်ပြေးကြလေသည်။ ယခုလို ကျန်း မာရေးလုပ်နေကြသော လာအိုနိုင်ငံသားများကို တွေ့ရသဖြင့် သူ တို့ကို စိတ်ထဲက ချီးကျူးနေမိသည်။

ယနေ့ညနေအတွက် နောက်ဆုံးသွားရောက်ရမည့်နေရာ က ဗီယန်ကျင်းမြို့တော်၏ အထင်ကရ အမှတ်အသားဖြစ်သည့် VICTORY GATE ပင်ဖြစ်သည်။ ယင်းအဆောက်အအုံကြီးသည် ကားလမ်းမ၏ အဝိုင်းပတ်သဖွယ်ရှိနေပြီး အများပြည်သူ နားနေ အပန်းဖြေစရာ နေရာတစ်ခုအဖြစ် ပြုလုပ်ပေးထားသည်။ ပြင် သစ်အုပ်ချုပ်မှုအောက်က လွတ်မြောက်ဖို့ အသက်ပေးစွန့်လွှတ် ခဲ့ကြသူများကို ဂုဏ်ပြုခြင်းနှင့် ၁၉၄၉  လွတ်လပ်ရေး အထိမ်း အမှတ်အဖြစ် ၁၉၅၇ က တည်ဆောက်ထားခြင်းဖြစ်သည်။ ပြင်သစ်နိုင်ငံ၊ ပဲရစ်ရှိ ARC DE TRAOMPHE ဂိတ်ကြီးနှင့် အလား သ္ဌာန်တူသည့် ပုံစံမျိုး တည်ဆောက်ထားခဲ့ခြင်းဖြစ်သည်။

အဆိုပါ အဆောက်အအုံကြီး ရှိရာနေရာတွင် ကားရပ် လိုက်သည်နှင့် ကျွန်တော်တို့အဖွဲ့မှာ ခြံဖွင့်ပေးလိုက်သည့်အခါ ရေထဲသို့ ပြေးဆင်းသွားကြသည့်ဘဲများပမာ ကားပေါ်မှ ပြေး ဆင်းသွားကာ ဓာတ်ပုံရိုက်ကြလေသည်။ အဆောက်အအုံကြီး၏ အပေါ်သို့တက်ကာ ဗီယန်ကျင်းမြို့တော်၏ အလှကို ကြည့်ရှုခံစား နိုင်သော်လည်း ကျွန်တော်တို့ရောက်သွားသည့်အချိန်မှာ အဆောက် အအုံပိတ်ချိန် ဖြစ်နေသောကြောင့် အဝေးကသာ ဓာတ်ပုံရိုက်ခဲ့ရ လေသည်။

ကျွန်တော်တို့သည် ယင်းနေရာတွင် အချိန်ကြာကြာမရ အပြေးအလွှား ဓာတ်ပုံရိုက်ပြီး ညစာစားရမည့်နေရာသို့ ထွက် ခဲ့ကြရသည်။ ဗီယန်ကျင်းမြို့သည် ရုံးတက်၊ ရုံးဆင်းချိန်များတွင် ကားလမ်းပိတ်တတ်သည်ဟု ဧည့်လမ်းòန်က ဆိုသော်လည်း ညနေ ၅ နာရီကျော်လာသည့်အထိ ကားလမ်းမတွင် ကားများ တန်းစီကာ ပိတ်ကျပ်နေတာမျိုး မတွေ့ရ။ ကားလမ်းမတွင် ကား များကတော့ အဆက်မပြတ် သွားလာနေကြသည်။

ယခုလို လူသွားလူလာရှင်းပြီး ကားများနှင့် ရှုပ်ထွေးမနေ ခြင်းမှာ ဗီယန်ကျင်းမြို့တော်၏ လူဦးရေမှာ ၇ သိန်းကျော်သာ ရှိခြင်းကြောင့်လည်း ဖြစ်မည်။ လာအိုနိုင်ငံ၏လူဦးရေမှာလည်း ၇ သန်းခန့်သာရှိရာ ရန်ကုန်မြို့တွင် နေထိုင်သည့် လူဦးရေမျှသာ ရှိလေသည်။

ကျွန်တော်တို့ ညစာစားမည့်နေရာမှာ VICTORY GATE နှင့် သိပ်မဝေး။ ကားလမ်းမဘေးရှိ ခြံဝင်းထဲက စားသောက်ဆိုင်လေး တစ်ခုဖြစ်သည်။ စားသောက်ဆိုင်မှာ သစ်သားဖြင့် ဆောက်လုပ် ထားသည့် အဆောက်အအုံ ဖြစ်သည်။ လူနေအိမ်တစ်လုံးနှင့်သာ တူတော့သည်။ ခြံထဲတွင် သစ်ပင်ပန်းပင်များနှင့် အုံ့ဆိုင်းနေသည်။

ဆိုင်ထဲတွင်စားပွဲများ ကြိုတင်ခင်းကျင်းပေးထားသည်။ ကျွန်တော်တို့အားလုံး မျက်နှာချင်းဆိုင် သဘောမျိုး တစ်စုတစ် စည်းတည်း ထိုင်ရလေသည်။ လာအိုနိုင်ငံသို့ ယနေ့မှ စရောက် ခဲ့ခြင်းဖြစ်ရာ ကျွန်တော်တို့ကို အစိုးရတာဝန်ရှိသူများက လာ ရောက်တွေ့ဆုံကြမည်ဖြစ်သည်။ ထို့ကြောင့် အစိုးရအရာရှိကြီး များ လာမည့်အချိန်ထိ ဘာမှ မစားမသောက်ဘဲ စောင့်ဆိုင်းနေ ကြရသည်။

၄၅ မိနစ်ခန့် စောင့်ဆိုင်းပြီးသည့်အခါမှာတော့ အစိုးရ အရာရှိများ အပါအဝင် လူ လေး၊ ငါးယောက်ခန့်ရောက်လာကြ သည်။ သူတို့သည် သီးသန့်နေရာချထားသည့် စားပွဲခုံတွင် ထိုင် ကြသည်။ ကျွန်တော်တို့အဖွဲ့ကို ဦးဆောင်လာသော CTJ နှင့် LJA (Lao Journalists Assoctation) အဖွဲ့မှ တာဝန်ခံများ လည်း သူတို့နှင့်အတူ ထိုင်ကြသည်။

င်း ရောက်လာသည့်အခါမှာ ကျွန်တော်တို့ရှေ့သို့ ဟင်းပွဲ၊ ထမင်းပွဲများ တစ်ခုပြီး တစ်ခုရောက်လာလေတော့သည်။ အစိုးရ အရာရှိကြီးဆိုသူမှာ လာအိုနိုင်ငံအစိုးရ၏ ပြန်ကြားရေး၊ ယဉ် ကျေးမှုနှင့် ခရီးသွားလာရေး ဒုဝန်ကြီး (Deputy Minister of Information, Culture and Tourism) Mr Savankhone Razmountryဖြစ်သည်။ ဒုဝန်ကြီးသည် အသားညိုကာ နဖူး ပြောင်သည်။ အရပ်က မနိမ့်မမြင့်။ သူ့မျက်နှာပေါ်တွင် ဖော်ရွေ သည့် အရိပ်အရောင် မတွေ့ရ။ ပြည်သူ့ဝန်ထမ်းတစ်ဦး၏ အပြု အမူမျိုးထက် သူဌေးတစ်ဦး၏ အပြုအမူမျိုးကို သူ့ထံတွင် ထင် ထင်ရှားရှားတွေ့ရသည်။

ဒုဝန်ကြီးနှင့် LJAအဖွဲ့မှ ဥက္ကဋ္ဌတို့က အမှာစကား ပြောကြ သည်။ ပြီးခဲ့သည့်နှစ်က လာအိုနိုင်ငံသို့ လာရောက် လည်ပတ် သည့် ခရီးသွားဧည့်သည်မှာ လေးသန်းခန့်ရှိခဲ့ပြီး ရှေ့လာမည့် ခရီးသွားရာသီ(၂ဝ၁၈-၂ဝ၁၉)တွင် နိုင်ငံခြားသား ဧည့်သည် ငါးသန်းခန့် လာရောက်မည်ဟု ရည်မှန်းထားကြသည်။ ပြီးလျှင် ၂ဝ၁၈ သည် လာအိုနိုင်ငံ၏ Visit Laos Yearဖြစ်သည့်အတွက် သူတို့နိုင်ငံအကြောင်းကို သက်ဆိုင်ရာနိုင်ငံများမှ စာဖတ် ပရိသတ် သိစေရန် စာရေးသားပေးကြဖို့ကိုလည်း ဒုဝန်ကြီးက မေတ္တာရပ်ခံသည်။

အမှာစကားပြောပြီးသွားသည့်အခါ ဒုဝန်ကြီးသည် ကျွန်တော်တို့ကို တစ်ဦးချင်းလိုက် နှုတ်ဆက်သည်။ ကျွန်တော့် အနားသို့ ရောက်လာသည့်အခါ လက်ဆွဲနှုတ်ဆက်အပြီး ကျွန် တော့်လည်ပင်းတွင် ဆွဲထားသည့် နာမည်ကတ်ပြားကို ဆွဲယူပြီး ဖတ်ကြည့်သည်။ ပြီးလျှင် သည်အတိုင်း ပြန်လွှတ်ချလိုက်သည်။ ထို့နောက် နောက်တစ်ယောက်ကို ထပ်၍ နှုတ်ဆက်သည်။

ထိုသို့ ပြုမူခံရသည့်အတွက် ကျွန်တော်သည် စိတ်ထဲ မခံချိ မခံသာဖြစ်သွားသည်။ တွေ့တွေ့ချင်း ဆောက်နဲ့ထွင်းသလို ခံလိုက်ရ၏။ ဒုဝန်ကြီး၏စိတ်ထဲ သဘောရိုးဖြင့် ယူကြည့်မိသည်ဟု ဆိုသည့်တိုင် ယင်းအပြုအမူသည် ရိုင်းပျသည့် အပြုအမူဟု ခံစားရသည်။

ဒုဝန်ကြီးအနီးတွင် လူများက ရိုရိုကျိုးကျိုးဖြင့် အရိုအသေ ပေးနေကြသည်ကို မြင်ရသည်မှာလည်း မြန်မာနိုင်ငံ၏ ၁၉၉ဝ များအလွန် စစ်အာဏာရှင်အုပ်ချုပ်ခဲ့သည့်ကာလများက ရုပ်မြင် သံကြား သတင်းများတွင် မကြာခဏမြင်ရသည့် မြင်ကွင်းများကို ပင် သတိရစေသည်။ ပြီးလျှင် ဘန်ကောက်တွင် ကျင်းပခဲ့သည့် ကျွန်တော်တို့ခရီးစဉ် ဖွင့်ပွဲအခမ်းအနားတွင် တွေ့ရသော ထိုင်း နိုင်ငံခရီးသွားနှင့် အားကစားဝန်ကြီးကိုပင် ပြေးမြင်မိသည်။

ကျွန်တော်တို့ကို ဧည့်ခံသည့် လာအိုရိုးရာအစားအသောက် များမှာ ကချင်ရိုးရာ အစားအသောက်များနှင့်လည်း တူသည်။ သူတို့၏ ဝက်အူချောင်းဆိုလျှင် ကျွန်တော်တို့ဆီက ကယားဝက် အူချောင်းနှင့် ပုံစံတူပင်ဖြစ်သည်။

ကျွန်တော်တို့ ညစာစားသောက်နေစဉ် စားသောက်ဆိုင်မှ လာအိုရိုးရာ အတီးအမှုတ်အကများနှင့် ဖျော်ဖြေပေးကြသည်။ ညစာစားပြီး ပြန်ထွက်လာကြသည့်အခါ ည ၉ နာရီခန့်ရှိပြီ ဖြစ် သည်။ မူလအစီအစဉ်အရ ဗီယန်ကျင်းမြို့ထဲသို့ ညဘက်လည် ပတ်ကြမည့် အစီအစဉ်ရှိသော်လည်း မိုးရွာနေသည့်အတွက် ယင်းအစီအစဉ်ကို ဖျက်လိုက်ကြသည်။ ထို့ကြောင့်  တည်းခိုရမည့် ဟိုတယ်သို့သာ တန်းသွားခဲ့ကြသည်။

ဟိုတယ်နှစ်လုံးကို အဖွဲ့နှစ်ဖွဲ့ ခွဲကာ တည်းကြသည်။ ကျွန် တော်တို့အဖွဲ့တည်းသည့် ဟိုတယ်က Mercureဆိုသည့် ဟို တယ်ဖြစ်သည်။ ကိုလိုနီခေတ်အဆောက်အအုံပုံစံမျိုးဖြစ်ပြီး ဟိုတယ်ဟောင်းတစ်ခုလို ထင်ရသည်။ သို့သော် ဟိုတယ်ထဲတွင် သပ်သပ်ရပ်ရပ် ပြင်ဆင်ထားသလို အိပ်ခန်းများကလည်း အဆင့် မြင့်သည်။ ကျွန်တော်တို့သည် တစ်ယောက် တစ်ခန်း နေရခြင်း ဖြစ်၏။

ဟိုတယ်အခန်းထဲသို့ ရောက်သည့်အခါ ည ၁ဝ နာရီကျော် လေပြီ။ ကျွန်တော်တို့၏ မူလအစီအစဉ်ဖြစ်သော Night City Tour အစီအစဉ်ပျက်သွားသော်လည်း ကျွန်တော်သည် ဗီယန်ကျင်းမြို့၏ ညဘက်မြင်ကွင်းများကို သိရဖို့ တစ်ကိုယ်တည်း ထွက်လည်ရန် စီစဉ်လိုက်သည်။

လာအိုနိုင်ငံတွင် အနှိပ်ခန်းနှင့်Spa များ နေရာအနှံ့တွင် တွေ့ရသည်။ ယခုလည်း ဟိုတယ်ရှေ့ ကားလမ်းတစ်ဖက်တွင် သုံး၊ လေးခုခန့် တွေ့ရသည်။ ဈေးနှုန်းများမှာ မြန်မာကျပ်ငွေနှင့် တွက်လျှင် တစ်နာရီ ငါးထောင်မှ တစ်သောင်းအထိ ရှိသည်ကို တွေ့ရသည်။

ကျွန်တော်သည် ရေချိုးပြီးသည်နှင့် ဘားထိုင်ဖို့ အပြင်သို့ ထွက်ခဲ့သည်။ ဓာတ်လှေကားထဲတွင် လာအိုသတင်းစာဆရာများ အသင်းမှ လာအိုသတင်းထောက်တစ်ယောက်နှင့် တွေ့သည်။ ဘားသွားမည့်အကြောင်း ပြောသည့်အခါ သူလိုက်ပို့ပေးမည်ဟု ဆိုသည်။

Vang Vieng မြို့ရှိတောင်တန်းများနှင့် Nam Song မြစ်ရှုခင်း

ကျွန်တော်တို့နှစ်ယောက်သည် ဟိုတယ်နှင့်မလှမ်းမကမ်းရှိ လမ်းကြားထဲသို့ ချိုးဝင်လိုက်ကြသည်။ ရှေ့သို့ သုံးလေး မိနစ် လောက် လမ်းလျှောက်လိုက်သည်ဆိုလျှင်ပဲ ဘီယာဆိုင်ကြီးတစ် ဆိုင်ကို တွေ့ရလေသည်။ ကျွန်တော်တို့ဆီက ဘီယာဆိုင်များကဲ့သို့ ဆိုင်ထဲတွင် ဆူညံနေသည်။ ဆိုင်ထဲရှိ တီဗီများတွင် က္ဘာ့ဖလား ဘောလုံးပွဲများ ပြပေးထားသည်။

လာအိုသတင်းသမားက ဆိုင်ထဲတွင် ဘီယာသောက်နေ သော သူ့မိတ်ဆွေနှင့်တွေ့သဖြင့် ကျွန်တော့်ကို မိတ်ဆက်ပေးသည်။ ထိုလူငယ်က သူတို့ဝိုင်းတွင် ထိုင်ဖို့ပြောသည်။ သို့သော် ဘားတွင် သွားထိုင်မည့်အကြောင်းပြောပြီး ကျွန်တော့်ကို ခေါ် လာသူက ဆိုင်ထဲသို့ဆက်ဝင်သွားသည်။ သူသည် ဘီယာဆိုင် ကြီး၏ ငွေရှင်းကောင်တာ ဘေးရှိ လိုက်ကာအမည်းရောင် ကာ ထားသည့် အပေါက်ထဲသို့ဝင် သွားလေ၏။

လိုက်ကာကိုဖွင့်ပြီး အထဲသို့ဝင်လိုက်သည့်အခါ အခန်းထဲ တွင် သီချင်းသံနှင့် ဆူညံနေသည်။ အလင်းရောင် ခပ်မှိန်မှိန် အမှောင်ခန်းတစ်ခုဖြစ်သည်။ စတိတ်စင်ပေါ်တွင် လိုက်ဖ်  သီဆို နေကြခြင်း ဖြစ်သည်။ ယင်းစတိတ်စင် အရှေ့ရှိ ခြေတံရှည်စားပွဲ ဝိုင်းများတွင် လူများ အစုလိုက်အစုလိုက်ဖြင့် မတ်တတ်ရပ် သောက်စားနေကြလေသည်။

အသံများ ဆူညံကာ အထဲတွင် မှောင်မည်းနေသဖြင့် တခြားနေရာသို့ ထပ်မံသွားရောက်ရန် အကြံပြုလိုက်သည်။ ထိုအခါ ကျွန်တော့်ကို ခေါ်လာသူက သူ့သူငယ်ချင်းဆိုင် သွားမည်ဟု ဆိုကာ ဘီယာဆိုင်ထဲမှ ပြန်ထွက်လာခဲ့ကြသည်။ ကျွန်တော် တို့သည် အဆိုပါလမ်းသွယ်လေးအတိုင်း ပြန်ထွက်လာပြီး ကား လမ်းမကြီးတစ်ဖက်ကိုကူးကာ လမ်းသွယ်အတိုင်း ဆက်လျှောက် သွားကြသည်။ ည ၁ဝ နာရီကျော်ပြီဖြစ်ရာ ကားလမ်းမနှင့် လမ်းသွယ်တို့တွင် လူရှင်းနေသည်။

ငါးမိနစ်ခန့် လျှောက်လိုက်သည်နှင့် မဲခေါင်မြစ်ကမ်းဘေး သို့ ရောက်သွားသည်။ ယင်းကမ်းနားလမ်းတွင် ဘီယာဆိုင် တချို့ ကို တွေ့ရသည်။ သို့သော် ဆူညံမနေဘဲ တိတ်ဆိတ်နေသည်။ အနှိပ်ခန်းများလည်း ရှိသည်။ ကမ်းနားလမ်းအတိုင်း ဆက် လျှောက်သွားသည့်အခါ ဘားတစ်ခုကို တွေ့သည်။ ယင်းမှာ Mr.SOUPHAKSONE SILAPHET (Lao National TV-NEWS Anchor/ Journalist ၏ မိတ်ဆွေဆိုင် ဖြစ်လေသည်။

ဆိုင်ထဲတွင် အမျိုးသားလေးယောက် ဘားကောင်တာတွင် ထိုင်လျက် ဘီယာသောက်နေကြသည်။  ၎င်းတို့၏ အနောက်ဘက် တွင်တော့ အနက်ရောင် ကြိုးတစ်လုံးအင်္ကျီများ ဝတ်ထားသည့် အမျိုးသမီးငါးယောက် အော်ဟစ် ရယ်မောနေကြသည်။ သူတို့ သည် ဝိုင်နှင့် ဘီယာ သောက်ကာ မူးနေကြခြင်းဖြစ်သည်။     

ကျွန်တော်တို့ ဆိုင်ထဲသို့ ဝင်သွားသည့်အခါ Mr. SOUPHAKSONE ၏ သူငယ်ချင်း အမျိုးသမီးတစ်ယောက် ထွက်လာပြီး နှုတ်ဆက်သည်။ ပြီးတော့ ”ဘာသောက်မလဲ”ဟု မေးသည့်အခါ ကျွန်တော်က Cuba Libreတစ်ခွက် မှာလိုက် သည်။ Mr. SOUPHAKSONE ကလည်း ထိုအတိုင်း မှာသည်။

ဘားဆိုင်သည် အကျယ်ကြီးမဟုတ်။ မျက်နှာစာမှာ ၁ဝ ပေခန့်သာ ရှိမည်။ အတွင်းဘက်မှာလည်း ၁၅ ပေခန့်သာရှိ၏။ ယင်းနေရာကျဉ်းကျဉ်းလေးတွင် ဘားဆိုင် ဖွင့်ထားခြင်းဖြစ် သည်။ သို့သော် ဘားဆိုင်အနောက်ဘက်တွင် အဆောက်အအုံ တစ်ခုရှိပြီး ယင်းအဆောက်အအုံနှင့် ဘားဆိုင်ကို သစ်သားတံ တားလေးဖြင့် ဆက်သွယ်ထားသည်ကို တွေ့ရသည်။

ဆိုင်ထဲတွင် သီချင်းဖွင့်ထားသော်လည်း သီချင်းသံမှာ ဆိုင်ထဲက အမျိုးသမီးများ၏ အသံကို မကျော်နိုင်။ သူတို့သည် ဘားဆိုင်သို့လာသည့် ဧည့်သည်မဟုတ်ဘဲ ဘားဆိုင်သို့လာသည့် ဧည့်သည်များကို တခြားသော ဝန်ဆောင်မှုများ ပေးမည့် ဆိုင်ဝန် ထမ်းများဖြစ်ဟန်ရှိသည်။ သူတို့သည် အတော်ပင် မူးနေကြ သည်။ တစ်ဦးနှင့်တစ်ဦး အမူအရာအမျိုးမျိုးလုပ်ကာ ဓာတ်ပုံတွေ ရိုက်လိုက်ကြ၊ ကလိုက်ကြနှင့်။

Photo-Kyaw Zayar Htun Vang Vieng မြို့တွင် Zipline စီးရမည့် ဆောင်ခြေစခန်းသို့သွားရောက်ခဲ့ကြစဉ်

ဘားဆိုင်ကို သေချာကြည့်သည့်အခါမှ အနောက်ဘက်ရှိ အဆောက်အအုံသည် ညောင်းညာတတ်သူများအတွက် အနှိပ်ခံ နိုင်သည့် နေရာဖြစ်ကြောင်း တွေ့ရသည်။ ဆိုင်ထဲမှ မိန်းကလေး များသည် အနှိပ်ခန်းမှ ဝန်ထမ်းများ ဖြစ်ဟန်ရှိသည်။

ကျွန်တော်တို့ထိုင်နေသည့်အချိန်မှာပင် မျက်နှာဖြူနိုင်ငံခြားသားတစ်ယောက်နှင့် ဆိုင်မှ မိန်းကလေးတစ်ယောက်သည် အပြင်မှ ပြန်လာကြသည်ကို တွေ့ရသည်။ ခဏအကြာတွင် နိုင်ငံ ခြားသားတစ်ယောက် ထပ်မံရောက်ရှိလာပြီး ဆိုင်ထဲမှ မိန်း ကလေးတစ်ဦးနှင့်အတူ အနောက်ဘက် သစ်သားတံတားလေး ပေါ်သို့ တက်သွားကြသည်။

ကျွန်တော်တို့နှစ်ယောက်လည်း ခဏသာထိုင်ပြီး ဆိုင်ရှင် အမျိုးသမီးကို နှုတ်ဆက်ကာ ပြန်လာခဲ့ကြသည်။ မဲခေါင်မြစ် ကမ်းနားတွင် လေက တဖြူးဖြူးတိုက်နေသည်။ ညနေပိုင်းက မိုးရွာထားသည့်အတွက် တိုက်သည့်လေက အေး၍ပင်နေ၏။ မနက်ဖြန် စောစောထကာ ဟိုတယ်မှ Check Outလုပ်ရ မည်။ ပြီးလျှင် Vang Veing သို့ ခရီးဆက်ရမည် ဖြစ်၏။

Vang Veing မြို့သို့ ခရီးနှင်

ဟိုတယ်တွင် မနက်စာစားပြီးသည့်နောက် မနက် ၆ နာရီ ခွဲတွင် ခရီးဆက်ဖို့ ပြင်ဆင်ကြသည်။ ဟိုတယ်အပြင်ဘက်တွင် Hi Ace အန်စာတုံးကား ငါးစီးက အသင့်စောင့်ဆိုင်းနေသည်။ ယင်းကားများဖြင့် Vang Veing မြို့ သို့ သွားရမည်ဖြစ်၏။ ကားများမှာ မြန်မာနိုင်ငံတွင် အတွေ့ရများသည့် တစ်ပတ်ရစ် ကားများသာ ဖြစ်သည်။ ကျွန်တော်လိုက်ရမည့် ကားတွင် မြန်မာ နိုင်ငံမှ ကျွန်တော်တို့နှစ်ယောက်၊ ဖိလစ်ပိုင်မှ သတင်းသမားနှစ် ယောက်နှင့် လာအိုနိုင်ငံမှ သတင်းသမားသုံးယောက်တို့ အတူ စီးရသည်။

ဗီယန်ကျင်းမြို့၏ နံနက်ခင်းအချိန်တွင် ကားလမ်းမက ရှင်းနေသည်။ လမ်းတွင် လူ သွားလူလာ သိပ်မရှိ။ လမ်းဘေး ပလက်ဖောင်းတွင် မနက်ခင်းဈေးဆိုင်လေးများ ဖွင့်ထားကြ သည်ကို တွေ့ရသည်။ ဗီယန်ကျင်းမြို့က ထွက်လာသည်နှင့် လမ်း တစ်ဖက်တွင် လယ်ကွင်းများကို တွေ့ရသည်။ လယ်ကွင်းများတွင် လူများ တိုးချဲ့နေထိုင်လာကြဟန်ရှိသည်။ ခြံခတ်ထားသည့် လယ်ကွင်းများကို တွေ့ရသလို ကားလမ်းမဘေးက လယ်ကွင်း များကတော့ မြေဖို့ကာ လူနေအိမ်များ ဈေးဆိုင်များ ဆောက် လုပ်ထားကြသည်ကို တွေ့ရသည်။ ကျွန်တော့်စိတ်ထဲ တောင်ဒဂုံ စက်မှုဇုန်ထဲကို ဖြတ်သွားရသလိုပင် ခံစားရသည်။

မြို့အထွက်ဆီဆိုင်တွင် ကားများကို ဆီဖြည့်ကြသည်။ ဆီဆိုင်၏ ပုံစံက မြန်မာနိုင်ငံတွင် တွေ့ရသည့် ဆီဆိုင်များနှင့် တူ သည်။ လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့တွင် မနေ့ကတည်းက တွေ့သမျှအရာတို့သည် မြန်မာနိုင်ငံနှင့် အတော်ပင်တူသည်။ အညာဒေသ၏ ပုံစံမျိုးထက် ရှမ်းပြည်နယ်တွင် မြင်တွေ့ရလေ့ ရှိသော မြင်ကွင်းများနှင့် ဆင်တူလောက်ရှိသည်။ အစား အသောက်များမှာလည်း ကချင်ပြည်နယ်တွင် စားဖူးသည့် တချို့ အစားအစာများနှင့် အရသာတူသည်ဟု ခံစားရ၏။

နိုင်ငံသူ၊ နိုင်ငံသားများ၏ အသားအရေ၊ အသားအရောင် နှင့် အရပ်အမောင်းတို့မှာလည်း မြန်မာများနှင့် တစ်ပုံစံတည်း ဖြစ်ပြီး ရန်ကုန်မြို့ရှိ ရပ်ကွက်များထဲ ခပ်တည်တည် ဝင်သွားမည် ဆိုလျှင်ပင် လာအိုနိုင်ငံသားမှန်း မည်သူမှ သိမည်မဟုတ်။

Vang Veing မြို့သို့သွားသည့်လမ်းမှာ ကတ္တရာလမ်း ဖြစ်ပြီး လမ်းကောင်းဖြစ်သည်။ လမ်းတစ်လျှောက်တွင် လယ် ကွင်း၊ စိုက်ခင်းနှင့် လူနေအိမ်များကို တွေ့ရသည်။ လယ်ကွင်း များတွင် စပါးများစိုက်ပျိုးထားပြီး ကြပြီဖြစ်သည်။ တစ်ခါတလေ လယ်ကွင်းထဲတွင် ဆင်ရုပ်ကြီးများကို တွေ့ရသည်။ ယင်းမှာ စပါး စိုက်ပျိုးပြီးဖြစ်သည့်အတွက် လယ်သမားများ စုပေါင်းကာ ကောက်သစ်စားပွဲကျင်းပထားခြင်းဖြစ်သည်ဟု ဆိုသည်။

ကျွန်တော်တို့ မော်ကွန်းမဂ္ဂဇင်းမှ အယ်ဒီတာတစ်ဦးက လာအိုနိုင်ငံ၏ မြေမြှုပ်မိုင်းများအကြောင်းကို အချိန်ရလျှင် လေ့လာခဲ့ဖို့ ပြောသဖြင့် ကျွန်တော်သည် ကားထဲတွင် လိုက်ပါလာသည့် လာအို သတင်းထောက်တစ်ဦးကို မြေမြှုပ်မိုင်းများ အကြောင်း မေးကြည့်ဖြစ်သည်။

သူသည် ပါးစပ်မှ ‘အိုး’ ဆိုသည့် အာမေဍိတ်သံ အရင်ဆုံး ထွက်လာသည်။ ပြီးလျှင် မြေမြှုပ်မိုင်းနှင့် ဗုံးသီးများမှာ သူတို့ နိုင်ငံ၏ လူဦးရေထက် အဆပေါင်းများစွာ များပြားသည်ဟုဆို သည်။ လာအိုနိုင်ငံ၏ အရှေ့ဘက် ဗီယက်နမ်နယ်စပ်တစ် လျှောက်တွင်ရှိပြီး နိုင်ငံ၏ တောင်ပိုင်းနယ်စပ်တစ်လျှောက်တွင် အများဆုံး ဖြစ်ကြောင်း ရှင်းပြသည်။

လယ်ယာစိုက်ပျိုးကြသူများ လယ်ယာလုပ်ငန်း လုပ်ကြ သည့်အခါ ပေါက်တူးများနှင့် ပေါက်မိပြီး ပေါက်ကွဲတတ်ကြ သည်။ တချို့ဗုံးသီးများမှာ ပေါက်ကွဲခြင်း မရှိကြတော့ဟုဆိုသည်။ ဗုံးသီးများမှာ ဂေါက်သီးအရွယ်အစားခန့်ဖြစ်ရာ ကလေးများက ဗုံးသီးများနှင့် ဆော့ကစားပြီး ပေါက်ကွဲတတ်တာမျိုးလည်း ရှိ သည်ဟုပြောသည်။

တောသူတောင်သားများသည် ပေါက်ကွဲပြီးသား မိုင်းများ၊ ဗုံးများကို အိမ်အသုံးအဆောင်အဖြစ် အသုံးပြုတတ်ကြသည်။ တချို့ဆိုလျှင် လယ်ယာလုပ်ငန်းလုပ်ကိုင်ရင်း ရရှိထားသည့် ဗုံးခွံ များကို အိမ်ဆောက်သည့်အခါ အောက်ခံမြေသားအဖြစ် ထည့် သွင်းအသုံးပြုကြသည်ဟု ဆိုသည်။

တောတောင်များတွင် ကြဲချခဲ့သည့် ဗုံးများသည် တောင် မြေပြိုသည့်အခါ၊ ရေတိုက်စားသည့်အခါ မြေပြင်အထက်သို့ ပေါ်လာတတ်ပြီး နေရာအနှံသို့ ရောက်ရှိသွားကာ နှစ်စဉ် ဗုံး အ္တရာယ်ကို ကြုံတွေ့နေရဆဲဖြစ်သည်ဟု ဆိုသည်။ ယင်းသို့ နှစ် စဉ်ဖြစ်နေသည့်အတွက် ဗုံးရှင်းလင်းရေးလုပ်ငန်းများ ဆောင် ရွက်နေသော်လည်း ဗုံးအားလုံး ရှင်းလင်းသွားဖို့မှာ မလွယ်ကူကြောင်း ရှင်းပြသည်။ ယခု ကျွန်တော်တို့သွားသည့် နေရာတွင် ဗုံးအ္တရာယ်ရှိလားဟု မေးကြည့်သည့်အခါ မရှိဟု ဆိုသည်။

ယင်းဗုံးသီးများမှာ ၁၉၆၄ မှ ၁၉၇၃ အထိ ကိုးနှစ်ကြာ ဖြစ် ပွားခဲ့သည့် အမေရိကန်-ဗီယက်နမ်စစ်ပွဲကာလတွင် အမေရိကန် လေတပ်မှ လာအိုနယ်စပ်တစ်လျှောက် ကြဲချခဲ့သည့် ပဒေသာဗုံး (Cluster Bomb)များပင်ဖြစ်သည်။ အဆိုပါ ဗုံးများနှင့် ပတ်သက်၍ ပြတိုက်ရှိလားဟု မေးကြည့်သည့်အခါ ဗီယန်ကျင်းမြို့တွင် ရှိသည်ဟုဆိုသည်။ ထို့ကြောင့် အချိန်ရလျှင် ထိုပြတိုက်သို့ သွား ရောက်လေ့လာရန် ဆုံးဖြတ်လိုက်သည်။

Vang Veing မြို့သို့ရောက်ရန် လေးနာရီကြာမျှ ကား မောင်းလိုက်ရသည်။ Vang Veing မြို့ ကိုရောက်တော့ မနက် ၁ဝ နာရီခွဲပြီ။ ယင်းမြို့သို့ ရောက်သည်နှင့် ထင်ထင်ရှားရှား တွေ့ရသည်က တောင်ကြီးများပင်ဖြစ်သည်။ တောင်များ၏ ပုံ သ္ဌာန်က ကရင်ပြည်နယ်တွင်တွေ့ရသည့် ဇွဲကပင်တောင်ကဲ့သို့ သော တောင်ကြီးများက အတန်းလိုက် သွယ်တန်းနေသည်။ တောင်ထိပ်နှင့် တောင်တန်းများကြားတွင် မြူများက ရစ်ဆိုင်း ကာ နေ၏။

photo-kyaw zayar htun Zipline စီးပြနေသည့် Zipline စခန်းမှ ဝန်ထမ်းတစ်ဦး

Vang Veing မြို့လေးသည် ခရီးသွားအပန်းဖြေစရာ နေရာလေးတစ်ခုအဖြစ် သီးသန့်ရှိနေသည့် နေရာလေးတစ်ခု ဖြစ်ဟန်ရှိသည်။ လမ်းတိုင်းတွင် ဈေးဆိုင်များနှင့် ပြည့်နေသည်။ မျိုးစုံသော အနှိပ်ခန်းများ၊ စားသောက်ဆိုင်၊ ဘီယာဆိုင်နှင့် ဘား များ၊ ကော်ဖီဆိုင်၊ စက်ဘီးအငှားဆိုင်၊ ကရွက်ကင်းလှေနှင့် ဘက် ကီအငှားဆိုင်၊ အမှတ်တရပစ္စည်းအရောင်းဆိုင်၊ အထည်ဆိုင် စသဖြင့် စုံလင်လှသည်။ အနယ်နယ်အရပ်ရပ်သို့ သွားသည့် အဝေးပြေးကားလက်မှတ်ရောင်းသည့် ဆိုင်များလည်းရှိသည်။ ကာရာအိုကေဆိုင်များကိုလည်း တွေ့ရသည်။

ယင်းဆိုင်များအနက် အများဆုံးတွေ့ရသည်မှာ အနှိပ်ခန်း နှင့် များသာ ဖြစ်သည်။ ဆိုင်အပြင်ဘက်တွင် အနှိပ်ခံလိုပါ ကလည်း ဆိုင်အပြင်တွင် ဆိုဖာခုံကြီးများ ချထားပေးသည်။

ဟိုတယ်များကလည်းလမ်းဘေးတစ်လျှောက်စီတန်းကာ ဆောက်လုပ်ထားသည်။ ကျွန်တော်တို့သည် တည်းခိုမည့် ဟို တယ်သို့ ဦးစွာ သွားကြသည်။ ကျွန်တော်တို့နေရမည့် ဟိုတယ် သည် ချောင်းကမ်းဘေးတွင် ဖြစ်သည်။ ချောင်းကမ်းတစ်ဖက် မလှမ်းမကမ်းတွင် မြူခိုးများရစ်ဆိုင်းနေသည့် တောင်ကြီးများ ရှိလေသည်။

ဟိုတယ်အခန်းထဲမှ ကြည့်လိုက်လျှင် မြူခိုးများရစ်ဆိုင်းနေ သည့် တောင်ကြီးများအနီးက ချောင်းကျယ်တစ်ခု စီးဆင်းနေ သည့် စိမ်းစိုသောမြင်ကွင်းသည် မြင်ရသူအဖို့ အလွန်တရာ ရေဆာလောင်နေ ရေအေးတစ်ခွက်ကို သောက်လိုက်ရသလို၊ သဲက္တာရကြီးထဲ လမ်းလျှောက်နေသူတစ်ဦး ရုတ်တရက် တောအုပ် ကြီးကို တွေ့လိုက်ရသလို ခံစားရလေသည်။

မြူခိုးများသည် ပေါ်လာလိုက်၊ ပျောက်သွားလိုက်၊ တောင် ထိပ်တွင် ရစ်ဆိုင်းနေလိုက်၊ တောင်တွေကြားထဲ ရောက်သွား လိုက်နှင့် ပြေးလွှားဆော့ကစားနေသလား မှတ်ရသည်။ တစ်ခါ တလေ တောင်ကြီးများအား လုံးဝဖုံးကွယ်ထားပြီး လူတွေကို ကျီ စယ်နောက်ပြောင်နေသလို။

photo-Kyaw Zayar Htun Vang Vieng မြို့ Nam Song မြစ်အတွင်းက ရွတ်ကင်းစီးကြသူများ

ကျွန်တော်တို့သည် ခရီးဆောင်အိတ်များကို နေရာချ၊ ခဏမျှ နားပြီးသည့်နောက် နေ့လယ်စာစားဖို့ တခြားဟိုတယ်သို့ သွားရသည်။ ကျွန်တော်တို့တည်းခိုရသည့် ဟိုတယ်နှင့် မလှမ်း မကမ်းတွင်ရှိသော ချောင်းကမ်းဘေးနားက ဟိုတယ်ဖြစ်သည်။ ယင်းဟိုတယ်မှလည်း တောင်ကြီးများကို ကောင်းစွာ မြင်နေ ရသည်။

ချောင်းထဲတွင်လည်း ကရွတ်ကင်း လှေလှော်နေကြသူ တချို့ ရှိသည်။ တစ်ခါတစ်ရံ စက်လှေလေးများ ဖြတ်သွားကြ သည်ကို တွေ့သည်။ ချောင်းသည် ပေ ၁၅ဝ ခန့် ကျယ်မည်။

ထမင်းစားသောက်ပြီးသည့်အခါ ကျွန်တော်တို့အဖွဲ့သည် လိုဏ်ဂူတစ်ခုသို့ သွားကြသည်။ ဂူအနီးဝန်းကျင်တွင် သစ်သီး ဆိုင်၊ မုန့်လင်မယားရောင်းသည့် ဆိုင်၊ ပျားရည်၊ ဆေးမြစ်နှင့် တောရိုင်းတိရ္ဆာန်ထွက် ပစ္စည်းများ ရောင်းချသည့် ဆိုင်များကို တွေ့ရသည်။

လိုဏ်ဂူဝသို့ ရောက်ရန် တောင်ပေါ်သို့ အရင်ဆုံးတက်ရ သည်။ တောင်ပေါ်သို့တက်ရန် လှေကားထစ်လေးများ လုပ်ပေး ထားလေသည်။ ဂူထဲတွင် လျှပ်စစ်မီးများ ထွန်းပေးထားသည်။ ပုံစံအမျိုးမျိုးနှင့်ရှိနေသော ကျောက်စက်မိုးမျှော်များနှင့် ကျောက်တုံးများကို ကြည့်ကာ မည်သည့်ဟာက ကြာပွင့်၊ သပိတ်၊ မည်သည့်ဟာက ဆင်ဦးကင်း၊ ဆင်ချည်တိုင် စသဖြင့် ကျွန်တော်တို့၏ ဧည့်လမ်းòန်က အပင်ပန်းခံကာ လိုက်၍ ရှင်းပြ သည်။ လိုဏ်ဂူ၏ ပုံသ္ဌာန်မှာ ကရင်ပြည်နယ်က ရသေ့ပျံဂူ၊ ဆန္ဒန်ဂူကဲ့သို့သော ဂူများဖြစ်သည်။ လာအိုနိုင်ငံတွင် ယင်းသို့ သော ဂူများ များစွာရှိလေသည်။

ထိုမှ ပြန်လာသည့်အခါ ကျွန်တော်တို့ကို ဟိုတယ်တွင် ခဏနားစေသည်။ ပြီးလျှင်Zipline နှင့် ကရွတ်ကင်းလှေ စီးရန် အဝတ်အစားများ လဲလှယ်ပြီး စုရပ်သို့ သွားကြရသည်။ ယင်းမှ တစ်ဆင့် Zipline စီးမည့် နေရာသို့ ကားဖြင့် ထွက်ခဲ့ကြလေသည်။ ဟိုတယ်မှ ၁ဝမိနစ်ခန့်သာ ကားမောင်းလိုက်ရသည်။

Zipline စီးရမည့်နေရာသည် ချောင်းကမ်းဘေးတွင် ဖြစ်သည်။ ဧည့်သည်များ နားနေနိုင်ရန် တဲကြီးများ ဆောက်လုပ် ပေးထားသည်။ ကရွတ်ကင်းလှေများကို ချောင်းကမ်းစပ်တွင် တန်းစီကာ ရပ်ထားကြသည်။ ကျွန်တော်တို့လုပ်ရမည့် အစီအစဉ် က အရင်ဦးဆုံး Zipline စီးကြရမည်၊ ပြီးလျှင် ကရွတ်ကင်းလှေ လှော်ကြရမည်ဖြစ်သည်။

ထို့ကြောင့် Zipline စီးရမည့် ဝတ်စုံများ ဝတ်ဆင်ကြရ သည်။ ပြီးလျှင် မည်သို့စီးရမည်ဆိုတာကို သရုပ်ပြသည်။ နမှုနာ အနေဖြင့် သတင်းထောက်တစ်ဦးကို အရင်ဆုံး သရုပ်ပြစီးခိုင်း သည်။ ပြီးလျှင် အမှန်တကယ် စီးရမည့်နေရာသို့ ထွက်ခဲ့ကြ၏။

ကျွန်တော်တို့သည် ချောင်းကိုဖြတ်ကာ တောင်ကြီးများ ရှိရာဘက်သို့ ထွက်ခဲ့ကြရသည်။ တောင်ခြေရောက်သည့်အခါ ကားတစ်စီးက အသင့်စောင့်နေသည်။ ယင်းကားဖြင့် Ziplineစီးရမည့် တောင်အမြင့်ဘက်သို့ တက်လိုက်ကြသည်။ တောင် အမြင့်ဘက်ရှိ သစ်ပင်ကြီးများတွင် ဇငစူငညန စခန်းများကို တည် ဆောက်ထားခြင်းဖြစ်သည်။

ကျွန်တော်သည် Zipline စီးခြင်းကို စိမ်းလဲ့တင် အပန်း ဖြေစခန်းတွင် တစ်ကြိမ်စီးဖူးသည်။ ထိုစဉ်က Zipline စခန်းမှာ တစ်ခုတည်းသာဖြစ်သည်။ ယခု စီးရမည့် စခန်းက ၁၂ ခု ရှိသည်။ ကျွန်တော်တို့ ဝတ်ထားသည့် Zipline ဝတ်စုံတွင် စက်သီးကြိုးကို တစ်ဆက်တည်း တပ်ဆင်ထားသည်။ သစ်ပင်တစ်ပင်နှင့် တစ်ပင် သွယ်တန်းထားသည့် စတီးကြိုးကြီးများတွင် အဆိုပါ စက်သီး ကြိုးကို ချိတ်ဆက်ကာ သစ်ပင်တစ်ပင်မှ တစ်ပင်သို့ ကူးသွား ရခြင်းဖြစ်သည်။ အရင်ဆုံး စီးသွားသူ တစ်ဖက်စခန်းသို့ ရောက် သွားသည့်အခါမှ နောက်တစ်ယောက် သွားရသည်။

 

ကျွန်တော်တို့ စစီးသည့်နေရာမှာ အမြင့်ပေ ၅ဝဝ ခန့်ရှိ မည်။ စတီးကြိုးကြီးကို သစ်ပင်များကြားတွင် သွယ်တန်းထား သဖြင့် ကျွန်တော်တို့သည် သစ်ပင်ထိပ်ဖျား၊ သစ်ပင်ကြားများမှ ဖြတ်သန်းကာ စီးသွားရခြင်းဖြစ်သည်။ ခန္ဓာကိုယ်ကို ကြိုးတစ် ချောင်းတည်းဖြင့် ချိတ်ဆက်ကာ လေထဲတွင် ပျံဝဲသွားသလိုမျိုး သွားရသည်မှာ တကယ့်ကို စိတ်လှုပ်ရှားစရာ။

သစ်ပင်တစ်ပင်မှ တစ်ပင်သို့ နှစ်ကြိမ်ခန့် ကူးသွားပြီးသည့် အခါ လူတစ်ယောက်လျှောက်စာ သစ်သားကြိုးတံတားလေး တစ်ခုကိုလည်း ဖြတ်ရသေးသည်။ သစ်ချောင်းများကို ကြိုးချည် ကာ တံတားလုပ်ထားခြင်းဖြစ်ရာ လူတစ်ဦးတည်း လမ်းလျှောက် လျှင်ပင် တံတားက ယမ်း၍နေသည်။

ယင်းကြိုးတံတားကိုလည်း သစ်ပင်တစ်ပင်မှ တစ်ပင်သို့ သွယ်တန်းကာ တည်ဆောက်ထားခြင်းဖြစ်သည်။ မတော်လို့ ခြေ ချော်ကာ အောက်သို့ပြုတ်ကျသွားမည်ဆိုလျှင် ကျွန်တော်တို့ ဝတ်ထားသည့် ဝတ်စုံရှိ စက်သီးက စတီးကြိုးတစ်ချောင်းတွင် ချိတ်နေမည်ဖြစ်သည်။ ထို့ကြောင့် အ္တရာယ်မဖြစ်နိုင်။ စခန်း တိုင်းတွင် တာဝန်ကျသည့် ဝန်ထမ်းများကလည်း ဘေးအ္တရာယ် ကင်းရေးအတွက် အထူးသတိထားကာ လုပ်ကိုင်ပေးသည်။

ကျွန်တော်တို့သည် မြင့်ရာမှ နိမ့်ရာသို့ဆင်းလာခြင်းဖြစ်ရာ နောက်ဆုံးရောက်သည့် စခန်းသည် ပေ ၁ဝဝ ခန့် အမြင့်ရှိမည်။ ယင်းအမြင့်မှ အောက်သို့ လှေကားဖြင့် ဆင်းသွားရခြင်း မဟုတ် ဘဲ ကျွန်တော်တို့ဝတ်ထားသည့် စက်သီးတွင် ကြိုးတစ်ချောင်း ချိတ်ကာ သည်အတိုင်း ပစ်ချလိုက်ခြင်းဖြစ်သည်။ အောက်သို့ ရောက်ခါနီးမှ ကြိုးကို ဖြည်းဖြည်းချင်း ပြန်ဆွဲထားခြင်း ဖြစ်လေ သည်။ ထို့ကြောင့် အောက်သို့ ကျသည့်အခါ ဖြည်းဖြည်းချင်းကျ သည်။ အောက်တွင် ဆိုဖာများ ခံပေးထား၏။

သို့သော် ခြေလွတ်လက်လွတ် အောက်သို့ကျသွားရခြင်း က ပို၍စိတ်လှုပ်ရှားကာ ကြောက်စရာကောင်း၏။ အောက်သို့ ကျသည့်အခါ ဖြည်းဖြည်းချင်းကျမည်ကို သိသော်လည်း ခုန်ချ လိုက်ဖို့ကို တွန့်ဆုတ်နေမိကြသည်။ ကျွန်တော်သည် စိမ်းလဲ့တင် အပန်းဖြေစခန်းတွင် တစ်ကြိမ် ခုန်ချဖူးသည်။ ထိုစဉ်က ကိုယ့် ဘာသာကိုယ် ခုန်ချရခြင်းဖြစ်ပြီး အောက်သို့မရောက်ခင် စက်က ဆွဲပေးထားခြင်း ဖြစ်သည်။

ယခုအကြိမ်မှာက လင့်စင်၏အောက်သို့ တွဲလောင်းအနေ အထားချပေးပြီးမှ ကြိုးကိုလွှတ်ချလိုက်ခြင်းဖြစ်ရာ ကျွန်တော့် အတွက် သိပ်ကြောက်စရာ မကောင်း။ သို့သော် အောက်သို့ လွှတ်ချလိုက်သည့်အချိန်မှာတော့ ရင်ဘတ်ထဲ လှိုက်ခနဲအေးကာ အသက်ပင်မရှူနိုင်။ ယင်းသို့ ခံစားရပြီး ခဏအတွင်းမှာပင် အောက်သို့ရောက်သွားပြီဖြစ်သည်။

ကျွန်တော်သည်နောက်ဆုံးဆင်းလာသူဖြစ်ရာ ကျွန် တော် မြေပြင်သို့ရောက်သည်နှင့် အားလုံး ပင်မစခန်းကြီး သို့ ပြန်ကြ လေသည်။ ကျွန်တော်တို့အဖွဲ့ Zipline စီးရသည့်အချိန်က တစ်နာရီမျှ ကြာလေသည်။ အားလုံးမှာ ပျော်ရွှင်ကာနေကြသည်။ လက်ပံပင် ဆက်ရက်ကျသလို စကားပြောသံများကလည်း ဆူ ညံနေ၏။

စခန်းသို့ရောက်သည့်အခါ  ဝတ်ထားသည့် Zipline စီးသည့် ဝတ်စုံများကို ချွတ်ပြီး အသက်ကယ်အင်္ကျီ ဝတ်ရသည်။ ပြီးလျှင် ကရွတ်ကင်းလှေ လှော်ဖို့ ပြင်ဆင်ကြလေသည်။ ကျွန် တော်သည် Zipline စီးသည့်အချိန်နှင့် အမြင့်မှခုန်ချခဲ့သည့် အချိန်တုန်းက မကြောက်မလန့် လုပ်ဆောင်ခဲ့သည်ကို အားလုံး က မြင်ကြသဖြင့် ယခုရေစီးနေသည့် ချောင်းထဲတွင် ကရွတ် ကင်းလှေစီးမည်ဆိုသည့်အခါ ဂျာနယ်လစ်မိန်းကလေးတချို့က အနားသို့ပြေးလာပြီး ကျွန်တော်နှင့်အတူစီးဖို့ ပြောသည်။ သို့ သော် ဗီယက်နမ်မှ ဂျာနယ်လစ်   Mr. NGUYEN HOANG VIET ကျွန်တော်နှင့် စီးမည့်အကြောင်း အရင်ဦးဆုံး ပြော ထားသည့်အတွက် မိန်းကလေးများကို အားနာနာနှင့် ငြင်းလိုက် ရလေသည်။

ချောင်းရေမှာ တသွင်သွင် စီးဆင်းနေသည်။ တချို့နေရာ များဆိုလျှင် ရေစီးကြမ်းသည်ကို မြင်နေရသည်။ ကျွန်တော်သည် ကရွတ်ကင်းလှေ၏ ထိပ်ဆုံးမှထိုင်ပြီး Mr. NGUYEN HOANG VIET က အလယ်က ထိုင်သည်။ လှေ၏ အမြီးပိုင်း တွင် လှေသမားတစ်ယောက် ထိုင်သည်။ အေးမြသည့် ချောင်း ရေနှင့် ထိလိုက်ရသည့်အခါ အားလုံးမှာ ဟီးဟီး ဟားဟားနှင့် ပျော်ရွှင်သွားကြသည်။ လှေတစ်စီးနှင့် တစ်စီး အပြိုင်လှော်ကြ သည်။ တစ်စီးနှင့်တစ်စီး ရေဖြင့်ပက်ကာ ဆော့ကစားကြသည်။ ချောင်းသည် နက်မည်ဟု ထင်ရသော်လည်း နှစ်ပေ၊ သုံးပေခန့် သာ အနက်ရှိမည်။ တချို့နေရာများဆိုလျှင် လှေဝမ်းနှင့် မလွတ် သဖြင့် ရေအောက်မှ ကျောက်တုံးများနှင့် တိုက်မိသည်။

ချောင်းထဲတွင် ရေတံခွန်လိုဖြစ်နေသည့် နေရာနှစ်ခုကို ဖြတ်ရသေးသည်။ သို့သော် တစ်ပေ၊ နှစ်ပေ အမြင့်ခန့်သာရှိရာ ကရွတ်ကင်းလှေဖြင့် သည်အတိုင်းဖြတ်ဆင်းသွား၍ရသည်။ ယင်းနေရာတွင် လှေတိမ်းမှောက်မလားဟု ထင်ရသော်လည်း ဘာမျှမဖြစ်။ ကရွတ်ကင်းလှေစီးရသည့်အချိန်က ၁၅ မိနစ်ခန့် သာ ကြာသည်။ လှေရပ်ရမည့် နေရာသို့ ရောက်သည့်အခါ ကမ်း ဘက်သို့ လှော်ခတ်သွားလိုက်သည်။

ပြီးလျှင် လှေသမားကို အသက်ကယ်အင်္ကျီနှင့် ဦးထုပ်များ အပ်ပြီး ဟိုတယ်သို့ ပြန်ပို့ပေးမည့် ကားပေါ်တက်ကာ ပြန်လာကြ သည်။ Zipline နှင့် ကရွတ်ကင်းလှေ စီးရသည်မှာ စိတ်ထဲတွင် ပင်ပန်းသည်ဟု မခံစားရ။ စိတ်ထဲ ပေါ့ပါးသွားသလို ခံစားရသည်။ ဟိုတယ်သို့ ပြန်ရောက်သည့်အခါ အေးအေးဆေးဆေး နားခွင့်ရသည်။ ကျွန်တော်တို့သည် မနက်ကတည်းက ဗီယန်ကျင်းမြို့မှ ထွက်လာခဲ့သည်မှာ ယခုမှ ကောင်းကောင်းနားရတော့သည်။ ည ၇ နာရီ ထမင်းစားပြီးသည့်နောက် ကျွန်တော်သည် ညဈေးတန်း ဘက် ထွက်ခဲ့သည်။ ညဈေးတန်းတွင် ဒေသထွက် အမှတ်တရ ပစ္စည်းများ၊ အဝတ်အထည်များက အများစုဖြစ်သည်။

ညဈေးတန်း ဆုံးသွားသည့် အခါ မြို့ထဲတွင် ဟိုဒီငေးကာ လိုက်၍ ကြည့်နေမိသည်။ နိုင်ငံခြား ခရီးသွား ဧည့်သည်များကို လမ်းမ ပေါ်တွင် လည်းကောင်း၊ ဈေးဆိုင်များထဲတွင် လည်း ကောင်း နေရာအနှံ့ တွေ့ရသည်။ ခရီးသွားရာသီဆိုလျှင် Vang Veing သို့ လာရောက်လည်ပတ်ကြသူမှာ သည်ထက်ပိုများမည် ဖြစ်သည်။ လာအိုနိုင်ငံ Vientiane Times သတင်းစာမှ ဂျာနယ် လစ်  Miss Keoxomphou Sakdavong ကတော့ Vang Veing သို့လာရောက်လည်ပတ်သူများတွင် ကိုရီးယားနိုင်ငံသား အများစု ဖြစ်သည်ဟု ဆိုသည်။

ကျွန်တော့်စိတ်ထဲတော့ Vang Veing မြို့သည် ရက်ရှည် လာရောက်လည်ပတ် သင့်သည့်နေရာဟု ခံစားရသည်။ စွန့် စားချင်စိတ် ရှိသူများအတွက် ဇငစူငညန စီးခြင်း၊ ကရွတ်ကင်းလှေ လှော်ခြင်း၊ တောင်တက်ခြင်း၊ စက်ဘီးစီးခြင်း၊ တောလမ်းခရီး ကြမ်းလျှောက်ခြင်း၊ လေထီး စီးခြင်းစသည့် စိတ်လှုပ်ရှားစရာ ကောင်းသည့် အစီအစဉ်များ စွာ ရှိလေသည်။ ရေ တံခွန် များ၊ လိုဏ်ဂူများလည်း ရှိသည်။

Vang Veing တွင် ရက်ရှည်နေကာ အေးအေးဆေးဆေး လည် ပတ်သင့်သော်လည်း ကျွန်တော်တို့သည် တစ်ညသာ အိပ်ခဲ့ရသည်။ ထို့ ကြောင့် Vang Veing သို့ နောက်တစ်ကြိမ် လာဦးမည်ဟု စိတ်ထဲတွေး ကာ နောက်တစ်ရက် ဇွန် ၂၃ နံနက် ၇ နာရီတွင် Vang Veing ကို နှုတ် ဆက်ခဲ့ရလေသည်။

ကျွန်တော်တို့ ခရီးဆက်မည့်နေရာက   Luang Prabang မြို့ဖြစ်သည်။

(ဆက်လက်ဖော်ပြပါမည်။)

dav

 

LEAVE A REPLY

Please enter your comment!
Please enter your name here